ေ႐ႊတိဂုံေစတီမွာ ရွိတဲ့ အံ့ဖြယ္ (၉) ပါး အေၾကာင္း

ေ႐ႊတိဂုံေစတီမွာ ရွိတဲ့ အံ့ဖြယ္ (၉) ပါး အေၾကာင္း
ေ႐ႊတိဂုံေစတီမွာ ရွိတဲ့ အံ့ဖြယ္ (၉) ပါး အေၾကာင္း

ေ႐ႊတိဂုံေစတီမွာ ရွိတဲ့ အံ့ဖြယ္ (၉) ပါး အေၾကာင္း

ေ႐ႊတိဂုံေစတီေတာ္ႀကီး၏ အံဖြယ္ ၉ ဆူကို တၿပိဳင္နက္တည္း ဖူးေျမာ္ခြင့္ရရွိျခင္းျဖင့္ လိုရာဆႏၵမ်ား တစ္လုံးတစ္ဝတည္း ျပည့္စုံၾကပါေစ…. အံဖြယ္ ၉ ဆူမွာ

၁။ ပတၱျမားမ်က္ရွင္

တည္ေနရာ… ေ႐ႊတိဂုံေစတီေတာ္ အထက္ပစၥယံ အေရွ႕ ဘက္တည့္တည့္တြင္ တည္ရွိသည္။ တနလၤာေထာင့္။ ဝင္ခြင့္ကတ္ လုပ္ထားေသာ အမ်ိဳးသား၊ ရဟန္းမ်ားသာ ဖူးေျမာ္ခြင့္ရွိပါသည္…

၂။ ဝိဇၨာေဇာ္ဂ်ီ

တည္ေနရာ… ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီး၏ စေနေထာင့္တည့္တည့္တြင္ တည္ရွိပါသည္။ ေစတီေတာ္ႀကီး၏ ပတ္လမ္းနံေဘးတြင္ျဖစ္ပါသည္။ ဝိဇၨာေဇာ္ဂ်ီဘုရား၏ တနဂၤေႏြေထာင့္သည္ ေ႐ႊတိဂုံေစတီေတာ္ႀကီးျဖစ္ပါသည္။ ဝိဇၨာ အစီအရင္မ်ားျဖင့္ စီမံထားေသာ ဘုရားျဖစ္ပါသည္

၃။ ရွင္ေစာပုဘုရား

တည္ေနရာ… ခ်မ္းသာႀကီးဘုရား၏ အေနာက္ေျမာက္ဘက္တန္ေဆာင္းတြင္တည္ရွိသည္။ ရာဟုေထာင့္ ဘုရားနားရွိ စကားဝါပင္သည္ ၁၂ ရာသီလုံး အပြင့္ပြင့္တတ္ၿပီး…ဘုရားတန္ေဆာင္းထက္ သာလြန္ၿပီး ႀကီးထြားျခင္းမရွိပါ….

၄။ ရွင္မထီးဘုရား

တည္ေနရာ… ေနာင္ေတာ္ႀကီးေစတီေတာ္၏ ေျမာက္ဘက္ အာ႐ုံခံ ရွင္မထီးတန္ေဆာင္းအတြင္းစံပယ္ေတာ္မူပါသည္။ ေျမာက္အရပ္သို႔ မ်က္ႏွာမူထားပါသည္။ ပုဂံေခတ္လက္ရာျဖစ္ပါသည္…

၅။ ရွင္အဇၨေဂါဏဘုရား

တည္ေနရာ… ေနာင္ေတာ္ႀကီးေစတီေတာ္၏ ေတာင္ဘက္ အာ႐ုံခံတန္ေဆာင္းအတြင္း စံပယ္ေတာ္မူသည္။ ရွင္အဇၨေဂါဏတန္ေဆာင္းသည္ တနဂၤေႏြေထာင့္တြင္ တည္ရွိပါသည္။
ဘုရား၏ မ်က္လုံးေတာ္သည္ ရွင္အဇၨေဂါဏ၏ မ်က္လုံးအတိုင္း တဘက္က်ဥ္း တဘက္က်ယ္ျဖစ္ပါသည္..

၆။ ဆံေတာ္တြင္း႐ုပ္ပြားေတာ္

တည္ေနရာ… ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီး၏ ေသာၾကာၿဂိဳဟ္ေထာင့္၊ ေျမာက္ဘက္မုခ္ဦးတန္ေဆာင္းေရွ႕ျဖစ္ပါသည္။ ဆံေတာ္တြင္းတန္ေဆာင္း အတြင္းတြင္စံပယ္ပါသည္။ ယခုေတာ့ သံဇကားမ်ားျဖင့္ ကာရံထားပါသည္

၇။ ဘိုးဘိုးေအာင္ဂူဘုရား

တည္ေနရာ… ေ႐ႊတိဂုံေစတီေတာ္ ( တနလၤာေထာင့္ ) အေရွ႕အရပ္ အေရွ႕ဘက္မုခ္ဦးတြင္တည္ထားကိုးကြယ္ေသာ ဘုရားျဖစ္ပါသည္။ ထီးေတာ္ပုံေစတီ ေအာင္ေျမေရွ႕တြင္ ဘိုးဘိုးေအာင္တန္ေဆာင္းရွိၿပီး ယင္းတြင္တည္ထားပါသည္။ ဘိုးဘိုးေအာင္ ကိုယ္တိုင္ တည္ထားေသာ ဘုရားျဖစ္သည္ဟု သိရပါသည္..

၈။ ကကုသႏၶဘုရား ( လက္ပက္လက္ ဘုရား )

တည္ေနရာ… ေရွ႕ဘက္မုခ္ အာ႐ုံခံတန္ေဆာင္းအတြင္း တည္ထားပါသည္…

၉။ ျပဒါးရွင္ဘုရား

တည္ေနရာ… အေရွ႕ဘက္မုခ္ႏွင့္ အဂၤါေထာင့္ၾကားရွိေစတီတစ္ဆူ၏ေတာင္ဘက္မုခ္အတြင္း ကိန္းဝပ္စံပယ္ေတာ္မူေသာ ေၾကးဆင္းတုေတာ္ျဖစ္ပါသည္။

ေ႐ႊတိဂုံေစတီသို႔ ေရာက္ျဖစ္တယ္ဆိုရင္ အထက္ေဖာ္ျပပါ အံ့ဖြယ္ ၉ ဆူကို မသိေသးသူမ်ား ရွာေဖြ ဖူးေျမာ္လိုက္ၾကပါအုန္း…

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေဝျခင္းျဖစ္ပါသည္။

Unicode

ရွှေတိဂုံစေတီမှာ ရှိတဲ့ အံ့ဖွယ် (၉) ပါး အကြောင်း

ရွှေတိဂုံစေတီတော်ကြီး၏ အံဖွယ် ၉ ဆူကို တပြိုင်နက်တည်း ဖူးမြော်ခွင့်ရရှိခြင်းဖြင့် လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်စုံကြပါစေ…. အံဖွယ် ၉ ဆူမှာ

၁။ ပတ္တမြားမျက်ရှင်

တည်နေရာ… ရွှေတိဂုံစေတီတော် အထက်ပစ္စယံ အရှေ့ ဘက်တည့်တည့်တွင် တည်ရှိသည်။ တနင်္လာထောင့်။ ဝင်ခွင့်ကတ် လုပ်ထားသော အမျိုးသား၊ ရဟန်းများသာ ဖူးမြော်ခွင့်ရှိပါသည်…

၂။ ဝိဇ္ဇာဇော်ဂျီ

တည်နေရာ… ရွှေတိဂုံစေတီတော်မြတ်ကြီး၏ စနေထောင့်တည့်တည့်တွင် တည်ရှိပါသည်။ စေတီတော်ကြီး၏ ပတ်လမ်းနံဘေးတွင်ဖြစ်ပါသည်။ ဝိဇ္ဇာဇော်ဂျီဘုရား၏ တနင်္ဂနွေထောင့်သည် ရွှေတိဂုံစေတီတော်ကြီးဖြစ်ပါသည်။ ဝိဇ္ဇာ အစီအရင်များဖြင့် စီမံထားသော ဘုရားဖြစ်ပါသည်

၃။ ရှင်စောပုဘုရား

တည်နေရာ… ချမ်းသာကြီးဘုရား၏ အနောက်မြောက်ဘက်တန်ဆောင်းတွင်တည်ရှိသည်။ ရာဟုထောင့် ဘုရားနားရှိ စကားဝါပင်သည် ၁၂ ရာသီလုံး အပွင့်ပွင့်တတ်ပြီး…ဘုရားတန်ဆောင်းထက် သာလွန်ပြီး ကြီးထွားခြင်းမရှိပါ….

၄။ ရှင်မထီးဘုရား

တည်နေရာ… နောင်တော်ကြီးစေတီတော်၏ မြောက်ဘက် အာရုံခံ ရှင်မထီးတန်ဆောင်းအတွင်းစံပယ်တော်မူပါသည်။ မြောက်အရပ်သို့ မျက်နှာမူထားပါသည်။ ပုဂံခေတ်လက်ရာဖြစ်ပါသည်…

၅။ ရှင်အဇ္ဇဂေါဏဘုရား

တည်နေရာ… နောင်တော်ကြီးစေတီတော်၏ တောင်ဘက် အာရုံခံတန်ဆောင်းအတွင်း စံပယ်တော်မူသည်။ ရှင်အဇ္ဇဂေါဏတန်ဆောင်းသည် တနင်္ဂနွေထောင့်တွင် တည်ရှိပါသည်။
ဘုရား၏ မျက်လုံးတော်သည် ရှင်အဇ္ဇဂေါဏ၏ မျက်လုံးအတိုင်း တဘက်ကျဉ်း တဘက်ကျယ်ဖြစ်ပါသည်..

၆။ ဆံတော်တွင်းရုပ်ပွားတော်

တည်နေရာ… ရွှေတိဂုံစေတီတော်မြတ်ကြီး၏ သောကြာဂြိုဟ်ထောင့်၊ မြောက်ဘက်မုခ်ဦးတန်ဆောင်းရှေ့ဖြစ်ပါသည်။ ဆံတော်တွင်းတန်ဆောင်း အတွင်းတွင်စံပယ်ပါသည်။ ယခုတော့ သံဇကားများဖြင့် ကာရံထားပါသည်

၇။ ဘိုးဘိုးအောင်ဂူဘုရား

တည်နေရာ… ရွှေတိဂုံစေတီတော် ( တနင်္လာထောင့် ) အရှေ့အရပ် အရှေ့ဘက်မုခ်ဦးတွင်တည်ထားကိုးကွယ်သော ဘုရားဖြစ်ပါသည်။ ထီးတော်ပုံစေတီ အောင်မြေရှေ့တွင် ဘိုးဘိုးအောင်တန်ဆောင်းရှိပြီး ယင်းတွင်တည်ထားပါသည်။ ဘိုးဘိုးအောင် ကိုယ်တိုင် တည်ထားသော ဘုရားဖြစ်သည်ဟု သိရပါသည်..

၈။ ကကုသန္ဓဘုရား ( လက်ပက်လက် ဘုရား )

တည်နေရာ… ရှေ့ဘက်မုခ် အာရုံခံတန်ဆောင်းအတွင်း တည်ထားပါသည်…

၉။ ပြဒါးရှင်ဘုရား

တည်နေရာ… အရှေ့ဘက်မုခ်နှင့် အင်္ဂါထောင့်ကြားရှိစေတီတစ်ဆူ၏တောင်ဘက်မုခ်အတွင်း ကိန်းဝပ်စံပယ်တော်မူသော ကြေးဆင်းတုတော်ဖြစ်ပါသည်။

ရွှေတိဂုံစေတီသို့ ရောက်ဖြစ်တယ်ဆိုရင် အထက်ဖော်ပြပါ အံ့ဖွယ် ၉ ဆူကို မသိသေးသူများ ရှာဖွေ ဖူးမြော်လိုက်ကြပါအုန်း…

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*