ေရႊရည္ တိုင္းတာစစ္ေဆးျခင္းဆိုတာ…(ဗဟုသုတအျဖစ္ ျပန္လည္ မွ်ေ၀ေပးလိုက္ပါတယ္)

ေရႊရည္ တိုင္းတာစစ္ေဆးျခင္းဆိုတာ...
ေရႊရည္ တိုင္းတာစစ္ေဆးျခင္းဆိုတာ...

ေရႊရည္ တိုင္းတာစစ္ေဆးျခင္းဆိုတာ…(ဗဟုသုတအျဖစ္ ျပန္လည္ မွ်ေ၀ေပးလိုက္ပါတယ္)

ေ႐ႊရည္စစ္ေဆးတဲ့စက္ေတြ အမ်ိဳးမ်ိဳးရွိတဲ့ထဲက လက္ရွိ ေ႐ႊဆိုင္သမားအမ်ားဆုံး အသုံးျပဳေနတဲ့ Density (စက္ပြိဳင့္)စမ္းတဲ့စက္ေပၚ အေျခခံၿပီး စက္ပြိဳင့္ေတြနဲ ႔စမ္းၿပီး ေ႐ႊရည္စစ္ေဆးတဲ့အခါ သိထားသင့္တဲ့ အခ်က္ေလးေတြကို တင္ျပေဆြးေႏြးသြားပါ့မယ္။

ဒီလိုေ႐ႊရည္တိုင္းတာတဲ့ စက္ေတြေပၚလာေတာ့ အက်စ္ထည္မွန္သမွ် စက္စမ္းလို႔ရတယ္ဆိုတဲ့အသိနဲ႔ စက္စမ္းၾကၿပီး တကယ္ျပန္ၿပီးေ႐ႊသန္႔စင္တဲ့အခါမွ စက္ပြိဳင့္အတိုင္းမထြက္တာမ်ိဳး ေ႐ႊသမားေတာ္ေတာ္မ်ားမ်ား ႀကဳံခဲ့ၾကဘူးမွာပါ။

စက္ေတြ ကို အားကိုးတႀကီးနဲ႔သုံးရင္း ေနာက္ပိုင္းက်ေတာ့ ဘယ္ပြိဳင့္ဆို ဘယ္ေလာက္ပိုကြၽတ္တယ္ဆိုတာမ်ိဳးေတြ ကိုယ္စီအမွတ္အသားျပဳလို႔ေက်ာ္ျဖတ္ေနၾကတာေတြလည္း ေတြ႕ေနရပါတယ္။

ပထမဆုံးေျပာခ်င္တာကေတာ့ အဲဒီ Density တိုင္းတဲ့ စက္ရဲ႕ အလုပ္လုပ္ပုံ (Process ) ကို က်ေနာ္တို႔ ေသခ်ာသိထားဖို႔လိုတယ္ ဆိုတာပါပဲ။ ဒီစက္ေတြဟာ ေလထဲကအေလးခ်ိန္နဲ႔ (ေရထဲက ထည္) ကို တြက္ယူၿပီး သိပ္သည္းဆ တြက္ထုတ္ေပးတဲ့ စက္ေတြပါ။

စက္စမ္းတဲ့အခါ ကိုယ္စမ္းခ်င္တဲ့ သတၱဳ (သို႔) ေ႐ႊ ဟာ တိက်တဲ့ ပုံေဆာင္ခဲ ရွိရပါတယ္။ (ဒါမွသာ ေရထဲ ထည့္တိုင္းတဲ့အခါ တိက်တဲ့ေရမ်က္ႏွာျပင္ ျမင့္တက္မႈကေနတဆင့္ ေ႐ႊ (သို႔) သတၱဳတုံးရဲ႕

ထုထည္ကို တိတိက်က် သိႏိုင္မွာပါ)၊ ဒါေၾကာင့္ ဒီအဆင့္မွာ ေလခိုလို႔ရတဲ့ ေနရာမပါရဘူး။ ေခါင္းပြမျဖစ္ရဘူး၊ ဆြဲႀကိဳးမရဘူး ဆိုတာေတြ ျဖစ္လာတာပါ။

စက္ရဲ႕အလုပ္လုပ္ပုံကေတာ့ အရမ္းကို ႐ိုးရွင္းပါတယ္

ေ႐ႊတုံးကို ေလထဲမွာ အရင္ ခ်ိန္ပါတယ္။ အဲဒီ အေလးခ်ိန္ကိုမွတ္ထားၿပီး ေရထဲမွ ာထည့္ခ်ိန္ပါတယ္။ ေရထဲမွာခ်ိန္တယ္ ဆိုတာကေတာ့ ေရထည့္ထားတဲ့ခြက္နံရံေတြကို မထိဘဲ ခ်ိန္တာျဖစ္တဲ့အတြက္ ျမင့္တက္လာတဲ့ ေရထုအေလးခ်ိန္ကိုျပေနမွာျဖစ္ပါတယ္။

ျပီးရင္ ရတဲ့အေျဖနဲ႔ ေလထဲက အေလးခ်ိန္ကို ျပန္စားေပးလိုက္တာပါပဲ။ညီမွ်ျခင္းအေနနဲ႔ေျပာရရင္ေတာ့ သိပ္သည္းဆ (Density) = ေလထဲရွိ အေလးခ်ိန္ / ေရထဲရွိ ထုထည္ (Mass / Volume) ျဖစ္ပါတယ္။

ဒီအခ်က္ကို ၾကည့္ျခင္းအားျဖင့္ က်ေနာ္တို႔ေသခ်ာေျပာလို႔ရတဲ့ အခ်က္တစ္ခ်က္ကေတာ့ အဲဒီ့စက္ေတြဟာ စက္ထဲကို ထည့္လိုက္တဲ့ သတၱဳကို ေ႐ႊလို႔ နားလည္ထားတာ မဟုတ္ဘူးဆိုတာပါဘဲ။

ဒါေၾကာင့္ ဒီလိုစက္ေတြကို တြင္တြင္အသုံးျပဳေတာ့မယ္ ဆိုရင္ မိမိလုပ္ငန္းမွာ သုံးေနတဲ့ သတၱဳ (ေ႐ႊ၊ ေငြ၊ ေၾကးနီ၊ သြပ္၊ ခဲ)စတာေတြရဲ႕သိပ္သည္းဆေတြကို သိထားဖို႔ လိုပါတယ္။

အထူးသျဖင့္ကေတာ့ ေ႐ႊ ၊ေငြ၊ ေၾကးနီ တို႔ ျဖစ္ပါတယ္။ သိပ္သည္းဆေတြကေတာ့ ေ႐ႊ=19.32 g/cm3၊ ေငြ=10.49 g/cm3၊ ေၾကးနီ= 8.96 g/cm3 စသည္တို႔ျဖစ္ပါတယ္။

ဒီ သတၱဳသုံးမ်ိဳးကို ေလ့လာၾကည့္တဲ့အခါ ေ႐ႊဟာ က်န္ႏွစ္မ်ိဳးထက္ သိပ္သည္းဆ သိသိသာသာျမင့္ေနတာကို ေတြ႕ရမွာပါ။ ဒါေၾကာင့္လည္း က်ေနာ္တို႔ေတြဟာ 16, 17, 18, 19 ဆိုတဲ့ စက္ပြိဳင့္ေတြမွာေ႐ႊကို စမ္းသပ္လို႔ ရေနတာပါ။

ဒီလိုအခ်က္ေတြကိုၾကည့္ျခင္းအားျဖင့္ ဒီစက္ေတြေပၚ အားကိုးအားထားျပဳမႈဟာ အတိုင္းအတာတစ္ခုအထိပဲ ဆိုတာ ထင္ရွားပါတယ္။ ေ႐ႊ ဘယ္ေလာက္ပါႏိုင္မယ္ဆိုတာကို သိရဖို႔

ဒီလိုစက္ေတြနဲ႔ တိုင္းတာေတာ့မယ္ဆိုရင္ အရင္ဆုံး မိမိစမ္းသပ္မယ့္ သတၱဳဟာ ေ႐ႊတကယ္ပါဝင္ေၾကာင္း အၾကမ္းဖ်င္းသိရွိထားဖို႔ လိုပါတယ္။

က်ေနာ္ဒီလိုေျပာရတဲ့ အေၾကာင္းအရင္းကတခ်ိဳ႕က စက္ထဲထည့္စမ္းၿပီး စက္ကျပသမွ်ပြိဳင့္ကို ေ႐ႊရဲ႕သိပ္သည္းဆ (19.3) ကို စံထားၿပီး ေ႐ႊရည္ ဘယ္ေလာက္ရွိတယ္၊ ဘယ္ဝါရွိတယ္လို႔ ဆုံးျဖတ္ေနၾကတာေတြ႕ဖူးလို႔ပါ။

စကားႀကဳံလို႔ ဒီရက္ပိုင္းႀကဳံလိုက္ရတဲ့ အျဖစ္အပ်က္ေလးတစ္ခုေျပာျပပါရေစ… အစ္မရင္းလို ခင္မင္ရင္းႏွီးရတဲ့ အစ္မႀကီးက ဖုံးေျပာေနရင္းက်ေနာ့ကို လာေမးပါတယ္… “ေမာင္ေလး… စက္ပြိဳင့္ 10.68 ရွိတဲ့ ေ႐ႊ ငါးက်ပ္သားကို ခြၽတ္ရင္ အေခါက္ ဘယ္ေလာက္ရမလဲ” တဲ့။

က်ေနာ္ ျပန္ေမးပါတယ္။ အဲဒီလို စက္ပြိဳင့္ျပေနတယ္ဆိုရင္ အရင္ဆုံး ေ႐ႊပါမပါ မွတ္ေက်ာက္နဲ႔ ငရဲမီး စမ္းၾကည့္ဖို႔ လိုပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ေ႐ႊမဟုတ္တဲ့အျခားေသာ သတၱဳေတြရဲ႕သိပ္သည္းဆေတြနဲ႔ အင္မတန္မွ နီးကပ္ေနလို႔ပါ။

ဥပမာ ေငြရဲ႕ သိပ္သည္းဆဟာ 10.49 ပါ။ ဒါေၾကာင့္ ေ႐ႊပါမပါ မေသခ်ာဘဲ စမ္းထားတဲ့ စက္ပြိဳင့္ 10.68 ဆိုရင္ ျပန္ခြၽတ္လို႔ရွိရင္ ထြက္ခ်င္သလိုထြက္လာပါလိမ့္မယ္။ စက္ေပးတဲ့အေျဖဟာ လုံးဝမွန္ကန္မႈရွိမွာ မဟုတ္ပါဘူး။

ဒါေၾကာင့္ က်ေနာ္က စက္စမ္းတာလည္းစမ္း၊ မွတ္ေက်ာက္နဲ႔ ငရဲမီး(HNO3) ႏိုက္ထရစ္အက္ဆစ္ေလးနဲ႔ပါ စမ္းလိုက္တာဟာ ပိုၿပီး အဆင္ေျပေစပါတယ္လို႔ ေျပာလိုက္ပါတယ္။ ေနာက္ေန႔မွာေတာ့ အဲ့ဒီအစ္မေျပာျပခ်က္ အရ အဲ့ဒီ 10.68 ျပတဲ့ ငါးက်ပ္သားဟာ 1က်ပ္ 6 ပဲ 6 ေ႐ြးပဲ ေ႐ႊထြက္တယ္လို႔ သိရပါတယ္။

စက္ပြိဳင့္ အရ၊ သီအိုရီ အရ တြက္ခ်က္ၾကည့္မယ္ဆို ဘယ္လိုမွ ထြက္ႏႈန္းမကိုက္ပါဘူး… တျခားစီပါ။ 10.68 ဆိုတဲ့ စက္ပြိဳင့္အရဆို အနည္းဆုံး ႏွစ္က်ပ္ခြဲသား အေပၚမွာ ထြက္ရမယ့္ ေ႐ႊရည္ပါ။ တကယ္တမ္း ထြက္မလာပါဘူး။

ဒီအခ်က္ေတြကိုၾကည့္ျခင္းအားျဖင့္ Density တိုင္းၿပီး ေ႐ႊရည္စမ္းသပ္တဲ့ စနစ္ေတြဟာ အျခားသတၱဳပါဝင္ႏႈန္း မ်ားလာတာနဲ႔အမွ် accuracy “တိက်မႈ” နည္းလာတာကိုေတြ႕ရမွာျဖစ္ၿပီး

အသုံးျပဳသူေတြအေနနဲ႔ မိမိ မူလသုံး ေ႐ႊရည္တိုင္းတဲ့ မွတ္ေက်ာက္စနစ္နဲ႔ပါ တြဲဘက္အသုံးျပဳမွသာ ပိုမိုအဆင္ေျပထိေရာက္မွာျဖစ္ေၾကာင္း သုံးသပ္တင္ျပလိုက္ရပါတယ္ခင္ဗ်ာ။

ေ႐ႊခ်စ္သူ မိတ္ေဆြေတြဘက္ကလည္း မိမိႀကဳံေတြ႕ရတဲ့ အေနအထားေလးေတြကို ဝင္ေရာက္ေဆြးေႏြးေပး ၾကဖို႔လည္း ဖိတ္ေခၚပါတယ္။

Ye Man Aung# မူရင္းေရးသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။ ျပန္လည္မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ရွှေရည် တိုင်းတာစစ်ဆေးခြင်းဆိုတာ…(ဗဟုသုတအဖြစ် ပြန်လည် မျှဝေပေးလိုက်ပါတယ်)

ရွှေရည်စစ်ဆေးတဲ့စက်တွေ အမျိုးမျိုးရှိတဲ့ထဲက လက်ရှိ ရွှေဆိုင်သမားအများဆုံး အသုံးပြုနေတဲ့ Density (စက်ပွိုင့်)စမ်းတဲ့စက်ပေါ် အခြေခံပြီး စက်ပွိုင့်တွေနဲ့စမ်းပြီး ရွှေရည်စစ်ဆေးတဲ့အခါ သိထားသင့်တဲ့ အချက်လေးတွေကို တင်ပြဆွေးနွေးသွားပါ့မယ်။

ဒီလိုရွှေရည်တိုင်းတာတဲ့ စက်တွေပေါ်လာတော့ အကျစ်ထည်မှန်သမျှ စက်စမ်းလို့ရတယ်ဆိုတဲ့အသိနဲ့ စက်စမ်းကြပြီး တကယ်ပြန်ပြီးရွှေသန့်စင်တဲ့အခါမှ စက်ပွိုင့်အတိုင်းမထွက်တာမျိုး ရွှေသမားတော်တော်များများ ကြုံခဲ့ကြဘူးမှာပါ။

စက်တွေ ကို အားကိုးတကြီးနဲ့သုံးရင်း နောက်ပိုင်းကျတော့ ဘယ်ပွိုင့်ဆို ဘယ်လောက်ပိုကျွတ်တယ်ဆိုတာမျိုးတွေ ကိုယ်စီအမှတ်အသားပြုလို့ကျော်ဖြတ်နေကြတာတွေလည်း တွေ့နေရပါတယ်။

ပထမဆုံးပြောချင်တာကတော့ အဲဒီ Density တိုင်းတဲ့ စက်ရဲ့ အလုပ်လုပ်ပုံ (Process ) ကို ကျနော်တို့ သေချာသိထားဖို့လိုတယ် ဆိုတာပါပဲ။ ဒီစက်တွေဟာ လေထဲကအလေးချိန်နဲ့ (ရေထဲက ထည်) ကို တွက်ယူပြီး သိပ်သည်းဆ တွက်ထုတ်ပေးတဲ့ စက်တွေပါ။

စက်စမ်းတဲ့အခါ ကိုယ်စမ်းချင်တဲ့ သတ္တု (သို့) ရွှေ ဟာ တိကျတဲ့ ပုံဆောင်ခဲ ရှိရပါတယ်။ (ဒါမှသာ ရေထဲ ထည့်တိုင်းတဲ့အခါ တိကျတဲ့ရေမျက်နှာပြင် မြင့်တက်မှုကနေတဆင့် ရွှေ (သို့) သတ္တုတုံးရဲ့

ထုထည်ကို တိတိကျကျ သိနိုင်မှာပါ)၊ ဒါကြောင့် ဒီအဆင့်မှာ လေခိုလို့ရတဲ့ နေရာမပါရဘူး။ ခေါင်းပွမဖြစ်ရဘူး၊ ဆွဲကြိုးမရဘူး ဆိုတာတွေ ဖြစ်လာတာပါ။

စက်ရဲ့အလုပ်လုပ်ပုံကတော့ အရမ်းကို ရိုးရှင်းပါတယ်

ရွှေတုံးကို လေထဲမှာ အရင် ချိန်ပါတယ်။ အဲဒီ အလေးချိန်ကိုမှတ်ထားပြီး ရေထဲမှ ာထည့်ချိန်ပါတယ်။ ရေထဲမှာချိန်တယ် ဆိုတာကတော့ ရေထည့်ထားတဲ့ခွက်နံရံတွေကို မထိဘဲ ချိန်တာဖြစ်တဲ့အတွက် မြင့်တက်လာတဲ့ ရေထုအလေးချိန်ကိုပြနေမှာဖြစ်ပါတယ်။

ပြီးရင် ရတဲ့အဖြေနဲ့ လေထဲက အလေးချိန်ကို ပြန်စားပေးလိုက်တာပါပဲ။ညီမျှခြင်းအနေနဲ့ပြောရရင်တော့ သိပ်သည်းဆ (Density) = လေထဲရှိ အလေးချိန် / ရေထဲရှိ ထုထည် (Mass / Volume) ဖြစ်ပါတယ်။

ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ကျနော်တို့သေချာပြောလို့ရတဲ့ အချက်တစ်ချက်ကတော့ အဲဒီ့စက်တွေဟာ စက်ထဲကို ထည့်လိုက်တဲ့ သတ္တုကို ရွှေလို့ နားလည်ထားတာ မဟုတ်ဘူးဆိုတာပါဘဲ။

ဒါကြောင့် ဒီလိုစက်တွေကို တွင်တွင်အသုံးပြုတော့မယ် ဆိုရင် မိမိလုပ်ငန်းမှာ သုံးနေတဲ့ သတ္တု (ရွှေ၊ ငွေ၊ ကြေးနီ၊ သွပ်၊ ခဲ)စတာတွေရဲ့သိပ်သည်းဆတွေကို သိထားဖို့ လိုပါတယ်။

အထူးသဖြင့်ကတော့ ရွှေ ၊ငွေ၊ ကြေးနီ တို့ ဖြစ်ပါတယ်။ သိပ်သည်းဆတွေကတော့ ရွှေ=19.32 g/cm3၊ ငွေ=10.49 g/cm3၊ ကြေးနီ= 8.96 g/cm3 စသည်တို့ဖြစ်ပါတယ်။

ဒီ သတ္တုသုံးမျိုးကို လေ့လာကြည့်တဲ့အခါ ရွှေဟာ ကျန်နှစ်မျိုးထက် သိပ်သည်းဆ သိသိသာသာမြင့်နေတာကို တွေ့ရမှာပါ။ ဒါကြောင့်လည်း ကျနော်တို့တွေဟာ 16, 17, 18, 19 ဆိုတဲ့ စက်ပွိုင့်တွေမှာရွှေကို စမ်းသပ်လို့ ရနေတာပါ။

ဒီလိုအချက်တွေကိုကြည့်ခြင်းအားဖြင့် ဒီစက်တွေပေါ် အားကိုးအားထားပြုမှုဟာ အတိုင်းအတာတစ်ခုအထိပဲ ဆိုတာ ထင်ရှားပါတယ်။ ရွှေ ဘယ်လောက်ပါနိုင်မယ်ဆိုတာကို သိရဖို့

ဒီလိုစက်တွေနဲ့ တိုင်းတာတော့မယ်ဆိုရင် အရင်ဆုံး မိမိစမ်းသပ်မယ့် သတ္တုဟာ ရွှေတကယ်ပါဝင်ကြောင်း အကြမ်းဖျင်းသိရှိထားဖို့ လိုပါတယ်။

ကျနော်ဒီလိုပြောရတဲ့ အကြောင်းအရင်းကတချို့က စက်ထဲထည့်စမ်းပြီး စက်ကပြသမျှပွိုင့်ကို ရွှေရဲ့သိပ်သည်းဆ (19.3) ကို စံထားပြီး ရွှေရည် ဘယ်လောက်ရှိတယ်၊ ဘယ်ဝါရှိတယ်လို့ ဆုံးဖြတ်နေကြတာတွေ့ဖူးလို့ပါ။

စကားကြုံလို့ ဒီရက်ပိုင်းကြုံလိုက်ရတဲ့ အဖြစ်အပျက်လေးတစ်ခုပြောပြပါရစေ… အစ်မရင်းလို ခင်မင်ရင်းနှီးရတဲ့ အစ်မကြီးက ဖုံးပြောနေရင်းကျနော့ကို လာမေးပါတယ်… “မောင်လေး… စက်ပွိုင့် 10.68 ရှိတဲ့ ရွှေ ငါးကျပ်သားကို ချွတ်ရင် အခေါက် ဘယ်လောက်ရမလဲ” တဲ့။

ကျနော် ပြန်မေးပါတယ်။ အဲဒီလို စက်ပွိုင့်ပြနေတယ်ဆိုရင် အရင်ဆုံး ရွှေပါမပါ မှတ်ကျောက်နဲ့ ငရဲမီး စမ်းကြည့်ဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွှေမဟုတ်တဲ့အခြားသော သတ္တုတွေရဲ့သိပ်သည်းဆတွေနဲ့ အင်မတန်မှ နီးကပ်နေလို့ပါ။

ဥပမာ ငွေရဲ့ သိပ်သည်းဆဟာ 10.49 ပါ။ ဒါကြောင့် ရွှေပါမပါ မသေချာဘဲ စမ်းထားတဲ့ စက်ပွိုင့် 10.68 ဆိုရင် ပြန်ချွတ်လို့ရှိရင် ထွက်ချင်သလိုထွက်လာပါလိမ့်မယ်။ စက်ပေးတဲ့အဖြေဟာ လုံးဝမှန်ကန်မှုရှိမှာ မဟုတ်ပါဘူး။

ဒါကြောင့် ကျနော်က စက်စမ်းတာလည်းစမ်း၊ မှတ်ကျောက်နဲ့ ငရဲမီး(HNO3) နိုက်ထရစ်အက်ဆစ်လေးနဲ့ပါ စမ်းလိုက်တာဟာ ပိုပြီး အဆင်ပြေစေပါတယ်လို့ ပြောလိုက်ပါတယ်။ နောက်နေ့မှာတော့ အဲ့ဒီအစ်မပြောပြချက် အရ အဲ့ဒီ 10.68 ပြတဲ့ ငါးကျပ်သားဟာ 1ကျပ် 6 ပဲ 6 ရွေးပဲ ရွှေထွက်တယ်လို့ သိရပါတယ်။

စက်ပွိုင့် အရ၊ သီအိုရီ အရ တွက်ချက်ကြည့်မယ်ဆို ဘယ်လိုမှ ထွက်နှုန်းမကိုက်ပါဘူး… တခြားစီပါ။ 10.68 ဆိုတဲ့ စက်ပွိုင့်အရဆို အနည်းဆုံး နှစ်ကျပ်ခွဲသား အပေါ်မှာ ထွက်ရမယ့် ရွှေရည်ပါ။ တကယ်တမ်း ထွက်မလာပါဘူး။

ဒီအချက်တွေကိုကြည့်ခြင်းအားဖြင့် Density တိုင်းပြီး ရွှေရည်စမ်းသပ်တဲ့ စနစ်တွေဟာ အခြားသတ္တုပါဝင်နှုန်း များလာတာနဲ့အမျှ accuracy “တိကျမှု” နည်းလာတာကိုတွေ့ရမှာဖြစ်ပြီး

အသုံးပြုသူတွေအနေနဲ့ မိမိ မူလသုံး ရွှေရည်တိုင်းတဲ့ မှတ်ကျောက်စနစ်နဲ့ပါ တွဲဘက်အသုံးပြုမှသာ ပိုမိုအဆင်ပြေထိရောက်မှာဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်ခင်ဗျာ။

ရွှေချစ်သူ မိတ်ဆွေတွေဘက်ကလည်း မိမိကြုံတွေ့ရတဲ့ အနေအထားလေးတွေကို ဝင်ရောက်ဆွေးနွေးပေး ကြဖို့လည်း ဖိတ်ခေါ်ပါတယ်။

Ye Man Aung# မူရင်းရေးသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။ ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*