“ေအာင္ျမင္ခ်င္ရင္ တစ္ခုတည္းကိုပဲ စူးစိုက္လုပ္ပါ”
တစ္ခါတုန္းက ေကာင္ေလးတစ္ေယာက္မုန႔္ဟင္းခါးကို အထမ္းနဲ႔ လိုက္ေရာင္းတယ္.. သူက မုန႔္ဟင္းခါးကို က်က် နနခ်က္တတ္ေတာ့ သူ႔မုန႔္ဟင္းခါးက အင္မတန္ ေရာင္းေကာင္းတယ္။ စားေကာင္းလြန္းအားႀကီးေတာ့သူ႔ မုန႔္ဟင္းခါးက အေစာႀကီး ကုန္ကုန္သြားတယ္။
သူကလည္း မုန႔္ဟင္းခါးကိုေစတနာပါပါနဲ႔ ခ်က္တယ္။ သူ႔ မုန႔္ဟင္းခါးလည္း နာမည္ရလာတယ္။ ဒီလိုနဲ႔ တစ္ေန႔ ခါတိုင္းထက္ ေစာၿပီး ေတာ့ ကို မုန႔္ဟင္းခါးက ေရာင္းလို႔ ကုန္သြားတယ္။
ဒီေတာ့ ေကာင္ေလးလည္းပ်င္းပ်င္းရွိတာနဲ႔ သူ႔မွာပါလာတဲ့ ဂီတာထိုင္တီး တယ္။ ေကာင္ေလးက ဂီတာထိုင္တီးတာ ဝါသနာပါတယ္။
ဒါေပမဲ့ ပညာရွင္တစ္ေယာက္လို တီးတတ္တာေတာ့ မဟုတ္ဘူး သို႔ေသာ္ နားေထာင္လို႔ ေကာင္း႐ုံေတာ့ အသင့္အတင့္ ေတာ့တီးတတ္တယ္။ အဲ့ေတာ့ သူဂီတာထိုင္တီးေနတုန္းမွာ ေဘးနားက ျဖတ္သြားျဖတ္လာ လူေတြက သတိထားမိၿပီး လာနားေထာင္ၾကတယ္။ လက္ခုပ္ၾသဘာ ေပးၾကတယ္ ဟိုသီခ်င္းေလးတီးျပပါ ဒီသီခ်င္းေလး တီးျပပါေပါ့။
သူကလည္း ႀကိဳးႀကိဳးစားစားနဲ႔ တီးျပတယ္။ လူေတြကလည္း ဝိုင္းလို႔ နားေထာင္ၾကတယ္ ဒီလိုနဲ႔ သူက တစ္ေန႔တစ္ေန႔ အိမ္ျပန္ေရာက္ရင္ မုန႔္ဟင္းခါးခ်က္ဖို႔ကို စိတ္မပါေတာ့ဘူး။
ဂီတာကို ဘယ္သီခ်င္းေတြ နဲ႔တီးရမလဲပဲ စဥ္းစားေတာ့တယ္။ အဲ့ဒီမွာပဲ စိတ္ကေရာက္ေနတယ္။မုန႔္ဟင္းခါးအိုးႀကီးကို ပစ္ထားတယ္ ခါတိုင္းလို စိတ္ပါလက္ပါနဲ႔ မခ်က္ေတာ့ဘူး ။
လူေတြလက္ခုပ္ၾသဘာေပးတဲ့ ဂီတာထိုင္တီးတာကိုပဲ သာယာၿပီး ေပ်ာ္ေမြ႕ေနတယ္။ အဲ့ဒီမွာ သူ႔မုန႔္ဟင္းခါး နာမည္ ပ်က္သြားတယ္။ အရင္လို မေရာင္းရေတာ့ဘူး ဂီတာကလည္း ပညာရွင္အဆင့္မဟုတ္ဘူး။
ဒီအတိုင္း ဝါသနာရွင္အဆင့္ တီးတတ္႐ုံဆိုေတာ့ အဲ့ဒါနဲ႔လည္း အလုပ္မျဖစ္ဘူ။း ေနာက္ဆုံး ေမ်ာက္သစ္ကိုင္းလြတ္ၿပီး ဟိုမေရာက္ ဒီမေရာက္နဲ႔ ဒုကၡေရာက္သြားတယ္။
ဆိုလိုခ်င္တာကေတာ့ လက္ရွိ အလုပ္ျဖစ္တဲ့ တစ္သက္လုံး မုန႔္ဟင္းခါး ခ်က္ေတာ့မွာလား… ကိုယ္ဝါသနာပါတဲ့ အလုပ္ကို ေပါက္ေျမာက္ ေအာက္ လုပ္မွာလား ၂ ခုလုံးကိုပဲ ထူးခြၽန္ေအာင္ လုပ္မွာလား…။ ဒါေမမယ့္ ေမ်ာက္ သစ္ကိုင္းလြတ္သလိုေတာ့ မျဖစ္ေစၾကနဲ႔ေပါ့။
Unicode
“အောင်မြင်ချင်ရင် တစ်ခုတည်းကိုပဲ စူးစိုက်လုပ်ပါ”
တစ်ခါတုန်းက ကောင်လေးတစ်ယောက်မုန့်ဟင်းခါးကို အထမ်းနဲ့ လိုက်ရောင်းတယ်.. သူက မုန့်ဟင်းခါးကိုကျကျ နနချက်တတ်တော့ သူ့မုန့်ဟင်းခါးက အင်မတန် ရောင်းကောင်းတယ်။ စားကောင်းလွန်းအားကြီးတော့သူ့ မုန့်ဟင်းခါးက အစောကြီး ကုန်ကုန်သွားတယ်။
သူကလည်း မုန့်ဟင်းခါးကိုစေတနာပါပါနဲ့ ချက်တယ်။ သူ့ မုန့်ဟင်းခါးလည်း နာမည်ရလာတယ်။ ဒီလိုနဲ့ တစ်နေ့ ခါတိုင်းထက် စောပြီး တော့ ကို မုန့်ဟင်းခါးက ရောင်းလို့ ကုန်သွားတယ်။
ဒီတော့ ကောင်လေးလည်းပျင်းပျင်းရှိတာနဲ့ သူ့မှာပါလာတဲ့ ဂီတာထိုင်တီး တယ်။ ကောင်လေးက ဂီတာထိုင်တီးတာ ဝါသနာပါတယ်။
ဒါပေမဲ့ ပညာရှင်တစ်ယောက်လို တီးတတ်တာတော့ မဟုတ်ဘူးသို့သော် နားထောင်လို့ ကောင်းရုံတော့ အသင့်အတင့် တော့တီးတတ်တယ်။ အဲ့တော့ သူဂီတာထိုင်တီးနေတုန်းမှာ ဘေးနားက ဖြတ်သွားဖြတ်လာ လူတွေက သတိထားမိပြီး လာနားထောင်ကြတယ်။ လက်ခုပ်သြဘာ ပေးကြတယ် ဟိုသီချင်းလေးတီးပြပါ ဒီသီချင်းလေး တီးပြပါပေါ့။
သူကလည်း ကြိုးကြိုးစားစားနဲ့ တီးပြတယ်။ လူတွေကလည်း ဝိုင်းလို့ နားထောင်ကြတယ် ဒီလိုနဲ့ သူက တစ်နေ့တစ်နေ့ အိမ်ပြန်ရောက်ရင် မုန့်ဟင်းခါးချက်ဖို့ကို စိတ်မပါတော့ဘူး။
ဂီတာကို ဘယ်သီချင်းတွေ နဲ့တီးရမလဲပဲ စဉ်းစားတော့တယ်။ အဲ့ဒီမှာပဲ စိတ်ကရောက်နေတယ်။မုန့်ဟင်းခါးအိုးကြီးကို ပစ်ထားတယ် ခါတိုင်းလို စိတ်ပါလက်ပါနဲ့ မချက်တော့ဘူး ။
လူတွေလက်ခုပ်သြဘာပေးတဲ့ ဂီတာထိုင်တီးတာကိုပဲ သာယာပြီး ပျော်မွေ့နေတယ်။ အဲ့ဒီမှာ သူ့မုန့်ဟင်းခါး နာမည် ပျက်သွားတယ်။ အရင်လို မရောင်းရတော့ဘူး ဂီတာကလည်း ပညာရှင်အဆင့်မဟုတ်ဘူး။
ဒီအတိုင်း ဝါသနာရှင်အဆင့် တီးတတ်ရုံဆိုတော့ အဲ့ဒါနဲ့လည်း အလုပ်မဖြစ်ဘူ။း နောက်ဆုံး မျောက်သစ်ကိုင်းလွတ်ပြီး ဟိုမရောက် ဒီမရောက်နဲ့ ဒုက္ခရောက်သွားတယ်။
ဆိုလိုချင်တာကတော့ လက်ရှိ အလုပ်ဖြစ်တဲ့ တစ်သက်လုံး မုန့်ဟင်းခါး ချက်တော့မှာလား… ကိုယ်ဝါသနာပါတဲ့ အလုပ်ကို ပေါက်မြောက် အောက် လုပ်မှာလား ၂ ခုလုံးကိုပဲ ထူးချွန်အောင် လုပ်မှာလား…။ ဒါမေမယ့် မျောက် သစ်ကိုင်းလွတ်သလိုတော့ မဖြစ်စေကြနဲ့ပေါ့။
Leave a Reply