ဘုရား ရွိခိုး ဦးခ် ပုံ ဦးခ် နည္းႏွင့္ ရွိခိုးျခင္း(၃)မ်ိဳး

ဘုရား ရွိခိုး ဦးခ် ပုံ ဦးခ် နည္းႏွင့္ ရွိခိုးျခင္း(၃)မ်ိဳး
ဘုရား ရွိခိုး ဦးခ် ပုံ ဦးခ် နည္းႏွင့္ ရွိခိုးျခင္း(၃)မ်ိဳး

ဘုရား ရွိခိုး ဦးခ် ပုံ ဦးခ် နည္းႏွင့္ ရွိခိုးျခင္း(၃)မ်ိဳး

“ရွိခိုးဦးခ်ပုံ ဦးခ်နည္း”

ဘုရားႏွင့္ သံဃာေတာ္တို႔ထံ ဆည္းကပ္ရွိခိုးေသာအခါ ႐ိုေသစြာ လက္အုပ္ခ်ီၿပီးေနာက္ “နီး၊ ေဝး၊ ေရွ႕၊ ေနာက္၊ ျမင့္ေမာက္၊ ေလညာ” ဟူေသာ အျပစ္ေျခာက္မ်ိဳးလြတ္ေသာ ေနရာ၌ ေန၍ ရွိခိုးၿပီး ေလွ်ာက္ထားဖြယ္ စကားတို႔ကို ေလွ်ာက္ထားရမည္။

ေလွ်ာက္ထား နာယူၿပီးလွ်င္ ရွိခိုးဦးခ်၍ ျပန္ရမည္။ ျပန္ေသာအခါ ဘုရားရွင္ႏွင့္ သံဃာေတာ္တို႔ကို ေက်ာေပး၍မျပန္ဘဲ လက္အုပ္ခ်ီကာ ေလးငါးလွမ္းခန႔္ ေနာက္ဆုတ္ျပန္ရမည္။

“ရွိခိုးျခင္း သုံးမ်ိဳး”

(၁) ထိျခင္းငါးပါးႏွင့္အညီ ကိုယ္ျဖင့္ရွိခိုးျခင္း (ကာယဝႏၵနာ)၊

(၂) ႏူတ္ျဖင့္ ႐ြတ္ဆို ရွိခိုးျခင္း (ဝစီဝႏၵနာ)၊

(၃) စိတ္ျဖင့္ ရည္မွတ္ ရွိခိုးျခင္း (မေနာဝႏၵနာ)။

“ထိျခင္းငါးပါး ရွိခိုးျခင္း”

ဒူးႏွစ္ဘက္၊ လက္ႏွစ္ဘက္၊ နဖူးတို႔ကို ေျမ၌ သို႔မဟုတ္ ၾကမ္းျပင္၌ ထိေစ၍ ရွိခိုးျခင္းသည္ထိျခင္းငါးပါးႏွင့္အညီ ရွိခိုးသည္ မည္၏။

ေဆာင္ပုဒ္ ။ ။ ေျခ လက္ နဖူး၊ တံေတာင္ ဒူး၊ ငါးဦး ေျမထိေစ။

“ရပ္လ်က္ရွိခိုးျခင္း”

လမ္းတြင္ ရဟန္းသံဃာေတာ္တို႔ကို ေတြ႕ဆုံေသာအခါ ဦးထုပ္ ဖိနပ္ခြၽတ္၍ ေျခစုံရပ္ကာ လက္အုပ္ကို ဦးထိပ္၌တင္လ်က္ ကိုယ္ကို ေရွ႕သို႔ၫြတ္ကာ ရွိခိုးရမည္။

“ထိုင္လ်က္ ရွိခိုးျခင္း”

အမ်ိဳးသားျဖစ္လွ်င္ ေဆာင့္ေၾကာင့္ထိုင္လ်က္၊ အမ်ိဳးသမီးျဖစ္လွ်င္ ႀကဳံ႕ႀကဳံ႕ထိုင္လ်က္ ထိျခင္းငါးပါးႏွင့္ အညီ တုပ္ဝပ္လ်က္ ရွိခိုးရမည္။

ဘုရားရွိခိုးေသာအခါ ဦးစြာပထမ ဦးခ်ရမည္။ ဦးခ်ေသာအခါ

ဗုဒၶံ ပူေဇမိ = ဗုဒၶံ – ျမတ္စြာဘုရားကို၊ ပူေဇမိ – ပူေဇာ္ပါ၏ အရွင္ဘုရား။

ဓမၼံ ပူေဇမိ = ဓမၼံ – တရားေတာ္ျမတ္ကို၊ ပူေဇမိ – ပူေဇာ္ပါ၏ အရွင္ဘုရား။

သံဃံ ပူေဇမိ = သံဃံ – သံဃာေတာ္အရွင္ျမတ္ကို၊ ပူေဇမိ – ပူေဇာ္ပါ၏ အရွင္ဘုရား။ ဟု ဆို၍ ဦးခ်ရမည္။

Young Buddhist Association

Unicode

ဘုရား ရှိခိုး ဦးချ ပုံ ဦးချ နည်းနှင့် ရှိခိုးခြင်း(၃)မျိုး

“ရှိခိုးဦးချပုံ ဦးချနည်း”

ဘုရားနှင့် သံဃာတော်တို့ထံ ဆည်းကပ်ရှိခိုးသောအခါ ရိုသေစွာ လက်အုပ်ချီပြီးနောက် “နီး၊ ဝေး၊ ရှေ့၊ နောက်၊ မြင့်မောက်၊ လေညာ” ဟူသော အပြစ်ခြောက်မျိုးလွတ်သော နေရာ၌ နေ၍ ရှိခိုးပြီး လျှောက်ထားဖွယ် စကားတို့ကို လျှောက်ထားရမည်။

လျှောက်ထား နာယူပြီးလျှင် ရှိခိုးဦးချ၍ ပြန်ရမည်။ ပြန်သောအခါ ဘုရားရှင်နှင့် သံဃာတော်တို့ကို ကျောပေး၍မပြန်ဘဲ လက်အုပ်ချီကာ လေးငါးလှမ်းခန့် နောက်ဆုတ်ပြန်ရမည်။

“ရှိခိုးခြင်း သုံးမျိုး”

(၁) ထိခြင်းငါးပါးနှင့်အညီ ကိုယ်ဖြင့်ရှိခိုးခြင်း (ကာယဝန္ဒနာ)၊

(၂) နူတ်ဖြင့် ရွတ်ဆို ရှိခိုးခြင်း (ဝစီဝန္ဒနာ)၊

(၃) စိတ်ဖြင့် ရည်မှတ် ရှိခိုးခြင်း (မနောဝန္ဒနာ)။

“ထိခြင်းငါးပါး ရှိခိုးခြင်း”

ဒူးနှစ်ဘက်၊ လက်နှစ်ဘက်၊ နဖူးတို့ကို မြေ၌ သို့မဟုတ် ကြမ်းပြင်၌ ထိစေ၍ ရှိခိုးခြင်းသည်ထိခြင်းငါးပါးနှင့်အညီ ရှိခိုးသည် မည်၏။

ဆောင်ပုဒ် ။ ။ ခြေ လက် နဖူး၊ တံတောင် ဒူး၊ ငါးဦး မြေထိစေ။

“ရပ်လျက်ရှိခိုးခြင်း”

လမ်းတွင် ရဟန်းသံဃာတော်တို့ကို တွေ့ဆုံသောအခါ ဦးထုပ် ဖိနပ်ချွတ်၍ ခြေစုံရပ်ကာ လက်အုပ်ကို ဦးထိပ်၌တင်လျက် ကိုယ်ကို ရှေ့သို့ညွတ်ကာ ရှိခိုးရမည်။

“ထိုင်လျက် ရှိခိုးခြင်း”

အမျိုးသားဖြစ်လျှင် ဆောင့်ကြောင့်ထိုင်လျက်၊ အမျိုးသမီးဖြစ်လျှင် ကြုံ့ကြုံ့ထိုင်လျက် ထိခြင်းငါးပါးနှင့် အညီ တုပ်ဝပ်လျက် ရှိခိုးရမည်။

ဘုရားရှိခိုးသောအခါ ဦးစွာပထမ ဦးချရမည်။ ဦးချသောအခါ

ဗုဒ္ဓံ ပူဇေမိ = ဗုဒ္ဓံ – မြတ်စွာဘုရားကို၊ ပူဇေမိ – ပူဇော်ပါ၏ အရှင်ဘုရား။

ဓမ္မံ ပူဇေမိ = ဓမ္မံ – တရားတော်မြတ်ကို၊ ပူဇေမိ – ပူဇော်ပါ၏ အရှင်ဘုရား။

သံဃံ ပူဇေမိ = သံဃံ – သံဃာတော်အရှင်မြတ်ကို၊ ပူဇေမိ – ပူဇော်ပါ၏ အရှင်ဘုရား။ ဟု ဆို၍ ဦးချရမည်။

Young Buddhist Association

Be the first to comment

Leave a Reply

Your email address will not be published.


*