အထိုင္မ်ားလို႕ အေညာင္မိေနတဲ့သူေတြ မျဖစ္မေနလုပ္ေပးသင့္တဲ့ အထိေရာက္ဆံုး ေလ့က်င့္ခန္းမ်ား

အထိုင္မ်ားလို႕ အေညာင္မိေနတဲ့သူေတြ
အထိုင္မ်ားလို႕ အေညာင္မိေနတဲ့သူေတြ

အထိုင္မ်ားလို႕ အေညာင္မိေနတဲ့သူေတြ မျဖစ္မေနလုပ္ေပးသင့္တဲ့ အထိေရာက္ဆံုး ေလ့က်င့္ခန္းမ်ား

တစ္ေနကုန္ ထိုင္ေနရတဲ့သူေလးေတြ ဒါမွမဟုတ္ အေညာင္းမိတဲ့ အလုပ္လုပ္တဲ့သူေလးေတြရွိလား။ အခုေနာက္ပိုင္းမွာ တစ္ေနကုန္အေညာင္းမိလာေပမယ့္ ညဘက္အိမ္ျပန္ေရာက္ရင္လည္း လႈပ္ရွားမႈေတြသိပ္မလုပ္ျဖစ္ဘဲ ဖုန္းသုံးတာ၊ တီဗြီၾကည့္တာမ်ိဳးေတြပဲလုပ္ျဖစ္ေနတာပါ။

အမွန္အတိုင္းေျပာရရင္ တစ္ေနကုန္အေညာင္းမိလာေတာ့ ဘာမွမလုပ္ခ်င္ဘဲ သက္ေတာင့္သက္သာပဲလဲေနခ်င္တာမ်ိဳးပါ။ ဒီေတာ့ ေလ့က်င့္ခန္းမလုပ္ျဖစ္တဲ့ သူေတြအတြက္ အေညာင္းမိတာေတြ လုံးဝသက္သာေစမယ့္ အလြယ္ဆုံးနည္းလမ္းေလးေတြကို ေဖာ္ျပခ်င္ပါတယ္။

(၁) လည္ပင္းနဲ႔ ပခုံး

တစ္ေနကုန္ကြန္ပ်ဴတာကိုၾကည့္ေနရတဲ့အလုပ္၊ မ်က္လုံးကိုအားစိုက္ရတဲ့အလုပ္ေတြလုပ္ၿပီးတဲ့အခါ လက္တစ္ဖက္ကိုနံရံမွာ ေထာက္လိုက္ၿပီး ေနာက္ပခုံးတစ္ဖက္ကို ေမးေစ့နဲ႔ထိေအာင္လုပ္ေပးပါ။ၿပီးရင္ မ်က္ႏွာကိုအေရွ႕တည့္တည့္ျပန္လွည့္ေပးလိုက္ပါ။ အဲ့ဒါကို ဘယ္ညာ (၁၀) ႀကိမ္စီလုပ္ေပးပါ။

နံရံနဲ႔ အနည္းငယ္အကြာမွာရပ္လိုက္ၿပီး ခႏၶာကိုယ္အေပၚပိုင္းကို နံရံမွာမွီလိုက္ပါ။ လက္ႏွစ္ဖက္ကို ေဘးဘက္ကိုတၿပိဳင္တည္းလြဲတဲ့ပုံစံမ်ိဳး (၁၀) ႀကိမ္လုပ္ေပးပါ။ အဲ့လိုလုပ္ေနတဲ့အခ်ိန္မွာ လက္ေမာင္းေတြက နံရံနဲ႔ထိေနဖို႔လိုပါတယ္။

(၂) လက္ေကာက္ဝတ္

လက္ေကာက္ဝတ္ေတြေညာင္းညာေနတာ၊ ထုံက်င္ေနတာနဲ႔ လက္ေခ်ာင္းေတြ ေညာင္းညာေနတာကို ေပ်ာက္ဖို႔ လက္ေကာက္ဝတ္ကိုေနာက္လက္တစ္ဖက္နဲ႔ ခပ္ဖြဖြဆုပ္ကိုင္ၿပီး ေႏြးလာေအာင္ ပြတ္တိုက္ေပးလိုက္ပါ။

ဘယ္ညာတလွည့္စီလုပ္ေပးရင္ လက္ေကာက္ဝတ္ေညာင္းညာတာေတြေျပသြားပါလိမ့္မယ္။ လက္ေခ်ာင္းေတြေညာင္းညာတာကိုေျပဖို႔ လက္ေခ်ာင္းေလးေတြ တစ္ေခ်ာင္းနဲ႔တစ္ေခ်ာင္းခ်ိတ္ၿပီး နည္းနည္းေလးအားစိုက္ၿပီးဆြဲေပးလိုက္ပါ။ လက္ညႇိဳးအခ်င္းခ်င္း၊ လက္ခလယ္အခ်င္းခ်င္း စသျဖင့္ လက္ေခ်ာင္းေလးေတြတလွည့္စီ လုပ္ေပးသြား႐ုံပါပဲ။

(၃) ေနာက္ေက်ာနဲ႔ခါး

ထိုင္ခုံအစြန္းေလးမွာထိုင္ၿပီး ေျခေထာက္တစ္ဖက္ကို ဆန႔္ထားၿပီး ေျခေထာက္တစ္ဖက္ကိုေတာ့ ကိုးဆယ္ဒီဂရီေကြးထားလိုက္ပါ။

လက္ႏွစ္ဖက္ကိုေတာ့ ခါးမွာေထာက္ထားၿပီး ခႏၶာကိုယ္အေပၚပိုင္းကို ေအာက္ဘက္ကိုႏွိမ့္ခ်လိုက္ပါ။ၿပီးရင္ နဂိုပုံစံအတိုင္းျပန္ေနလိုက္ပါ။ေနာက္ေက်ာမွာတင္းၿပီး ေညာင္းေနတာေတြ ေျပေပ်ာက္သြားပါလိမ့္မယ္။

ညာဘက္ေျခေထာက္ကိုေကြးထားၿပီး ၾကမ္းေပၚမွာ လဲအိပ္လိုက္ပါ။ ဘယ္ဘက္ေျခေထာက္ေျခက်င္းဝတ္ကို ညာဘက္ဒူးနားေလးမွာတင္ထားလိုက္ၿပီး လက္ႏွစ္ဖက္က ညာဘက္ေပါင္ကိုဆြဲထားပါ။

လက္နဲ႔မမီရင္ တဘက္အေသးတစ္ထည္ကိုသုံးႏိုင္ပါတယ္။ ၿပီးေတာ့ ညာဘက္ေပါင္ကိုအေပၚဘက္ဆြဲႏိုင္သေလာက္ဆြဲၿပီး စကၠန႔္ ၂၀ – ၃၀ ေလာက္ေနေပးပါ။ ေပါင္ကိုဆြဲတဲ့အခါ တင္ပါးေတြကို ၾကမ္းျပင္ကေနမႂကြေအာင္သတိထားပါ။ ဘယ္ညာ တလွည့္စီလုပ္ပါ။ ေနာက္ေက်ာေညာင္းညာတာေတြကို ခ်က္ခ်င္းေျပေစပါတယ္။

Unicode

အထိုင်များလို့ အညောင်မိနေတဲ့သူတွေ မဖြစ်မနေလုပ်ပေးသင့်တဲ့ အထိရောက်ဆုံး လေ့ကျင့်ခန်းများ

တစ်နေကုန် ထိုင်နေရတဲ့သူလေးတွေ ဒါမှမဟုတ် အညောင်းမိတဲ့ အလုပ်လုပ်တဲ့သူလေးတွေရှိလား။ အခုနောက်ပိုင်းမှာ တစ်နေကုန်အညောင်းမိလာပေမယ့် ညဘက်အိမ်ပြန်ရောက်ရင်လည်း လှုပ်ရှားမှုတွေသိပ်မလုပ်ဖြစ်ဘဲ ဖုန်းသုံးတာ၊ တီဗွီကြည့်တာမျိုးတွေပဲလုပ်ဖြစ်နေတာပါ။

အမှန်အတိုင်းပြောရရင် တစ်နေကုန်အညောင်းမိလာတော့ ဘာမှမလုပ်ချင်ဘဲ သက်တောင့်သက်သာပဲလဲနေချင်တာမျိုးပါ။ ဒီတော့ လေ့ကျင့်ခန်းမလုပ်ဖြစ်တဲ့ သူတွေအတွက် အညောင်းမိတာတွေ လုံးဝသက်သာစေမယ့် အလွယ်ဆုံးနည်းလမ်းလေးတွေကို ဖော်ပြချင်ပါတယ်။

(၁) လည်ပင်းနဲ့ ပခုံး

တစ်နေကုန်ကွန်ပျူတာကိုကြည့်နေရတဲ့အလုပ်၊ မျက်လုံးကိုအားစိုက်ရတဲ့အလုပ်တွေလုပ်ပြီးတဲ့အခါ လက်တစ်ဖက်ကိုနံရံမှာ ထောက်လိုက်ပြီး နောက်ပခုံးတစ်ဖက်ကို မေးစေ့နဲ့ထိအောင်လုပ်ပေးပါ။ပြီးရင် မျက်နှာကိုအရှေ့တည့်တည့်ပြန်လှည့်ပေးလိုက်ပါ။ အဲ့ဒါကို ဘယ်ညာ (၁၀) ကြိမ်စီလုပ်ပေးပါ။

နံရံနဲ့ အနည်းငယ်အကွာမှာရပ်လိုက်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို နံရံမှာမှီလိုက်ပါ။ လက်နှစ်ဖက်ကို ဘေးဘက်ကိုတပြိုင်တည်းလွဲတဲ့ပုံစံမျိုး (၁၀) ကြိမ်လုပ်ပေးပါ။ အဲ့လိုလုပ်နေတဲ့အချိန်မှာ လက်မောင်းတွေက နံရံနဲ့ထိနေဖို့လိုပါတယ်။

(၂) လက်ကောက်ဝတ်

လက်ကောက်ဝတ်တွေညောင်းညာနေတာ၊ ထုံကျင်နေတာနဲ့ လက်ချောင်းတွေ ညောင်းညာနေတာကို ပျောက်ဖို့ လက်ကောက်ဝတ်ကိုနောက်လက်တစ်ဖက်နဲ့ ခပ်ဖွဖွဆုပ်ကိုင်ပြီး နွေးလာအောင် ပွတ်တိုက်ပေးလိုက်ပါ။

ဘယ်ညာတလှည့်စီလုပ်ပေးရင် လက်ကောက်ဝတ်ညောင်းညာတာတွေပြေသွားပါလိမ့်မယ်။ လက်ချောင်းတွေညောင်းညာတာကိုပြေဖို့ လက်ချောင်းလေးတွေ တစ်ချောင်းနဲ့တစ်ချောင်းချိတ်ပြီး နည်းနည်းလေးအားစိုက်ပြီးဆွဲပေးလိုက်ပါ။ လက်ညှိုးအချင်းချင်း၊ လက်ခလယ်အချင်းချင်း စသဖြင့် လက်ချောင်းလေးတွေတလှည့်စီ လုပ်ပေးသွားရုံပါပဲ။

(၃) နောက်ကျောနဲ့ခါး

ထိုင်ခုံအစွန်းလေးမှာထိုင်ပြီး ခြေထောက်တစ်ဖက်ကို ဆန့်ထားပြီး ခြေထောက်တစ်ဖက်ကိုတော့ ကိုးဆယ်ဒီဂရီကွေးထားလိုက်ပါ။

လက်နှစ်ဖက်ကိုတော့ ခါးမှာထောက်ထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို အောက်ဘက်ကိုနှိမ့်ချလိုက်ပါ။ပြီးရင် နဂိုပုံစံအတိုင်းပြန်နေလိုက်ပါ။နောက်ကျောမှာတင်းပြီး ညောင်းနေတာတွေ ပြေပျောက်သွားပါလိမ့်မယ်။

ညာဘက်ခြေထောက်ကိုကွေးထားပြီး ကြမ်းပေါ်မှာ လဲအိပ်လိုက်ပါ။ ဘယ်ဘက်ခြေထောက်ခြေကျင်းဝတ်ကို ညာဘက်ဒူးနားလေးမှာတင်ထားလိုက်ပြီး လက်နှစ်ဖက်က ညာဘက်ပေါင်ကိုဆွဲထားပါ။

လက်နဲ့မမီရင် တဘက်အသေးတစ်ထည်ကိုသုံးနိုင်ပါတယ်။ ပြီးတော့ ညာဘက်ပေါင်ကိုအပေါ်ဘက်ဆွဲနိုင်သလောက်ဆွဲပြီး စက္ကန့် ၂၀ – ၃၀ လောက်နေပေးပါ။ ပေါင်ကိုဆွဲတဲ့အခါ တင်ပါးတွေကို ကြမ်းပြင်ကနေမကြွအောင်သတိထားပါ။ ဘယ်ညာ တလှည့်စီလုပ်ပါ။ နောက်ကျောညောင်းညာတာတွေကို ချက်ချင်းပြေစေပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*