“ေနရာတကာ မေနာက္ေလနဲ႔… ခုဇၨဳတၱရာ” (သို႔) ခုဇၨဳတၱရာ၏ ဝစီကံဝဋ္ေႂကြး
ျမတ္စြာဘုရားရွင္ လက္ထက္တုန္းက သာမာ၀တီမိဖုရားထံ၀ယ္ ခါးကုန္းေနေသာ ကြၽန္မ တစ္ေယာက္ရွိ၏။ ၎အမည္မွာ ခုဇၨဳတၱရာ (ခါးကုန္း) မည္၏။ ၎အား မိဖုရားမွ ေန႔စဥ္ ရွစ္အသျပာဖိုး ပန္းကို၀ယ္ခိုင္း၍ ဘုရားပန္းအိုးမ်ားကို လဲလွယ္ေစ၏။
တစ္ေန႔ ပန္းသည္၏ အိမ္၌ ျမတ္စြာဘုရားႂကြ၍ တရားခ်ီးျမႇင့္ေတာ္မူစဥ္ ႀကဳံႀကိဳက္၍ ပန္း၀ယ္လာသူ ကြၽန္မသည္ တရားေတာ္ကို ႐ိုေသစြာ နားၾကားခြင့္ ရလိုက္ေလေသာ္ အလြန္ဉာဏ္ပညာ ႀကီးရင့္ထက္ျမက္ေသာ ကြၽန္မ ျဖစ္သျဖင့္ ခ်က္ျခင္းပင္ ေသာတာပန္ တည္ေလ၏။
သူဟာ ပိဋကတ္သုံးပုံကို အာဂုံေဆာင္ႏိုင္တဲ့ ဗဟုသုတ ဧတဒဂ္ရပုဂၢိဳလ္ ျဖစ္ပါတယ္။ ဒါေပမဲ့ သူတစ္ပါးရဲ႕ ခိုင္းဖတ္ ကြၽန္ျဖစ္ေနရၿပီး ခါးကုန္းေနပါတယ္။ ဘာေၾကာင့္ ျဖစ္ရတာလည္းလို႔ ေမးစရာရွိပါတယ္။
သူဟာ ကႆပျမတ္စြာဘုရားရွင္ လက္ထက္တုန္းက သူေဌးသမီးတစ္ေယာက္ျဖစ္ခဲ့တယ္။ ညေနခင္း ေရခ်ိဳးၿပီးတဲ့အခ်ိန္ သနပ္ခါးလူးၿပီးေတာ့ မွန္ေရွ႕မွာ အလွျပင္ေနတယ္။ အဲဒီအခ်ိန္မွာ ရဟႏၲာ ဘိကၡဴနီမတစ္ပါး၊ အိမ္ေရာက္လာတယ္။
ဘိကၡဳနီမ ေရာက္လာေတာ့ သနပ္ခါးလူးေနရင္းနဲ႔ သူ႔ရဲ႕ ေပါင္ဒါဘူး၊ မိတ္ကပ္ဘူးေလးက သူနဲ႔ ခပ္လွမ္းလွမ္းမွာ ေရာက္ေနတယ္။ အဲဒီ ေနရာကလည္း ခုန ဘိကၡဳနီမနဲ႔ နီးတယ္။
အဲဒီေတာ့ သူက ထၿပီးမယူခ်င္တာနဲ႔ ပ်င္းတာနဲ႔… အရွင္မ၊ အဲဒီ မိတ္ကပ္ဘူးေလး၊ အလွျပင္ဘူးေလး ခဏလွမ္းလိုက္စမ္းပါလို႔ ဘိကၡဳနီမကို လွမ္းၿပီးေတာ့ ခိုင္းလိုက္တယ္။ အဲဒီမွာ… ဘိကၡဳနီမက…
တကယ္လို႔ ငါမယူေပးဘူးဆိုရင္ေတာ့ ငါ့ကို စိတ္ဆိုးလိမ့္မယ္၊ ရဟန္းမ တစ္ပါးကို စိတ္ဆိုးလို႔ရွိရင္ သူေသရင္ ငရဲေရာက္လိမ့္မယ္။ တကယ္လို႔ ယူေပးလိုက္မယ္ဆိုရင္ေတာ့ ျဖစ္ေလရာဘ၀မွာ ကြၽန္ျဖစ္လိမ့္မယ္။
ငရဲက်တာထက္စာရင္ေတာ့ ကြၽန္ျဖစ္ရတာက ေတာ္ပါေသးတယ္ ဆိုၿပီး မိတ္ကပ္ဘူးေလးကို ယူေပးလိုက္ပါတယ္။ အဲဒီလို ဘိကၡဳနီမတစ္ပါးကို ကိုယ္ထက္ျမင့္ျမတ္တဲ့ သာသနာႏြယ္၀င္ပုဂၢိဳလ္ကို ခိုင္းခဲ့တဲ့ အတြက္ေၾကာင့္ ကြၽန္ျဖစ္ရပါတယ္။
ခါးကုန္းရတာကေတာ့ ဘုရားမပြင့္မီ ဘ၀တစ္ခုမွာ ဗာရာဏသီျပည္ နန္းေတာ္ထဲက ရံေ႐ႊေတာ္တစ္ေယာက္ျဖစ္ခဲ့တယ္။ အဲဒီ ဗာရာဏသီနန္းေတာ္ထဲမွာ ပေစၥကဗုဒၶါအရွင္ျမတ္ ရွစ္ပါး ေန႔စဥ္ ဆြမ္းခံႂကြပါတယ္။ အဲဒီထဲက တစ္ပါးက နည္းနည္းခါးကုန္ေနတယ္။
အဲဒါကို ခုဇၨဳတၱရာေလာင္းလ်ာ ရံေ႐ႊေတာ္က သူငယ္ခ်င္းေတြနဲ႔ ၀ိုင္းဖြဲၿပီးေတာ့ စၾကေနာက္ၾကၿပီဆိုရင္ တစ္ခါတရံမွာ သူက ကမၺလာအနီႀကီးကို သကၤန္းလို လုပ္ၿပီး ၿခဳံ၊ေ႐ႊဖလားႀကီးကို သပိတ္လို ပိုက္ၿပီးေတာ့ ငါတို႔ နန္းေတာ္ထဲ ဆြမ္းခံႂကြတဲ့ ဟို အရွင္ျမတ္က ဒီလိုဒီလို ကုန္းတယ္ဆိုၿပီး ခါးကုန္တဲ့ပုံ လုပ္ျပပါတယ္။
ကြယ္ရာမွာ အေပ်ာ္သေဘာနဲ႔ ေျပာင္ေလွာင္ခဲ့ပါတယ္။ ကာယကံရွင္ကို လက္ညႇိဳးထိုး စြတ္စြဲေျပာဆို ေစာ္ကားမွ အက်ိဳးေပးတာ မဟုတ္ဘူး၊ ကြယ္ရာမွာ အခ်င္းခ်င္းေျပာဆိုရင္၊ ကိုယ္တစ္ကိုယ္တည္း ေျပာဆိုေနရင္လည္း အကုသိုလ္ကံ အထေျမာက္တဲ့အေၾကာင္းေ တြ႕ရပါတယ္။
အဲဒီလို ပေစၥကဗုဒၶါကို ရည္ၫြန္းၿပီး ကြယ္ရာမွာ ေနာက္ေျပာင္လိုက္တဲ့အတြက္ အဲဒီကံအက်ိဳးေပးက ဘ၀တိုင္းမွာ ခါးကုန္းရပါတယ္။ ကြၽန္အျဖစ္ေနရၿပီး ခါးကုန္းေနရ ေပမယ့္ ဉာဏ္ေကာင္းၿပီး ဗဟုသုတျပည့္စုံပါတယ္။
အဲဒီလိုျပည့္စုံတာကေတာ့ ပေစၥကဗုဒၶါအရွင္ျမတ္ရွစ္ပါး နန္းေတာ္ကို ဆြမ္းခံႂကြတာ တစ္ေန႔ေတာ့ ပူေနတဲ့ ႏို႔ဃနာဆြမ္းေတြ ေလာင္းလႉလိုက္တယ္။
ႏို႔ဃနာဆြမ္းေတြက ပူေနေတာ့ သပိတ္ကလည္း ပူတယ္ အဲဒီေတာ့ ပူေနတဲ့ သပိတ္ကို အရွင္ျမတ္မ်ားေအးေဆးပုံမွန္အတိုင္း မကိုင္ႏိုင္ေတာ့ဘဲ ဟိုဘက္သည္ဘက္ ေျပာင္းလိုက္နဲ႔ ဣျႏၵေမရျဖစ္ေနခ်ိန္မွာ
ခါးကုန္းတာေျပာင္ျပတဲ့ ရံေ႐ႊေတာ္မေလးက သူ႔လက္မွာ ပတ္ထားတဲ့ေ ႐ႊလက္ေကာက္ရွစ္ကြင္းကို ခြၽတ္လိုက္ၿပီးေတာ့…
အရွင္ျမတ္တို႔… သပိတ္ေအာက္မွာ သပိတ္ေျခအျဖစ္နဲ႔ အသုံးျပဳပါလို႔ အၿပီးအပိုင္ လႉခဲ့ပါတယ္။ အပူဒဏ္သက္သာေအာင္ေ႐ႊလက္ေကာက္ လႉခဲ့တဲ့ေကာင္းမႈေၾကာင့္ ကိေလသာအပူေတြ ၿငိမ္းၿပီးေတာ့ ဉာဏ္ပညာ ထက္ျမက္တဲ့ ပုဂၢိဳလ္ထူး ပုဂၢိဳလ္ျမတ္ျဖစ္လာခဲ့ရပါတယ္။
ျမတ္စြာဘုရား၏ သာသနာေတာ္ ႏွင့္ေ တြ႕ႀကဳံေနခိုက္ အက်င့္မွန္ကို ေကာင္းစြာ က်င့္ႀကံပြားမ်ားခြင့္ရေသာအခ်ိန္အခါ ျဖစ္ပါတယ္။ ယခုသုတၱန္အား ၾကည့္ျခင္းအားျဖင့္ေမေကာင္းေသာ ၀ဋ္ဒုကၡအေပါင္းမွ မေတြ႕ႀကဳံေစရန္ အလို႔ငွာ ကိုယ္၊ ႏႈတ္၊ စိတ္ တို႔ကို ေကာင္းစြာထိန္းသိမ္း ၾကရန္လိုပါသည္။
credit… Original uploader.
Unicode
“နေရာတကာ မနောက်လေနဲ့… ခုဇ္ဇုတ္တရာ” (သို့) ခုဇ္ဇုတ္တရာ၏ ဝစီကံဝဋ်ကြွေး
မြတ်စွာဘုရားရှင် လက်ထက်တုန်းက သာမာဝတီမိဖုရားထံဝယ် ခါးကုန်းနေသော ကျွန်မ တစ်ယောက်ရှိ၏။ ၎င်းအမည်မှာ ခုဇ္ဇုတ္တရာ (ခါးကုန်း) မည်၏။ ၎င်းအား မိဖုရားမှ နေ့စဉ် ရှစ်အသပြာဖိုး ပန်းကိုဝယ်ခိုင်း၍ ဘုရားပန်းအိုးများကို လဲလှယ်စေ၏။
တစ်နေ့ ပန်းသည်၏ အိမ်၌ မြတ်စွာဘုရားကြွ၍ တရားချီးမြှင့်တော်မူစဉ် ကြုံကြိုက်၍ ပန်းဝယ်လာသူ ကျွန်မသည် တရားတော်ကို ရိုသေစွာ နားကြားခွင့် ရလိုက်လေသော် အလွန်ဉာဏ်ပညာ ကြီးရင့်ထက်မြက်သော ကျွန်မ ဖြစ်သဖြင့် ချက်ခြင်းပင် သောတာပန် တည်လေ၏။
သူဟာ ပိဋကတ်သုံးပုံကို အာဂုံဆောင်နိုင်တဲ့ ဗဟုသုတ ဧတဒဂ်ရပုဂ္ဂိုလ် ဖြစ်ပါတယ်။ ဒါပေမဲ့ သူတစ်ပါးရဲ့ ခိုင်းဖတ် ကျွန်ဖြစ်နေရပြီး ခါးကုန်းနေပါတယ်။ ဘာကြောင့် ဖြစ်ရတာလည်းလို့ မေးစရာရှိပါတယ်။
သူဟာ ကဿပမြတ်စွာဘုရားရှင် လက်ထက်တုန်းက သူဌေးသမီးတစ်ယောက်ဖြစ်ခဲ့တယ်။ ညနေခင်း ရေချိုးပြီးတဲ့အချိန် သနပ်ခါးလူးပြီးတော့ မှန်ရှေ့မှာ အလှပြင်နေတယ်။ အဲဒီအချိန်မှာ ရဟန္တာ ဘိက္ခူနီမတစ်ပါး၊ အိမ်ရောက်လာတယ်။
ဘိက္ခုနီမ ရောက်လာတော့ သနပ်ခါးလူးနေရင်းနဲ့ သူ့ရဲ့ ပေါင်ဒါဘူး၊ မိတ်ကပ်ဘူးလေးက သူနဲ့ ခပ်လှမ်းလှမ်းမှာ ရောက်နေတယ်။ အဲဒီ နေရာကလည်း ခုန ဘိက္ခုနီမနဲ့ နီးတယ်။
အဲဒီတော့ သူက ထပြီးမယူချင်တာနဲ့ ပျင်းတာနဲ့… အရှင်မ၊ အဲဒီ မိတ်ကပ်ဘူးလေး၊ အလှပြင်ဘူးလေး ခဏလှမ်းလိုက်စမ်းပါလို့ ဘိက္ခုနီမကို လှမ်းပြီးတော့ ခိုင်းလိုက်တယ်။ အဲဒီမှာ… ဘိက္ခုနီမက…
တကယ်လို့ ငါမယူပေးဘူးဆိုရင်တော့ ငါ့ကို စိတ်ဆိုးလိမ့်မယ်၊ ရဟန်းမ တစ်ပါးကို စိတ်ဆိုးလို့ရှိရင် သူသေရင် ငရဲရောက်လိမ့်မယ်။ တကယ်လို့ ယူပေးလိုက်မယ်ဆိုရင်တော့ ဖြစ်လေရာဘဝမှာ ကျွန်ဖြစ်လိမ့်မယ်။
ငရဲကျတာထက်စာရင်တော့ ကျွန်ဖြစ်ရတာက တော်ပါသေးတယ် ဆိုပြီး မိတ်ကပ်ဘူးလေးကို ယူပေးလိုက်ပါတယ်။ အဲဒီလို ဘိက္ခုနီမတစ်ပါးကို ကိုယ်ထက်မြင့်မြတ်တဲ့ သာသနာနွယ်ဝင်ပုဂ္ဂိုလ်ကို ခိုင်းခဲ့တဲ့ အတွက်ကြောင့် ကျွန်ဖြစ်ရပါတယ်။
ခါးကုန်းရတာကတော့ ဘုရားမပွင့်မီ ဘဝတစ်ခုမှာ ဗာရာဏသီပြည် နန်းတော်ထဲက ရံရွှေတော်တစ်ယောက်ဖြစ်ခဲ့တယ်။ အဲဒီ ဗာရာဏသီနန်းတော်ထဲမှာ ပစ္စေကဗုဒ္ဓါအရှင်မြတ် ရှစ်ပါး နေ့စဉ် ဆွမ်းခံကြွပါတယ်။ အဲဒီထဲက တစ်ပါးက နည်းနည်းခါးကုန်နေတယ်။
အဲဒါကို ခုဇ္ဇုတ္တရာလောင်းလျာ ရံရွှေတော်က သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲပြီးတော့ စကြနောက်ကြပြီဆိုရင် တစ်ခါတရံမှာ သူက ကမ္ဗလာအနီကြီးကို သင်္ကန်းလို လုပ်ပြီး ခြုံ၊ရွှေဖလားကြီးကို သပိတ်လို ပိုက်ပြီးတော့ ငါတို့ နန်းတော်ထဲ ဆွမ်းခံကြွတဲ့ ဟို အရှင်မြတ်က ဒီလိုဒီလို ကုန်းတယ်ဆိုပြီး ခါးကုန်တဲ့ပုံ လုပ်ပြပါတယ်။
ကွယ်ရာမှာ အပျော်သဘောနဲ့ ပြောင်လှောင်ခဲ့ပါတယ်။ ကာယကံရှင်ကို လက်ညှိုးထိုး စွတ်စွဲပြောဆို စော်ကားမှ အကျိုးပေးတာ မဟုတ်ဘူး၊ ကွယ်ရာမှာ အချင်းချင်းပြောဆိုရင်၊ ကိုယ်တစ်ကိုယ်တည်း ပြောဆိုနေရင်လည်း အကုသိုလ်ကံ အထမြောက်တဲ့အကြောင်းေ တွ့ရပါတယ်။
အဲဒီလို ပစ္စေကဗုဒ္ဓါကို ရည်ညွန်းပြီး ကွယ်ရာမှာ နောက်ပြောင်လိုက်တဲ့အတွက် အဲဒီကံအကျိုးပေးက ဘဝတိုင်းမှာ ခါးကုန်းရပါတယ်။ ကျွန်အဖြစ်နေရပြီး ခါးကုန်းနေရ ပေမယ့် ဉာဏ်ကောင်းပြီး ဗဟုသုတပြည့်စုံပါတယ်။
အဲဒီလိုပြည့်စုံတာကတော့ ပစ္စေကဗုဒ္ဓါအရှင်မြတ်ရှစ်ပါး နန်းတော်ကို ဆွမ်းခံကြွတာ တစ်နေ့တော့ ပူနေတဲ့ နို့ဃနာဆွမ်းတွေ လောင်းလှူလိုက်တယ်။
နို့ဃနာဆွမ်းတွေက ပူနေတော့ သပိတ်ကလည်း ပူတယ် အဲဒီတော့ ပူနေတဲ့ သပိတ်ကို အရှင်မြတ်များအေးဆေးပုံမှန်အတိုင်း မကိုင်နိုင်တော့ဘဲ ဟိုဘက်သည်ဘက် ပြောင်းလိုက်နဲ့ ဣန္ဒြမေရဖြစ်နေချိန်မှာ
ခါးကုန်းတာပြောင်ပြတဲ့ ရံရွှေတော်မလေးက သူ့လက်မှာ ပတ်ထားတဲ့ေ ရွှလက်ကောက်ရှစ်ကွင်းကို ချွတ်လိုက်ပြီးတော့…
အရှင်မြတ်တို့… သပိတ်အောက်မှာ သပိတ်ခြေအဖြစ်နဲ့ အသုံးပြုပါလို့ အပြီးအပိုင် လှူခဲ့ပါတယ်။ အပူဒဏ်သက်သာအောင်ရွှေလက်ကောက် လှူခဲ့တဲ့ကောင်းမှုကြောင့် ကိလေသာအပူတွေ ငြိမ်းပြီးတော့ ဉာဏ်ပညာ ထက်မြက်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဖြစ်လာခဲ့ရပါတယ်။
မြတ်စွာဘုရား၏ သာသနာတော် နှင့်ေ တွ့ကြုံနေခိုက် အကျင့်မှန်ကို ကောင်းစွာ ကျင့်ကြံပွားများခွင့်ရသောအချိန်အခါ ဖြစ်ပါတယ်။ ယခုသုတ္တန်အား ကြည့်ခြင်းအားဖြင့်မေကောင်းသော ဝဋ်ဒုက္ခအပေါင်းမှ မတွေ့ကြုံစေရန် အလို့ငှာ ကိုယ်၊ နှုတ်၊ စိတ် တို့ကို ကောင်းစွာထိန်းသိမ်း ကြရန်လိုပါသည်။
credit… Original uploader.
Leave a Reply