လူဝင်ဆံ့ချင်ပါသလား... ?ပျော်ရွှင်ချင်ပါသလား... ? ဒီ တြိဂံလေး မမေ့ပါနဲ့
လူဝင်ဆံ့ချင်ပါသလား... ?ပျော်ရွှင်ချင်ပါသလား... ? ဒီ တြိဂံလေး မမေ့ပါနဲ့
၁ ။ Respect လေးစားမှု
၂ ။ Trust ယုံကြည်မှု
၃ ။ Love ချစ်ခြင်းမေတ္တာ
Unicode
လူဝင်ဆံ့ချင်ပါသလား… ?ပျော်ရွှင်ချင်ပါသလား… ? ဒီ တြိဂံလေးကို မမေ့ပါနဲ့
အမြဲ ပြောလေ့ ရှိတဲ့ ပေါင်းသင်း ဆက်ဆံရေး တြိဂံလေးက …
၁ ။ Respect လေးစားမှု
၂ ။ Trust ယုံကြည်မှု
၃ ။ Love ချစ်ခြင်းမေတ္တာ
Respect လေးစားမှု ဆိုတာ… သိပ်ခင် တဲ့ သူငယ်ချင်းတွေ ၊ ရင်းနှီး တဲ့ မိတ်ဆွေတွေ ၊ လုပ်ငန်းခွင် လုပ်ဖော် ကိုင်ဖက်တွေ၊ လင်မယားတွေ ကြားမှာ အပြန်အလှန် respect ထား ဆက်ဆံစရာ လိုသေးလို့လားလို့
မေးကြ တယ် ။ “လိုတယ်… လိုတာမှ အကြီးကြီးကို လိုတာ” လူလူခြင်း လူ့ ဂုဏ်သိက္ခာကို လေးစားပေးရတယ် ။ ခင်လို့ မင်လို့ စနောက်ရင်တောင် သူ့ကို သိက္ခာကျစေတဲ့ စကား
မသုံးရပါဘူး ။ သုံးရင် ဘာဖြစ်လဲဆိုတော့ မိတ်ပျက်ပါတယ် ။ ဒါလေးတောင် သည်းမခံနိုင် ဘူး မတွေးပါနဲ့ ။ တချို့လူ တွေမှာ နဲနဲမှ အထိ မခံနိုင်တဲ့ တန်းဖိုးထားခြင်းတွေ
ရှိနေ တတ်ပါတယ် ။ ခင်ခင်မင်မင် ဆက်ဆံပါ ။ ရင်းရင် းနှီးနှီး စနောက်ပါ ။ ဒါပေမယ့် လူ့ဂုဏ်သိက္ခာ ကိုတော့ လေးစားပါ ။
Trust ယုံကြည်မှု… ရှင်းပါတယ်… ယုံကြည် နိုင်လောက်အောင် ရိုးသားပါ။ ပွင့်လင်းမြင်သာ ရှိပါစေ။ ယုံကြည်မှုဆိုတာ တစ်ခါပျက်သွားရင် ထိုသူအပေါ် တစ်သက်လုံး ယုံကြည်မှုရှိတော့မှာ မဟုတ်တော့ပါ။
Love ချစ်ခြင်းမေတ္တာ… ဒီနေရာမှာ ပြောတဲ့ ချစ်ခြင်းမေတ္တာ ဆိုတာ ကိုယ်ချင်းစာမှုပေါ် အခြေတည်ပါတယ်။ သူ့နေရာမှာ ငါသာ ဆိုရင်လို့ တွေးပြီး နားလည်ပေး ချစ်ပေးကြပါ ။
လူဆိုတာ ပေါင်းသင်းဆက်ဆံရေး သတ္တဝါပါ ။ လူတွေရဲ့ ပျော်ရွှင်ခြင်း မပျော်ရွှင်ခြင်း အများစုက ပေါင်းသင်းဆက်ဆံရေးတွေ အပေါ် မူတည် ပါတယ် ။
ကိုယ့် ပတ်ဝန်းကျင် ကို ပိုပြီး အကျိုးပြုနိုင်သူတွေဖြစ်ပြီး… ပျော်ရွှင်စွာနဲ့ လူဝင်ဆံ့တဲ့ မျိုးဆက်သစ်တွေ … လူ့ ဂုဏ်သိက္ခာ ကို တန်ဖိုး ထားတတ်တဲ့ လူကြီး လူကောင်းတွေ ဖြစ်ပေါ်လာဖို့ မျှော်လင့်လျက် …
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခ ရက် ဒစ် ပေး ပါ သည်။ ပြန်လည် မျှဝေခြင်း ဖြစ် ပါ သည်။
Be the first to comment
Leave a Reply
Your email address will not be published.
*