လယ္ယာလုပ္ၿပီး ၾကီးပြားခ်မ္းသာေနသူမ်ားႏွင့္ ႐ႊံ႕ေပ႐ုံသာ အဖက္တင္ေနတယ့္ ေ႐ႊျမန္မာျပည္က လယ္သမားမ်ား..

လယ္ယာလုပ္ၿပီး ၾကီးပြားခ်မ္းသာေနသူမ်ားႏွင့္ ႐ႊံ႕ေပ႐ုံသာ အဖက္တင္ေနတယ့္ ေ႐ႊျမန္မာျပည္က လယ္သမားမ်ား..

လယ္ယာလုပ္ၿပီး ၾကီးပြားခ်မ္းသာေနသူမ်ားႏွင့္ ႐ႊံ႕ေပ႐ုံသာ အဖက္တင္ေနတယ့္ ေ႐ႊျမန္မာျပည္က လယ္သမားမ်ား..

ကမာၻေပၚတြင္ လယ္လုပ္သူ လယ္သမားေတြ ႀကီးပြါးခ်မ္းသာေနတဲ့ႏိုင္ငံေတြ အမ်ားႀကီးရွိၾကပါတယ္။ လယ္သမားေတြ ႀကီးပြါးခ်မ္းသာဖို႔ဆိုတာကလည္း သက္ဆိုင္ရာႏိုင္ငံေတြရဲ႕ စီးပြါးေရးစနစ္၊ ႏိုင္ငံေရးစနစ္၊ စက္မႈနည္းပညာဖြံ႕ၿဖိဳးတိုးတက္မႈ စသျဖင့္

ဘက္ေပါင္းစုံနဲ႔ ပက္သက္ဆက္ႏြယ္ေနပါတယ္။ ႏိုင္ငံေရးစနစ္တည္ၿငိမ္လွတဲ့ ႏိုင္ငံေတြက စီးပြါးေရးတိုးတက္လာကာ စက္မႈနည္းပညာေတြလည္း တျဖည္းျဖည္းတိုးတက္လာတာပါပဲ။ စက္မႈနည္းပညာ တိုးတက္လာျခင္းႏွင့္အတူ

အဲဒီတိုင္းျပည္ရဲ႕ ဘက္ေပါင္းစုံ က႑ေပါင္းစုံကိုလည္း စက္မႈနည္းပညာေတြ လႊမ္းမိုးသြားတာပါ။ က႑ေပါင္းစုံကို စက္မႈနည္းပညာေတြလႊမ္းမိုးသြားႏိုင္မွ လယ္ယာလုပ္ငန္းေတြကိုလည္း စက္မႈနည္းပညာေတြ လႊမ္းမိုးသြားမွာပါ။

လယ္ယာက႑ စက္မႈနည္းပညာဖြံ႕ၿဖိဳးတိုးတက္ဖို႔ဆိုတာ တျခားက႑ေပါင္းစုံလည္း နည္းပညာဖြံ႕ၿဖိဳးတိုးတက္ဖို႔ အရမ္းအေရးႀကီးတာပါ။ တျခားက႑ေတြမွာ နည္းပညာဖြံ႕ၿဖိဳးတိုးတက္မႈမရွိပဲ လယ္ယာက႑တစ္ခုတည္း စက္မႈနည္းပညာ ဖြံ႕ၿဖိဳးတိုးတက္ဖို႔ဆိုတာ မျဖစ္ႏိုင္ပါဘူး။

တျခားက႑ေတြကလည္း လယ္ယာက႑ေတြနဲ႔ ဆက္စပ္ေနတာပါ။ ဥပမာ… ရာသီဥတုကို အေျခခံတဲ့ စိုက္ပ်ိဳးေရးလုပ္ငန္းမွာ မိုးေလဝသႏွင့္ဇလေဗဒဌာနရဲ႕ ၫႊန္ၾကားခ်က္ေတြကလည္း အရမ္းအေရးႀကီးတာပါ။ မိုးဇလရဲ႕ ေၾကညာၫႊန္ၾကားခ်က္ေတြ အားနည္းရင္

လယ္သမားေတြရဲ႕ သီးႏွံထုတ္ကုန္ေတြရဲ႕အရည္အေသြးေတြ က်ဆင္းႏိုင္သလို အခန္႔မသင့္ရင္ သီးႏွံေတြပါ ပ်က္စီးဆုံးရႈံးႏိုင္တာပါ။ ဒါေၾကာင့္ လယ္ယာက႑ဖြံ႕ၿဖိဳးတိုးတက္ဖို႔ရာ မိုးဇလဌာနမွာ သက္ဆိုင္ရာ တတ္သိပညာရွင္ေတြ အဆင္ျမင့္နည္းပညာေတြ အဆင့္ျမင့္ပစၥည္းကိရိယာေတြ မျဖစ္မေနလိုအပ္တာပါ။

ဒီလိုပါပဲ ကုန္စည္စီးဆင္းမႈ လြယ္ကူလွ်င္ျမန္ဖို႔ရာ လမ္းပန္းဆက္သြယ္ေရး ေကာင္းမြန္ေရးဟာလည္း လယ္ယာက႑ဖြံ႕ၿဖိဳးတိုးတက္ဖို႔ရာ အေရးႀကီးတဲ့အခ်က္ထဲမွာ ပါပါတယ္။ တျခားေသာ software နည္းပညာေတြ IT နည္းပညာေတြဟာလည္း စိုက္ပ်ိဳးေရးက႑မွာ အမ်ားႀကီး ဆက္စပ္အသုံးျပဳလို႔ရပါေသးတယ္။

ဒါေၾကာင့္စိုက္ပ်ိဳးေရးက႑ ဖြံ႕ၿဖိဳးတိုးတက္ဖို႔ရာ နယ္ပယ္ေပါင္းစုံ က႑ေပါင္းစုံ စက္မႈနည္းပညာဖြံ႕ၿဖိဳးတိုးတက္မွ ရမွာပါ။ တျခားေသာက႑ေတြမွာ လုံေလာက္တဲ့ နည္းပညာဖြံ႕ၿဖိဳးတိုးတက္မႈ မရွိပဲ စိုက္ပ်ိဳးေရးက႑ပဲ ဖြံ႕ၿဖိဳးတိုးတက္ဖို႔ မျဖစ္ႏိုင္ဘူးဆိုတာ ေသခ်ာပါတယ္။

တီထြင္ဖန္တီးႏိုင္စြမ္းျမင့္မားတဲ့ အစၥေရးလိုႏိုင္ငံမွာ လယ္ယာလုပ္ငန္းခြင္က ထြက္လာတဲ့အရာမွန္သမွ် ဘာတစ္ခုမွလႊင့္မပစ္ရဘဲ အားလုံးအသုံးျပဳလို႔ရတဲ့ နည္းပညာေတြ တီထြင္ဖန္တီးထားၾကပါတယ္။ ဥပမာ… အစၥေရးက ခရမ္းခ်ဥ္သီးစိုက္တဲ့ေတာင္သူေတြဟာ ခရမ္းခ်ဥ္သီး အသီးမသီးေတာ့ဘဲ

အပင္ေတြအကုန္က်ပီး ညႇိဳးေျခာက္သြားပီဆိုရင္ အပင္ေတြအကုန္ႏႈတ္ပီး recycle ျပန္သုံးကာ ေျမေဆြးေျမဩဇာျပန္ထုတ္ပါတယ္။ ခရမ္းခ်ဥ္ပင္မွ မဟုတ္ပါဘူး။ တျခာေသာ သီးႏွံစိုက္ခင္းက ထြက္လာတဲ့ လယ္ယာစြန္႔ပစ္ပစၥည္းေတြအားလုံးဟာလည္း recycle ျပန္လုပ္ၿပီး ေျမဆီဩဇာထုတ္ကာ

မိမိတို႔ရဲ႕ သက္ဆိုင္ရာလယ္ေျမေတြမွာ ျပန္သုံးၾကပါတယ္။ ေျမေဆြးေျမဩဇာေတြ လယ္ကြင္းထဲသုံးရင္လည္း တစ္ကြင္းလုံက်ဲပတ္အသုံးမျပဳပါဘူး။ အပင္စိုက္မည့္ေနရာေတြပဲ အတန္းလိုက္ ေျမဆီဩဇာေတြထည့္သြင္းအသုံးျပဳၾကတာပါ။

ဒီလိုနည္းပညာေတြ လယ္ယာက႑မွာ အသုံးျပဳဖို႔ဆိုတာကလည္း လယ္ယာထုတ္ကုန္ေတြ ေစ်းႏႈန္းအရမ္းျမင့္မွ လုပ္ႏိုင္မွာပါ။ ေ႐ႊျမန္မာလို လယ္ယာထုတ္ကုန္ေတြကို ေစ်းႏႈန္းျမင့္တဲ့ႏိုင္ငံေတြသို႔ exports မလုပ္ႏိုင္ခဲ့တဲ့ အေနထားမ်ိဳးမွာ အဆင့္ျမင့္လယ္ယာက႑နည္းပညာေတြကို အသုံးျပဳဖို႔ဆိုတာ

လုံးဝမျဖစ္ႏိုင္ပါဘူး။ အိမ္နီးခ်င္း ထိုင္းႏွင့္တ႐ုတ္ကိုပဲ ျမန္မာ့လယ္ထုတ္ကုန္ေတြကို တင္ပို႔ေနသေ႐ြ႕ ေ႐ႊျမန္မာျပည္က လယ္သမားေတြရဲ႕ဘဝဟာ ဘယ္ေတာ့မွေျပာင္းလဲမွာ မဟုတ္ဘူးဆိုတာ လြန္ခဲ့တဲ့ဆယ္စုႏွစ္ေပါင္းမ်ားစြာကတည္းက သက္ေသျပခဲ့ၿပီးသားပါ။

တကယ္ေတာ့ ျမန္မာနဲ႔အစၥေရးဆိုတာ တစ္ႏွစ္တည္းမွာ (၁၉၄၈) လြတ္လပ္ေရးရခဲ့တာပါ။ လြတ္လပ္ေရးရခါစအခ်ိန္ေတြမွာ ျမန္မာက အစၥေရးထက္ အမ်ားႀကီးေရွ႕ေရာက္ေနတာပါ။ စီးပြါးေရး၊ ပညာေရး၊ က်န္းမာေရး အမ်ားႀကီးေရွ႕ေရာက္ေနတာပါ။ ဒါေပမဲ့အခုခ်ိန္မွာေတာ့ ျမန္မာဟာ

အစၥေရးေနာက္ ႏွစ္ေပါင္း ၈၀ ေလာက္ ေနာက္က်က်န္ေနခဲ့ပါၿပီ။ အခုအေျခအေနေတြအတိုင္းဆက္သြားရင္ေတာ့ ကြၽန္ေတာ္တို႔ ေ႐ႊျမန္မာျပည့္ဟာ အစၥေရးေနာက္ ႏွစ္ေပါင္း ၁၅၀ ေလာက္ေနာက္က်က်န္ခဲ့မယ့္ အေျခအေနရွိပါတယ္။ တျခာတိုင္းျပည္ေတြဟာ ေခတ္ႏွင့္အညီ

အရွိန္အဟုန္ျဖင့္ဖြံ႕ၿဖိဳးတိုးတက္ဖို႔ ႀကိဳးစားေနအခ်ိန္မွာ ကြၽန္ေတာ္တို႔ ေ႐ႊျမန္မာျပည္က လူႀကီးမင္းမ်ားကေတာ့ တိုင္းျပည္ကို ေခတ္ေနာက္ျပန္ဆြဲဖို႔ပဲ ႀကိဳးစားခဲ့ၾကတာပါ။ ဒါကျမန္မာျပည္ ေနာက္က်က်န္ခဲ့ရျခင္းရဲ႕ အဓိကအေၾကာင္းရင္းပါပဲ။

ႏွစ္ေပါင္းမ်ားစြာ ေျမစာပင္ျဖစ္ခဲ့ရတဲ့ ဗီယက္နမ္ႏိုင္ငံေတာင္မွ အခုခ်ိန္မွာ ကြၽန္ေတာ္တို႔ေ႐ႊျမန္မာေတြရဲ႕အေရွ႕ကို အမ်ားႀကီးေရာက္သြားပါၿပီ။ အခုအခ်ိန္မွာ ဗီယက္နမ္တို႔ရဲ႕ လယ္ရာထုတ္ကုန္ေတြကို တစ္ကမာၻလုံးနီးပါးကို exports လုပ္လို႔ရတဲ့အေျခအေန ရွိလာပါၿပီ။

ဗီယက္နမ္ႏိုင္ငံကထုတ္တဲ့ အိမ္တြင္းလက္မႈလုပ္ငန္းကထြက္လာတဲ့ အေသးစားလက္လုပ္ပစၥည္းေတြကိုေတာင္မွ ေစ်းကြက္စီးပြါးေရးစနစ္ခိုင္မာတဲ့ အေမရိကန္လိုႏိုင္ငံကို တင္ပို႔လို႔ရတဲ့ ေစ်းကြက္ရွိေနပါၿပီ။ ဒီလိုအေျခအေနမွာ ေ႐ႊျမန္မာျပည္လယ္သမားေတြကေတာ့

တစ္ကမာၻလုံးက ပိတ္ဆို႔မႈေပါင္းမ်ားစြာနဲ႔ လယ္စင္းေပးခံေနရတုန္းပါပဲ။ စီးပြါးေရးစနစ္ေရာ ႏိုင္ငံေရးစနစ္ေရာ အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုနဲ႔ အားၿပိဳင္ေနတဲ့ တ႐ုတ္လိုႏိုင္ငံေတာင္မွ အေမရိကန္၊ အေနာက္ႏိုင္ငံေတြႏွင့္ ကုန္စည္ကူးသန္းမႈေတြ အမ်ားႀကီးရွိပါတယ္။

ဒီလိုအေျခအေနမွာ ေ႐ႊျမန္မာကေတာ့ အေနာက္ႏိုင္ငံေတြရဲ႕ အဓိကထားပိတ္ဆို႔မည့္ ပစ္မွတ္အျဖစ္ရွိေနဆဲပါပဲ။ လယ္ယာစိုက္ပ်ိဳးေရးကို အေျခခံတဲ့ႏိုင္ငံျဖစ္ပါတယ္ဆိုတဲ့ ေ႐ႊျမန္မာျပည္က လယ္သမားေတြဟာလည္း စီးပြါးေရးပိတ္ဆို႔မႈေပါင္းမ်ားစြာနဲ႔အတူ

လယ္ယာထုတ္ကုန္ေတြေစ်းနိမ့္ကာ လူမႈဘဝေတြ နိမ့္က်ပ်က္စီးေနအုံးမွာပါ။ ဒီလိုနဲ႔ကြၽန္ေတာ္တို႔ ေ႐ႊျမန္မာျပည္က လယ္သမားေတြဟာလည္း လယ္လုပ္လို႔ ႐ႊံ႕ေပ႐ုံသာ အဖက္တင္ေနအုံးမွာပါပဲ။

ခရက္ဒစ္#ေအာင္သူ (ဝါး) အစၥေရးေရာက္ ေ႐ႊျမန္မာတစ္ေယာက္#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။

Unicode

လယ်ယာလုပ်ပြီး ကြီးပွားချမ်းသာနေသူများနှင့် ရွှံ့ပေရုံသာ အဖက်တင်နေတယ့် ရွှေမြန်မာပြည်က လယ်သမားများ..

ကမ္ဘာပေါ်တွင် လယ်လုပ်သူ လယ်သမားတွေ ကြီးပွါးချမ်းသာနေတဲ့နိုင်ငံတွေ အများကြီးရှိကြပါတယ်။ လယ်သမားတွေ ကြီးပွါးချမ်းသာဖို့ဆိုတာကလည်း သက်ဆိုင်ရာနိုင်ငံတွေရဲ့ စီးပွါးရေးစနစ်၊ နိုင်ငံရေးစနစ်၊ စက်မှုနည်းပညာဖွံ့ဖြိုးတိုးတက်မှု စသဖြင့်

ဘက်ပေါင်းစုံနဲ့ ပက်သက်ဆက်နွယ်နေပါတယ်။ နိုင်ငံရေးစနစ်တည်ငြိမ်လှတဲ့ နိုင်ငံတွေက စီးပွါးရေးတိုးတက်လာကာ စက်မှုနည်းပညာတွေလည်း တဖြည်းဖြည်းတိုးတက်လာတာပါပဲ။ စက်မှုနည်းပညာ တိုးတက်လာခြင်းနှင့်အတူ

အဲဒီတိုင်းပြည်ရဲ့ ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံကိုလည်း စက်မှုနည်းပညာတွေ လွှမ်းမိုးသွားတာပါ။ ကဏ္ဍပေါင်းစုံကို စက်မှုနည်းပညာတွေလွှမ်းမိုးသွားနိုင်မှ လယ်ယာလုပ်ငန်းတွေကိုလည်း စက်မှုနည်းပညာတွေ လွှမ်းမိုးသွားမှာပါ။

လယ်ယာကဏ္ဍ စက်မှုနည်းပညာဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ တခြားကဏ္ဍပေါင်းစုံလည်း နည်းပညာဖွံ့ဖြိုးတိုးတက်ဖို့ အရမ်းအရေးကြီးတာပါ။ တခြားကဏ္ဍတွေမှာ နည်းပညာဖွံ့ဖြိုးတိုးတက်မှုမရှိပဲ လယ်ယာကဏ္ဍတစ်ခုတည်း စက်မှုနည်းပညာ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

တခြားကဏ္ဍတွေကလည်း လယ်ယာကဏ္ဍတွေနဲ့ ဆက်စပ်နေတာပါ။ ဥပမာ… ရာသီဥတုကို အခြေခံတဲ့ စိုက်ပျိုးရေးလုပ်ငန်းမှာ မိုးလေဝသနှင့်ဇလဗေဒဌာနရဲ့ ညွှန်ကြားချက်တွေကလည်း အရမ်းအရေးကြီးတာပါ။ မိုးဇလရဲ့ ကြေညာညွှန်ကြားချက်တွေ အားနည်းရင်

လယ်သမားတွေရဲ့ သီးနှံထုတ်ကုန်တွေရဲ့အရည်အသွေးတွေ ကျဆင်းနိုင်သလို အခန့်မသင့်ရင် သီးနှံတွေပါ ပျက်စီးဆုံးရှုံးနိုင်တာပါ။ ဒါကြောင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ရာ မိုးဇလဌာနမှာ သက်ဆိုင်ရာ တတ်သိပညာရှင်တွေ အဆင်မြင့်နည်းပညာတွေ အဆင့်မြင့်ပစ္စည်းကိရိယာတွေ မဖြစ်မနေလိုအပ်တာပါ။

ဒီလိုပါပဲ ကုန်စည်စီးဆင်းမှု လွယ်ကူလျှင်မြန်ဖို့ရာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးဟာလည်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ရာ အရေးကြီးတဲ့အချက်ထဲမှာ ပါပါတယ်။ တခြားသော software နည်းပညာတွေ IT နည်းပညာတွေဟာလည်း စိုက်ပျိုးရေးကဏ္ဍမှာ အများကြီး ဆက်စပ်အသုံးပြုလို့ရပါသေးတယ်။

ဒါကြောင့်စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ရာ နယ်ပယ်ပေါင်းစုံ ကဏ္ဍပေါင်းစုံ စက်မှုနည်းပညာဖွံ့ဖြိုးတိုးတက်မှ ရမှာပါ။ တခြားသောကဏ္ဍတွေမှာ လုံလောက်တဲ့ နည်းပညာဖွံ့ဖြိုးတိုးတက်မှု မရှိပဲ စိုက်ပျိုးရေးကဏ္ဍပဲ ဖွံ့ဖြိုးတိုးတက်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သေချာပါတယ်။

တီထွင်ဖန်တီးနိုင်စွမ်းမြင့်မားတဲ့ အစ္စရေးလိုနိုင်ငံမှာ လယ်ယာလုပ်ငန်းခွင်က ထွက်လာတဲ့အရာမှန်သမျှ ဘာတစ်ခုမှလွှင့်မပစ်ရဘဲ အားလုံးအသုံးပြုလို့ရတဲ့ နည်းပညာတွေ တီထွင်ဖန်တီးထားကြပါတယ်။ ဥပမာ… အစ္စရေးက ခရမ်းချဉ်သီးစိုက်တဲ့တောင်သူတွေဟာ ခရမ်းချဉ်သီး အသီးမသီးတော့ဘဲ

အပင်တွေအကုန်ကျပီး ညှိုးခြောက်သွားပီဆိုရင် အပင်တွေအကုန်နှုတ်ပီး recycle ပြန်သုံးကာ မြေဆွေးမြေဩဇာပြန်ထုတ်ပါတယ်။ ခရမ်းချဉ်ပင်မှ မဟုတ်ပါဘူး။ တခြာသော သီးနှံစိုက်ခင်းက ထွက်လာတဲ့ လယ်ယာစွန့်ပစ်ပစ္စည်းတွေအားလုံးဟာလည်း recycle ပြန်လုပ်ပြီး မြေဆီဩဇာထုတ်ကာ

မိမိတို့ရဲ့ သက်ဆိုင်ရာလယ်မြေတွေမှာ ပြန်သုံးကြပါတယ်။ မြေဆွေးမြေဩဇာတွေ လယ်ကွင်းထဲသုံးရင်လည်း တစ်ကွင်းလုံကျဲပတ်အသုံးမပြုပါဘူး။ အပင်စိုက်မည့်နေရာတွေပဲ အတန်းလိုက် မြေဆီဩဇာတွေထည့်သွင်းအသုံးပြုကြတာပါ။

ဒီလိုနည်းပညာတွေ လယ်ယာကဏ္ဍမှာ အသုံးပြုဖို့ဆိုတာကလည်း လယ်ယာထုတ်ကုန်တွေ ဈေးနှုန်းအရမ်းမြင့်မှ လုပ်နိုင်မှာပါ။ ရွှေမြန်မာလို လယ်ယာထုတ်ကုန်တွေကို ဈေးနှုန်းမြင့်တဲ့နိုင်ငံတွေသို့ exports မလုပ်နိုင်ခဲ့တဲ့ အနေထားမျိုးမှာ အဆင့်မြင့်လယ်ယာကဏ္ဍနည်းပညာတွေကို အသုံးပြုဖို့ဆိုတာ

လုံးဝမဖြစ်နိုင်ပါဘူး။ အိမ်နီးချင်း ထိုင်းနှင့်တရုတ်ကိုပဲ မြန်မာ့လယ်ထုတ်ကုန်တွေကို တင်ပို့နေသရွေ့ ရွှေမြန်မာပြည်က လယ်သမားတွေရဲ့ဘဝဟာ ဘယ်တော့မှပြောင်းလဲမှာ မဟုတ်ဘူးဆိုတာ လွန်ခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာကတည်းက သက်သေပြခဲ့ပြီးသားပါ။

တကယ်တော့ မြန်မာနဲ့အစ္စရေးဆိုတာ တစ်နှစ်တည်းမှာ (၁၉၄၈) လွတ်လပ်ရေးရခဲ့တာပါ။ လွတ်လပ်ရေးရခါစအချိန်တွေမှာ မြန်မာက အစ္စရေးထက် အများကြီးရှေ့ရောက်နေတာပါ။ စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေး အများကြီးရှေ့ရောက်နေတာပါ။ ဒါပေမဲ့အခုချိန်မှာတော့ မြန်မာဟာ

အစ္စရေးနောက် နှစ်ပေါင်း ၈၀ လောက် နောက်ကျကျန်နေခဲ့ပါပြီ။ အခုအခြေအနေတွေအတိုင်းဆက်သွားရင်တော့ ကျွန်တော်တို့ ရွှေမြန်မာပြည့်ဟာ အစ္စရေးနောက် နှစ်ပေါင်း ၁၅၀ လောက်နောက်ကျကျန်ခဲ့မယ့် အခြေအနေရှိပါတယ်။ တခြာတိုင်းပြည်တွေဟာ ခေတ်နှင့်အညီ

အရှိန်အဟုန်ဖြင့်ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးစားနေအချိန်မှာ ကျွန်တော်တို့ ရွှေမြန်မာပြည်က လူကြီးမင်းများကတော့ တိုင်းပြည်ကို ခေတ်နောက်ပြန်ဆွဲဖို့ပဲ ကြိုးစားခဲ့ကြတာပါ။ ဒါကမြန်မာပြည် နောက်ကျကျန်ခဲ့ရခြင်းရဲ့ အဓိကအကြောင်းရင်းပါပဲ။

နှစ်ပေါင်းများစွာ မြေစာပင်ဖြစ်ခဲ့ရတဲ့ ဗီယက်နမ်နိုင်ငံတောင်မှ အခုချိန်မှာ ကျွန်တော်တို့ရွှေမြန်မာတွေရဲ့အရှေ့ကို အများကြီးရောက်သွားပါပြီ။ အခုအချိန်မှာ ဗီယက်နမ်တို့ရဲ့ လယ်ရာထုတ်ကုန်တွေကို တစ်ကမ္ဘာလုံးနီးပါးကို exports လုပ်လို့ရတဲ့အခြေအနေ ရှိလာပါပြီ။

ဗီယက်နမ်နိုင်ငံကထုတ်တဲ့ အိမ်တွင်းလက်မှုလုပ်ငန်းကထွက်လာတဲ့ အသေးစားလက်လုပ်ပစ္စည်းတွေကိုတောင်မှ ဈေးကွက်စီးပွါးရေးစနစ်ခိုင်မာတဲ့ အမေရိကန်လိုနိုင်ငံကို တင်ပို့လို့ရတဲ့ ဈေးကွက်ရှိနေပါပြီ။ ဒီလိုအခြေအနေမှာ ရွှေမြန်မာပြည်လယ်သမားတွေကတော့

တစ်ကမ္ဘာလုံးက ပိတ်ဆို့မှုပေါင်းများစွာနဲ့ လယ်စင်းပေးခံနေရတုန်းပါပဲ။ စီးပွါးရေးစနစ်ရော နိုင်ငံရေးစနစ်ရော အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနဲ့ အားပြိုင်နေတဲ့ တရုတ်လိုနိုင်ငံတောင်မှ အမေရိကန်၊ အနောက်နိုင်ငံတွေနှင့် ကုန်စည်ကူးသန်းမှုတွေ အများကြီးရှိပါတယ်။

ဒီလိုအခြေအနေမှာ ရွှေမြန်မာကတော့ အနောက်နိုင်ငံတွေရဲ့ အဓိကထားပိတ်ဆို့မည့် ပစ်မှတ်အဖြစ်ရှိနေဆဲပါပဲ။ လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံဖြစ်ပါတယ်ဆိုတဲ့ ရွှေမြန်မာပြည်က လယ်သမားတွေဟာလည်း စီးပွါးရေးပိတ်ဆို့မှုပေါင်းများစွာနဲ့အတူ

လယ်ယာထုတ်ကုန်တွေဈေးနိမ့်ကာ လူမှုဘဝတွေ နိမ့်ကျပျက်စီးနေအုံးမှာပါ။ ဒီလိုနဲ့ကျွန်တော်တို့ ရွှေမြန်မာပြည်က လယ်သမားတွေဟာလည်း လယ်လုပ်လို့ ရွှံ့ပေရုံသာ အဖက်တင်နေအုံးမှာပါပဲ။

ခရက်ဒစ်#အောင်သူ (ဝါး) အစ္စရေးရောက် ရွှေမြန်မာတစ်ယောက်#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*