သင့္ဆီကို ကံေကာင္းျခင္းေတြ ေရာက္လာေတာ့မယ္ဆိုရင္… ဒီလို ေရွ႕ေျပးနိမိတ္ေတြ ျမင္ေတြ႕ရတတ္တယ္

သင့္ဆီကို ကံေကာင္းျခင္းေတြ ေရာက္လာေတာ့မယ္ဆိုရင္... ဒီလို ေရွ႕ေျပးနိမိတ္ေတြ ျမင္ေတြ႕ရတတ္တယ္
သင့္ဆီကို ကံေကာင္းျခင္းေတြ ေရာက္လာေတာ့မယ္ဆိုရင္... ဒီလို ေရွ႕ေျပးနိမိတ္ေတြ ျမင္ေတြ႕ရတတ္တယ္

သင့္ဆီကို ကံေကာင္းျခင္းေတြ ေရာက္လာေတာ့မယ္ဆိုရင္… ဒီလို ေရွ႕ေျပးနိမိတ္ေတြ ျမင္ေတြ႕ရတတ္တယ္

လူတစ္ေယာက္ ကံေကာင္းလာေတာ့ မယ္ဆိုတာကို ဒီေရွ႕ေျပးနိမိတ္ေတြ ၾကည့္ၿပီး သိရွိႏိုင္ပါတယ္။ ႏိုင္ငံတိုင္းမွာေတာ့ ကံေကာင္းျခင္းရဲ႕ နိမိတ္ကေကၤတေတြနဲ႔ ပတ္သက္ၿပီး အယူအဆ အမ်ိဳးမ်ိဳး ရွိေနပါတယ္။

အယူအဆအမ်ိဳးမ်ိဳးထဲ ကမွ… လူအမ်ားစု နားလည္လက္ခံ ယုံၾကည္ ထားတဲ့ ကံေကာင္းျခင္းရဲ႕ နိမိတ္သေကၤတေတြလည္း ရွိပါတယ္။ သင့္ဆီကို ကံေကာင္းျခင္းေတြ မၾကာခင္ ေရာက္ရွိလာေတာ့မယ္ ဆိုရင္… ဒီလိုေရွ႕ေျပးနိမိတ္ သေကၤတေတြကို ျမင္ေတြ႕၊ ျဖစ္ေပၚ လာတတ္ပါတယ္ေနာ္။

(၁) ငွက္ေတြ အသိုက္လာဖြဲ႕တာ

ငွက္ေတြက သင့္ရဲ႕ ေနအိမ္၊ တိုက္ခန္း (သို႔) ႐ုံးခန္း၊ ဆိုင္ခန္း အေဆာက္အအုံေတြမွာ အသိုက္လာဖြဲ႕မယ္ဆိုရင္… ဒါဟာ ကံေကာင္းျခင္းရဲ႕ ေရွ႕ေျပးနမိတ္တစ္ခုပါ။ ငွက္ေတြက

ကိုယ့္ဆီမွာလာၿပီး အ သိုက္ဖြဲ႕တယ္ ဆိုတာ… သင့္ဆီမွာ ေကာင္းတဲ့ (positive energy) ေတြ ရွိေနတယ္လို႔ မွတ္ယူၾကၿပီး… ဒါဟာ က်န္း မာေရးနဲ႔ ေပ်ာ္႐ႊင္မႈေတြ တိုးတက္ေကာင္းမြန္ လာမယ့္ ေရွ႕ေျပးနိမိတ္ တစ္ခုပဲ ျဖစ္ပါတယ္။

(၂) နားယားတာ

ေရာဂါေၾကာင့္မဟုတ္ပဲ နားယားၿပီဆိုရင္… လူေတာ္ေတာ္ မ်ားမ်ားကေတာ့ တစ္စုံတစ္ေယာက္က ကိုယ့္ မေကာင္းေၾကာင္း ေျပာေန၊ ကိုယ့္ အတင္း တုပ္ေနၿပီလို႔ ယူဆၾကတက္ပါတယ္။ တကယ္ေတာ့… မဟုတ္ပါဘူး။ နားယားျခင္း ကလည္း…

ကံေကာင္းျခင္းရဲ႕ နိမိတ္တစ္ခု ျဖစ္ပါတယ္။ ဒီေနရာမွာေတာ့ နားယားတာဟာ တစ္ေယာက္ေယာက္က… သင့္အေၾကာင္းကို ခ်ီးက်ဴးေျပာဆို ေနလို ႔အခုလို ျဖစ္တာလို႔မွတ္ ယူ ထားလိုက္ပါေနာ္။

သင့္ဆီကို ေပ်ာ္စရာေကာင္းတဲ့ relationships (သို႔) မိတ္ေဆြ အသိုင္းအဝိုင္းနဲ႔ ပတ္သက္ၿပီး ကံေကာင္းျခင္းေတြ ေရာက္လာေတာ့မယ့္ နိမိတ္တစ္ခု ပဲျဖစ္ ပါတယ္။

(၃) အိမ္ေမြးတိရစာၦန္ ေရာက္လာတာ

ကိုယ့္အိမ္ (သို႔) ႐ုံးခန္း ကို… တိရစာၦန္ တစ္ေကာင္ေကာင္က မ်က္စိလည္ လမ္းမွားၿပီး ေရာက္လာ ရင္လည္း ဒါဟာ… ကံေကာင္းျခင္း နိမိတ္ပါ။

ေၾကာင္ အနက္ေရာက္ လာရင္ေတာင္မွ ဒါကို ကံေကာင္းျခင္းလို႔ပဲ မွတ္ယူလို႔ ရပါတယ္။ ေခြး၊ ေၾကာင္တို႔မ်ား ကိုယ့္အိမ္ကို မ်က္စိလည္လမ္းမွားၿပီး ေရာက္လာမယ္ဆိုရင္ေတာ့… ဒါဟာ သင့္ဆီကိုကံေကာင္းျခင္းေတြ မၾကာခင္ေရာက္ လာေတာ့မွာပဲ ျဖစ္ပါတယ္

(၄) ၈ ဂဏန္းကို ျမင္တာ

(၈) ဂဏန္းကို မေကာင္းတဲ့ ဂဏန္းလို႔ ျမင္ေနတာကို ရပ္လိုက္ပါ။ တကယ္က (၈)ဂဏန္းကို ျမင္ရင္… ကံေကာင္းတတ္ပါတယ္။ အရာဝတၳဳတစ္ခုခု ဥပမာ… တိမ္ေတြက (၈) ဂဏန္းပုံ

ျဖစ္ေနတာ မ်ိဳးကို ေတြ႕ရင္လည္း ဒါဟာ ကံေကာင္းျခင္း နိမိတ္ ပါပဲ။ (၈)ကို တ႐ုတ္မွာ ဆိုရင္ ကံေကာင္းျခင္းလို႔ မွတ္ယူပါတယ္။ ကံေကာင္းျခင္းအရာ တစ္ခုခုကို မၾကာခင္ သင့္ဆီေရာက္ လာေတာ့ မွာပဲျဖစ္ပါတယ္။

(၅) အဝတ္အစားကို ေျပာင္းျပန္ ဝတ္မိတာ

တခါတေလမွာ မရည္႐ြယ္ပဲ… အဝတ္အစားကို ေျပာင္းျပန္ဝတ္မိတာမ်ိဳး ျဖစ္တတ္ပါတယ္။ ဆြယ္တာအက်ီပၤဲ ျဖစ္ျဖစ္၊ ေဘာင္းဘီကိုပဲ ျဖစ္ျဖစ္… ေျပာင္းျပန္ဝတ္မိရင္လည္း ဒါဟာ… ကံေကာင္းျခင္းနိမိတ္ပါ။ မေကာင္းတဲ့ကံေတြ ေျပာင္းျပန္ လွန္ေတာ့မယ္ ဆိုတဲ့ သေဘာပါေနာ္။

(၆) ငွက္ေခ်းပါခ်

တစ္ခါတေလမွာ သြားရင္းလာရင္းနဲ႔မ်ား သင့္ေခါင္းေပၚ (သို႔) သင့္ အဝတ္အစားေပၚကို ငွက္ေခ်း ပါခ်ရင္… အရမ္းႀကီး စိတ္အေႏွာင့္အယွက္ မျဖစ္လိုက္ပါနဲ႔… အခုလို ကိုယ့္အေပၚကို

ငွက္ေခ်း ပါခ်ရင္ေတာ့… မၾကာခင္မွာ ကံေကာင္းျခင္းေတြ ေရာက္လာေတာ့မယ္၊ ေငြေၾကး လာဘ္ဝင္ေတာ့မယ္ ဆိုတဲ့ ေရွ႕ေျပးနိမိတ္ပဲ ျဖစ္ပါတယ္။

(၇) ႏြယ္ပင္ေတြ အိမ္ကို တက္တာ

အိမ္မွာ သန႔္ရွင္းေရး လုပ္ရဲ႕သားနဲ႔… ႏြယ္ပင္ေတြ တြယ္တတ္ၿပီဆိုရင္လည္း ဒါဟာ… ကံ ေကာင္းျခင္းရဲ႕လကၡဏာပါ။ တကယ္လို႔မ်ား သင့္အိမ္မွာ ႏြယ္ပင္ေတြ တြယ္တက္ေနၿပီ ဆိုရင္ေတာ့…

ဒါဟာ မၾကာခင္မွာ သင့္ဆီကို ကံေကာင္းျခင္းေတြ ေရာက္လာေတာ့မယ္ဆိုတဲ့ ေရွ႕ေျပးပါ။ ႏြယ္ပင္ေတြအိမ္မွာတက္ၿပီဆိုရင္ ကံဆိုးျခင္းေတြေပ်ာက္ၿပီးကံေကာင္းျခင္းေတြ ေရာက္လာေတာ့မွာပဲျဖစ္ပါတယ္

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

သင့်ဆီကို ကံကောင်းခြင်းတွေ ရောက်လာတော့မယ်ဆိုရင်… ဒီလို ရှေ့ပြေးနိမိတ်တွေ မြင်တွေ့ရတတ်တယ်

လူတစ်ယောက် ကံကောင်းလာတော့ မယ်ဆိုတာကို ဒီရှေ့ပြေးနိမိတ်တွေ ကြည့်ပြီး သိရှိနိုင်ပါတယ်။ နိုင်ငံတိုင်းမှာတော့ ကံကောင်းခြင်းရဲ့ နိမိတ်ကင်္ကေတတွေနဲ့ ပတ်သက်ပြီး အယူအဆ အမျိုးမျိုး ရှိနေပါတယ်။

အယူအဆအမျိုးမျိုးထဲ ကမှ… လူအများစု နားလည်လက်ခံ ယုံကြည် ထားတဲ့ ကံကောင်းခြင်းရဲ့ နိမိတ်သင်္ကေတတွေလည်း ရှိပါတယ်။ သင့်ဆီကို ကံကောင်းခြင်းတွေ မကြာခင် ရောက်ရှိလာတော့မယ် ဆိုရင်… ဒီလိုရှေ့ပြေးနိမိတ် သင်္ကေတတွေကို မြင်တွေ့၊ ဖြစ်ပေါ် လာတတ်ပါတယ်နော်။

(၁) ငှက်တွေ အသိုက်လာဖွဲ့တာ

ငှက်တွေက သင့်ရဲ့ နေအိမ်၊ တိုက်ခန်း (သို့) ရုံးခန်း၊ ဆိုင်ခန်း အဆောက်အအုံတွေမှာ အသိုက်လာဖွဲ့မယ်ဆိုရင်… ဒါဟာ ကံကောင်းခြင်းရဲ့ ရှေ့ပြေးနမိတ်တစ်ခုပါ။ ငှက်တွေက

ကိုယ့်ဆီမှာလာပြီး အ သိုက်ဖွဲ့တယ် ဆိုတာ… သင့်ဆီမှာ ကောင်းတဲ့ (positive energy) တွေ ရှိနေတယ်လို့ မှတ်ယူကြပြီး… ဒါဟာ ကျန်း မာရေးနဲ့ ပျော်ရွှင်မှုတွေ တိုးတက်ကောင်းမွန် လာမယ့် ရှေ့ပြေးနိမိတ် တစ်ခုပဲ ဖြစ်ပါတယ်။

(၂) နားယားတာ

ရောဂါကြောင့်မဟုတ်ပဲ နားယားပြီဆိုရင်… လူတော်တော် များများကတော့ တစ်စုံတစ်ယောက်က ကိုယ့် မကောင်းကြောင်း ပြောနေ၊ ကိုယ့် အတင်း တုပ်နေပြီလို့ ယူဆကြတက်ပါတယ်။ တကယ်တော့… မဟုတ်ပါဘူး။ နားယားခြင်း ကလည်း…

ကံကောင်းခြင်းရဲ့ နိမိတ်တစ်ခု ဖြစ်ပါတယ်။ ဒီနေရာမှာတော့ နားယားတာဟာ တစ်ယောက်ယောက်က… သင့်အကြောင်းကို ချီးကျူးပြောဆို နေလို့အခုလို ဖြစ်တာလို့မှတ် ယူ ထားလိုက်ပါနော်။

သင့်ဆီကို ပျော်စရာကောင်းတဲ့ relationships (သို့) မိတ်ဆွေ အသိုင်းအဝိုင်းနဲ့ ပတ်သက်ပြီး ကံကောင်းခြင်းတွေ ရောက်လာတော့မယ့် နိမိတ်တစ်ခု ပဲဖြစ် ပါတယ်။

(၃) အိမ်မွေးတိရစ္ဆာန် ရောက်လာတာ

ကိုယ့်အိမ် (သို့) ရုံးခန်း ကို… တိရစ္ဆာန် တစ်ကောင်ကောင်က မျက်စိလည် လမ်းမှားပြီး ရောက်လာ ရင်လည်း ဒါဟာ… ကံကောင်းခြင်း နိမိတ်ပါ။

ကြောင် အနက်ရောက် လာရင်တောင်မှ ဒါကို ကံကောင်းခြင်းလို့ပဲ မှတ်ယူလို့ ရပါတယ်။ ခွေး၊ ကြောင်တို့များ ကိုယ့်အိမ်ကို မျက်စိလည်လမ်းမှားပြီး ရောက်လာမယ်ဆိုရင်တော့… ဒါဟာ သင့်ဆီကိုကံကောင်းခြင်းတွေ မကြာခင်ရောက် လာတော့မှာပဲ ဖြစ်ပါတယ်

(၄) ၈ ဂဏန်းကို မြင်တာ

(၈) ဂဏန်းကို မကောင်းတဲ့ ဂဏန်းလို့ မြင်နေတာကို ရပ်လိုက်ပါ။ တကယ်က (၈)ဂဏန်းကို မြင်ရင်… ကံကောင်းတတ်ပါတယ်။ အရာဝတ္ထုတစ်ခုခု ဥပမာ… တိမ်တွေက (၈) ဂဏန်းပုံ

ဖြစ်နေတာ မျိုးကို တွေ့ရင်လည်း ဒါဟာ ကံကောင်းခြင်း နိမိတ် ပါပဲ။ (၈)ကို တရုတ်မှာ ဆိုရင် ကံကောင်းခြင်းလို့ မှတ်ယူပါတယ်။ ကံကောင်းခြင်းအရာ တစ်ခုခုကို မကြာခင် သင့်ဆီရောက် လာတော့ မှာပဲဖြစ်ပါတယ်။

(၅) အဝတ်အစားကို ပြောင်းပြန် ဝတ်မိတာ

တခါတလေမှာ မရည်ရွယ်ပဲ… အဝတ်အစားကို ပြောင်းပြန်ဝတ်မိတာမျိုး ဖြစ်တတ်ပါတယ်။ ဆွယ်တာအကျီင်္ပဲ ဖြစ်ဖြစ်၊ ဘောင်းဘီကိုပဲ ဖြစ်ဖြစ်… ပြောင်းပြန်ဝတ်မိရင်လည်း ဒါဟာ… ကံကောင်းခြင်းနိမိတ်ပါ။ မကောင်းတဲ့ကံတွေ ပြောင်းပြန် လှန်တော့မယ် ဆိုတဲ့ သဘောပါနော်။

(၆) ငှက်ချေးပါချ

တစ်ခါတလေမှာ သွားရင်းလာရင်းနဲ့များ သင့်ခေါင်းပေါ် (သို့) သင့် အဝတ်အစားပေါ်ကို ငှက်ချေး ပါချရင်… အရမ်းကြီး စိတ်အနှောင့်အယှက် မဖြစ်လိုက်ပါနဲ့… အခုလို ကိုယ့်အပေါ်ကို

ငှက်ချေး ပါချရင်တော့… မကြာခင်မှာ ကံကောင်းခြင်းတွေ ရောက်လာတော့မယ်၊ ငွေကြေး လာဘ်ဝင်တော့မယ် ဆိုတဲ့ ရှေ့ပြေးနိမိတ်ပဲ ဖြစ်ပါတယ်။

(၇) နွယ်ပင်တွေ အိမ်ကို တက်တာ

အိမ်မှာ သန့်ရှင်းရေး လုပ်ရဲ့သားနဲ့… နွယ်ပင်တွေ တွယ်တတ်ပြီဆိုရင်လည်း ဒါဟာ… ကံ ကောင်းခြင်းရဲ့လက္ခဏာပါ။ တကယ်လို့များ သင့်အိမ်မှာ နွယ်ပင်တွေ တွယ်တက်နေပြီ ဆိုရင်တော့…

ဒါဟာ မကြာခင်မှာ သင့်ဆီကို ကံကောင်းခြင်းတွေ ရောက်လာတော့မယ်ဆိုတဲ့ ရှေ့ပြေးပါ။ နွယ်ပင်တွေအိမ်မှာတက်ပြီဆိုရင် ကံဆိုးခြင်းတွေပျောက်ပြီးကံကောင်းခြင်းတွေ ရောက်လာတော့မှာပဲဖြစ်ပါတယ်

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*