















အသက်ကိုဥာဏ်စောင့်တာမို့… သတိနဲ့ယှဉ်၍ ရောဂါမဖြစ်ခင် အချိန်မှီ ကာကွယ်နိုင်ကြပါစေ။


Unicode

မိမိခန္ဓာကိုယ်ကိုသတိထား စောင့်ကြည့်ပြီး… ကိုယ်တွင်းရောဂါများအား ခန့်မှန်းခြင်း

(၁) မနက်စောစော အိပ်ယာမှ ထရင် ဘေးမစောင်းပဲ ပက်လက်အနေအထားအတိုင်း ထကြည့်လိုက်လို့ မောမယ် မထနိုင်ဘူးဆိုရင်… အဆုတ်၊ နှလုံး ရောဂါရှိနိုင်သည်။

(၂) မနက် အိပ်ယာထတွင်.. ခြေလက်များ ထုံကျဉ်သလိုလို၊ လေးလံသလိုလို ဖြစ်နေရင်… ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ ရှိနိုင်သည်။

(၃) မ နက်အိပ်ယာထ ခေါင်းတွေအုံ၊ မျက်စိတွေ ကြည့်မကောင်း၊ အကြောတွေတက် ဖြစ်နေလျင်… သွးတိုးရောဂါ၊ နှလုံး သွေးကြောကျဉ်းရောဂါ ရှိနိုင်သည်။

(၄) ပူပန်စရာ အထူးမရှိပဲ… ညစဉ် အိပ်မပျော်သလို.. အိပ်ရေးမဝသလို ဖြစ်နေလျင်… အစာအိမ် နှင့် သဲခြေအိတ် ရောဂါရှိနိုင်သည်။

(၅) အမြဲ တခုခုအလိုမကျခြင်၊း ဒေါသအထွက် မြန်ခြင်း၊ စိတ်တိုခြင်း၊ ဝမ်းနည်းခြင်း၊ ငိုချင်နေခြင်း တို့ဖြစ်နေလျင်… စိတ်ကျရောဂါ၊ အသည်းအားနဲရောဂါ ရှိနိုင်သည်။

(၆) ရင်းသားအရွယ်အစား ပုံမှန်ထက်ကြီးသော မိန်းခလေးများ… ရင်သားကင်ဆာ ဖြစ်နိုင်သည်။

(၇) လက်မောင်း၊ ခြေသလုံး ပုံမှန်ထက် တုတ် လွန်း၊ ဝလွန်းသော မိန်းခလေးများ… သားအိမ်၊ အသည်း၊ သရက်ရွက် ရောဂါရှိနိုင်ပါသည်။

(၈) မျက်လုံး မို့အစ်ခြင်း၊ မျက်နှာအဆီပြန်လွန်းပါက… လိင်ပိုင်းဆိုင်ရာရောဂါနှင့် အသည်း အဆီဖုံးရောဂါ ရှိနိုင်ပါသည်။

(၉) ပုံမှန် လက်စွပ်များ… ဝတ်မရ ချွတ်မရတော့သည် အထိ လက်ချောင်းပြည့်ဖောင်းလွန်းပါက…. ဂေါက်ရောဂါကဲ့သို့ အဆစ်မြစ်ရောင်ရောဂါ ရှိနိုင်ပါသည်။

(၁၀).သွားများ မျက်စိများ ဝါလာခြင်း၊ လက်သည်း ခြေသည်းခွံများ ဝါလာပါက… အသည်းရောင် အသားဝါ B ပိုး၊ C ပိုး ရှိနိုင်ပါသည်

(၁၁) မိန်းခလေးများ ဆီးကျဉ်ခြင်း၊ မွေးလမ်းကြောင်း အနံ့အသက်မကောင်းခြင်း၊ ရေအိတ်အလုံး တည်ခြင်းများ ဖြစ်နေပါက… သားအိမ်ကင်ဆာ ဖြစ်နိုင်ပါသည်။

(၁၂) ယာက်ျားလေးများ ညဘက် ဆီးခဏခဏ သွားခြင်း၊ ဆီးမထိမ်းနိုင် ဖြစ်ပါက… ဆီးကျိတ်ကြီးခြင်း၊ ကျောက်ကပ်နှင့် ဆီးကျတ်ကင်ဆာ ဖြစ်နိုင်သည်။

(၁၃) ထိုင်ရာမှ ထရာ၌ မူးခြင်းမိုက်ခြင်း ဖြစ်ပါက… သွေးအားနည်းရောဂါ၊ အဆုတ်ရောဂါ ရှိနိုင်ပါသည်။

အသက်ကိုဉာဏ်စောင့်တာမို့… သတိနဲ့ယှဉ်၍ ရောဂါမဖြစ်ခင် အချိန်မှီ ကာကွယ်နိုင်ကြပါစေ။

မူရင်းတင်ဆက်သူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*