ဘာေတြပဲ ျဖစ္ေနေန… အလုပ္ လုပ္ပါ

ဘာေတြပဲ ျဖစ္ေနေန... အလုပ္ လုပ္ပါ
ဘာေတြပဲ ျဖစ္ေနေန... အလုပ္ လုပ္ပါ

ဘာေတြပဲ ျဖစ္ေနေန… အလုပ္ လုပ္ပါ

စိတ္ညစ္တဲ့ အခ်ိန္တိုင္း… အလုပ္လုပ္ပါ။ စိတ္ေပ်ာ္ေနတဲ့ အခ်ိန္တိုင္း… အလုပ္လုပ္ပါ ။ ေအာင္ျမင္မႈ တစ္ခု ရၿပီးတိုင္းလည္း… ရပ္မေနဘဲ ပိုႀကိဳးစားၿပီး အလုပ္လုပ္ပါ။ လဲက်သြားရင္လည္း ျပန္ထၿပီး… အလုပ္ လုပ္ပါ။ ရႈံးနိမ့္ခဲ့ရင္ေတာင္ ဝမ္းနည္းမေနဘဲ… အလုပ္လုပ္ပါ။

အလုပ္ရွိျခင္း ၊ အလုပ္လုပ္ျခင္းဟာ ျပႆနာ ေတာ္ေတာ္မ်ားမ်ားကို ေျဖရွင္းေပးႏိုင္တယ္။ အလုပ္လုပ္တယ္ဆိုတာ စိတ္ကို အအားမထားဘဲ အလုပ္ ေပးတာပါ။

အလုပ္ ရွိေနတဲ့အတြက္ စိတ္ညစ္စရာေတြ ၊ ဝမ္းနည္းစရာေတြကို မေတြးမိေတာ့ဘူး။ အလုပ္ မရွိရင္ေတာ့ သူနဲ႔ေျပာင္းျပန္ အေတြးေတြ နယ္ခ်ဲ႕ လာတတ္တယ္ ။

ေကာင္းတဲ့ အေတြးဆိုရင္ ကိစၥမရွိေပမယ့္ မေကာင္းတဲ့ အေတြးေတြ ေတြးမိရင္ ဘာမွန္းမသိ အလကားေန စိတ္ဓါတ္ က်သြားတတ္တယ္။ အလုပ္ လုပ္ေနျခင္းဟာ ဝင္ေငြ တစ္ခုတည္းအတြက္

မဟုတ္သလို… လူေတြနဲ႔ ေပါင္းသင္းဆက္ဆံေရး ၊ အထက္လူႀကီး ၊ လက္ေအာက္ငယ္သား၊ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ဘယ္လို အဆင္ေျပေအာင္ ေပါင္းသင္း ဆက္ဆံရမလဲ ဆိုတာကိုပါ

ေလ့လာ သင္ယူၿပီး ျဖစ္သြားတယ္။ ေလာကႀကီးမွာ အလုပ္ လုပ္ရင္းနဲ႔ပဲ လူေတြဟာ ပိုမို ရင့္က်က္ၿပီး mature ျဖစ္လာၾကတယ္။ ဘယ္အလုပ္မဆို… အလုပ္လုပ္ေနျခင္းဟာ အင္မတန္မွ ဂုဏ္ရွိၿပီး

လုပ္ငန္းခြင္ အေတြ႕အႀကဳံ ၊ ဘဝ အေတြ႕ အႀကဳံေတြ၊ မိမိကိုယ္ကို ယုံၾကည္ခ်က္ေတြ တိုးလာလိမ့္မယ္။ ျမန္မာမိန္းကေလး အမ်ားစုဟာ အိမ္ေထာင္က်သြားရင္ သားသမီးကိစၥ

မိသားစုကိစၥ နဲ႔ အလုပ္မ်ားၿပီး အိမ္မွာပဲ ေနလိုက္ၾကတာ မ်ားတယ္ ။ မေနပါနဲ႔ ။ အလုပ္ လုပ္ပါ။ ကေလးငယ္ေသးလည္း… ကေလး နည္းနည္းႀကီးလာတာနဲ႔ အျပင္ထြက္ပါ ။

လုပ္ငန္းခြင္မွာ အမ်ိဳးသားေတြနဲ႔ ရင္ေဘာင္တန္းၿပီး အလုပ္ လုပ္ပါ။ career woman ၊ career mom အေနနဲ႔ အိမ္ေထာင္တစ္ခုကို ထိန္းသိမ္းပါ၊ သားသမီးကို ျပဳစု ပ်ိဳးေထာင္ပါ။

ဘယ္သူ႔အတြက္မွ မဟုတ္ဘဲ… ကိုယ့္အတြက္ ၊ ကိုယ့္ဘဝ တိုးတက္ဖို႔အတြက္ ၊ ကိုယ္တိုးတက္ဖို႔အတြက္ အလုပ္လုပ္ပါ။ အလုပ္လုပ္ျခင္းသည္ မိမိကိုယ္ကို ခ်စ္ျခင္း မည္ပါတယ္။ ေကာင္းေသာေန႔ေလးျဖစ္ပါေစ

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ဘာတွေပဲ ဖြစ်နေနေ… အလုပ် လုပ်ပါ

စိတ်ညစ်တဲ့ အချိန်တိုင်း… အလုပ်လုပ်ပါ။ စိတ်ပျော်နေတဲ့ အချိန်တိုင်း… အလုပ်လုပ်ပါ ။ အောင်မြင်မှု တစ်ခု ရပြီးတိုင်းလည်း… ရပ်မနေဘဲ ပိုကြိုးစားပြီး အလုပ်လုပ်ပါ။ လဲကျသွားရင်လည်း ပြန်ထပြီး… အလုပ် လုပ်ပါ။ ရှုံးနိမ့်ခဲ့ရင်တောင် ဝမ်းနည်းမနေဘဲ… အလုပ်လုပ်ပါ။

အလုပ်ရှိခြင်း ၊ အလုပ်လုပ်ခြင်းဟာ ပြဿနာ တော်တော်များများကို ဖြေရှင်းပေးနိုင်တယ်။ အလုပ်လုပ်တယ်ဆိုတာ စိတ်ကို အအားမထားဘဲ အလုပ် ပေးတာပါ။

အလုပ် ရှိနေတဲ့အတွက် စိတ်ညစ်စရာတွေ ၊ ဝမ်းနည်းစရာတွေကို မတွေးမိတော့ဘူး။ အလုပ် မရှိရင်တော့ သူနဲ့ပြောင်းပြန် အတွေးတွေ နယ်ချဲ့ လာတတ်တယ် ။

ကောင်းတဲ့ အတွေးဆိုရင် ကိစ္စမရှိပေမယ့် မကောင်းတဲ့ အတွေးတွေ တွေးမိရင် ဘာမှန်းမသိ အလကားနေ စိတ်ဓါတ် ကျသွားတတ်တယ်။ အလုပ် လုပ်နေခြင်းဟာ ဝင်ငွေ တစ်ခုတည်းအတွက်

မဟုတ်သလို… လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေး ၊ အထက်လူကြီး ၊ လက်အောက်ငယ်သား၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဘယ်လို အဆင်ပြေအောင် ပေါင်းသင်း ဆက်ဆံရမလဲ ဆိုတာကိုပါ

လေ့လာ သင်ယူပြီး ဖြစ်သွားတယ်။ လောကကြီးမှာ အလုပ် လုပ်ရင်းနဲ့ပဲ လူတွေဟာ ပိုမို ရင့်ကျက်ပြီး mature ဖြစ်လာကြတယ်။ ဘယ်အလုပ်မဆို… အလုပ်လုပ်နေခြင်းဟာ အင်မတန်မှ ဂုဏ်ရှိပြီး

လုပ်ငန်းခွင် အတွေ့အကြုံ ၊ ဘဝ အတွေ့ အကြုံတွေ၊ မိမိကိုယ်ကို ယုံကြည်ချက်တွေ တိုးလာလိမ့်မယ်။ မြန်မာမိန်းကလေး အများစုဟာ အိမ်ထောင်ကျသွားရင် သားသမီးကိစ္စ

မိသားစုကိစ္စ နဲ့ အလုပ်များပြီး အိမ်မှာပဲ နေလိုက်ကြတာ များတယ် ။ မနေပါနဲ့ ။ အလုပ် လုပ်ပါ။ ကလေးငယ်သေးလည်း… ကလေး နည်းနည်းကြီးလာတာနဲ့ အပြင်ထွက်ပါ ။

လုပ်ငန်းခွင်မှာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး အလုပ် လုပ်ပါ။ career woman ၊ career mom အနေနဲ့ အိမ်ထောင်တစ်ခုကို ထိန်းသိမ်းပါ၊ သားသမီးကို ပြုစု ပျိုးထောင်ပါ။

ဘယ်သူ့အတွက်မှ မဟုတ်ဘဲ… ကိုယ့်အတွက် ၊ ကိုယ့်ဘဝ တိုးတက်ဖို့အတွက် ၊ ကိုယ်တိုးတက်ဖို့အတွက် အလုပ်လုပ်ပါ။ အလုပ်လုပ်ခြင်းသည် မိမိကိုယ်ကို ချစ်ခြင်း မည်ပါတယ်။ ကောင်းသောနေ့လေးဖြစ်ပါစေ

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*