ဘိလပ္ေျမဆိုတာ မေပၚမီ… ျမန္မာေတြ အဂၤေတကို ဘယ္လို ေဖာ္စပ္အသံုးျပဳခဲ့ၾကသလဲ…?

ဘိလပ္ေျမဆိုတာ မေပၚမီ... ျမန္မာေတြ အဂၤေတကို ဘယ္လို ေဖာ္စပ္အသံုးျပဳခဲ့ၾကသလဲ...?
ဘိလပ္ေျမဆိုတာ မေပၚမီ... ျမန္မာေတြ အဂၤေတကို ဘယ္လို ေဖာ္စပ္အသံုးျပဳခဲ့ၾကသလဲ...?

ဘိလပ္ေျမဆိုတာ မေပၚမီ… ျမန္မာေတြ အဂၤေတကို ဘယ္လို ေဖာ္စပ္အသံုးျပဳခဲ့ၾကသလဲ…?

ဘိလပ္ေျမ မေပၚေပါက္မီ ကမာၻတစ္ဝွမ္းလုံး ထုံး၊ အဂၤေတကို သုံးစြဲခဲ့ၾကစဥ္က ျမန္မာႏိုင္ငံတြင္လည္း ျမန္မာ့႐ိုးရာ အဂၤေတကို ျမန္မာ့နည္း ျမန္မာ့ဟန္ျဖင့္ ေဖာ္စပ္သုံးစြဲခဲ့ၾကပါတယ္။

ပုဂံေခတ္အဂၤေတစပ္နည္းကေတာ့… အုံတုံအပင္က အေခါက္ကိုခြာၿပီးႀကိဳရတဲ့ အရည္ငါးဆ ကြၽဲေကာ္ရည္ (ကြၽဲသားေရ ႏြားသားေရ ႀကိဳၿပီးရတဲ့အရည္) ေျခာက္ဆ၊ ဥသွ်စ္သီးမွရတဲ့ အေစးတစ္ဆ၊ တင္လဲရည္ႏွစ္ဆ တို႔နဲ႔ ထုံးနဲ႔သဲ ဆတူစပ္ၿပီး အဂၤေတကို ျပဳလုပ္ၾကပါတယ္။

ေနာက္တစ္နည္းက… ကြၽဲေကာ္၊ ေရ၊ အုံတုံ၊ ဥသွ်စ္၊ ႏြားႏို႔အသစ္၊ လက္ပံေရ၊ ေကာက္ညႇင္း၊ ထမင္းနယ္ ပ်ားရည္ ရွားေစာင္း သဖန္းခါး လက္ပံသီးကရတဲ့ လဲဝါခ်ဥ္ရည္ စတဲ့ အရာေတြနဲ႔လည္း အဂၤေတစပ္ပါတယ္။

ေနာက္ တနည္းက… ကြၽဲေကာ္ရည္ အုံတုံ၊ ဥသွ်စ္၊ ႏြားႏို႔ လက္ပံတေရာ္၊ ေကာက္ညႇင္း၊ ထမနဲပ်ားရည္၊ တင္လဲဖုတ္‌ေျခာက္ခ်င္ေ႐ြးရွားေစာင္း၊ သဖန္းခါးလက္ဝါ စတဲ့ဆယ္မ်ိဳးကို ဆယ့္ႏွစ္ခါျပန္ေထာင္းၿပီး ျပဳလုပ္ပါတယ္။

“ အုံတုံသတၱ၊ နဝကြၽဲေကာ္၊ ေဒြးေနာ္တင္လဲ ၊ အုတ္သွ်စ္ခြဲႏွင့္ လဲဝါတစ္ဆုတ္၊ ဆီတစ္မႈတ္ကို မယုတ္စုေပါင္း ညက္စြာေထာင္းေတာ့ ဥသွ်စ္ဧေကး၊ တင္လဲေဒြးႏွင့္ အုံတုံပၪၥ၊ ကြၽဲေကာ္ဆ မွတ္ၾက အဂၤေတ ”

အထက္ေဖာ္ျပပါအလကၤာသည္ အဂၤေတေဖာ္စပ္နည္း သံေပါက္မ်ားမွာ မ်ားစြာေသာ ေဖာ္စပ္နည္း မ်ားမွ ထုတ္ႏႈတ္တင္ျပျခင္းသာျဖစ္ပါသည္။

ကမာၻေက်ာ္ ေ႐ႊတိဂုံေစတီေတာ္ႀကီး တည္ရာမွာ အသုံးျပဳခဲ့တဲ့ အဂၤေတစပ္နည္းကေတာ့… ၾကဇုသီးတစ္ဆ၊ တင္လဲႏွစ္ဆ၊ ဥသွ်စ္သုံးဆ၊ ကြၽဲေကာ္ရည္ေျခာက္ဆ၊ အုံတုံဆယ့္ႏွစ္ဆကို ေရာၿပီး ေကာ္ရည္ ကိုစပ္ပါတယ္။

ရလာတဲ့ေကာ္ရည္ကိုအခ်ိဳးညီတဲ့ (ဆတူ) သဲနဲ႔ထုံးတို႔ေရာစပ္ၿပီး ေမာင္းနဲ႔ တခါ ေထာင္း… အဲ့ဒီမွာ အဂၤေတရပါတယ္” …

အဲ့ဒီမယ္ ၾကဇုသီးကိုသုံးတာက ထုံးသည္ အုတ္ကို စားျခင္းကေန ကာကြယ္ဖို႔၊ တင္လဲ ၾကေတာ့အဂၤေတကို မာေစဖို႔၊ ဥသွ်စ္ၾကေတာ့ ခိုင္ခံ့ၿပီးအေရာင္ေကာင္းေစဖို႔ ျဖစ္ပါတယ္။

ျမန္မာ့ အဂၤေတသည္လည္း အျခားကမာၻ႔ႏိုင္ငံအသီးသီးတြင္ သုံးစြဲၾကသည့္ Lime Motor မ်ားနည္းတူ ထုံးႏွင့္သဲကိုပင္ အေျခခံပါသည္။ သို႔ေသာ္ ျမန္မာ့အဂၤေတ၏ ထူးျခားမႈမွာ

အဂၤေတအား အုတ္လႊာမ်ားႏွင့္ ေကာင္းစြာ တြဲကပ္ေစရန္အတြက္ ကြၽဲေကာ္ရည္၊ အုံတုံေခါက္ျပဳတ္ရည္၊ တင္လဲရည္၊ ဥသွ်စ္ေစး… အစရွိေသာ Organic Glue မ်ားႏွင့္ ေကာင္းစြာ သမေအာင္ေရာစပ္ၿပီး အသုံးျပဳခဲ့ၾကသည္။

ထုံးတစ္တင္းႏွင့္ သဲတစ္တင္းမွာ အေျခခံျဖစ္ၿပီး အပိုထည့္သြင္းေသာ Additive မ်ားကို သံေပါက္စပ္၍ မွတ္သားခဲ့ၾကသည္။

ဒါကေတာ့ေရွးျမန္မာတို႔ရဲ႕ ေစတီပုထိုးဘုရားေက်ာင္းကန္ေတြကို တည္ထား ေဆာက္လုပ္တဲ့အခါ အဓိကသုံးရမဲ့ အဂၤေတကို ျမန္မာ့နည္း ျမန္မာ့ဟန္နဲ႔ တီထြင္ႀကံဆလုပ္ခဲ့ၾကတဲ့ ျပဳလုပ္ပုံ သမိုင္းအက်ဥ္းေလးျဖစ္ပါတယ္။

အျခားျပဳလုပ္ပုံ တည္ေဆာက္ပုံေတြလည္း ရွိႏိုင္ေသးေပမဲ့ ေလ့လာမိသေလာက္ ဗဟုသုတရေစရန္အလို႔ငွာ ေဖာ္ျပေပးလိုက္ပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ဗဟုသုတအျဖစ္ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ဘိလပ်မြေဆိုတာ မပေါ်မီ… မြန်မာတွေ အင်္ဂတေကို ဘယ်လို ဖော်စပ်အသုံးပြုခဲ့ကြသလဲ…?

ဘိလပ်မြေ မပေါ်ပေါက်မီ ကမ္ဘာတစ်ဝှမ်းလုံး ထုံး၊ အင်္ဂတေကို သုံးစွဲခဲ့ကြစဉ်က မြန်မာနိုင်ငံတွင်လည်း မြန်မာ့ရိုးရာ အင်္ဂတေကို မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ဖော်စပ်သုံးစွဲခဲ့ကြပါတယ်။

ပုဂံခေတ်အင်္ဂတေစပ်နည်းကတော့… အုံတုံအပင်က အခေါက်ကိုခွာပြီးကြိုရတဲ့ အရည်ငါးဆ ကျွဲကော်ရည် (ကျွဲသားရေ နွားသားရေ ကြိုပြီးရတဲ့အရည်) ခြောက်ဆ၊ ဥသျှစ်သီးမှရတဲ့ အစေးတစ်ဆ၊ တင်လဲရည်နှစ်ဆ တို့နဲ့ ထုံးနဲ့သဲ ဆတူစပ်ပြီး အင်္ဂတေကို ပြုလုပ်ကြပါတယ်။

နောက်တစ်နည်းက… ကျွဲကော်၊ ရေ၊ အုံတုံ၊ ဥသျှစ်၊ နွားနို့အသစ်၊ လက်ပံရေ၊ ကောက်ညှင်း၊ ထမင်းနယ် ပျားရည် ရှားစောင်း သဖန်းခါး လက်ပံသီးကရတဲ့ လဲဝါချဉ်ရည် စတဲ့ အရာတွေနဲ့လည်း အင်္ဂတေစပ်ပါတယ်။

နောက် တနည်းက… ကျွဲကော်ရည် အုံတုံ၊ ဥသျှစ်၊ နွားနို့ လက်ပံတရော်၊ ကောက်ညှင်း၊ ထမနဲပျားရည်၊ တင်လဲဖုတ်‌ခြောက်ချင်ရွေးရှားစောင်း၊ သဖန်းခါးလက်ဝါ စတဲ့ဆယ်မျိုးကို ဆယ့်နှစ်ခါပြန်ထောင်းပြီး ပြုလုပ်ပါတယ်။

“ အုံတုံသတ္တ၊ နဝကျွဲကော်၊ ဒွေးနော်တင်လဲ ၊ အုတ်သျှစ်ခွဲနှင့် လဲဝါတစ်ဆုတ်၊ ဆီတစ်မှုတ်ကို မယုတ်စုပေါင်း ညက်စွာထောင်းတော့ ဥသျှစ်ဧကေး၊ တင်လဲဒွေးနှင့် အုံတုံပဉ္စ၊ ကျွဲကော်ဆ မှတ်ကြ အင်္ဂတေ ”

အထက်ဖော်ပြပါအလင်္ကာသည် အင်္ဂတေဖော်စပ်နည်း သံပေါက်များမှာ များစွာသော ဖော်စပ်နည်း များမှ ထုတ်နှုတ်တင်ပြခြင်းသာဖြစ်ပါသည်။

ကမ္ဘာကျော် ရွှေတိဂုံစေတီတော်ကြီး တည်ရာမှာ အသုံးပြုခဲ့တဲ့ အင်္ဂတေစပ်နည်းကတော့… ကြဇုသီးတစ်ဆ၊ တင်လဲနှစ်ဆ၊ ဥသျှစ်သုံးဆ၊ ကျွဲကော်ရည်ခြောက်ဆ၊ အုံတုံဆယ့်နှစ်ဆကို ရောပြီး ကော်ရည် ကိုစပ်ပါတယ်။

ရလာတဲ့ကော်ရည်ကိုအချိုးညီတဲ့ (ဆတူ) သဲနဲ့ထုံးတို့ရောစပ်ပြီး မောင်းနဲ့ တခါ ထောင်း… အဲ့ဒီမှာ အင်္ဂတေရပါတယ်” …

အဲ့ဒီမယ် ကြဇုသီးကိုသုံးတာက ထုံးသည် အုတ်ကို စားခြင်းကနေ ကာကွယ်ဖို့၊ တင်လဲ ကြတော့အင်္ဂတေကို မာစေဖို့၊ ဥသျှစ်ကြတော့ ခိုင်ခံ့ပြီးအရောင်ကောင်းစေဖို့ ဖြစ်ပါတယ်။

မြန်မာ့ အင်္ဂတေသည်လည်း အခြားကမ္ဘာ့နိုင်ငံအသီးသီးတွင် သုံးစွဲကြသည့် Lime Motor များနည်းတူ ထုံးနှင့်သဲကိုပင် အခြေခံပါသည်။ သို့သော် မြန်မာ့အင်္ဂတေ၏ ထူးခြားမှုမှာ

အင်္ဂတေအား အုတ်လွှာများနှင့် ကောင်းစွာ တွဲကပ်စေရန်အတွက် ကျွဲကော်ရည်၊ အုံတုံခေါက်ပြုတ်ရည်၊ တင်လဲရည်၊ ဥသျှစ်စေး… အစရှိသော Organic Glue များနှင့် ကောင်းစွာ သမအောင်ရောစပ်ပြီး အသုံးပြုခဲ့ကြသည်။

ထုံးတစ်တင်းနှင့် သဲတစ်တင်းမှာ အခြေခံဖြစ်ပြီး အပိုထည့်သွင်းသော Additive များကို သံပေါက်စပ်၍ မှတ်သားခဲ့ကြသည်။

ဒါကတော့ရှေးမြန်မာတို့ရဲ့ စေတီပုထိုးဘုရားကျောင်းကန်တွေကို တည်ထား ဆောက်လုပ်တဲ့အခါ အဓိကသုံးရမဲ့ အင်္ဂတေကို မြန်မာ့နည်း မြန်မာ့ဟန်နဲ့ တီထွင်ကြံဆလုပ်ခဲ့ကြတဲ့ ပြုလုပ်ပုံ သမိုင်းအကျဉ်းလေးဖြစ်ပါတယ်။

အခြားပြုလုပ်ပုံ တည်ဆောက်ပုံတွေလည်း ရှိနိုင်သေးပေမဲ့ လေ့လာမိသလောက် ဗဟုသုတရစေရန်အလို့ငှာ ဖော်ပြပေးလိုက်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ဗဟုသုတအဖြစ် ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*