သားသမီးကို… “သခင္လိုမထားပါနဲ႔ “

သားသမီးကို... "သခင္လိုမထားပါနဲ႔ "
သားသမီးကို... "သခင္လိုမထားပါနဲ႔ "

သားသမီးကို… “သခင္လိုမထားပါနဲ႔ “

မိဘအရွိန္ဝါနဲ႔ ေတာက္ပေနတဲ့ သား သမီးေတြ ကိုယ္ရည္ကိုယ္ေသြးမရွိပဲ လူ႔ပါတ္ဝန္းက်င္မွာ မ်ားလြန္းတာက မိဘေတြရဲ႕အျပစ္မကင္းဘူးဆိုတာကို မိဘေတြကိုယ္တိုင္က လက္မခံၾကပါဘူး။

မိဘေတြက ေခြၽးစက္ေတြၾကားမွာ ႐ုန္းကန္ေနေပမဲ့ သားသမီးက်ေတာ့ ေတာက္ပေနတာ ငယ္စဥ္ကတည္းက သင္ယူသင့္တာေတြကို သင္ယူခြင့္မျပဳၾကပဲ မ်က္မျမင္က ျပတဲ့လမ္းကို ေပးေလ်ာက္ေနသလို ကို႔ယို႔ကားယားနဲ႔ ဘဝမွာ

ကူရာမဲ့ ကယ္ရာမဲ့ ျဖစ္‌သြားၾကတဲ့ မိသားစုေတြ ေျပာမကုန္ပါဘူး။ ေလာကႀကီးမွာ ႀကဳံရမဲ့ အမွန္တရားကို သိခြင့္မေပးပဲ ႀကီးပ်င္းလာဖို႔ ခြင့္မျပဳသင့္ပါဘူး။ သားသမီးနဲ႔ မိဘၾကားက မတ္ေတာတရားကို မွန္ကန္တဲ့နည္းလမ္းနဲ႔ပဲ ခ်ျပေပးသင့္ပါတယ္။

သားသမီးကို သခင္လိုထားၿပီး မိဘက ကြၽန္လို ေရခပ္ေပးတာကအစ ေျခေထာက္ မလွမ္းရ မႂကြရေတာ့တဲ့အထိ ဖူးဖူးမႈတ္ေနတာက သားသမီးကို ဖ်က္ဆီးေနၾကတာပါ။

စာပဲက်က္ပါ ဘြဲ႕ရေအာင္လုပ္ပါ ဘာမွကို ေပးမလုပ္ဘူး။ မရွိ ရွိတာလုပ္ၿပီး ဆင္ေပးတယ္။ မိဘရဲ႕အပူပင္ ေသာကေတြကို ဘာမွသိခြင့္မေပးပဲ လိုသမွ်ကို ျဖည့္ဆည္းေပးေနတာမ်ိဳးက ကေလးရဲ႕ လူ႔အသိဉာဏ္ကို ပ်က္စီးေစလို႔ပါပဲ။

ကေလးရဲ႕Intelligent ကိုဖ်က္ဆီးတဲ့မိဘက Education ကို ဘယ္ေလာက္ ထည့္ေပးထည့္ေပး ဘာမွ အသုံးမဝင္ႏိုင္သလို… ကေလးရဲ႕ ဘဝအတြက္ တာဝန္ယူတဲ့စိတ္ တာဝန္သိတတ္တဲ့စိတ္ Safe-Care ဆိုတဲ့ ကိုယ့္ကိုယ္ကိုယ္ ဂ႐ုစိုက္ႏိုင္ျခင္းကေန

အမ်ားကို ဂ႐ုစိုက္ျခင္းကို သိနားလည္ခြင့္ ျပဳမထားရင္ အတၱႀကီးတဲ့ လူတစ္ေယာက္ျဖစ္ေအာင္ ကေလးရဲ႕ဘဝကို သတ္ေနတဲ့သူက မိဘေတြပါပဲ။ သက္ေတာင့္သက္သာနဲ႔ ႀကီးပ်င္းလာတဲ့ ကေလးျဖစ္ေအာင္ မထားပါနဲ႔။

ဘာမွမပူပင္မရွ္ိတဲ့ ကေလးက ႐ုန္းကန္တတ္ဖို႔ကို ဘယ္ေတာ့မွ သင္ယူဖို႔ မျဖစ္ႏိုင္လို႔ပါ။ ကေလးကို ငယ္စဥ္ဘဝတည္းက ခ်စ္လြန္းလို႔ ထမင္းဝါးၿပီးခြံ႕ရင္ေတာင္ ကေလးက ၿမိဳခ်မွ ဗိုက္ျပည့္ႏိုင္မယ္ ဆိုတာေလးေတာ့ နားလည္ခြင့္ျပဳၾကပါ။

အမွားနဲ႔ အမွန္ကိုလည္း ခြဲျခားဖို႔ မတတ္ႏိုင္တဲ့ ကေလးျဖစ္ေအာင္ ေျခေကာင္းလက္ေကာင္းနဲ႔ ဒုကၡိတျဖစ္ေအာင္ ကေလးကို အဆိပ္မခတ္ၾကပါနဲ႔။ မိဘအေပၚ သားသမီးသိတတ္ျခင္း မသိတတ္ျခင္းက မိဘရဲ႕ မွန္ကန္တဲ့ ပ်ိဳးေထာင္မႈအေပၚ မူတည္ပါတယ္။

လူ႔ဘဝရပ္တည္နည္းကို အမွန္တရားအတိုင္း ခ်ျပပါ။ စိတ္ေကာင္း စိတ္ျမတ္ထားျခင္း ကိုယ့္တန္ဖိုးကို သိတတ္ျခင္း ကိုယ့္ကိုယ္ကိုယ္ မွန္မွန္ကန္ကန္ ခ်စ္တတ္ေအာင္ သင္ယူခြင့္ျပဳပါ။

မိဘဆိုတာ ေသတတ္တဲ့ သူေတြမို႔ ေလာကႀကီးထဲ က်န္ခဲ့မဲ့ကေလးကို ေအာက္ေျခခိုင္ေအာင္ လူ႔ဘဝထဲ မွန္ကန္တဲ့ စိတ္ေကာင္းစိတ္ျမတ္နဲ႔ ရပ္တည္ႏိုင္ေအာင္ အေျခခံ စိတ္ေကာင္းစိတ္ျမတ္ေတြကို ငယ္စဥ္ဘဝတည္းက ထည့္ေပးထားၾကဖို႔

အႀကံျပဳ တိုက္တြန္းလိုက္ပါတယ္။ သားသမီး ေျမး ေတြကို ခ်စ္ရင္အလိုမလိုက္ပါနဲ႔ သူ႔ကိုယ္သူ အားကိုးတတ္ေအာင္ ေလ့က်င့္ေပးပါ။ စိတ္ဓါတ္ခိုင္မာေအာင္ ပ်ိဳးေထာင္ေပးပါ။ ပညာကို တန္ဖိုးထားတတ္ပါေစ… ႀကိဳးစားလိုစိတ္ရွိပါေစ…

အေကာင္းျမင္တဲ့ စိတ္ေလးေတြ အၿမဲရွိေနပါေစ။ သူတပါးကို စာနာစိတ္ ကူညီလို​စိတ္ ထားတတ္ပါေစ သည္းခံခြင့္လႊတ္တတ္ပါေစ… မိဘဆရာသမား ေတြကို ႐ိုေသတန္ဖိုးထားတတ္ပါေစ။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

သားသမီးကို… “သခင်လိုမထားပါနဲ့ “

မိဘအရှိန်ဝါနဲ့ တောက်ပနေတဲ့ သား သမီးတွေ ကိုယ်ရည်ကိုယ်သွေးမရှိပဲ လူ့ပါတ်ဝန်းကျင်မှာ များလွန်းတာက မိဘတွေရဲ့အပြစ်မကင်းဘူးဆိုတာကို မိဘတွေကိုယ်တိုင်က လက်မခံကြပါဘူး။

မိဘတွေက ချွေးစက်တွေကြားမှာ ရုန်းကန်နေပေမဲ့ သားသမီးကျတော့ တောက်ပနေတာ ငယ်စဉ်ကတည်းက သင်ယူသင့်တာတွေကို သင်ယူခွင့်မပြုကြပဲ မျက်မမြင်က ပြတဲ့လမ်းကို ပေးလျောက်နေသလို ကို့ယို့ကားယားနဲ့ ဘဝမှာ

ကူရာမဲ့ ကယ်ရာမဲ့ ဖြစ်‌သွားကြတဲ့ မိသားစုတွေ ပြောမကုန်ပါဘူး။ လောကကြီးမှာ ကြုံရမဲ့ အမှန်တရားကို သိခွင့်မပေးပဲ ကြီးပျင်းလာဖို့ ခွင့်မပြုသင့်ပါဘူး။ သားသမီးနဲ့ မိဘကြားက မတ်တောတရားကို မှန်ကန်တဲ့နည်းလမ်းနဲ့ပဲ ချပြပေးသင့်ပါတယ်။

သားသမီးကို သခင်လိုထားပြီး မိဘက ကျွန်လို ရေခပ်ပေးတာကအစ ခြေထောက် မလှမ်းရ မကြွရတော့တဲ့အထိ ဖူးဖူးမှုတ်နေတာက သားသမီးကို ဖျက်ဆီးနေကြတာပါ။

စာပဲကျက်ပါ ဘွဲ့ရအောင်လုပ်ပါ ဘာမှကို ပေးမလုပ်ဘူး။ မရှိ ရှိတာလုပ်ပြီး ဆင်ပေးတယ်။ မိဘရဲ့အပူပင် သောကတွေကို ဘာမှသိခွင့်မပေးပဲ လိုသမျှကို ဖြည့်ဆည်းပေးနေတာမျိုးက ကလေးရဲ့ လူ့အသိဉာဏ်ကို ပျက်စီးစေလို့ပါပဲ။

ကလေးရဲ့Intelligent ကိုဖျက်ဆီးတဲ့မိဘက Education ကို ဘယ်လောက် ထည့်ပေးထည့်ပေး ဘာမှ အသုံးမဝင်နိုင်သလို… ကလေးရဲ့ ဘဝအတွက် တာဝန်ယူတဲ့စိတ် တာဝန်သိတတ်တဲ့စိတ် Safe-Care ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်ခြင်းကနေ

အများကို ဂရုစိုက်ခြင်းကို သိနားလည်ခွင့် ပြုမထားရင် အတ္တကြီးတဲ့ လူတစ်ယောက်ဖြစ်အောင် ကလေးရဲ့ဘဝကို သတ်နေတဲ့သူက မိဘတွေပါပဲ။ သက်တောင့်သက်သာနဲ့ ကြီးပျင်းလာတဲ့ ကလေးဖြစ်အောင် မထားပါနဲ့။

ဘာမှမပူပင်မရှိတဲ့ ကလေးက ရုန်းကန်တတ်ဖို့ကို ဘယ်တော့မှ သင်ယူဖို့ မဖြစ်နိုင်လို့ပါ။ ကလေးကို ငယ်စဉ်ဘဝတည်းက ချစ်လွန်းလို့ ထမင်းဝါးပြီးခွံ့ရင်တောင် ကလေးက မြိုချမှ ဗိုက်ပြည့်နိုင်မယ် ဆိုတာလေးတော့ နားလည်ခွင့်ပြုကြပါ။

အမှားနဲ့ အမှန်ကိုလည်း ခွဲခြားဖို့ မတတ်နိုင်တဲ့ ကလေးဖြစ်အောင် ခြေကောင်းလက်ကောင်းနဲ့ ဒုက္ခိတဖြစ်အောင် ကလေးကို အဆိပ်မခတ်ကြပါနဲ့။ မိဘအပေါ် သားသမီးသိတတ်ခြင်း မသိတတ်ခြင်းက မိဘရဲ့ မှန်ကန်တဲ့ ပျိုးထောင်မှုအပေါ် မူတည်ပါတယ်။

လူ့ဘဝရပ်တည်နည်းကို အမှန်တရားအတိုင်း ချပြပါ။ စိတ်ကောင်း စိတ်မြတ်ထားခြင်း ကိုယ့်တန်ဖိုးကို သိတတ်ခြင်း ကိုယ့်ကိုယ်ကိုယ် မှန်မှန်ကန်ကန် ချစ်တတ်အောင် သင်ယူခွင့်ပြုပါ။

မိဘဆိုတာ သေတတ်တဲ့ သူတွေမို့ လောကကြီးထဲ ကျန်ခဲ့မဲ့ကလေးကို အောက်ခြေခိုင်အောင် လူ့ဘဝထဲ မှန်ကန်တဲ့ စိတ်ကောင်းစိတ်မြတ်နဲ့ ရပ်တည်နိုင်အောင် အခြေခံ စိတ်ကောင်းစိတ်မြတ်တွေကို ငယ်စဉ်ဘဝတည်းက ထည့်ပေးထားကြဖို့

အကြံပြု တိုက်တွန်းလိုက်ပါတယ်။ သားသမီး မြေး တွေကို ချစ်ရင်အလိုမလိုက်ပါနဲ့ သူ့ကိုယ်သူ အားကိုးတတ်အောင် လေ့ကျင့်ပေးပါ။ စိတ်ဓါတ်ခိုင်မာအောင် ပျိုးထောင်ပေးပါ။ ပညာကို တန်ဖိုးထားတတ်ပါစေ… ကြိုးစားလိုစိတ်ရှိပါစေ…

အကောင်းမြင်တဲ့ စိတ်လေးတွေ အမြဲရှိနေပါစေ။ သူတပါးကို စာနာစိတ် ကူညီလိုစိတ် ထားတတ်ပါစေ သည်းခံခွင့်လွှတ်တတ်ပါစေ… မိဘဆရာသမား တွေကို ရိုသေတန်ဖိုးထားတတ်ပါစေ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*