လူတစ္ေယာက္ကိုအဓိကက်႐ူံးေစတဲ့အေၾကာင္းတရားမ်ား(သိထားသင့္တယ္ေနာ္)

လူတစ္ေယာက္ကိုအဓိကက်႐ူံးေစတဲ့အေၾကာင္းတရားမ်ား(သိထားသင့္တယ္ေနာ္)

လူတစ္ေယာက္ကိုအဓိကက်႐ူံးေစတဲ့အေၾကာင္းတရားမ်ား(သိထားသင့္တယ္ေနာ္)

ဟားဗတ္တကၠသိုလ္က သုေတသန တစ္ခုျပဳခဲ့ပါတယ္။
လူတစ္ေယာက္ ကို အဓိက က်႐ူံးေစတဲ့ အေၾကာင္းတရားမ်ားဟာ ေအာက္ပါအတိုင္းျဖစ္ပါတယ္။

၁။ ခ်ီတုံခ်တုံ ျဖစ္ျခင္း ( ၁၃ % )

ဘာကိုမွ ျပတ္ျပတ္သားသား မဆုံးျဖတ္ရဲ၊ ဟိုေယာင္ေယာင္၊ ဒီေယာင္ေယာင္၊ ဟိုဟာလုပ္ရင္ ေကာင္းႏိူးႏိူး၊ ဒီဟာလုပ္ရင္ ေကာင္းႏိူးႏိူးနဲ႔ အခ်ိန္ကုန္ အသက္ႀကီးသြားတဲ့ လူမ်ားတစ္ပုံႀကီးပါ။ မွားမွာေၾကာက္လို႔၊ ဆုံး႐ူံးမွာ ေၾကာက္လို႔ ဆိုတဲ့စိတ္မ်ိဳးဟာ ခ်ီတုံခ်တုံကို ျဖစ္ေပၚ ေစပါတယ္။ ဘယ္အရာမဆို ၁၀၀% ေသခ်ာမွ လုပ္မယ္ဆိုရင္ အခြင့္အေရး အဲဒီေနရာမွာ မရွိေတာ့ပါဘူး။

၂။ အခ်ိန္ဆြဲျခင္း ( ၉%)

လုပ္မယ္၊ လုပ္မယ္၊ မနက္ဖန္စမယ္ ဆိုၿပီး မၿပီးဆုံးႏိုင္တဲ့ မနက္ဖန္ျဖစ္ေနရင္ အလုပ္မျဖစ္ေတာ့ပါဘူး။ ခဏမွလုပ္မယ္။ နက္ဖန္မွ လုပ္မယ္။ ေနာက္တစ္ပတ္မွ စလိုက္မယ္ ဆိုတဲ့ အက်င့္မ်ိဳးဟာ လူတစ္ေယာက္ က်႐ူံးေစတဲ့ အဓိက အေၾကာင္းအရာထဲမွာ ပါပါတယ္။

၃။ ေကာက္႐ိုးမီး အက်င့္ ( ၈%)

ဘာပဲလုပ္လုပ္ အစပဲေကာင္းၿပီး အဆုံးမရွိတာမ်ိဳး၊ စာတစ္အုပ္ဖတ္ေတာ့မယ္လို႔ ေသေသခ်ာခ်ာ ဆုံးျဖတ္ၿပီး ပထမပိုင္း ၁၀ မ်က္နာေတာင္ ၿပီးေအာင္ မဖတ္႐ူ႕ ႏိုင္တဲ့ အက်င့္မ်ိဳး ျဖစ္ပါတယ္။ သိပ္ဝေနၿပီ၊ ဝိတ္ခ်ေတာ့မယ္။ အစတုန္းကေတာ့ ဟုတ္မလိုလိုပဲ၊ ေနာင္ေတာ့ အဖ်ားရႉးသြားတယ္။ ခ်ေလဝေလ ျဖစ္သြားတယ္။ လုပ္ငန္းတစ္ခု စလုပ္တယ္။ အစေတာ့ အားတက္တေရာ၊ စိတ္ေရာကိုယ္ပါ ႀကိဳးစားပါတယ္။ အလုပ္ေတာင္ေကာင္းေကာင္းမျဖစ္ေသးဘူး၊ အဖ်ားရႉးသြားတာမ်ိဳးကို ဆိုလိုပါတယ္။

၄။ သူမ်ားျငင္းဆိုမူကို ေၾကာက္႐ႊံ႕ ျခင္း ( ၇%)

ကိုယ္ခ်စ္မိတဲ့သူ ျငင္းဆိုမွာ ေၾကာက္လို႔ ရည္းစားစကားမေျပာရဲတဲ့လူဟာ ကိုယ္ခ်စ္တဲ့လူ အျခားလူနဲ႔ ညားသြားတဲ့ အခါက်မွ အႀကီးအက်ယ္ အသဲကြဲရတတ္ပါတယ္။ အလုပ္အကိုင္၊ အခြင့္အေရးေတြလည္း ဒီလိုပါပဲ။ ကိုယ္စေတာင္ မစရေသးဘူး၊ သူမ်ားျငင္းဆိုမယ္ဆိုတာကို စိုးရိမ္ေနရင္ ဘယ္ေတာ့မွ မစျဖစ္ေတာ့ပါဘူး။

၅။ မိမိကိုယ္မိမိ ေဘာင္ခတ္ျခင္း ( ၆% )

ဆိုပါစို႔၊ ဒီအလုပ္ဟာ အလုပ္ျဖစ္ႏိုင္တယ္။ လုပ္ကိုင္ဖို႔ အခြင့္အေရး လည္းရွိတယ္။ ဒါေပမဲ့ ကိုယ့္မိသားစုရဲ႕ ဂုဏ္ကို ငွဲ႔လို႔ မလုပ္ျဖစ္တဲ့လူေတြ အမ်ားႀကီးေတြ႕ဖူးပါတယ္။ ဒါ ဂုဏ္ငယ္မွာေၾကာက္လို႔ ကိုယ့္ေဘာင္ကို ကိုယ္ျပန္ခတ္မိတာျဖစ္တယ္။ ဟိုအလုပ္မလုပ္ႏိုင္ဘူး၊ ဘာေၾကာင့္၊ ဒီအလုပ္မလုပ္ခ်င္ဘူး၊ ဘာေၾကာင့္ဆိုၿပီး ကိုယ့္ကိုယ္ကို ေဘာင္ခတ္တာ အမ်ားႀကီးရွိပါေသးတယ္။

၆။ အျဖစ္မွန္ကို ရင္မဆိုင္လိုျခင္း ( ၇%)

လက္ေတြ႕မက်တဲ့လူကို ဆိုလိုတာပါ။ စိတ္ကူးယာဥ္ဆန္လြန္းၿပီး ကိုယ့္စိတ္ကူးယာဥ္ထဲမွာပဲ ေက်နပ္ေနတတ္တဲ့ လူစားမ်ိဳးကို ဆိုလိုတာပါ။ ဘာမဆို အလကားလိုခ်င္တယ္။ အလုပ္ေကာင္းေအာင္ထက္ ကံေကာင္းေအာင္ပဲ အားထုတ္ေနတတ္တယ္။ အခ်ိန္ရွိတိုင္း ထီပဲေပါက္ေနခ်င္တယ္။ ေန႔ခ်င္းညခ်င္း ခ်မ္းသာခ်င္တယ္။

ရ။ ဆင္ေျခမ်ားလြန္းျခင္း ( ၂၂ % )

ဆင္ေျခမ်ားလြန္းျခင္း၊ အေၾကာင္းျပခ်က္မ်ားလြန္းျခင္း ဟာ ဘ၀ဆုံး႐ူံးေစတဲ့ အေၾကာင္းရင္းထဲမွာ ၂၂% ေတာင္ပါ၀င္ပါတယ္။ သူတို႔ဟာ အလုပ္ကို စိတ္ႏွစ္ကိုယ္ႏွစ္ မလုပ္ကိုင္တတ္ပါ။ ဘာပဲအားနည္းခ်က္ေတြ႕ေတြ႕ သူတို႔မွာ အေၾကာင္းျပခ်က္ အျပည့္အစုံ အၿမဲရွိေနတတ္တယ္။ လုပ္ေဖၚကိုင္ဘက္ေၾကာင့္၊ အလုပ္ရွင္ေၾကာင့္၊ ေခတ္စနစ္ေၾကင့္၊ မိဘမ်ားေၾကာင့္၊ သူငယ္ခ်င္းေၾကာင့္၊ အစိုးရ ေၾကာင့္၊ သူတို႔ဆုံး႐ူံးရတယ္လို႔ပဲ သူတို႔ ယူဆၾကပါတယ္။ သူတို႔ကိုသူတို႔ ဘယ္ေသာအခါမွ မစမ္းစစ္ပါ။

၈။ သင္ယူရန္ ျငင္းဆန္ျခင္း ( ၁၁ % )
သင္ယူတယ္ဆိုတာ ပင္ပမ္းရပါတယ္။ အားထုတ္ရပါတယ္။ ဦးေနာက္သုံးရပါတယ္။
သူတို႔ဟာ ဘာပဲလုပ္လုပ္၊ ဘယ္မွာပဲလုပ္လုပ္၊ အလုပ္ကို ၿပီးေအာင္သာလုပ္ပါတယ္။ ၀တ္ေက်တန္းေက် လုပ္ပါတယ္။ အျပစ္တင္လြတ္ေအာင္သာ လုပ္ပါတယ္။ ဘယ္အလုပ္မဆို သင္ယူႏိုင္တဲ့ အခြင့္အေရး ရွိတယ္ဆိုတာ သူတို႔ မသိၾကပါ။ သိရင္လည္း မလုပ္လိုၾကပါ။ အလုပ္အားရင္ သက္ေတာင့္သက္သာနဲ႔ လက္ကိုင္ဖုန္းေဆာ့ေနၾကပါတယ္။ လၻက္ရည္ဆိုင္ထိုင္ၾကပါတယ္။ စကားေျပာေနၾကပါတယ္။

Unicode

လူတစ်ယောက်ကိုအဓိကကျရူံးစေတဲ့အကြောင်းတရားများ(သိထားသင့်တယ်နော်)

ဟားဗတ်တက္ကသိုလ်က သုတေသန တစ်ခုပြုခဲ့ပါတယ်။
လူတစ်ယောက် ကို အဓိက ကျရူံးစေတဲ့ အကြောင်းတရားများဟာ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ ချီတုံချတုံ ဖြစ်ခြင်း ( ၁၃ % )

ဘာကိုမှ ပြတ်ပြတ်သားသား မဆုံးဖြတ်ရဲ၊ ဟိုယောင်ယောင်၊ ဒီယောင်ယောင်၊ ဟိုဟာလုပ်ရင် ကောင်းနိူးနိူး၊ ဒီဟာလုပ်ရင် ကောင်းနိူးနိူးနဲ့ အချိန်ကုန် အသက်ကြီးသွားတဲ့ လူများတစ်ပုံကြီးပါ။ မှားမှာကြောက်လို့၊ ဆုံးရူံးမှာ ကြောက်လို့ ဆိုတဲ့စိတ်မျိုးဟာ ချီတုံချတုံကို ဖြစ်ပေါ် စေပါတယ်။ ဘယ်အရာမဆို ၁၀၀% သေချာမှ လုပ်မယ်ဆိုရင် အခွင့်အရေး အဲဒီနေရာမှာ မရှိတော့ပါဘူး။

၂။ အချိန်ဆွဲခြင်း ( ၉%)

လုပ်မယ်၊ လုပ်မယ်၊ မနက်ဖန်စမယ် ဆိုပြီး မပြီးဆုံးနိုင်တဲ့ မနက်ဖန်ဖြစ်နေရင် အလုပ်မဖြစ်တော့ပါဘူး။ ခဏမှလုပ်မယ်။ နက်ဖန်မှ လုပ်မယ်။ နောက်တစ်ပတ်မှ စလိုက်မယ် ဆိုတဲ့ အကျင့်မျိုးဟာ လူတစ်ယောက် ကျရူံးစေတဲ့ အဓိက အကြောင်းအရာထဲမှာ ပါပါတယ်။

၃။ ကောက်ရိုးမီး အကျင့် ( ၈%)

ဘာပဲလုပ်လုပ် အစပဲကောင်းပြီး အဆုံးမရှိတာမျိုး၊ စာတစ်အုပ်ဖတ်တော့မယ်လို့ သေသေချာချာ ဆုံးဖြတ်ပြီး ပထမပိုင်း ၁၀ မျက်နာတောင် ပြီးအောင် မဖတ်ရူ့ နိုင်တဲ့ အကျင့်မျိုး ဖြစ်ပါတယ်။ သိပ်ဝနေပြီ၊ ဝိတ်ချတော့မယ်။ အစတုန်းကတော့ ဟုတ်မလိုလိုပဲ၊ နောင်တော့ အဖျားရှူးသွားတယ်။ ချလေဝလေ ဖြစ်သွားတယ်။ လုပ်ငန်းတစ်ခု စလုပ်တယ်။ အစတော့ အားတက်တရော၊ စိတ်ရောကိုယ်ပါ ကြိုးစားပါတယ်။ အလုပ်တောင်ကောင်းကောင်းမဖြစ်သေးဘူး၊ အဖျားရှူးသွားတာမျိုးကို ဆိုလိုပါတယ်။

၄။ သူများငြင်းဆိုမူကို ကြောက်ရွှံ့ ခြင်း ( ၇%)

ကိုယ်ချစ်မိတဲ့သူ ငြင်းဆိုမှာ ကြောက်လို့ ရည်းစားစကားမပြောရဲတဲ့လူဟာ ကိုယ်ချစ်တဲ့လူ အခြားလူနဲ့ ညားသွားတဲ့ အခါကျမှ အကြီးအကျယ် အသဲကွဲရတတ်ပါတယ်။ အလုပ်အကိုင်၊ အခွင့်အရေးတွေလည်း ဒီလိုပါပဲ။ ကိုယ်စတောင် မစရသေးဘူး၊ သူများငြင်းဆိုမယ်ဆိုတာကို စိုးရိမ်နေရင် ဘယ်တော့မှ မစဖြစ်တော့ပါဘူး။

၅။ မိမိကိုယ်မိမိ ဘောင်ခတ်ခြင်း ( ၆% )

ဆိုပါစို့၊ ဒီအလုပ်ဟာ အလုပ်ဖြစ်နိုင်တယ်။ လုပ်ကိုင်ဖို့ အခွင့်အရေး လည်းရှိတယ်။ ဒါပေမဲ့ ကိုယ့်မိသားစုရဲ့ ဂုဏ်ကို ငှဲ့လို့ မလုပ်ဖြစ်တဲ့လူတွေ အများကြီးတွေ့ဖူးပါတယ်။ ဒါ ဂုဏ်ငယ်မှာကြောက်လို့ ကိုယ့်ဘောင်ကို ကိုယ်ပြန်ခတ်မိတာဖြစ်တယ်။ ဟိုအလုပ်မလုပ်နိုင်ဘူး၊ ဘာကြောင့်၊ ဒီအလုပ်မလုပ်ချင်ဘူး၊ ဘာကြောင့်ဆိုပြီး ကိုယ့်ကိုယ်ကို ဘောင်ခတ်တာ အများကြီးရှိပါသေးတယ်။

၆။ အဖြစ်မှန်ကို ရင်မဆိုင်လိုခြင်း ( ၇%)

လက်တွေ့မကျတဲ့လူကို ဆိုလိုတာပါ။ စိတ်ကူးယာဉ်ဆန်လွန်းပြီး ကိုယ့်စိတ်ကူးယာဉ်ထဲမှာပဲ ကျေနပ်နေတတ်တဲ့ လူစားမျိုးကို ဆိုလိုတာပါ။ ဘာမဆို အလကားလိုချင်တယ်။ အလုပ်ကောင်းအောင်ထက် ကံကောင်းအောင်ပဲ အားထုတ်နေတတ်တယ်။ အချိန်ရှိတိုင်း ထီပဲပေါက်နေချင်တယ်။ နေ့ချင်းညချင်း ချမ်းသာချင်တယ်။

ရ။ ဆင်ခြေများလွန်းခြင်း ( ၂၂ % )

ဆင်ခြေများလွန်းခြင်း၊ အကြောင်းပြချက်များလွန်းခြင်း ဟာ ဘဝဆုံးရူံးစေတဲ့ အကြောင်းရင်းထဲမှာ ၂၂% တောင်ပါဝင်ပါတယ်။ သူတို့ဟာ အလုပ်ကို စိတ်နှစ်ကိုယ်နှစ် မလုပ်ကိုင်တတ်ပါ။ ဘာပဲအားနည်းချက်တွေ့တွေ့ သူတို့မှာ အကြောင်းပြချက် အပြည့်အစုံ အမြဲရှိနေတတ်တယ်။ လုပ်ဖေါ်ကိုင်ဘက်ကြောင့်၊ အလုပ်ရှင်ကြောင့်၊ ခေတ်စနစ်ကြေင့်၊ မိဘများကြောင့်၊ သူငယ်ချင်းကြောင့်၊ အစိုးရ ကြောင့်၊ သူတို့ဆုံးရူံးရတယ်လို့ပဲ သူတို့ ယူဆကြပါတယ်။ သူတို့ကိုသူတို့ ဘယ်သောအခါမှ မစမ်းစစ်ပါ။

၈။ သင်ယူရန် ငြင်းဆန်ခြင်း ( ၁၁ % )
သင်ယူတယ်ဆိုတာ ပင်ပမ်းရပါတယ်။ အားထုတ်ရပါတယ်။ ဦးနောက်သုံးရပါတယ်။
သူတို့ဟာ ဘာပဲလုပ်လုပ်၊ ဘယ်မှာပဲလုပ်လုပ်၊ အလုပ်ကို ပြီးအောင်သာလုပ်ပါတယ်။ ဝတ်ကျေတန်းကျေ လုပ်ပါတယ်။ အပြစ်တင်လွတ်အောင်သာ လုပ်ပါတယ်။ ဘယ်အလုပ်မဆို သင်ယူနိုင်တဲ့ အခွင့်အရေး ရှိတယ်ဆိုတာ သူတို့ မသိကြပါ။ သိရင်လည်း မလုပ်လိုကြပါ။ အလုပ်အားရင် သက်တောင့်သက်သာနဲ့ လက်ကိုင်ဖုန်းဆော့နေကြပါတယ်။ လ္ဘက်ရည်ဆိုင်ထိုင်ကြပါတယ်။ စကားပြောနေကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*