






“သ” ယာဉ်မောင်းလိုင်စင်


“က” ယာဉ်မောင်းလိုင်စင်


“ခ” ယာဉ်မောင်းလိုင်စင်




“ဃ” ယာဉ်မောင်းလိုင်စင်


“င” ယာဉ်မောင်းလိုင်စင်




“စ” စပယ်ယာလိုင်စင်





Unicode

ယာဉ်မောင်းလိုင်စင်”သ”၊ “က”၊ “ခ” ၊“ဃ”၊ “င” တို့ကို လိုင်စင်သက်တမ်းတိုးမယ်ဆိုရင် ဘယ်လောက်ကုန်မလဲ…

ယာဉ်မောင်းလိုင်စင်”သ” “က” “ခ” “ဃ” “င” တို့ကို လိုင်စင်သက်တမ်းတိုးမယ်ဆို ဘယ်လောက်ကုန်မလဲပြောကြမယ်…။

သူငယ်ချင်းရေ… မင်းကိုင်ထားတဲ့ ယာဉ်မောင်းလိုင်စင်ဟာ ”သ” ၊“က” ၊“ခ” ၊“ဂ”၊ “ဃ”၊ “င”၊ “ဟ”၊ “စ” ဘယ်ဟာပဲ ဖြစ်ဖြစ်ပေါ့… အဲ့ဒီ လိုင်စင် တစ်ခုခု သက်တမ်း တိုးမယ်ဆို ဘယ်လောက်ကုန်မလဲသိလား….

တချို့က အများကြီး ကုန်တယ်လို့ ပြောပြောနေကြလို့ မင်းနဲ့ အတူ အားလုံးသိအောင် ပြောပြမလို့သူငယ်ချင်း… ယာဉ်မောင်းလိုင်စင်

တစ်ခုချင်းစီ အတွက် သက်တမ်းတိုးလို့ ကုန်ကျမည့်ငွေကို ဒီလိုလေး နားရှင်းအောင် ပြောပြပါရစေသူငယ်ချင်း…။

“သ” ယာဉ်မောင်းလိုင်စင်

သက်တမ်းတိုးခ = ၃၀၀၀ ကျပ်၊ အာမခံကြေး = ၂၅၀၀ ကျပ်၊ စုစုပေါင်း = ၅၅၀၀ ကျပ်။

“က” ယာဉ်မောင်းလိုင်စင်

သက်တမ်းတိုးခ = ၁၂၀၀၀ ကျပ်၊ အာမခံကြေး = ၅၅၀၀ ကျပ်၊ စုစုပေါင်း = ၁၇၅၀၀ ကျပ်

“ခ” ယာဉ်မောင်းလိုင်စင်

သက်တမ်းတိုးခ = ၅၀၀၀၀ ကျပ်၊ အာမခံကြေး = ၅၅၀၀ ကျပ်၊ စုစုပေါင်း = ၅၅၅၀၀ ကျပ်

“ဂ” “ဌ” ယာဉ်မောင်းလိုင်စင်

သက်တမ်းတိုးခ = ၆၀၀၀၀ ကျပ်၊ အာမခံကြေး = ၆၅၀၀ ကျပ်၊ စုစုပေါင်း = ၆၆၅၀၀ ကျပ်

“ဃ” ယာဉ်မောင်းလိုင်စင်

သက်တမ်းတိုးခ = ၆၀၀၀၀ ကျပ်၊ အာမခံကြေး = ၆၅၀၀ ကျပ်၊ စုစုပေါင်း = ၆၆၅၀၀ ကျပ်

“င” ယာဉ်မောင်းလိုင်စင်

သက်တမ်းတိုးခ = ၇၅၀၀၀ ကျပ်၊ အာမခံကြေး = ၆၅၀၀ ကျပ်၊ စုစုပေါင်း = ၈၁၅၀၀ ကျပ်

“ဟ” ယာဉ်မောင်းလိုင်စင်(သုံးဘီးမောင်းလိုင်စင်)

သက်တမ်းတိုးခ = ၃၀၀၀၀ ကျပ်၊အာမခံကြေး = ၅၅၀၀ ကျပ်၊ စုစုပေါင်း = ၃၅၅၀၀ ကျပ်

“စ” စပယ်ယာလိုင်စင်

သက်တမ်းတိုးခ = ၁၅၀၀၀ ကျပ်၊ အာမခံကြေး = ၅၅၀၀ ကျပ်၊ စုစုပေါင်း = ၂၅၀၀၀ ကျပ်

မှတ်ချက်တော့ ရှိတယ်နော်… သက်တမ်း မကုန်ခင် သက်တမ်းတိုးမှ ဒီလိုကုန်ကျမှာ။ သက်တမ်းကုန်တဲ့ လိုင်စင် ဆိုရင်တော့… သက်တမ်းကုန်တဲ့ ဒဏ်ကြေးပါ ပေးရမှာ။ သက်တမ်းကလဲ ရက်ပေါင်း (၆၀) ကြိုတင် တိုးလို့ရတယ်ဆိုတာလဲ မမေ့နဲ့အုံး။

ကဲ သိပြီနော်… အခြားသူငယ်ချင်းတွေနဲ့ ယာဉ်အသုံးပြုသူတွေ မသိသေးဘူးဆိုရင်လဲ ပြောပြလိုက်ပါအုံး သူငယ်ချင်း။

ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*