








Unicode

သားဖြစ်သူကို ဘွဲ့ရပညာတတ်ဖြစ်အောင် လုပ်ပေးနိုင် ခဲ့ တဲ့ လေးစားစရာကောင်းတဲ့ လက်တစ်ဖက်မရှိတဲ့ ဒုက္ခိတ ဖခင်

အ ဖေ ဆိုတာ ကိုယ့်သွေးသားဖြစ်သူ သားသမီး တွေကို အကောင်းဆုံး နေရာမှာ နေနိုင်ဖို့အတွက် တစ် ဘ ဝလုံးအချိန်ကုန်ပစေ စွန့်လွှတ် အနစ်နာခံ နိုင် သူပါ။

သားသမီးတွေ ရဲ့ဘဝမှာ အ ဖေ ဆိုတာ သူတို့ရဲ့ စူပါဟီးရိုး တစ်ယောက်လို့ ပြောရလောက်အောင် အရွယ်ရောက်လာ တဲ့ အချိန်ထိ ကိုယ့်ကိုကိုယ် ရပ်တည် နိုင်အောင် ခွန်အား တွပေး နိုင် ခဲ့ သူတွေပဲဖြစ်ပါတယ်။

လတ်တလော လူမှု ကွန်ယက် မှာ ဆို ရင် လည်း လက်တစ်ဖက်တည်း ရှိတဲ့ ဖခင်တစ်ယောက် ဟာ သူ့ရဲ့သားဖြစ်သူကို အလုပ်တွေ အရမ်းကြိုးစားလုပ်ပြီး ဘွဲ့ရအောင် ကျောင်းထားပေးနိုင် ခဲ့တဲ့ ဖြစ်ရပ်လေး ဟာ လူစိတ်ဝင်စားမှု မြင့်တက်နေတာ တွေ့ရ ပါ တယ်။

ဖခင်ဖြစ်သူ အမျိုးသားအနေ နဲ့ဆိုရင် အခုလို ကျောင်းစရိတ်တွေ ကြီးမားလှတဲ့ ခေတ်ကြီးထဲမှာ ဒုက္ခိတစ်ယောက် ဆိုပေမယ့် ရရာအလုပ်ကို ကြိုးစားလုပ်ကိုင်ပြီး သားဖြစ်သူ ကို ကျောင်းထားကျွေးမွေးလာခဲ့တဲ့ သူ့ရဲ့မေတ္တာတရား က အင်မတန်ကိုကြီးမားလှပါတယ်။

သားဖြစ်သူ ကိုယ်တိုင်ကလည်း ဘွဲ့ရပြီးနောက် မဖြစ်နိုင်တာ ကို ဖြစ်အောင်လုပ်ခဲ့တဲ့ သူ့ဘဝရဲ့တစ်ဦးတည်းသော လူစွမ်းကောင်း ဖခင်ဖြစ်သူကို မြေကြီး မှာ ပြားပြားဝပ် ရှိခိုး ကန်တော့နေတဲ့ပုံ ဟာ အင်တာနက်မှာ ပြန့် သွားခဲ့ပါတယ်။

ပြီးနောက် လူအများအပြား ဟာ ဝမ်းနည်းပီတိဖြစ်စွာနဲ့ အဆိုပါပုံကို ဆက်လက် မျှ ဝေ ခဲ့ ကြပါတယ်။ သားသမီးဖြစ်သူတိုင်း ဟာ သူတို့ဘဝကို အကောင်းဆုံး ဖြစ်အောင် ပံ့ပိုးပေးနေတဲ့ ဖခင်ဖြစ်သူကို တန်ဖိုးထား လေးစားဆက်ဆံသင့်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*