တခ်ိဳ့သူေတြ မသိၾကတ့ဲ ပင္္စင္္အမ်ိဳးမ်ိဳးႏွင္႔ သက္ဆိုင္ သူတို႔၏ ရပိုင္ခြင္႔

တခ်ိဳ့သူေတြ မသိၾကတ့ဲ ပင္္စင္္အမ်ိဳးမ်ိဳးႏွင္႔ သက္ဆိုင္ သူတို႔၏ ရပိုင္ခြင္႔

တခ်ိဳ့သူေတြ မသိၾကတ့ဲ ပင္္စင္္အမ်ိဳးမ်ိဳးႏွင္႔ သက္ဆိုင္ သူတို႔၏ ရပိုင္ခြင္႔

ေလ်ာ့ေပါ့ပင္စင္္ အသက္ ၅၅ ႏွစ္ျပည့္ၿပီး လုပ္သက္ ၂၀ ႏွစ္ေက်ာ္လ်ွင္ ေသာ္လည္းေကာင္း အသက္ ၅၀ ႏွစ္ျပည့္ၿပီး လုပ္သက္ ၂၅ ႏွစ္္ေက်ာ္လ်ွင္လည္းေကာင္း ခံစားခြင့္ရိွသည္။

ပင္စင္္

ပင္စင္ဟူေသာစကားရပ္တြင္ ပင္စင္+လုပ္သက္ဆုေငြ ျဖစ္ပါသည္။

၁. သက္ျပည့္ပင္စင္္

ဝန္ထမ္းသည္္ အသက္္ ၆၀ ျပည့္ုသည့္ေန႔တြင္္အၿငိိမ္းစားယူရမည္ျဖစ္သည္။ အမ်ားဆုံးလုပ္သက္မွာ အသက္ ၁၈ ႏွစ္မွ ၆၀ ထိ ျဖစိပါသည္။

အၿငိိမ္းစားယူရန္ ႀကိဳတင္ျပင္ဆင္ခြင့္ ၄ လ ခံစားခြင့္ရိွၿပီး ပ်ွမ္းမ်ွလစာ ခံစားရမည္။ ( လစာႏႈန္းတိုးျမႇင့္္သည့္အခ်ိန္တြင္ သီးသန္႔ၫႊန္ၾကားခ်က္ႏွင့္အညီ ခံစားခြင့္ရိွသည္။)

၂. ႏွစ္ျပည့္ပင္စင္္

အသက္္ ၅၅ ႏွစ္ျပည့္ၿပီး လုပ္သက္ႏွစ္ ၃၀ ျပည့္လ်ွင္ ခံစားခြင့္ရိွသည္။

၃. ေလ်ာ့ေပါ့ပင္စင္္

အသက္္ ၅၅ ႏွစ္ျပည့္ၿပီး လုပ္သက္္ ၂၀ ႏွစ္ေက်ာ္္ လ်ွွင္ ေသာ္လည္းေကာင္း

အသက္ ၅၀ ႏွစ္ျပည့္ၿပီး လုပ္သက္ ၂၅ ႏွစ္ေက်ာ္ လ်ွင္လည္းေကာင္း ခံစားခြင့္ရိွသည္။

၄. နာမက်န္းပင္စင္္

လုုပ္သက္ ၁၀ ႏွစ္ႏွင့္အထက္ မက်န္းမာ၍ တာဝန္ ဆက္လက္ထမ္းေဆာင္ႏိိုင္ျခင္းမရိွ

သည့္အခါ သတ္မွတ္ထားသည့္ ေဆးအဖြဲ႔၏ ေထာက္ခံခ်က္ျဖင့္ ခံစားခြင့္ရိွသည္။

၅. ေလ်ာ္ေၾကးပင္စင္

ရာထူးတစ္ခုကိုဖ်က္သိမ္းလိုက္သည့္အခါ အျခားရာထူးတစ္ခုသို႔ ေျပာင္းေရႊ႔ေနရာခ်ထားျခင္း

မျပဳႏိုိင္လ်ွင္ေသာ္လည္းေကာင္း ယင္းဝန္ထမ္းမွ ေျပာင္းေရႊ႔တာဝန္ထမ္းေဆာင္ရန္္ ဆႏၵမျပဳလ်ွင္ ေသာ္လည္းေကာင္း ခံစားခြင့္ရိွသည္။

၆.အထူးပင္စင္္

တာဝန္ထမ္းေဆာင္မႈကိုအေၾကာင္းျပဳ၍ ေရာဂါရရိွသည့္အခါတြင္ျဖစ္ေစ

ထိိခိုက္အနာတရ ျဖစ္သည့္အခါတြင္ျဖစ္ေစ မသန္စြမ္းျဖစ္သည့္အခါတြင္ျဖစ္ေစ သတ္မွတ္ထားေသာေဆးအဖြဲ႔၏ ေထာက္ခံခ်က္္ ျဖင့္ ခံစားခြင့္ရိွသည္။

၇. မိိသားစုပင္စင္

ဝန္ထမ္းသည္ တာဝန္ထမ္းေဆာင္ဆဲျဖစ္ေစ၊ အၿငိမ္းစားယူၿပီးေနာက္မွ ျဖစ္ေစ

ကြြယ္လြန္ခဲ့လ်ွင္ က်န္ရစ္သူမိသားစုအတြက္ သတ္မွတ္ခ်က္ႏွင့္အညီ ခံစားခြင့္ရိွသည္။

ပင္စင္အက်ိဳးခံစားခြင့္ရိွသည့္ လုပ္သက္ ၁၀ ႏွစ္ မျပည့္ပါက လုပ္သက္ဆုေငြြ တစ္မ်ိဳးတည္းကို ခံစားခြင့္ရိွသည္။

လုပ္သက္ ၅ ႏွစ္ မျပည့္သည့္ကိိစၥ လုပ္သက္ႏွွစ္×ေနာက္ဆုံးထုတ္လစာ×၁၀၀%

လုပ္သက္ ၅ ႏွစ္ျပည့္ၿပီး ၁၀ ႏွစ္မျပည့္ေသးသည့္ကိိစၥ လုပ္သက္သစ္×ေနာက္ဆုံးထုုတ္လစာ×၁၅၀

ပင္စင္အက်ိဳးခံံစားခြင့္ရိွသည့္လုပ္သက္ ၁၀ ႏွစ္ႏွင့္အထက္ (သက္ျပည့္၊ နာမက်န္း၊ ေလ်ာ္ေၾကး)ပင္စင္ႏွင့္ ႏွစ္ျပည့္၊ ေလ်ာ့ေပါ့ ပင္စင္ တို႔၏

ပင္စင္လစာတြြက္နည္း

လုုပ္သက္ႏွစ္×ေနာက္ဆုံးထုတ္လစာ×၁.၅%

လုပ္သက္ဆုေငြြတြက္နည္း

လုပ္သက္ႏွစ္×ေနာက္ဆုံးထုတ္လစာ×၅၀%

မိိသားစုပင္စင္ကို ေယဘူယ်အားျဖင့္

အၿငိမ္းစားကြယ္လြန္သည့္္ေန႔ရက္၏ ေနာက္ေန႔ရက္မွ ခံစားခြင့္ရိွသည္။ တရားဝင္ ဇနီး(သို႔) ခင္ပြန္းကြယ္လြန္သည္အထိ ခံစားခြင့္ရိွ။ အၿငိမ္းစားယူခ်ိန္၌ ရရိွသည့့္ပင္စင္လစာ၏ ၃/၄

အျခားမိသားစုဝင္္ ျဖစ္ပါက

ဝန္ထမ္းကြယ္လြန္သည့္ေန႔ရက္မွစ၍ ၁၅ ႏွစ္အထိိ ခံစားခြင့္ရိွသည္။ အၿငိိမ္းစားယူခ်ိန္၌ ရရိွသည့္ပင္စင္လစာ၏ ၁/၂

မိသားစုပင္စင္အတြက္ လုပ္သက္ဆုေငြြ

၁ ႏွစ္ျပည့္ၿပီး ၅ ႏွစ္ေအာက္ လုပ္သက္တစ္ႏွစ္အတြက္ ေနာက္ဆုံးထုုတ္လစာ တစ္လစာႏွင့္ညီမ်ွေသာ လုပ္သက္ဆုေငြ

၅ ႏွစ္ျပည့္ၿပီး ၁၀ ႏွစ္ ေအာက္္ ေနာက္ဆုံးထုတ္လစာ၏ ၁၂ဆႏွင့္ညီမ်ွေသာ လုပ္သက္ဆုေငြ

ရာထူးမွႏုတ္ထြက္သည့္ဝန္ထမ္း ၊ဝန္ထမ္းအျဖစ္မွ ထုတ္ပစ္ျခင္း ၊ရာထူးမွထုတ္ပယ္ျခင္းခံရသည့္ဝန္ထမ္း တိုိ႔သည္ ပင္စင္/လုပ္သက္ဆုေငြ ခံစားခြင့္မရိွပါ။

ပင္စင္စားသည္ ေထာင္က်ျခင္းခံရပါက ပင္စင္ခံစားခြင့္ကို ရပ္ဆိုင္းထားရမည္။လြတ္ေျမာက္လာပါက ျပန္လည္ခြင့္ျပဳ ေသာ္လည္း ျပစ္ဒဏ္က် ကာလအတြက္ ပင္စင္လစာ ခြင့္မျပဳ။

ဘ႑ာေရးဝန္ႀကီးဌာနက သတ္မွတ္ခြင့္ျပဳထားသည့္ ႏႈန္းထားအတို္င္း တစ္လုံးတစ္ခဲတည္း ပင္စင္အျဖစ္္ လဲလွယ္ခြင့္ရိွ။

ပင္စင္ႏွင့္ လုပ္သက္ဆုေငြတြက္နည္းကိုိ ဘ႑ာေရးဝန္ႀကီးဌာနမွ ျပည္ေထာင္စုအစိုးရအဖြဲ႔၏ သေဘာတူညီခ်က္ျဖင့္္ အမိန္႔ထုတ္ျပန္ျခင္း၊ ျပင္ဆင္ျခင္းျပဳႏိုင္သည္။

စာရင္းစစ္္ မွတ္စုုမ်ား

Unicode

တချို့သူတွေ မသိကြတဲ့ ပင်စင်အမျိုးမျိုးနှင့် သက်ဆိုင် သူတို့၏ ရပိုင်ခွင့်

လျော့ပေါ့ပင်စင် အသက် ၅၅ နှစ်ပြည့်ပြီး လုပ်သက် ၂၀ နှစ်ကျော်လျှင် သော်လည်းကောင်း အသက် ၅၀ နှစ်ပြည့်ပြီး လုပ်သက် ၂၅ နှစ်ကျော်လျှင်လည်းကောင်း ခံစားခွင့်ရှိသည်။

ပင်စင်

ပင်စင်ဟူသောစကားရပ်တွင် ပင်စင်+လုပ်သက်ဆုငွေ ဖြစ်ပါသည်။

၁. သက်ပြည့်ပင်စင်

ဝန်ထမ်းသည် အသက် ၆၀ ပြည့်ုသည့်နေ့တွင်အငြိမ်းစားယူရမည်ဖြစ်သည်။ အများဆုံးလုပ်သက်မှာ အသက် ၁၈ နှစ်မှ ၆၀ ထိ ဖြစိပါသည်။

အငြိမ်းစားယူရန် ကြိုတင်ပြင်ဆင်ခွင့် ၄ လ ခံစားခွင့်ရှိပြီး ပျှမ်းမျှလစာ ခံစားရမည်။ ( လစာနှုန်းတိုးမြှင့််သည့်အချိန်တွင် သီးသန့်ညွှန်ကြားချက်နှင့်အညီ ခံစားခွင့်ရှိသည်။)

၂. နှစ်ပြည့်ပင်စင်

အသက် ၅၅ နှစ်ပြည့်ပြီး လုပ်သက်နှစ် ၃၀ ပြည့်လျှင် ခံစားခွင့်ရှိသည်။

၃. လျော့ပေါ့ပင်စင်

အသက် ၅၅ နှစ်ပြည့်ပြီး လုပ်သက် ၂၀ နှစ်ကျော် လျှင် သော်လည်းကောင်း

အသက် ၅၀ နှစ်ပြည့်ပြီး လုပ်သက် ၂၅ နှစ်ကျော် လျှင်လည်းကောင်း ခံစားခွင့်ရှိသည်။

၄. နာမကျန်းပင်စင်

လုပ်သက် ၁၀ နှစ်နှင့်အထက် မကျန်းမာ၍ တာဝန် ဆက်လက်ထမ်းဆောင်နိုင်ခြင်းမရှိ

သည့်အခါ သတ်မှတ်ထားသည့် ဆေးအဖွဲ့၏ ထောက်ခံချက်ဖြင့် ခံစားခွင့်ရှိသည်။

၅. လျော်ကြေးပင်စင်

ရာထူးတစ်ခုကိုဖျက်သိမ်းလိုက်သည့်အခါ အခြားရာထူးတစ်ခုသို့ ပြောင်းရွှေ့နေရာချထားခြင်း

မပြုနိုင်လျှင်သော်လည်းကောင်း ယင်းဝန်ထမ်းမှ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရန် ဆန္ဒမပြုလျှင် သော်လည်းကောင်း ခံစားခွင့်ရှိသည်။

၆.အထူးပင်စင်

တာဝန်ထမ်းဆောင်မှုကိုအကြောင်းပြု၍ ရောဂါရရှိသည့်အခါတွင်ဖြစ်စေ

ထိခိုက်အနာတရ ဖြစ်သည့်အခါတွင်ဖြစ်စေ မသန်စွမ်းဖြစ်သည့်အခါတွင်ဖြစ်စေ သတ်မှတ်ထားသောဆေးအဖွဲ့၏ ထောက်ခံချက် ဖြင့် ခံစားခွင့်ရှိသည်။

၇. မိသားစုပင်စင်

ဝန်ထမ်းသည် တာဝန်ထမ်းဆောင်ဆဲဖြစ်စေ၊ အငြိမ်းစားယူပြီးနောက်မှ ဖြစ်စေ

ကွယ်လွန်ခဲ့လျှင် ကျန်ရစ်သူမိသားစုအတွက် သတ်မှတ်ချက်နှင့်အညီ ခံစားခွင့်ရှိသည်။

ပင်စင်အကျိုးခံစားခွင့်ရှိသည့် လုပ်သက် ၁၀ နှစ် မပြည့်ပါက လုပ်သက်ဆုငွေ တစ်မျိုးတည်းကို ခံစားခွင့်ရှိသည်။

လုပ်သက် ၅ နှစ် မပြည့်သည့်ကိစ္စ လုပ်သက်နှစ်×နောက်ဆုံးထုတ်လစာ×၁၀၀%

လုပ်သက် ၅ နှစ်ပြည့်ပြီး ၁၀ နှစ်မပြည့်သေးသည့်ကိစ္စ လုပ်သက်သစ်×နောက်ဆုံးထုတ်လစာ×၁၅၀

ပင်စင်အကျိုးခံံစားခွင့်ရှိသည့်လုပ်သက် ၁၀ နှစ်နှင့်အထက် (သက်ပြည့်၊ နာမကျန်း၊ လျော်ကြေး)ပင်စင်နှင့် နှစ်ပြည့်၊ လျော့ပေါ့ ပင်စင် တို့၏

ပင်စင်လစာတွက်နည်း

လုပ်သက်နှစ်×နောက်ဆုံးထုတ်လစာ×၁.၅%

လုပ်သက်ဆုငွေတွက်နည်း

လုပ်သက်နှစ်×နောက်ဆုံးထုတ်လစာ×၅၀%

မိသားစုပင်စင်ကို ယေဘူယျအားဖြင့်

အငြိမ်းစားကွယ်လွန်သည့်နေ့ရက်၏ နောက်နေ့ရက်မှ ခံစားခွင့်ရှိသည်။ တရားဝင် ဇနီး(သို့) ခင်ပွန်းကွယ်လွန်သည်အထိ ခံစားခွင့်ရှိ။ အငြိမ်းစားယူချိန်၌ ရရှိသည့်ပင်စင်လစာ၏ ၃/၄

အခြားမိသားစုဝင် ဖြစ်ပါက

ဝန်ထမ်းကွယ်လွန်သည့်နေ့ရက်မှစ၍ ၁၅ နှစ်အထိ ခံစားခွင့်ရှိသည်။ အငြိမ်းစားယူချိန်၌ ရရှိသည့်ပင်စင်လစာ၏ ၁/၂

မိသားစုပင်စင်အတွက် လုပ်သက်ဆုငွေ

၁ နှစ်ပြည့်ပြီး ၅ နှစ်အောက် လုပ်သက်တစ်နှစ်အတွက် နောက်ဆုံးထုတ်လစာ တစ်လစာနှင့်ညီမျှသော လုပ်သက်ဆုငွေ

၅ နှစ်ပြည့်ပြီး ၁၀ နှစ် အောက် နောက်ဆုံးထုတ်လစာ၏ ၁၂ဆနှင့်ညီမျှသော လုပ်သက်ဆုငွေ

ရာထူးမှနုတ်ထွက်သည့်ဝန်ထမ်း ၊ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း ၊ရာထူးမှထုတ်ပယ်ခြင်းခံရသည့်ဝန်ထမ်း တို့သည် ပင်စင်/လုပ်သက်ဆုငွေ ခံစားခွင့်မရှိပါ။

ပင်စင်စားသည် ထောင်ကျခြင်းခံရပါက ပင်စင်ခံစားခွင့်ကို ရပ်ဆိုင်းထားရမည်။လွတ်မြောက်လာပါက ပြန်လည်ခွင့်ပြု သော်လည်း ပြစ်ဒဏ်ကျ ကာလအတွက် ပင်စင်လစာ ခွင့်မပြု။

ဘဏ္ဍာရေးဝန်ကြီးဌာနက သတ်မှတ်ခွင့်ပြုထားသည့် နှုန်းထားအတိုင်း တစ်လုံးတစ်ခဲတည်း ပင်စင်အဖြစ် လဲလှယ်ခွင့်ရှိ။

ပင်စင်နှင့် လုပ်သက်ဆုငွေတွက်နည်းကို ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်် အမိန့်ထုတ်ပြန်ခြင်း၊ ပြင်ဆင်ခြင်းပြုနိုင်သည်။

စာရင်းစစ် မှတ်စုများ

Be the first to comment

Leave a Reply

Your email address will not be published.


*