ရွယ္လွတဲ့ ဗမာၾကက္မ်ိဳးစပ္ တိုက္ၾကက္တစ္ေကာင္ က်ပ္သိန္း ၃၉၀ ျဖင့္ အေရာင္းထြက္

ရွယ္လွတဲ့ ဗမာၾကက္မ်ိဳးစပ္ တိုက္ၾကက္တစ္ေကာင္ က်ပ္သိန္း ၃၉၀ ျဖင့္ အေရာင္းထြက္

ရွယ္လွတဲ့ ဗမာၾကက္မ်ိဳးစပ္ တိုက္ၾကက္တစ္ေကာင္ က်ပ္သိန္း ၃၉၀ ျဖင့္ အေရာင္းထြက္

ဗမာၾကက္မ်ိဳးစပ္တိုက္ၾကက္တစ္ေကာင္ က်ပ္သိန္း ၃၉၀ ျဖင့္ အေရာင္းထြက္ထိုင္းႏိုင္ငံ ခ်င္းမိုင္ၿမိဳ႕ ဆာရာဖီခ႐ိုင္ရွိ Sum-an တိုက္ၾကက္ေမြးျမဴေရးၿခံမွ ၁၆ လသားတိုက္ၾကက္တေကာင္ကို ဘတ္ေငြ တသန္း (က်ပ္သိန္း ၃၉၀ ဝန္းက်င္) ျဖင့္ အေရာင္းအဝယ္ျဖစ္ခဲ့ေၾကာင္း သိရသည္။

၎ၾကက္မွာ ထိုင္းအေခၚ Phama Mahwing၊ ဗမာၾကက္-ထိုင္းၾကက္ မ်ိဳးစပ္ျဖစ္ၿပီး ၃ ပြဲႏိုင္ ရႈံးပြဲမရွိစံခ်ိန္ရရွိထားသည္။

ၿခံပိုင္ရွင္ျဖစ္သူ အသက္ ၃၆ ႏွစ္ အ႐ြယ္ ခြၽန္ဂ်စ္သည္ အေလးခ်ိန္၂ဒသမ၆ ကီလိုဂရမ္ ရွိ ၎ၾကက္ကို ဘတ္ ၈ ေသာင္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္ၿပီး သုံးပြဲ ဆက္တိုက္ ႏိုင္ပြဲ ရရွိခဲ့ပါတယ္။

နာက္ပိုင္း တန္ဖိုးျမင့္တက္လာခဲ့ရာ ဝါသနာအိုးတဦးက ဘတ္ ၅ သိန္းျဖင့္ ဝယ္ယူရန္ကမ္းလွမ္းခဲ့ေၾကာင္း၊ ၎ပမာဏ ကို ခြၽန္ဂ်စ္က ပယ္ခ်လိုက္ၿပီးေနာက္ ဘတ္ ၁သန္းျဖင့္ ထပ္မံ ကမ္းလွမ္းရာ မွ အေရာင္းအဝယ္ ျဖစ္ခဲ့ေၾကာင္း ၎ကေျပာသည္။

“သူ႔ရဲ႕ ဒုတိယပြဲ နဲ႔ တတိယပြဲကို ၾကည့္ၿပီး ႀကိဳက္သြားတယ္။ ဒုတိယပြဲ ဆိုရင္ ၁၆မိနစ္နဲ႔ အႏိုင္ ရခဲ့တာ။ အဲဒီ ကတည္းက ဝယ္ခ်င္တာ”ဟု ဝယ္လက္ အသက္ (၃၀) အ႐ြယ္ စဝ္စံနံတက ေျပာသည္။

ယခု တိုက္ၾကက္ကို ဆက္လက္၍ ပြဲသြင္းဦးမည္ျဖစ္ေသာ္လည္း ဝယ္ယူရျခင္း၏ အဓိက ရည္႐ြယ္ခ်က္မွာ သားေဖာက္ရန္ျဖစ္ေၾကာင္းေျပာပါတယ္။

၎ထံတြင္ ဘတ္ေလးသန္းတန္ ျမန္မာတိုက္ၾကက္ မ်ိဳးစပ္ တေကာင္လည္းရွိ ၍ ၎တိုက္ၾကက္မွေပါက္ဖြားသည့္ ၾကက္မမ်ား ႏွင့္သားေဖာက္မည္ ျဖစ္ေၾကာင္း စဝ္စံနံတ က ေျပာသည္။

အဆိုပါ တိုက္ၾကက္ အေရာင္းအဝယ္ပြဲ သို႔ ၾကက္တိုက္ဝါသနာအိုး အမ်ားအျပား လာေရာက္ ၾကည့္ရႈခဲ့ၾက သည္ဟု ဆိုသည္။

Credit:ေအာ္စကာ
Ref Bangkok Pos

Unicode

ရှယ်လှတဲ့ ဗမာကြက်မျိုးစပ် တိုက်ကြက်တစ်ကောင် ကျပ်သိန်း ၃၉၀ ဖြင့် အရောင်းထွက်

ဗမာကြက်မျိုးစပ်တိုက်ကြက်တစ်ကောင် ကျပ်သိန်း ၃၉၀ ဖြင့် အရောင်းထွက်ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဆာရာဖီခရိုင်ရှိ Sum-an တိုက်ကြက်မွေးမြူရေးခြံမှ ၁၆ လသားတိုက်ကြက်တကောင်ကို ဘတ်ငွေ တသန်း (ကျပ်သိန်း ၃၉၀ ဝန်းကျင်) ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

၎င်းကြက်မှာ ထိုင်းအခေါ် Phama Mahwing၊ ဗမာကြက်-ထိုင်းကြက် မျိုးစပ်ဖြစ်ပြီး ၃ ပွဲနိုင် ရှုံးပွဲမရှိစံချိန်ရရှိထားသည်။

ခြံပိုင်ရှင်ဖြစ်သူ အသက် ၃၆ နှစ် အရွယ် ချွန်ဂျစ်သည် အလေးချိန်၂ဒသမ၆ ကီလိုဂရမ် ရှိ ၎င်းကြက်ကို ဘတ် ၈ သောင်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး သုံးပွဲ ဆက်တိုက် နိုင်ပွဲ ရရှိခဲ့ပါတယ်။

နာက်ပိုင်း တန်ဖိုးမြင့်တက်လာခဲ့ရာ ဝါသနာအိုးတဦးက ဘတ် ၅ သိန်းဖြင့် ဝယ်ယူရန်ကမ်းလှမ်းခဲ့ကြောင်း၊ ၎င်းပမာဏ ကို ချွန်ဂျစ်က ပယ်ချလိုက်ပြီးနောက် ဘတ် ၁သန်းဖြင့် ထပ်မံ ကမ်းလှမ်းရာ မှ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း ၎င်းကပြောသည်။

“သူ့ရဲ့ ဒုတိယပွဲ နဲ့ တတိယပွဲကို ကြည့်ပြီး ကြိုက်သွားတယ်။ ဒုတိယပွဲ ဆိုရင် ၁၆မိနစ်နဲ့ အနိုင် ရခဲ့တာ။ အဲဒီ ကတည်းက ဝယ်ချင်တာ”ဟု ဝယ်လက် အသက် (၃၀) အရွယ် စဝ်စံနံတက ပြောသည်။

ယခု တိုက်ကြက်ကို ဆက်လက်၍ ပွဲသွင်းဦးမည်ဖြစ်သော်လည်း ဝယ်ယူရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ သားဖောက်ရန်ဖြစ်ကြောင်းပြောပါတယ်။

၎င်းထံတွင် ဘတ်လေးသန်းတန် မြန်မာတိုက်ကြက် မျိုးစပ် တကောင်လည်းရှိ ၍ ၎င်းတိုက်ကြက်မှပေါက်ဖွားသည့် ကြက်မများ နှင့်သားဖောက်မည် ဖြစ်ကြောင်း စဝ်စံနံတ က ပြောသည်။

အဆိုပါ တိုက်ကြက် အရောင်းအဝယ်ပွဲ သို့ ကြက်တိုက်ဝါသနာအိုး အများအပြား လာရောက် ကြည့်ရှုခဲ့ကြ သည်ဟု ဆိုသည်။

Credit:အော်စကာ
Ref Bangkok Pos

Be the first to comment

Leave a Reply

Your email address will not be published.


*