ျခသတၱဝါေတြရဲ႕ စိတ္ဝင္စားဖို႔ေကာင္းတဲ့ ထူးျခားခ်က္မ်ား

ျခသတၱဝါေတြရဲ႕ စိတ္ဝင္စားဖို႔ေကာင္းတဲ့ ထူးျခားခ်က္မ်ား
ျခသတၱဝါေတြရဲ႕ စိတ္ဝင္စားဖို႔ေကာင္းတဲ့ ထူးျခားခ်က္မ်ား

ျခသတၱဝါေတြရဲ႕ စိတ္ဝင္စားဖို႔ေကာင္းတဲ့ ထူးျခားခ်က္မ်ား

လူေတြကို တေျမ့ေျမ့နဲ႔ ဒုကၡေပးတဲ့ သတၱဝါေတြထဲမွာ ျခဆိုတဲ့သတၱဝါလည္းပါပါတယ္။ ျခေတြေၾကာင့္ အိမ္ေတြ၊ အဖိုးတန္ ပရိေဘာဂပစၥည္းေတြ၊ အေရးႀကီးစာ႐ြက္စာတမ္းေတြပ်က္စီးသြားရတယ္ေလ။ ဒါေၾကာင့္

ျခဟူသမွ်အမုန္း ခံၾကရပါတယ္။ ဒါေပမဲ့ ျခနဲ႔ပတ္သက္လို႔ စိတ္ဝင္စားစရာ အခ်က္အလက္ေတြအမ်ားႀကီး ရွိပါတယ္။ အဖ်က္အေမွာင့္ပိုးမႊားလို႔ လူေတြယူဆထားတဲ့ ျခမွာ

သဘာဝပတ္ဝန္းက်င္ႀကီးကို ေကာင္းက်ိဳးျပဳတဲ့အခ်က္ေတြလည္း ရွိေနျပန္ပါတယ္။ ဒါေၾကာင့္ ဒီလိုစိတ္ဝင္စားစရာေကာင္းတဲ့ အခ်က္ေတြကို ေလ့လာၾကည့္လိုက္ၾကရေအာင္ပါ။

ျခေတြဟာ တစ္စက္ကေလးမွ မအိပ္ဘဲ အလုပ္လုပ္ၾကပါတယ္

ဟုတ္ပါတယ္… ျခေတြဟာ အသက္ရွိေနတဲ့ကာလပတ္လုံး တစ္စက္ကေလးမွမအိပ္ဘဲ တရစပ္ အလုပ္လုပ္ႏိုင္စြမ္းရွိပါတယ္။ လူသားေတြ အမုန္းႀကီးမုန္းၾကတဲ့ျခဆိုတဲ့ သတၱဝါေတြဟာ

အင္မတန္ကို အလုပ္ႀကိဳးစားၿပီး တစ္စက္ကေလးမွအအား မေနတတ္ၾကတဲ့ သတၱဝါေတြ ျဖစ္ေနပါတယ္။ သူတို႔ဟာ တစ္ပတ္မွာခုနစ္ရက္လုံး၊ တစ္ရက္မွာ ၂၄ နာရီလုံး တရစပ္ အလုပ္လုပ္ပါတယ္။

သူတို႔ရဲ႕အလုပ္ေတြကေတာ့ လိုဏ္ေခါင္းေသးေသးေလးေတြလုပ္တာ၊ တြင္းေတြ ေဖာက္တာ၊အိမ္ေဆာက္တာ စတာေတြပါပဲ။ ျခေတြမွာ အမ်ားစုက ျခလုပ္သားေတြျဖစ္ၿပီး

သူတို႔သက္တမ္းက တစ္ႏွစ္၊ ႏွစ္ႏွစ္ ရွိပါတယ္။ အဲဒီ တစ္ႏွစ္၊ ႏွစ္ႏွစ္လုံး လုံးဝမအိပ္ဘဲအလုပ္ခ်ည္းပဲ ဆက္တိုက္ မနားမေန လုပ္ၾကပါသတဲ့။

ကမာၻေပၚမွာ ျခေတြေပၚလာတာ ဒိုင္ႏိုေဆာထက္ေတာင္ေစာပါတယ္

ျခအမ်ားစုရဲ႕သက္တမ္းက တစ္ႏွစ္၊ ႏွစ္ႏွစ္ပဲ ဆိုေပမယ့္ သူတို႔ေပၚေနတာဟိုးေရွးပေဝသဏီကတည္းကပါ။ သူတို႔ေတြေပၚေနတာ ဘယ္ေလာက္ေတာင္ၾကာၿပီလဲဆိုတာ ျမင္သာေအာင္ေျပာရရင္

ဒိုင္ႏိုေဆာေတြထက္ေတာင္ေစာပါတယ္။ဒိုင္ႏိုေဆာေတြေပၚတာ ႏွစ္ သန္းေပါင္း ၂၃၀ ေလာက္က ျဖစ္ၿပီး ျခေတြေပၚတာကေတာ့ႏွစ္ သန္းေပါင္း (၂၅ဝ)ေလာက္က ျဖစ္ပါသတဲ့။

ျခစစ္သားေတြနဲ႔ ျခလုပ္သားေတြဟာ မ်က္စိမျမင္ရပါဘူး

ျခမွာျခဘုရင္နဲ႔ ျခဘုရင္မ၊ ျခစစ္သားနဲ႔ ျခလုပ္သားဆိုၿပီး သုံးမ်ိဳးရွိပါတယ္။ ျခဘုရင္နဲ႔ ျခဘုရင္မက အေတာင္ပံေတြ ရွိၿပီး မ်က္စိလည္းျမင္ရေပမယ့္ က်န္တဲ့ျခေတြကေတာ့ ေမြးကတည္းက အေတာင္ပံမပါသလို

မ်က္စိလည္း မျမင္ရပါဘူး။ ဒါေပမဲ့ အျမင္အာ႐ုံမရွိလည္း သူတို႔ကေကာင္းေကာင္းႀကီး အလုပ္လုပ္ႏိုင္ပါတယ္။သူတို႔ေတြက ေမွာင္မိုက္စိုစြတ္တဲ့ေနရာေတြမွာခ်ည္းပဲ တစ္သက္လုံး ေနေနရတာဆိုေတာ့ မျမင္ရလည္း ကိစၥ မရွိဘူးေပါ့။

သူတို႔ေတြက ဖ႐ိုမုန္းစ္( Pheromones ) လို႔ ေခၚတဲ့ အထူးဓာတုအနံ႔တစ္မ်ိဳးနဲ႔ တစ္ေကာင္နဲ႔တစ္ေကာင္ ဆက္သြယ္ၾကပါတယ္။ သူတို႔ရင္ဘတ္မွာအထူးဂလန္း ( glands ) ေတြရွိၿပီး

သူတို႔သြားရာ လမ္းတစ္ေလွ်ာက္မွာအဲဒီကေန အနံ႔လမ္းေၾကာင္း ခ်န္ထားခဲ့ၿပီး ေနာက္က အေကာင္ေတြက အဲဒီအနံ႔အတိုင္း လိုက္လာၾကတာပါ။

ျခဘုရင္မဟာ တစ္ႏွစ္ကို ဥေပါင္းသန္းေပါင္းမ်ားစြာ ဥႏိုင္ပါတယ္

ျခအသိုက္အၿမဳံႀကီးေတြကို ျခဘုရင္နဲ႔ျခဘုရင္မက တည္ေထာင္တာပါ။ျခအသိုက္အၿမဳံႀကီးမွာ မ်ိဳးပြားႏိုင္စြမ္းရွိတာဆိုလို႔ သူတို႔ႏွစ္ေကာင္ပဲရွိပါတယ္။ ျခဘုရင္မဟာ တစ္ႏွစ္ကို ဥေပါင္း သန္းေပါင္းမ်ားစြာ ဥႏိုင္တဲ့အတြက္

ျခအသိုက္ အၿမဳံတစ္ခုမွာ ဘုရင္နဲ႔ဘုရင္မတစ္တြဲပဲ ရွိတယ္ဆိုရင္ေတာင္ လုံေလာက္ေနပါၿပီ။ ျခဘုရင္မဟာ တစ္ေန႔တည္းမွာတင္ ဥေပါင္း (၃ဝဝဝဝ) အထိ ဥႏိုင္တယ္ေလ။ဒါေပမဲ့ ဥတိုင္းေတာ့ အဖတ္မတင္ဘူးေပါ့။ မဟုတ္ရင္ တစ္ကမာၻလုံးမွာျခေတြခ်ည္းပဲ ျဖစ္ေနေတာ့မွာပါ။ ၿပီးေတာ့

အေကာင္ေသးေသး ပိုးမႊားေလးသာျဖစ္ေနေပမယ့္ျခဘုရင္မရဲ႕ သက္ တမ္းဟာ ဆယ္ႏွစ္ေကာင္းေကာင္းေက်ာ္ပါသတဲ့။ ျခဘုရင္မေတြဟာ မိတ္လိုက္ၿပီးတာနဲ႔ ဥဥဖို႔ခ်ည္းပဲ အဓိက လုပ္ပါေတာ့တယ္။ ဘုရင္မဟာ သီးသန႔္အခန္းထဲမွာေနၿပီး

ေမြးကင္းစ သားေလာင္းေလးေတြကို ေစာင့္ေရွာက္တယ္၊ မိတ္လိုက္တယ္၊ ဥဥပါတယ္။ ျခဘုရင္နဲ႔ ျခဘုရင္မဟာ ဖ႐ိုမုန္းစ္( Pheromones ) ဓာတ္ေတြလည္းထုတ္လႊတ္ပါတယ္။ သူတို႔က သားေလာင္းေလးေတြကို

ဖ႐ိုမုန္းစ္ဓာတ္ပါတဲ့သူတို႔ မစင္ေတြ ေကြၽးပါတယ္။ ျခသားေလာင္းေတြထဲမွာ ဘယ္ေလာက္မ်ားမ်ားကျခစစ္သား ျဖစ္မယ္၊ ဘယ္ေလာက္က ျခလုပ္သားျဖစ္မယ္၊ ဘယ္ေလာက္ကျခဘုရင္ေလာင္း၊ ျခဘုရင္မေလာင္းျဖစ္မယ္ဆိုတာေတြကို ဖ႐ိုမုန္းစ္ဓာတ္က ဆုံးျဖတ္ေပးတာပါ။

ျခကို စားလို႔ရပါတယ္

ဟုတ္ပါတယ္။ ျခေတြက စားလို႔ရပါတယ္။ တခ်ိဳ႕လူေတြက ဖ်ားနာတာသက္သာလာေအာင္ျဖစ္ျဖစ္၊ အာဟာရအ တြက္ပဲျဖစ္ျဖစ္ ျခေတြကို စားပါတယ္။ စင္ကာပူမွာဆိုရင္ ျခဘုရင္မေတြကို ရွားပါး စားေကာင္းေသာက္ဖြယ္လို႔

သတ္ မွတ္ထားၾကပါတယ္။ သူတို႔က ျခေတြကို အစိမ္းလိုက္လည္းစားသလို၊ ဆန္အရက္ထဲမွာျဖစ္ျဖစ္၊ ႐ိုး႐ိုးအရက္ထဲမွာျဖစ္ျဖစ္စိမ္ထားၿပီး စားပါတယ္။ အေမဇုန္ေတာထဲကတခ်ိဳ႕လူေတြဆိုရင္ ေခ်ာင္းဆိုးေပ်ာက္ေအာင္ဆိုၿပီး ျခစြပ္ျပဳတ္လုပ္စားပါသတဲ့။

ျခနဲ႔ ပု႐ြက္ဆိတ္ဟာ မဟာရန္သူႀကီးေတြပါ

ပု႐ြက္ဆိတ္ဟာ ျခကို စားတဲ့အတြက္ ျခရဲ႕ မဟာရန္သူႀကီးျဖစ္ပါသတဲ့။ဒါေၾကာင့္ တခ်ိဳ႕ ပိုးမႊားႏွိမ္နင္းေရးကုမၸဏီေတြဟာ ျခႏွိမ္နင္းတဲ့ေနရာမွာျခရဲ႕ သဘာဝရန္သူႀကီးျဖစ္တဲ့ ပု႐ြက္ဆိတ္ကို အသုံးခ်ပါသတဲ့။ ဒါေၾကာင့္

ကိုယ့္ၿခံထဲမွာ ပု႐ြတ္ဆိတ္အိမ္ႀကီးေတြ႕တယ္ဆိုရင္ ျခအိမ္ႀကီးေတြ႕ဖို႔ကေတာ့ ျဖစ္ႏိုင္ေျခ နည္းသြားပါလိမ့္မယ္။ ျခေၾကာင့္ ဒုကၡမ်ားေနရတယ္ဆိုရင္ပု႐ြက္ဆိတ္ေတြကို အိမ္ထဲဖိတ္ေခၚၾကည့္လိုက္ပါ။

ဒါေပမဲ့ ပု႐ြက္ဆိတ္ေတြသိပ္မ်ားလြန္းသြားရင္လည္း ေကာင္းက်ိဳးထက္ ဆိုးက်ိဳးက ပိုမ်ားသြားႏိုင္တယ္ေနာ္။

ျခက သဘာဝပတ္ဝန္းက်င္ႀကီးအတြက္ အရမ္းကိုမွအေရးႀကီးပါတယ္

အိမ္မွာ ျခတက္ေနရင္သာ သိပ္စိတ္ညစ္ဖို႔ေကာင္းေပမယ့္ တကယ္ေတာ့ျခဟာ ေဂဟစနစ္ႀကီးအတြက္ အရမ္းကိုမွ အေရးႀကီးပါတယ္။ သူတို႔ကသစ္သားေတြကို စားေသာက္ဖ်က္ဆီးပစ္တတ္သလို

ျမန္ျမန္မပ်က္စီးလြယ္တဲ့အရာဝတၳဳေတြကိုလည္း အျမန္ေဆြးေျမ့ပ်က္စီးသြားေအာင္ လုပ္ေပးတယ္ေလ။ သဘာဝေတာ႐ိုင္းထဲမွာ အေၾကာင္းအ မ်ိဳးမ်ိဳးေၾကာင့္ လဲက်သြားတဲ့သစ္ပင္ႀကီးေတြကို သူတို႔က စားပစ္လိုက္ေတာ့ ျမန္ျမန္ေဆြးေျမ့ပ်က္စီးသြားၿပီး

ေျမၾသဇာျဖစ္သြားေတာ့တာ ေပါ့။ ဒါေၾကာင့္ သစ္ေတာႀကီးေတြကို စိမ္းလန္းစိုေျပ ႀကီးထြားေအာင္ လုပ္ေပးေနတဲ့ အင္းဆက္ပိုးမႊားေတြထဲမွာ ျခေတြလည္း ပါေနတာပါ။ ၿပီးေတာ့ သူတို႔ေတြ တြင္းတူးလိုက္၊ လိုဏ္ေခါင္းေလးေတြေဖာက္လိုက္ လုပ္ေနေတာ့

ဒါဟာလည္းေျမႀကီးကိုမြေနေစၿပီး အပင္ေတြအတြက္ ေကာင္းပါတယ္။ ျခေတြသာ လူေနအိမ္ထဲဝင္မလာဘဲ သူ႔ဘာသာသူ အျပင္ဘက္မွာ၊ ေတာ႐ိုင္းသဘာဝထဲမွာ ေနမယ္ဆိုရင္သူတို႔ဟာ အင္မတန္ ေကာင္းက်ိဳးေပးတဲ့ သတၱဝါပါ။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။

Unicode

ခြသတ္တဝါတွေရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ထူးခြားချက်များ

လူတွေကို တမြေ့မြေ့နဲ့ ဒုက္ခပေးတဲ့ သတ္တဝါတွေထဲမှာ ခြဆိုတဲ့သတ္တဝါလည်းပါပါတယ်။ ခြတွေကြောင့် အိမ်တွေ၊ အဖိုးတန် ပရိဘောဂပစ္စည်းတွေ၊ အရေးကြီးစာရွက်စာတမ်းတွေပျက်စီးသွားရတယ်လေ။ ဒါကြောင့်

ခြဟူသမျှအမုန်း ခံကြရပါတယ်။ ဒါပေမဲ့ ခြနဲ့ပတ်သက်လို့ စိတ်ဝင်စားစရာ အချက်အလက်တွေအများကြီး ရှိပါတယ်။ အဖျက်အမှောင့်ပိုးမွှားလို့ လူတွေယူဆထားတဲ့ ခြမှာ

သဘာဝပတ်ဝန်းကျင်ကြီးကို ကောင်းကျိုးပြုတဲ့အချက်တွေလည်း ရှိနေပြန်ပါတယ်။ ဒါကြောင့် ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ အချက်တွေကို လေ့လာကြည့်လိုက်ကြရအောင်ပါ။

ခြတွေဟာ တစ်စက်ကလေးမှ မအိပ်ဘဲ အလုပ်လုပ်ကြပါတယ်

ဟုတ်ပါတယ်… ခြတွေဟာ အသက်ရှိနေတဲ့ကာလပတ်လုံး တစ်စက်ကလေးမှမအိပ်ဘဲ တရစပ် အလုပ်လုပ်နိုင်စွမ်းရှိပါတယ်။ လူသားတွေ အမုန်းကြီးမုန်းကြတဲ့ခြဆိုတဲ့ သတ္တဝါတွေဟာ

အင်မတန်ကို အလုပ်ကြိုးစားပြီး တစ်စက်ကလေးမှအအား မနေတတ်ကြတဲ့ သတ္တဝါတွေ ဖြစ်နေပါတယ်။ သူတို့ဟာ တစ်ပတ်မှာခုနစ်ရက်လုံး၊ တစ်ရက်မှာ ၂၄ နာရီလုံး တရစပ် အလုပ်လုပ်ပါတယ်။

သူတို့ရဲ့အလုပ်တွေကတော့ လိုဏ်ခေါင်းသေးသေးလေးတွေလုပ်တာ၊ တွင်းတွေ ဖောက်တာ၊အိမ်ဆောက်တာ စတာတွေပါပဲ။ ခြတွေမှာ အများစုက ခြလုပ်သားတွေဖြစ်ပြီး

သူတို့သက်တမ်းက တစ်နှစ်၊ နှစ်နှစ် ရှိပါတယ်။ အဲဒီ တစ်နှစ်၊ နှစ်နှစ်လုံး လုံးဝမအိပ်ဘဲအလုပ်ချည်းပဲ ဆက်တိုက် မနားမနေ လုပ်ကြပါသတဲ့။

ကမ္ဘာပေါ်မှာ ခြတွေပေါ်လာတာ ဒိုင်နိုဆောထက်တောင်စောပါတယ်

ခြအများစုရဲ့သက်တမ်းက တစ်နှစ်၊ နှစ်နှစ်ပဲ ဆိုပေမယ့် သူတို့ပေါ်နေတာဟိုးရှေးပဝေသဏီကတည်းကပါ။ သူတို့တွေပေါ်နေတာ ဘယ်လောက်တောင်ကြာပြီလဲဆိုတာ မြင်သာအောင်ပြောရရင်

ဒိုင်နိုဆောတွေထက်တောင်စောပါတယ်။ဒိုင်နိုဆောတွေပေါ်တာ နှစ် သန်းပေါင်း ၂၃၀ လောက်က ဖြစ်ပြီး ခြတွေပေါ်တာကတော့နှစ် သန်းပေါင်း (၂၅ဝ)လောက်က ဖြစ်ပါသတဲ့။

ခြစစ်သားတွေနဲ့ ခြလုပ်သားတွေဟာ မျက်စိမမြင်ရပါဘူး

ခြမှာခြဘုရင်နဲ့ ခြဘုရင်မ၊ ခြစစ်သားနဲ့ ခြလုပ်သားဆိုပြီး သုံးမျိုးရှိပါတယ်။ ခြဘုရင်နဲ့ ခြဘုရင်မက အတောင်ပံတွေ ရှိပြီး မျက်စိလည်းမြင်ရပေမယ့် ကျန်တဲ့ခြတွေကတော့ မွေးကတည်းက အတောင်ပံမပါသလို

မျက်စိလည်း မမြင်ရပါဘူး။ ဒါပေမဲ့ အမြင်အာရုံမရှိလည်း သူတို့ကကောင်းကောင်းကြီး အလုပ်လုပ်နိုင်ပါတယ်။သူတို့တွေက မှောင်မိုက်စိုစွတ်တဲ့နေရာတွေမှာချည်းပဲ တစ်သက်လုံး နေနေရတာဆိုတော့ မမြင်ရလည်း ကိစ္စ မရှိဘူးပေါ့။

သူတို့တွေက ဖရိုမုန်းစ်( Pheromones ) လို့ ခေါ်တဲ့ အထူးဓာတုအနံ့တစ်မျိုးနဲ့ တစ်ကောင်နဲ့တစ်ကောင် ဆက်သွယ်ကြပါတယ်။ သူတို့ရင်ဘတ်မှာအထူးဂလန်း ( glands ) တွေရှိပြီး

သူတို့သွားရာ လမ်းတစ်လျှောက်မှာအဲဒီကနေ အနံ့လမ်းကြောင်း ချန်ထားခဲ့ပြီး နောက်က အကောင်တွေက အဲဒီအနံ့အတိုင်း လိုက်လာကြတာပါ။

ခြဘုရင်မဟာ တစ်နှစ်ကို ဥပေါင်းသန်းပေါင်းများစွာ ဥနိုင်ပါတယ်

ခြအသိုက်အမြုံကြီးတွေကို ခြဘုရင်နဲ့ခြဘုရင်မက တည်ထောင်တာပါ။ခြအသိုက်အမြုံကြီးမှာ မျိုးပွားနိုင်စွမ်းရှိတာဆိုလို့ သူတို့နှစ်ကောင်ပဲရှိပါတယ်။ ခြဘုရင်မဟာ တစ်နှစ်ကို ဥပေါင်း သန်းပေါင်းများစွာ ဥနိုင်တဲ့အတွက်

ခြအသိုက် အမြုံတစ်ခုမှာ ဘုရင်နဲ့ဘုရင်မတစ်တွဲပဲ ရှိတယ်ဆိုရင်တောင် လုံလောက်နေပါပြီ။ ခြဘုရင်မဟာ တစ်နေ့တည်းမှာတင် ဥပေါင်း (၃ဝဝဝဝ) အထိ ဥနိုင်တယ်လေ။ဒါပေမဲ့ ဥတိုင်းတော့ အဖတ်မတင်ဘူးပေါ့။ မဟုတ်ရင် တစ်ကမ္ဘာလုံးမှာခြတွေချည်းပဲ ဖြစ်နေတော့မှာပါ။ ပြီးတော့

အကောင်သေးသေး ပိုးမွှားလေးသာဖြစ်နေပေမယ့်ခြဘုရင်မရဲ့ သက် တမ်းဟာ ဆယ်နှစ်ကောင်းကောင်းကျော်ပါသတဲ့။ ခြဘုရင်မတွေဟာ မိတ်လိုက်ပြီးတာနဲ့ ဥဥဖို့ချည်းပဲ အဓိက လုပ်ပါတော့တယ်။ ဘုရင်မဟာ သီးသန့်အခန်းထဲမှာနေပြီး

မွေးကင်းစ သားလောင်းလေးတွေကို စောင့်ရှောက်တယ်၊ မိတ်လိုက်တယ်၊ ဥဥပါတယ်။ ခြဘုရင်နဲ့ ခြဘုရင်မဟာ ဖရိုမုန်းစ်( Pheromones ) ဓာတ်တွေလည်းထုတ်လွှတ်ပါတယ်။ သူတို့က သားလောင်းလေးတွေကို

ဖရိုမုန်းစ်ဓာတ်ပါတဲ့သူတို့ မစင်တွေ ကျွေးပါတယ်။ ခြသားလောင်းတွေထဲမှာ ဘယ်လောက်များများကခြစစ်သား ဖြစ်မယ်၊ ဘယ်လောက်က ခြလုပ်သားဖြစ်မယ်၊ ဘယ်လောက်ကခြဘုရင်လောင်း၊ ခြဘုရင်မလောင်းဖြစ်မယ်ဆိုတာတွေကို ဖရိုမုန်းစ်ဓာတ်က ဆုံးဖြတ်ပေးတာပါ။

ခြကို စားလို့ရပါတယ်

ဟုတ်ပါတယ်။ ခြတွေက စားလို့ရပါတယ်။ တချို့လူတွေက ဖျားနာတာသက်သာလာအောင်ဖြစ်ဖြစ်၊ အာဟာရအ တွက်ပဲဖြစ်ဖြစ် ခြတွေကို စားပါတယ်။ စင်ကာပူမှာဆိုရင် ခြဘုရင်မတွေကို ရှားပါး စားကောင်းသောက်ဖွယ်လို့

သတ် မှတ်ထားကြပါတယ်။ သူတို့က ခြတွေကို အစိမ်းလိုက်လည်းစားသလို၊ ဆန်အရက်ထဲမှာဖြစ်ဖြစ်၊ ရိုးရိုးအရက်ထဲမှာဖြစ်ဖြစ်စိမ်ထားပြီး စားပါတယ်။ အမေဇုန်တောထဲကတချို့လူတွေဆိုရင် ချောင်းဆိုးပျောက်အောင်ဆိုပြီး ခြစွပ်ပြုတ်လုပ်စားပါသတဲ့။

ခြနဲ့ ပုရွက်ဆိတ်ဟာ မဟာရန်သူကြီးတွေပါ

ပုရွက်ဆိတ်ဟာ ခြကို စားတဲ့အတွက် ခြရဲ့ မဟာရန်သူကြီးဖြစ်ပါသတဲ့။ဒါကြောင့် တချို့ ပိုးမွှားနှိမ်နင်းရေးကုမ္ပဏီတွေဟာ ခြနှိမ်နင်းတဲ့နေရာမှာခြရဲ့ သဘာဝရန်သူကြီးဖြစ်တဲ့ ပုရွက်ဆိတ်ကို အသုံးချပါသတဲ့။ ဒါကြောင့်

ကိုယ့်ခြံထဲမှာ ပုရွတ်ဆိတ်အိမ်ကြီးတွေ့တယ်ဆိုရင် ခြအိမ်ကြီးတွေ့ဖို့ကတော့ ဖြစ်နိုင်ခြေ နည်းသွားပါလိမ့်မယ်။ ခြကြောင့် ဒုက္ခများနေရတယ်ဆိုရင်ပုရွက်ဆိတ်တွေကို အိမ်ထဲဖိတ်ခေါ်ကြည့်လိုက်ပါ။

ဒါပေမဲ့ ပုရွက်ဆိတ်တွေသိပ်များလွန်းသွားရင်လည်း ကောင်းကျိုးထက် ဆိုးကျိုးက ပိုများသွားနိုင်တယ်နော်။

ခြက သဘာဝပတ်ဝန်းကျင်ကြီးအတွက် အရမ်းကိုမှအရေးကြီးပါတယ်

အိမ်မှာ ခြတက်နေရင်သာ သိပ်စိတ်ညစ်ဖို့ကောင်းပေမယ့် တကယ်တော့ခြဟာ ဂေဟစနစ်ကြီးအတွက် အရမ်းကိုမှ အရေးကြီးပါတယ်။ သူတို့ကသစ်သားတွေကို စားသောက်ဖျက်ဆီးပစ်တတ်သလို

မြန်မြန်မပျက်စီးလွယ်တဲ့အရာဝတ္ထုတွေကိုလည်း အမြန်ဆွေးမြေ့ပျက်စီးသွားအောင် လုပ်ပေးတယ်လေ။ သဘာဝတောရိုင်းထဲမှာ အကြောင်းအ မျိုးမျိုးကြောင့် လဲကျသွားတဲ့သစ်ပင်ကြီးတွေကို သူတို့က စားပစ်လိုက်တော့ မြန်မြန်ဆွေးမြေ့ပျက်စီးသွားပြီး

မြေသြဇာဖြစ်သွားတော့တာ ပေါ့။ ဒါကြောင့် သစ်တောကြီးတွေကို စိမ်းလန်းစိုပြေ ကြီးထွားအောင် လုပ်ပေးနေတဲ့ အင်းဆက်ပိုးမွှားတွေထဲမှာ ခြတွေလည်း ပါနေတာပါ။ ပြီးတော့ သူတို့တွေ တွင်းတူးလိုက်၊ လိုဏ်ခေါင်းလေးတွေဖောက်လိုက် လုပ်နေတော့

ဒါဟာလည်းမြေကြီးကိုမွနေစေပြီး အပင်တွေအတွက် ကောင်းပါတယ်။ ခြတွေသာ လူနေအိမ်ထဲဝင်မလာဘဲ သူ့ဘာသာသူ အပြင်ဘက်မှာ၊ တောရိုင်းသဘာဝထဲမှာ နေမယ်ဆိုရင်သူတို့ဟာ အင်မတန် ကောင်းကျိုးပေးတဲ့ သတ္တဝါပါ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*