Unicode
စံပယ်စိုက်ပြီး အပွင့်မပွင့်ကြသူများ အတွက်…
စံပယ် စိုက်ပြီး အပွင့်မပွင့်ကြသူများ အတွက် နည်းပေါင်းစုံ ယူလာပေးတာ…။
(၁) မြေလဲပေးပါ… ပြီးတော့ အရွက်ညှပ်ပေးပါ။ ပျိုးထုပ်မြေက အပွင့်အတွက် အာဟာရ မရှိတော့ဘူး ။ တစ်နှစ်ဆိုတော့ ဆန်ဆေးရေတော့ တပတ်တခါ လောင်းပါ။
(၂) အရွက်ကြမ်းတွေေ ခြွပေးရင်… အဲဒီခြွေပေးတဲ့ နေရာက အညွန့်ထွက်ပြီး အဖူးပါပါတယ်
(၃) မြေကြပ်နေရင်… မြေဆွ… မြေဆွေး… နောက်ချီးထည့်…။ အရွက်ချွေ.. ရေဝအောင် လောင်း..။ နေပူထဲမှာထား.. ဆားခါးထည့်ပေးပါ။
(၄) ကြက်ဥအခွံ ထောင်းထည့်ပေး… သစ်ရွက်မီးရှို့ပြီးသားပြာလေး ပုံပေးတယ်..။ အပွင့်သန်ဆေးလေး တစ်ပတ် ၂ ခါ ထည့်ပေးပါ။
(၅) နေရောင်ခြည် ရဖို့ လိုပါတယ် …။ ရေကို အောက်ခြေရော အရွက်လေးတွေပါ ဖြန်းပေးပါ။ အရွက်လေးတွေ ပွင့်ပြီးသား ကိုင်းထိပ်လေးတွေ မကြာခန ညှပ်ပေးပါ…။ အဖူးသစ်လေးတွေ တက်ပါတယ်။
(၆) ဆန်ဆေးရေကို တညသိပ်ပြီး ဟင်းချိုမှုန့်နဲနဲလောက် ထဲ့‌ပြီး လောင်းကြည့်ပါ။
(၇) အရွက် အရင့်တွေချွေပေးရပါတယ်။ အညွန့်လိုဟာတွေလဲ ဖြတ်ပေးပါ။ အတက်အသစ် မထွက်တဲ့ အညွန့်တုန်းတွေလဲ ဖြတ်ပေးပါ။ မြေမကြပ်အောင် ဖွဲပြာ မြေဆွေး ရောသုံးပါ။
(၈) ဆန်ဆေးရေ အပုပ်ခံ ( ၃ရက်လောက် ထား) ပြီးလောင်း။ ၄နှစ်ကြာ အပင်တွေတောင် ပွင့်ပါတယ်။
(၉) ပွင့်အောင် B1၊ ငှက်ပျေခွံချောက်၊ ကြက်သွန်နီဖြူချောက် အပင်စိုက်ထဲက ထည့်တယ်။၂ပတ် ကြာမြေစွဲသွားတော့… ဘီယာ လက်သန်းတစ်လုံးလောက်ကို ရေ နို့ဆီတစ်ဘူးနဲ့ရောပြီးလောင်းတယ်။
၄လလောက် ရှိပြီ အဖူးအပွင့် မပြတ်ပါ။ သိသလောက်လေး စမ်းကြည့်တာ… အပွင့်ပွင့်ရမဲ့ အပင်တိုင် းမပြတ်ပွင့်တယ်။
(၁၀) ဆန်ဆေးရေလောင်း… ငါးဆေးတဲ့အရေလောင်း ကြက်သွန်ခွံ တစ်ညသိပ်ရေလောင်း အရမ်းပွင့်။
(၁၁) ဆန်ဆေးရေ အပုတ်ခံ… ကြက်သွန်ခွံ တစ်ညသိပ် အမိုင်နိုအားဆေး အချိုမှုန့် ဆားခါး အကုန်ထည့်… နေပူတဲ့ နေရာထားရင် အရင်မပွင်တဲ့အပင် ပွင့်ပြီး အပွင့်တွေလှလာပါမယ်။
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။
Be the first to comment
Leave a Reply
Your email address will not be published.
*