ဘယ္ေလာက္ပဲ စိတ္ဆိုးဆိုး ဒီစကားေတြကိုေတာ့ မိဘေတြကို ျပန္မေျပာမိပါေစနဲ႕

ဘယ္ေလာက္ပဲ စိတ္ဆိုးဆိုး ဒီစကားေတြကိုေတာ့ မိဘေတြကို ျပန္မေျပာမိပါေစနဲ႕
ဘယ္ေလာက္ပဲ စိတ္ဆိုးဆိုး ဒီစကားေတြကိုေတာ့ မိဘေတြကို ျပန္မေျပာမိပါေစနဲ႕

ဘယ္ေလာက္ပဲ စိတ္ဆိုးဆိုး ဒီစကားေတြကိုေတာ့ မိဘေတြကို ျပန္မေျပာမိပါေစနဲ႕

မဂၤလာပါ ပရိသတ္ႀကီးေရ… ယခုေဖာ္ျပေပးမွာကေတာ့ မိဘနဲ႔ သားသမီးၾကားမွာ စိတ္အခန႔္မသင့္လို႔ မိဘကိုျပန္ၿပီးေတာ့ ေအာ္မိေျပာမိတာေတြ ရွိတတ္ၾကပါတယ္။ဒါေပမယ့္ အဲ့ဒီလို ျပန္ေျပာတတ္တာေတြက တစ္ခါတစ္ေလမွာ ဘာမွမျဖစ္ေပမယ့္ မသိသာၾကေပမယ့္

မိဘေတြကို လုံးဝ မေျပာသင့္တဲ့စကားဆိုတာမ်ိဳးလည္း ရွိပါေသးတယ္။ကိုယ္ေတြက မသိလိုမသိဘာသာ ဒီအတိုင္း အမွတ္တမဲ့ေျပာလိုက္တဲ့ စကားေတြ ဆိုေပမယ့္ ကိုယ္ေတြကို တကယ္ခ်စ္ၿပီး တကယ္ဂ႐ုစိုက္ေပးၾကတဲ့ မိဘေတြကိုေတာ့ မေျပာသင့္တဲ့စကား (၇) မ်ိဳးရွိပါတယ္။

အထူသျဖင့္ ကိုးလလြယ္ ဆယ္လဖြားေပးတဲ့ မာတာမိခင္ကိုေပါ့။ ခံစားခ်က္အတိုင္း အမွန္အတိုင္း ထုတ္ေျပာျပတာဟာ ေကာင္းေပမယ့္ မိဘေတြနဲ႔ပတ္သတ္ရင္ေတာ့ အၿမဲတမ္းလိုလို တုန႔္ျပန္ေျပာဆိုတာဟာ

လုံးဝမေကာင္းပါဘူး။ ေက်းဇူးရွင္ မိဘႏွစ္ပါးလည္းျဖစ္ လက္ဦးဆရာလည္း ျဖစ္တာမို႔ မိဘေတြကို စကားေျပာဆိုတဲ့ အခါမွာ အထူးဂ႐ုစိုက္ဖို႔ လိုအပ္ပါတယ္။

မိဘေတြ ကို လုံးဝမေျပာသင့္တဲ့ စကားေလးေတြကေတာ့…

(၁) မုန္းတယ္ဆိုတဲ့ စကားကို လုံးဝလုံးဝမေျပာသင့္ပါဘူး…

ဒီစကား က သာမန္လူေတြ ၾကားတဲ့ အခါမွလည္း ခံစားရခက္သလို ကိုယ္ေတြကို ေကြၽးေမြးျပဳစုတဲ့ မိဘႏွစ္ပါး ဆိုရင္ ဘယ္ေလာက္ေတာင္ ခံစားလိုက္ရမလဲ။ ဒါ့ေၾကာင့္… ဒီစကားကို မေျပာမိေအာင္ ေရွာင္ရွား ရပါမယ္။

(၂) ဘာျဖစ္လို႔မ်ား ေမြးခဲ့တာလဲလို႔ လုံးဝမေျပာသင့္ပါဘူး…

ဘယ္လိုအေျခေန ဘယ္လို ဒုကၡေတြနဲ႔ပဲ ႀကဳံေတြ႕ေနပါေစ သင္ဟာ သူတို႔ရဲ႕ ေသြးသားတစ္ခုပါ။ သင့္ကို ရင္ႏွင့္အမွ် ခ်စ္တဲ့ မိဘႏွစ္ပါးကို သေဘာထား မတိုက္ဆိုင္တာနဲ႔ ဒီလိုစကား လုံးဝ မေျပာသင့္ပါဘူး။

(၃) သင့္ကို ဘယ္ေတာ့မွ အားမေပးဘူးလို႔ မေျပာသင့္ပါဘူး…

သင့္ကို အားမေပးဘူးဆိုတာဟာ သင္ေ႐ြးခ်ယ္တဲ့လမ္း ၊ သင္လုပ္တဲ့အလုပ္ကို မသိနားမလည္တဲ့အတြက္ေၾကာင့္ျဖစ္ေစ တျခားေသာ အားမေပးရတဲ့ အေၾကာင္းရင္းတစ္ခု

ရွိေနလို႔ပါ။ ဒါကို မိဘေတြဘက္ကေန ျပန္ေတြးၿပီး နာလည္ေပးကာ သင္ေ႐ြးထားတဲ့ လမ္းကို ျပန္စဥ္းစားသင့္ပါတယ္။

(၄) သင္ကလြဲရင္ သင့္ရဲ႕ညီအကိုေမာင္ႏွမေတြကိုပဲ ခ်စ္တယ္ သူတို႔ကိုပဲပိုခ်စ္ေနတယ္လို႔ မေျပာသင့္ပါဘူး…

ဘာေၾကာင့္လဲဆိုေတာ့ မိဘေတြက သသမီးအကုန္လုံးကို တန္းတူ ခ်စ္တာပါ။ သင့္ကို ခ်စ္ေၾကာင္း ထုတ္မျပတတ္လို႔ မရွင္းျပတတ္လို႔သာ ဘာမွ မေျပာၾကတာပါ။

သင့္ကို စိတ္ပူလို႔ ေမတၱာေဒါသေၾကာင့္ ဆူလိုက္မိတိုင္း သင္ စိတ္ဆိုးသြားတဲ့ေနာက္ပိုင္း စိတ္ပူေနတတ္ၾကတာ မိဘေတြပါပဲ။ဒါေၾကာင့္ သင့္ကို ခ်စ္တယ္ ဆိုတာကို အႂကြင္းမဲ့ ယုံၾကည္လိုက္ပါ။

(၅) ဒီလိုမိဘမ်ိဳးနဲ႔မွ ေမြးလာရတယ္ ဆိုတဲ့စကားကိုလည္း လုံးဝမေျပာသင့္ပါဘူး…

မိဘေတြ က သားသမီးေတြကို ေ႐ြးခ်ယ္ပိုင္ခြင့္ မရွိၾကသလို သားသမီးေတြကလည္း မိဘေတြ ကို ေ႐ြးခ်ယ္ပိုင္ခြင့္ မရွိၾကပါဘူး။ မိဘဆိုတာ သားသမီးေတြကို အေကာင္းဆုံးေတြပဲ ေပးခ်င္ၾကတာပါ။ ဘဝေပးအေျခေနမေကာင္းလို႔ ဆင္းရဲတာ ရွိသလို

ေငြေၾကးခ်မ္းသာေပမယ့္လည္း စိတ္ဆင္းရဲေနၾကရတဲ့ သူေတြ ရွိၾကပါတယ္။ ဘယ္သူမွ ျပည့္စုံတဲ့သူ မရွိၾကပါဘူး။ ဒါေၾကာင့္ ဒီစကားဟာ သင့္မိဘကို နာက်င္ေစမွာ အမွန္ပါပဲ။ ဒါ့ေၾကာင့္ လုံးဝမေျပာမိေအာင္ ေရွာင္ရွားသင့္ ပါတယ္။

(၆) မိဘေတြ ကို ဝိုင္းကူရတာ/ေထာက္ပံ့ရတာ ပင္ပန္းတယ္လို႔ လုံးဝမၿငီးပါနဲ႔…

သင့္ကို ငယ္႐ြယ္စဥ္ကတည္းက အခုခ်ိန္ အသက္အ႐ြယ္အထိ ျပဳစုေစာင့္ေရွာက္လာတာ ပင္ပန္းတယ္ဆိုၿပီး တစ္ခ်က္ေတာင္ မၿငီးခဲ့တာ သင့္မိဘေတြပါပဲ။ဒါ့ေၾကာင့္ သင္ရဲ႕မိဘကို ေထာက္ပံ့ ကူညီေပးတာဟာ ပင္ပန္းတယ္ဆိုၿပီး လုံးဝ မၿငီးသင့္ပါဘူး။

(၇) မိဘေတြအနား မေနခ်င္ဘူးလို႔ လုံးဝမေျပာသင့္ပါဘူး…

မိဘေတြ အသက္အ႐ြယ္ရလာတဲ့အခါ… အားကိုးစရာဆိုလို႔ ဒီ သားသမီးေတြပဲ ရွိတာပါ။ ဒီစကားကို မေျပာသင့္တာဟာ မိဘေတြကို အားငယ္ အထီးက်န္ေစလို႔ ပါပဲ။မိဘေတြ အသက္ႀကီးလာတဲ့အခါ သည္းခံရတာေတြ ျပဳစုရတာေတြ မ်ားလာမွာပါ။ စိတ္ဆိုးတဲ့အခါ

စကားမေျပာတာေတြ၊ မသိခ်င္ေယာင္ေဆာင္တာေတြ၊ ေရွာင္တာေတြ၊ အဆက္အသြယ္မလုပ္တာေတြဟာ… ၾကာလာရင္ မိဘမရွိတဲ့တစ္ေန႔က်မွ၊ သင္သားသမီးရတဲ့အခါမွ ေနာင္တရေနပါလိမ့္မယ္။ မိဘေတြ အသက္ႀကီးလာတဲ့အခါ အထီးက်န္ရင္

သားသမီးေတြကိုပဲ ေမွ်ာ္ေနတတ္၊ တမ္းတေနတတ္ၾကတာပါပဲ။ ဒါေၾကာင့္ ဒီစကားေတြကို လုံးဝမေျပာမိေအာင္ ေရွာင္ရွားသင့္ပါတယ္။ျ ပဳစုေကြၽးေမြးရတာ ေထာက္ပံ့ရတာ ဝိုင္းကူေပးတာေတြကို လုံးဝ မၿငီးတြားသင့္ပါဘူး။

စာဖတ္ပရိသတ္ႀကီးအားလုံး ကိုယ့္မိဘအေပၚ သားသမီးတာဝန္ ေက်ပြနႏိုင္တတ္ၾကပါေစ။

မူရင္းေရးသားသူအား ေလးစားစြာ ျဖင့္ ခရက္ဒစ္ ေပးပါသည္။

Unicode

ဘယ်လောက်ပဲ စိတ်ဆိုးဆိုး ဒီစကားတွေကိုတော့ မိဘတွေကို ပြန်မပြောမိပါစေနဲ့

မင်္ဂလာပါ ပရိသတ်ကြီးရေ… ယခုဖော်ပြပေးမှာကတော့ မိဘနဲ့ သားသမီးကြားမှာ စိတ်အခန့်မသင့်လို့ မိဘကိုပြန်ပြီးတော့ အော်မိပြောမိတာတွေ ရှိတတ်ကြပါတယ်။ဒါပေမယ့် အဲ့ဒီလို ပြန်ပြောတတ်တာတွေက တစ်ခါတစ်လေမှာ ဘာမှမဖြစ်ပေမယ့် မသိသာကြပေမယ့်

မိဘတွေကို လုံးဝ မပြောသင့်တဲ့စကားဆိုတာမျိုးလည်း ရှိပါသေးတယ်။ကိုယ်တွေက မသိလိုမသိဘာသာ ဒီအတိုင်း အမှတ်တမဲ့ပြောလိုက်တဲ့ စကားတွေ ဆိုပေမယ့် ကိုယ်တွေကို တကယ်ချစ်ပြီး တကယ်ဂရုစိုက်ပေးကြတဲ့ မိဘတွေကိုတော့ မပြောသင့်တဲ့စကား (၇) မျိုးရှိပါတယ်။

အထူသဖြင့် ကိုးလလွယ် ဆယ်လဖွားပေးတဲ့ မာတာမိခင်ကိုပေါ့။ ခံစားချက်အတိုင်း အမှန်အတိုင်း ထုတ်ပြောပြတာဟာ ကောင်းပေမယ့် မိဘတွေနဲ့ပတ်သတ်ရင်တော့ အမြဲတမ်းလိုလို တုန့်ပြန်ပြောဆိုတာဟာ

လုံးဝမကောင်းပါဘူး။ ကျေးဇူးရှင် မိဘနှစ်ပါးလည်းဖြစ် လက်ဦးဆရာလည်း ဖြစ်တာမို့ မိဘတွေကို စကားပြောဆိုတဲ့ အခါမှာ အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

မိဘတွေ ကို လုံးဝမပြောသင့်တဲ့ စကားလေးတွေကတော့…

(၁) မုန်းတယ်ဆိုတဲ့ စကားကို လုံးဝလုံးဝမပြောသင့်ပါဘူး…

ဒီစကား က သာမန်လူတွေ ကြားတဲ့ အခါမှလည်း ခံစားရခက်သလို ကိုယ်တွေကို ကျွေးမွေးပြုစုတဲ့ မိဘနှစ်ပါး ဆိုရင် ဘယ်လောက်တောင် ခံစားလိုက်ရမလဲ။ ဒါ့ကြောင့်… ဒီစကားကို မပြောမိအောင် ရှောင်ရှား ရပါမယ်။

(၂) ဘာဖြစ်လို့များ မွေးခဲ့တာလဲလို့ လုံးဝမပြောသင့်ပါဘူး…

ဘယ်လိုအခြေနေ ဘယ်လို ဒုက္ခတွေနဲ့ပဲ ကြုံတွေ့နေပါစေ သင်ဟာ သူတို့ရဲ့ သွေးသားတစ်ခုပါ။ သင့်ကို ရင်နှင့်အမျှ ချစ်တဲ့ မိဘနှစ်ပါးကို သဘောထား မတိုက်ဆိုင်တာနဲ့ ဒီလိုစကား လုံးဝ မပြောသင့်ပါဘူး။

(၃) သင့်ကို ဘယ်တော့မှ အားမပေးဘူးလို့ မပြောသင့်ပါဘူး…

သင့်ကို အားမပေးဘူးဆိုတာဟာ သင်ရွေးချယ်တဲ့လမ်း ၊ သင်လုပ်တဲ့အလုပ်ကို မသိနားမလည်တဲ့အတွက်ကြောင့်ဖြစ်စေ တခြားသော အားမပေးရတဲ့ အကြောင်းရင်းတစ်ခု

ရှိနေလို့ပါ။ ဒါကို မိဘတွေဘက်ကနေ ပြန်တွေးပြီး နာလည်ပေးကာ သင်ရွေးထားတဲ့ လမ်းကို ပြန်စဉ်းစားသင့်ပါတယ်။

(၄) သင်ကလွဲရင် သင့်ရဲ့ညီအကိုမောင်နှမတွေကိုပဲ ချစ်တယ် သူတို့ကိုပဲပိုချစ်နေတယ်လို့ မပြောသင့်ပါဘူး…

ဘာကြောင့်လဲဆိုတော့ မိဘတွေက သသမီးအကုန်လုံးကို တန်းတူ ချစ်တာပါ။ သင့်ကို ချစ်ကြောင်း ထုတ်မပြတတ်လို့ မရှင်းပြတတ်လို့သာ ဘာမှ မပြောကြတာပါ။

သင့်ကို စိတ်ပူလို့ မေတ္တာဒေါသကြောင့် ဆူလိုက်မိတိုင်း သင် စိတ်ဆိုးသွားတဲ့နောက်ပိုင်း စိတ်ပူနေတတ်ကြတာ မိဘတွေပါပဲ။ဒါကြောင့် သင့်ကို ချစ်တယ် ဆိုတာကို အကြွင်းမဲ့ ယုံကြည်လိုက်ပါ။

(၅) ဒီလိုမိဘမျိုးနဲ့မှ မွေးလာရတယ် ဆိုတဲ့စကားကိုလည်း လုံးဝမပြောသင့်ပါဘူး…

မိဘတွေ က သားသမီးတွေကို ရွေးချယ်ပိုင်ခွင့် မရှိကြသလို သားသမီးတွေကလည်း မိဘတွေ ကို ရွေးချယ်ပိုင်ခွင့် မရှိကြပါဘူး။ မိဘဆိုတာ သားသမီးတွေကို အကောင်းဆုံးတွေပဲ ပေးချင်ကြတာပါ။ ဘဝပေးအခြေနေမကောင်းလို့ ဆင်းရဲတာ ရှိသလို

ငွေကြေးချမ်းသာပေမယ့်လည်း စိတ်ဆင်းရဲနေကြရတဲ့ သူတွေ ရှိကြပါတယ်။ ဘယ်သူမှ ပြည့်စုံတဲ့သူ မရှိကြပါဘူး။ ဒါကြောင့် ဒီစကားဟာ သင့်မိဘကို နာကျင်စေမှာ အမှန်ပါပဲ။ ဒါ့ကြောင့် လုံးဝမပြောမိအောင် ရှောင်ရှားသင့် ပါတယ်။

(၆) မိဘတွေ ကို ဝိုင်းကူရတာ/ထောက်ပံ့ရတာ ပင်ပန်းတယ်လို့ လုံးဝမငြီးပါနဲ့…

သင့်ကို ငယ်ရွယ်စဉ်ကတည်းက အခုချိန် အသက်အရွယ်အထိ ပြုစုစောင့်ရှောက်လာတာ ပင်ပန်းတယ်ဆိုပြီး တစ်ချက်တောင် မငြီးခဲ့တာ သင့်မိဘတွေပါပဲ။ဒါ့ကြောင့် သင်ရဲ့မိဘကို ထောက်ပံ့ ကူညီပေးတာဟာ ပင်ပန်းတယ်ဆိုပြီး လုံးဝ မငြီးသင့်ပါဘူး။

(၇) မိဘတွေအနား မနေချင်ဘူးလို့ လုံးဝမပြောသင့်ပါဘူး…

မိဘတွေ အသက်အရွယ်ရလာတဲ့အခါ… အားကိုးစရာဆိုလို့ ဒီ သားသမီးတွေပဲ ရှိတာပါ။ ဒီစကားကို မပြောသင့်တာဟာ မိဘတွေကို အားငယ် အထီးကျန်စေလို့ ပါပဲ။မိဘတွေ အသက်ကြီးလာတဲ့အခါ သည်းခံရတာတွေ ပြုစုရတာတွေ များလာမှာပါ။ စိတ်ဆိုးတဲ့အခါ

စကားမပြောတာတွေ၊ မသိချင်ယောင်ဆောင်တာတွေ၊ ရှောင်တာတွေ၊ အဆက်အသွယ်မလုပ်တာတွေဟာ… ကြာလာရင် မိဘမရှိတဲ့တစ်နေ့ကျမှ၊ သင်သားသမီးရတဲ့အခါမှ နောင်တရနေပါလိမ့်မယ်။ မိဘတွေ အသက်ကြီးလာတဲ့အခါ အထီးကျန်ရင်

သားသမီးတွေကိုပဲ မျှော်နေတတ်၊ တမ်းတနေတတ်ကြတာပါပဲ။ ဒါကြောင့် ဒီစကားတွေကို လုံးဝမပြောမိအောင် ရှောင်ရှားသင့်ပါတယ်။ြ ပုစုကျွေးမွေးရတာ ထောက်ပံ့ရတာ ဝိုင်းကူပေးတာတွေကို လုံးဝ မငြီးတွားသင့်ပါဘူး။

စာဖတ်ပရိသတ်ကြီးအားလုံး ကိုယ့်မိဘအပေါ် သားသမီးတာဝန် ကျေပွနနိုင်တတ်ကြပါစေ။

မူရင်းရေးသားသူအား လေးစားစွာ ဖြင့် ခရက်ဒစ် ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*