















အနံ့ပါတဲ့ detergent တွေ အသုံးပြုခြင်း၊ အဝတ်လျှော်တဲ့အခါ အနံ့ ပိုမွှေးချင်တဲ့ အတွက်ကြောင့် အနံ့ပါတဲ့ detergent တွေကို အသုံးပြုလေ့ ရှိကြပါတယ်။ ဒီအနံ့ တွေပါတဲ့









Unicode

Underwear ဝတ်ဆင်ခြင်းနဲ့ပတ်သက်ပြီး မပေါ့လျော့သင့်တဲ့ အချက်များ…

များစွာသောသူတွေက ကိုယ့်ရဲ့ underwear တွေ လှဲသင့်တဲ့အချိန် ရောက်နေတာတောင်… အသစ်မလှဲပဲ နေတတ်ကြပါတယ်။ တစ်ချို့လူတွေက အောက်ခံဘောင်းဘီတွေကို နှစ်ရက် သို့ နှစ်ရက် ထက်ပိုပြီး

ဝတ်ဆင်တတ်ကြတယ်လို့ ဆိုပါတယ်။ ဒါက… ကိုယ့်ရဲ့ကျန်းမာရေးကို ထိခိုက်စေတဲ့ အလေ့အကျင့်ဆိုးတစ်ခု ဖြစ်နေပါတယ်။ နောက်ပြီး လူတော်တော်များများက

underwear နဲ့ပတ်သက်ပြီး ဒီလိုအမှားတွေ လုပ်တတ်ကြတာမို့ စာဖတ်ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်.။

ဇာ အောက်ခံဘောင်းဘီကို ဝတ်ဆင်ခြင်း

ဇာ အောက်ခံဘောင်းဘီတွေဟာ ခြည်သား ဘောင်းဘီလေးတွေထက် ပိုကောင်းတယ်လို့ ထင်ရတတ်ပါတယ်။ ဒါပေမယ့်လို့… ဇာအောက်ခံ ဘောင်းဘီတွေကို ဝတ်ဆင်ခြင်းက ကျန်းမာရေးဆိုင်ရာ

ပြသနာများစွာ ကို ဖြစ်စေတတ်ပါတယ်။ ဇာနဲ့ တစ်ခြားသော အထည်သားတွေဟာ ချွေးကို အလွယ်တကူ စုပ်ယူနိုင်ပေမယ့်

မြန်မြန်ခြောက်သွေ့ခြင်းကို မဖြစ်စေနိုင်ပါဘူး။ ဒါက ဘက်တီးရီးယားတွေကို အလွယ်တကူ ပေါက်ဖွားလွယ်ပြီး အသားအရေ ယားယံတာ၊ ပိုးဝင်တာမျိုး ဖြစ်တတ်ပါတယ်။

Gym သွားတဲ့အခါ underwear ရွေးချယ်မှု

Workout လုပ်တဲ့ အချိန်မှာ အပြင်ပန်း အင်္ကျီတေ အရေးကြီးရုံမက… underwear ကလည်း အရေးကြီးပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ underwear ကို ဆိုဒ်အငယ်၊ ကျပ်ကျပ် ဝတ်ဆင်မိတဲ့အခါ

အသားအရေယားယံတာမျိုးကို ခံစားရစေပါတယ်။ နောက်ပြီး… workout လုပ်ပြီးသွားတဲ့အခါ ချွေးတွေနဲ့ညစ်ပတ်နေတဲ့ underwear ကို လဲလိုက်ဖို့ လိုအပ် ပါတယ်။

အခြောက်ခံစက် နဲ့ အခြောက်ခံတာ

Underwear တွေကို အခြောက်ခံစက်နဲ့ အခြောက်ခံတာက မြန်ဆန်တယ် ဆိုပေမယ့်လို့… တာရှည် မခံခြင်းကို ဖြစ်စေ တတ်ပါတယ်။

အပူကြောင့် အထည်တွေဟာ ကျုံ့သွားပြီး ပုံစံကို ပျက်စီး သွားတတ်ပါတယ်။ ဒါကြောင့်… underwear တွေကို နေရောင် ကောင်းကောင်းရတဲ့ တန်းပေါ်မှာပဲ သေချာ လှန်းသင့်ပါတယ်။

အနံ့ပါတဲ့ detergent တွေ အသုံးပြုခြင်း၊ အဝတ်လျှော်တဲ့အခါ အနံ့ ပိုမွှေးချင်တဲ့ အတွက်ကြောင့် အနံ့ပါတဲ့ detergent တွေကို အသုံံးပြုလေ့ ရှိကြပါတယ်။ ဒီအနံ့ တွေပါတဲ့

detergent တွေက အသားအရေ ကို ယားယံခြင်း နဲ့ ဓာတ်မတည့်ခြင်းတွေ ဖြစ်ပေါ်စေတာကြောင့် လူမြင်ကွင်းမှာ ယားယံခြင်းတွေကို ခံစားရနိုင်လို့ သတိ ထားသင့်ပါတယ်။

တင်းကျပ်တဲ့ shapewear တွေ ဝတ်ဆင်ခြင်း

အထူးသဖြင့်… အမျိုးသမီးတွေက ခန္ဓာကိုယ် ပုံစံလေး လှနေဖို့၊ အဝတ်အစား ဝတ်ဆင်တဲ့အခါ ကြည့်ကောင်းနေစေဖို့ တင်းကျပ်တဲ့ shapewear တွေကို ဝတ်ဆင်တတ်ကြပါတယ်။

ဒါက ဆီးအိမ်ကို အရမ်း ဖိအားဖြစ်စေတာကြောင့် မကြာခဏ ဆီးသွားချင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါက… အာရုံကြောတွေကို ဖိသိပ်သလို ဖြစ်စေပြီး အချိန် အကြာကြီး နာကျင်မှုကို ခံစားရ စေပါတယ်။

Underwear ဝတ်ပြီး အိပ်စက်ခြင်း

ညဘက် မှာ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ underwear တွေကို ဝတ်ဆင်ပြီး အိပ်တာမျိုး ရှောင်သင့်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ…

underwear ချွတ်ပြီး အိပ်စက်ခြင်းက အသားအရေအတွက် ပိုကောင်းမွန်ပြီး ဝိတ် ပိုကျစေကြောင်း သိရ ပါ တယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*