









Unicode

ကမ္ဘာပေါ်တွင် လက်ရေးအလှဆုံးသူအဖြစ် သတ်မှတ်ခြင်းခံလိုက်ရသော… ၈တန်း ကျောင်းသူလေး

လက်ရေး လက်သား ကောင်းမွန်ခြင်း ဆိုသည်မှာ… ငယ်စဉ် အခါ သူငယ်တန်း ဘဝ တည်းက စာရေးနည်းကို စနစ်တကျဖြင့် ရေး တတ်ပြီး အခြေခံ ကောင်းဖို့များစွာ လိုအပ် လှပါတယ်။

ယနေ့ အချိန် ထိ ကမ္ဘာကြီးဟာလည်း အင်္ဂလိပ်စာ ကို နိုင်ငံတကာ ဘာသာစကား တစ်ခု အနေဖြင့် သတ်မှတ်ထား ဆဲ ဖြစ် ပါ တယ်။

ထို အင်္ဂလိပ်စာ လက်ရေး ကို လူတိုင်းက ကျွမ်းကျင်စ ောရေးသား နိုင်ပြီး… အင်္ဂလိပ်စာ ပါရဂူကြီးများ ကိုပင် ကျော်လွန်ပြီး ၈တန်း ကျောင်းသူလေးက…

ကမ္ဘာပေါ်တွင် လက်ရေး အလှဆုံးသော လူသား အဖြစ် သတ် မှတ် ခံလိုက် ရပါတယ်။ ကောင်မလေးဟာ နီပေါနိုင်ငံတွင် ၈တန်း သင်ကြားနေသော ကျောင်းသူလေး တစ်ဦးလည်း ဖြစ် ပါ တယ်။

ကလေးမလေး၏ လက်ရေး ဟာလည်း အမှန် တကယ်ပင် လှပလွန်း လှပြီး မြင်တွေ့သူများ ကပင် မချီးကျူးဘဲ မနေနိုင်အောင် ဖြစ် ခဲ့ ရ ပါ တယ်။

စာဖတ်သူတို့ အနေဖြင့်ရော… မိမိကိုယ်ကို လက်ရေး လှ ပါ သည်ဟု ယုံကြည်မှု ရှိနေပြီး… ၈တန်းကျောင်းသူလေး၏ လက်ရေးနှင့် ယှဉ်နိုင် မည်ဟု ထင်မှတ်မိလား ဆိုတာ ပြောပြခဲ့ပါဦး။

မူရင်း#Shoon (Cele Daily)#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*