ၿခံစည္း႐ိုးအျဖစ္ ကာရံအသုျပဳေနၾကတဲ့… အဝိုင္းေပါက္ အျပားေလးေတြရဲ႕ သမိုင္းေၾကာင္း

ၿခံစည္း႐ိုးအျဖစ္ ကာရံအသုျပဳေနၾကတဲ့... အဝိုင္းေပါက္ အျပားေလးေတြရဲ႕ သမိုင္းေၾကာင္း
ၿခံစည္း႐ိုးအျဖစ္ ကာရံအသုျပဳေနၾကတဲ့... အဝိုင္းေပါက္ အျပားေလးေတြရဲ႕ သမိုင္းေၾကာင္း

ၿခံစည္း႐ိုးအျဖစ္ ကာရံအသုျပဳေနၾကတဲ့… အဝိုင္းေပါက္ အျပားေလးေတြရဲ႕ သမိုင္းေၾကာင္း

အဲ့ဒီ သံျပားေပါက္ေတြကို ဒုတိယကမာၻစစ္အတြင္း ေလယာဥ္ကြင္းေတြမွာ ေျပးလမ္းကို အျမန္ခင္းႏိုင္ေအာင္ သုံးခဲ့တာျဖစ္ပါတယ္။ Marston mats (မာစတန္ ၾကမ္းခင္း) လို႔ ေခၚပါတယ္။

ေနာက္တစ္နည္း PSP (Perforated steel planking) လို႔လည္း ေခၚပါတယ္။ ျမန္မာလို ဆိုရင္ေတာ့… သံျပားေပါက္ ၾကမ္းခင္းျပားလို႔ ဘာသာျပန္ရမွာေပါ့ေလ။ ဒီ သံျပားေပါက္ အခင္းျပားေတြကို ဒုတိယကမာၻစစ္ မစမွီေလးမွာပဲ

အေမရိကန္ေတြက တီထြင္ခဲ့တာပါ။ ယာဥ္သြားလမ္းေတြ၊ ေလယာဥ္ေျပးလမ္းေတြကို အျမန္တည္ေဆာက္ဖို႔အတြက္ ရည္႐ြယ္ၿပီး ထုတ္လုပ္ခဲ့တာပါ။ Marston mat​s ဆိုတဲ့ နာမည္ကေတာ့… အ​ေမရိကန္ ေျမာက္ကာ႐ိုလိုင္းနားျပည္နယ္က Marston ေလယာဥ္ကြင္းမွာ

အရင္ဆုံး စတင္စမ္းသပ္ အသုံးျပဳခဲ့တဲ့အတြက္ အဲ့ဒီနာမည္ တြင္သြားတာပါ။ သံျပားေတြရဲ႕ အလယ္က အေပါက္ေတြက ေသခ်ာေဖာက္ထားတာပါ။ သံျပားရဲ႕ ဝိတ္ကို ေပါ့သြားေအာင္ေရာ၊ သံျပားက အခ်ပ္ပါးေလး ျဖစ္မေနပဲ

နည္းနည္း ေဖာင္းႂကြ ျဖစ္လာေအာင္အတြက္ပါ… အေပါက္ေတြ ေဖာက္ထားတာပါ။ ထို႔အျပင္ သံျပား တြန္႔လိမ္ျခင္း မျဖစ္ရေအာင္ အေပါက္ေတြ တစ္လိုင္းျခင္း ၾကားမွာ U ပုံသ႑ာန္ ေျမာင္း၂ ေခ်ာင္း ထည့္ထားေပးပါတယ္။

၎ ေျမာင္းေတြဟာ ေရဆင္းေျမာင္းေတြ အျဖစ္ပါ ဒီဇိုင္းထုတ္ေပးထားတာ ျဖစ္ပါတယ္။ သံျပားရဲ႕ အလ်ားလိုက္ တစ္ဖက္မွာ ခ်ိတ္ေတြပါၿပီး အလ်ားလိုက္ ေနာက္တစ္ဖက္မွာ အဲ့ဒီခ်ိတ္ေတြနဲ႔ ခ်ိတ္ဆက္ဖို႔ အေပါက္ေတြ ပါဝင္ပါတယ္။

သံျပားေပါက္ေတြကို ခင္းရာမွာေတာ့ zig zag pattern နဲ႔ ခင္းၾကတာမ်ားပါတယ္။ မဟုတ္ရင္ အခ်ပ္လိုက္ႀကီး ေ႐ြ႕သြားမွာ စိုးလို႔ပါ။ အေမရိကန္ စစ္တပ္က အဲ့ဒီ PSP သံျပားေပါက္ေတြကို M8 Landing Mat နာမည္ေပးၿပီး အသုံးျပဳခဲ့ပါတယ္။ အထူးသျဖင့္

ျမန္မာျပည္အပါအဝင္ ပစိဖိတ္ စစ္မ်က္ႏွာ ေနရာ အႏွံ႔အျပားမွာ အသုံးျပဳခဲ့ပါတယ္။ M8 PSP တစ္ခ်ပ္သည္ အလ်ား ၁၀ ေပ၊ အနံ ၁၅ လက္မ ရွိၿပီး ၆၆ ေပါင္ ေလးပါတယ္။ သံျပားေပါက္ တစ္ခ်ပ္မွာ အေပါက္ေရ ၈၇ ေပါက္ ပါပါတယ္။

သံျပားေပါက္ေတြကို Manganese ပါဝင္မႈႏႈန္းမ်ားတဲ့ Steel နဲ႔ လုပ္ထားတာပါ။ အဲ့ဒီအတြက္ အရမ္း အၾကမ္းခံပါတယ္။ ရာသီဥတုဒဏ္ ခံႏိုင္ပါတယ္။ အျဖဳတ္အတပ္၊ အေ႐ြ႕အေျပာင္း အႀကိမ္ေရ မ်ားမ်ား သုံးႏိုင္ပါတယ္။ ဒါေၾကာင့္မို႔လည္း ဒီေန႔အထိ

အဲ့ သံျပားေပါက္ေတြကို သုံးလို႔ ရေနေသးတာပါ။ ဒါေပမယ့္ သံျပားေပါက္ တစ္ခ်ပ္ကို ၆၆ေပါင္ ေလးေနတဲ့အတြက္ ေလယာဥ္နဲ႔ သယ္ယူပို႔ေဆာင္ရာမွာ အခက္အခဲရွိပါတယ္။ အဲ့ဒီအတြက္ M9 Landing Mat ဆိုၿပီး အလူမီနီယံ အျပားေတြ

ထုတ္လုပ္ခဲ့ပါေသးတယ္။ M9 အလူမီနီယံ အျပားေတြက M8 သံျပားေတြထက္ ဝိတ္ ၃ ပုံ တစ္ပုံပဲ ရွိပါတယ္။ ဒါေပမယ့္ စစ္အတြင္းမွာ အလူမီနီယံက စစ္ေအာင္ႏိုင္ေရးအတြက္ အေရးႀကီး သတၱဳ ျဖစ္ေနတာ တစ္ေၾကာင္း၊

သံျပားေလာက္ ခံႏိုင္ရည္ မရွိတာေၾကာင့္ေရာ ဆက္လက္ မထုတ္လုပ္ခဲ့ပါဘူး။ ပစိဖိတ္ စစ္မ်က္ႏွာက ကြၽန္းေတြေပၚမွာ ေလယာဥ္ေျပးလမ္း ေဆာက္ဖို႔ဆိုရင္ ေျမႀကီးကို အရင္ ညႇိရပါတယ္။ အဲ့ဒီ ေျမသားလမ္းေပၚမွာ

M8 သံျပားေပါက္ေတြကို ခင္းၿပီးေတာ့မွ အဲ့ဒီ သံျပားေပါက္ေတြ အေပၚကို ေက်ာက္မႈန္႔ေတြ၊ ေျမႀကီးေတြနဲ႔ ဖို႔ၾကပါတယ္။ တစ္ခါေလ သံျပားေပါက္ အတိုင္းလည္း ခင္းထားတတ္ၾကပါတယ္။

စစ္ၿပီးကာလမွာေတာ့… ေလယာဥ္ေျပးလမ္း မသုံးေတာ့တဲ့အတြက္ လူေနအိမ္ၿခံစည္း႐ိုးေတြ၊ အကာေတြအျဖစ္ သုံးခဲ့ၾကပါတယ္။ ျမန္မာႏိုင္ငံေနရာ ေတာ္ေတာ္မ်ားမ်ားမွာ ၿခံစည္း႐ိုးအျဖစ္ သုံးေနၾကတာ ေတြ႕ရပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ခြံစည်းရိုးအဖြစ် ကာရံအသုပြုနေကြတဲ့… အဝိုင်းပေါက် အပြားလေးတွေရဲ့ သမိုင်းကြောင်း

အဲ့ဒီ သံပြားပေါက်တွေကို ဒုတိယကမ္ဘာစစ်အတွင်း လေယာဉ်ကွင်းတွေမှာ ပြေးလမ်းကို အမြန်ခင်းနိုင်အောင် သုံးခဲ့တာဖြစ်ပါတယ်။ Marston mats (မာစတန် ကြမ်းခင်း) လို့ ခေါ်ပါတယ်။

နောက်တစ်နည်း PSP (Perforated steel planking) လို့လည်း ခေါ်ပါတယ်။ မြန်မာလို ဆိုရင်တော့… သံပြားပေါက် ကြမ်းခင်းပြားလို့ ဘာသာပြန်ရမှာပေါ့လေ။ ဒီ သံပြားပေါက် အခင်းပြားတွေကို ဒုတိယကမ္ဘာစစ် မစမှီလေးမှာပဲ

အမေရိကန်တွေက တီထွင်ခဲ့တာပါ။ ယာဉ်သွားလမ်းတွေ၊ လေယာဉ်ပြေးလမ်းတွေကို အမြန်တည်ဆောက်ဖို့အတွက် ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့တာပါ။ Marston mats ဆိုတဲ့ နာမည်ကတော့… အမေရိကန် မြောက်ကာရိုလိုင်းနားပြည်နယ်က Marston လေယာဉ်ကွင်းမှာ

အရင်ဆုံး စတင်စမ်းသပ် အသုံးပြုခဲ့တဲ့အတွက် အဲ့ဒီနာမည် တွင်သွားတာပါ။ သံပြားတွေရဲ့ အလယ်က အပေါက်တွေက သေချာဖောက်ထားတာပါ။ သံပြားရဲ့ ဝိတ်ကို ပေါ့သွားအောင်ရော၊ သံပြားက အချပ်ပါးလေး ဖြစ်မနေပဲ

နည်းနည်း ဖောင်းကြွ ဖြစ်လာအောင်အတွက်ပါ… အပေါက်တွေ ဖောက်ထားတာပါ။ ထို့အပြင် သံပြား တွန့်လိမ်ခြင်း မဖြစ်ရအောင် အပေါက်တွေ တစ်လိုင်းခြင်း ကြားမှာ U ပုံသဏ္ဍာန် မြောင်း၂ ချောင်း ထည့်ထားပေးပါတယ်။

၎င်း မြောင်းတွေဟာ ရေဆင်းမြောင်းတွေ အဖြစ်ပါ ဒီဇိုင်းထုတ်ပေးထားတာ ဖြစ်ပါတယ်။ သံပြားရဲ့ အလျားလိုက် တစ်ဖက်မှာ ချိတ်တွေပါပြီး အလျားလိုက် နောက်တစ်ဖက်မှာ အဲ့ဒီချိတ်တွေနဲ့ ချိတ်ဆက်ဖို့ အပေါက်တွေ ပါဝင်ပါတယ်။

သံပြားပေါက်တွေကို ခင်းရာမှာတော့ zig zag pattern နဲ့ ခင်းကြတာများပါတယ်။ မဟုတ်ရင် အချပ်လိုက်ကြီး ရွေ့သွားမှာ စိုးလို့ပါ။ အမေရိကန် စစ်တပ်က အဲ့ဒီ PSP သံပြားပေါက်တွေကို M8 Landing Mat နာမည်ပေးပြီး အသုံးပြုခဲ့ပါတယ်။ အထူးသဖြင့်

မြန်မာပြည်အပါအဝင် ပစိဖိတ် စစ်မျက်နှာ နေရာ အနှံ့အပြားမှာ အသုံးပြုခဲ့ပါတယ်။ M8 PSP တစ်ချပ်သည် အလျား ၁၀ ပေ၊ အနံ ၁၅ လက်မ ရှိပြီး ၆၆ ပေါင် လေးပါတယ်။ သံပြားပေါက် တစ်ချပ်မှာ အပေါက်ရေ ၈၇ ပေါက် ပါပါတယ်။

သံပြားပေါက်တွေကို Manganese ပါဝင်မှုနှုန်းများတဲ့ Steel နဲ့ လုပ်ထားတာပါ။ အဲ့ဒီအတွက် အရမ်း အကြမ်းခံပါတယ်။ ရာသီဥတုဒဏ် ခံနိုင်ပါတယ်။ အဖြုတ်အတပ်၊ အရွေ့အပြောင်း အကြိမ်ရေ များများ သုံးနိုင်ပါတယ်။ ဒါကြောင့်မို့လည်း ဒီနေ့အထိ

အဲ့ သံပြားပေါက်တွေကို သုံးလို့ ရနေသေးတာပါ။ ဒါပေမယ့် သံပြားပေါက် တစ်ချပ်ကို ၆၆ပေါင် လေးနေတဲ့အတွက် လေယာဉ်နဲ့ သယ်ယူပို့ဆောင်ရာမှာ အခက်အခဲရှိပါတယ်။ အဲ့ဒီအတွက် M9 Landing Mat ဆိုပြီး အလူမီနီယံ အပြားတွေ

ထုတ်လုပ်ခဲ့ပါသေးတယ်။ M9 အလူမီနီယံ အပြားတွေက M8 သံပြားတွေထက် ဝိတ် ၃ ပုံ တစ်ပုံပဲ ရှိပါတယ်။ ဒါပေမယ့် စစ်အတွင်းမှာ အလူမီနီယံက စစ်အောင်နိုင်ရေးအတွက် အရေးကြီး သတ္တု ဖြစ်နေတာ တစ်ကြောင်း၊

သံပြားလောက် ခံနိုင်ရည် မရှိတာကြောင့်ရော ဆက်လက် မထုတ်လုပ်ခဲ့ပါဘူး။ ပစိဖိတ် စစ်မျက်နှာက ကျွန်းတွေပေါ်မှာ လေယာဉ်ပြေးလမ်း ဆောက်ဖို့ဆိုရင် မြေကြီးကို အရင် ညှိရပါတယ်။ အဲ့ဒီ မြေသားလမ်းပေါ်မှာ

M8 သံပြားပေါက်တွေကို ခင်းပြီးတော့မှ အဲ့ဒီ သံပြားပေါက်တွေ အပေါ်ကို ကျောက်မှုန့်တွေ၊ မြေကြီးတွေနဲ့ ဖို့ကြပါတယ်။ တစ်ခါလေ သံပြားပေါက် အတိုင်းလည်း ခင်းထားတတ်ကြပါတယ်။

စစ်ပြီးကာလမှာတော့… လေယာဉ်ပြေးလမ်း မသုံးတော့တဲ့အတွက် လူနေအိမ်ခြံစည်းရိုးတွေ၊ အကာတွေအဖြစ် သုံးခဲ့ကြပါတယ်။ မြန်မာနိုင်ငံနေရာ တော်တော်များများမှာ ခြံစည်းရိုးအဖြစ် သုံးနေကြတာ တွေ့ရပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*