ႏွစ္ေပါင္း ၂၅၀၀ ရွိတာေတာင္ ေဟာင္းႏြမ္းသြားျခင္း လုံးဝမရွိတဲ့ Goujian ဘုရင္ရဲ႕ “ဓား”

ႏွစ္ေပါင္း ၂၅၀၀ ရွိတာေတာင္ ဟာင္းႏြမ္းသြားျခင္း လုံးဝမရွိတဲ့ Goujian ဘုရင္ရဲ႕ ဓား
ႏွစ္ေပါင္း ၂၅၀၀ ရွိတာေတာင္ ဟာင္းႏြမ္းသြားျခင္း လုံးဝမရွိတဲ့ Goujian ဘုရင္ရဲ႕ ဓား

ႏွစ္ေပါင္း ၂၅၀၀ ရွိတာေတာင္ ေဟာင္းႏြမ္းသြားျခင္း လုံးဝမရွိတဲ့ Goujian ဘုရင္ရဲ႕ “ဓား”

ေရွးေဟာင္း သုေတသနအဖြဲ႕တစ္ဖြဲ႕ဟာ ၁၉၆၅ခုႏွစ္က တ႐ုတ္ႏိုင္ငံ Hubei ျပည္နယ္က ေရွးေဟာင္းသခ်ႋဳင္းတစ္ခုမွ ာအ႐ိုးစုေဘးရွိ သစ္သားေသတၱာအတြင္းကေန အံဖြယ္ ဓားတစ္ေခ်ာင္းကို

ရွာေဖြေတြ႕ရွိခဲ့ပါတယ္။သ မိုင္း ပ ညာ ရွင္မ်ားရဲ႕ ေလ့လာခ်က္အရ ဒီဓားဟာ ေရွးႏွစ္ေပါင္း ၂၅၀၀ ခန္႔ (ဘီစီ ၄၉၆) ဝန္းက်င္မွာ စိုးစံခဲ့တဲ့ Yue ရဲ႕ ေရွးဘုရင္ Goujian က ပိုင္ဆိုင္ခဲ့တာလို႔ ဆိုပါတယ္။

အဲဲဒီေနာက္မွာေတာ့ ဒီ ေရွးေဟာင္းဓားကို Sword of Goujian လို႔ ေခၚခဲ့ ၾကပါတယ္။အံ့ၾသစရာေကာင္းတာကေတာ့ ႏွစ္ ၂၅၀၀ သက္တမ္းရွိတဲ့ တ႐ုတ္ဓားဟာ ေဟာင္းႏြမ္းျခင္းမရွိတဲ့အျပင္

အသစ္အတိုင္းနဲ႔ စာ႐ြက္ အ႐ြက္ ၂၀ ကို လြယ္လြယ္ကူကူ ျဖတ္ေတာက္ႏိုင္ခဲ့ပါတယ္။ ဓားထိပ္ကေန လက္ကိုင္အထိ ကို အရွည္ ၂၂ လက္မ ရွိၿပီး သူ႔ရဲ႕ ေအာက္ေျခမွာ ေရွးေဟာင္းစာမ်ားႏွင့္ ကမၸည္းေရးထိုးထားတာ ျဖစ္ပါတယ္။

ဒီဓားကို ယြီဘုရင္ဟာ ကိုယ္ေရးကိုယ္တာ အသုံးျပဳဖို႔အတြက္သာ ထုလုပ္ထားပုံေပၚတယ္လို႔ ပညာရွင္မ်ားက ယူဆ ထားၾကပါတယ္။ေရွးေခတ္ တ႐ုတ္စစ္သည္ေတာ္မ်ားဟာ

ရန္သူမ်ားကို တိုက္ခိုက္ရာမွာ အံ့ဖြယ္ဓားမ်ားကို ကိုင္ေဆာင္ၾကသလို အသက္အႏၲရယ္ ကာကြယ္တဲ့ သံခ်ပ္ကာမ်ားကိုလည္း ဝတ္ဆင္ၿပီး တိုက္ပြဲဝင္ခဲ့ၾကတာ ျဖစ္ပါတယ္။

ထိုေခတ္ကာလမ်ားက ဓားပန္းထိမ္ဆရာ အမ်ားအျပားဟာ သူတို႔ရဲ႕စစ္သည္ေတာ္မ်ားႏွင့္ထင္ရွားေက်ာ္ၾကားတဲ့႐ုပ္ပုံမ်ားကိုစိတ္ႀကိဳက္ပုံေဖာ္ၿပီး ဓားမ်ားကို အေကာင္းဆုံး ထုလုပ္ၾကတယ္လို႔ ဆိုပါတယ္။ဒါေပမယ့္

စစ္သည္ေတာ္မ်ားအတြက္ အေရးႀကီးဆုံးျဖစ္တဲ့ ဓားေတြကို အဓိကထား လုပ္ၾကတာ ျဖစ္ပါတယ္။ ဓားေတြကို အမ်ားအားျဖင့္ ေၾကးႏွင့္ ေၾကးနီကဲ့သို႔ေသာ အရည္အေသြးျမင့္ ပစၥည္းမ်ားျဖင့္ ထုလုပ္ထားတာ ျဖစ္ပါတယ္။

ဓားရဲ႕ လက္ကိုင္မ်ားကိုလည္း ထင္ေပၚမႈရွိေအာင္ အဖိုးတန္ ေက်ာက္မ်က္ရတနာမ်ားႏွင့္ သလင္းေက်ာက္မ်ားကို အလွဆင္ထားတာပါ။တစ္ခါတေလမွာေတာ့ လူအမ်ား ေငးေမာစရာျဖစ္ေအာင္ ဆြဲေဆာင္မႈရွိတဲ့ အခ်ိဳ႕ပုံစံမ်ားျဖင့္

အလွဆင္ထားၾကတာ ျဖစ္ပါတယ္။ထူးျခားတာကေတာ့ဓားေတြရဲ႕အရည္အေသြးကိုၾကည့္ျခင္းအားျဖင့္လည္းကိုင္ေဆာင္ခဲ့သူရဲ႕ထင္ရွားေက်ာ္ၾကားမႈကိုအဲ့ဒီေခတ္ကတြက္ဆႏိုင္တယ္လို႔ ဆိုပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။

Unicode

နှစ်ပေါင်း ၂၅၀၀ ရှိတာတောင် ဟောင်းနွမ်းသွားခြင်း လုံးဝမရှိတဲ့ Goujian ဘုရင်ရဲ့ “ဓား”

ရှေးဟောင်း သုတေသနအဖွဲ့တစ်ဖွဲ့ဟာ ၁၉၆၅ခုနှစ်က တရုတ်နိုင်ငံ Hubei ပြည်နယ်က ရှေးဟောင်းသင်္ချိုင်းတစ်ခုမှ ာအရိုးစုဘေးရှိ သစ်သားသေတ္တာအတွင်းကနေ အံဖွယ် ဓားတစ်ချောင်းကို

ရှာဖွေတွေ့ရှိခဲ့ပါတယ်။သ မိုင်း ပ ညာ ရှင်များရဲ့ လေ့လာချက်အရ ဒီဓားဟာ ရှေးနှစ်ပေါင်း ၂၅၀၀ ခန့် (ဘီစီ ၄၉၆) ဝန်းကျင်မှာ စိုးစံခဲ့တဲ့ Yue ရဲ့ ရှေးဘုရင် Goujian က ပိုင်ဆိုင်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ ဒီ ရှေးဟောင်းဓားကို Sword of Goujian လို့ ခေါ်ခဲ့ ကြပါတယ်။အံ့သြစရာကောင်းတာကတော့ နှစ် ၂၅၀၀ သက်တမ်းရှိတဲ့ တရုတ်ဓားဟာ ဟောင်းနွမ်းခြင်းမရှိတဲ့အပြင်

အသစ်အတိုင်းနဲ့ စာရွက် အရွက် ၂၀ ကို လွယ်လွယ်ကူကူ ဖြတ်တောက်နိုင်ခဲ့ပါတယ်။ ဓားထိပ်ကနေ လက်ကိုင်အထိ ကို အရှည် ၂၂ လက်မ ရှိပြီး သူ့ရဲ့ အောက်ခြေမှာ ရှေးဟောင်းစာများနှင့် ကမ္ပည်းရေးထိုးထားတာ ဖြစ်ပါတယ်။

ဒီဓားကို ယွီဘုရင်ဟာ ကိုယ်ရေးကိုယ်တာ အသုံးပြုဖို့အတွက်သာ ထုလုပ်ထားပုံပေါ်တယ်လို့ ပညာရှင်များက ယူဆ ထားကြပါတယ်။ရှေးခေတ် တရုတ်စစ်သည်တော်များဟာ

ရန်သူများကို တိုက်ခိုက်ရာမှာ အံ့ဖွယ်ဓားများကို ကိုင်ဆောင်ကြသလို အသက်အန္တရယ် ကာကွယ်တဲ့ သံချပ်ကာများကိုလည်း ဝတ်ဆင်ပြီး တိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

ထိုခေတ်ကာလများက ဓားပန်းထိမ်ဆရာ အများအပြားဟာ သူတို့ရဲ့စစ်သည်တော်များနှင့်ထင်ရှားကျော်ကြားတဲ့ရုပ်ပုံများကိုစိတ်ကြိုက်ပုံဖော်ပြီး ဓားများကို အကောင်းဆုံး ထုလုပ်ကြတယ်လို့ ဆိုပါတယ်။ဒါပေမယ့်

စစ်သည်တော်များအတွက် အရေးကြီးဆုံးဖြစ်တဲ့ ဓားတွေကို အဓိကထား လုပ်ကြတာ ဖြစ်ပါတယ်။ ဓားတွေကို အများအားဖြင့် ကြေးနှင့် ကြေးနီကဲ့သို့သော အရည်အသွေးမြင့် ပစ္စည်းများဖြင့် ထုလုပ်ထားတာ ဖြစ်ပါတယ်။

ဓားရဲ့ လက်ကိုင်များကိုလည်း ထင်ပေါ်မှုရှိအောင် အဖိုးတန် ကျောက်မျက်ရတနာများနှင့် သလင်းကျောက်များကို အလှဆင်ထားတာပါ။တစ်ခါတလေမှာတော့ လူအများ ငေးမောစရာဖြစ်အောင် ဆွဲဆောင်မှုရှိတဲ့ အချို့ပုံစံများဖြင့်

အလှဆင်ထားကြတာ ဖြစ်ပါတယ်။ထူးခြားတာကတော့ဓားတွေရဲ့အရည်အသွေးကိုကြည့်ခြင်းအားဖြင့်လည်းကိုင်ဆောင်ခဲ့သူရဲ့ထင်ရှားကျော်ကြားမှုကိုအဲ့ဒီခေတ်ကတွက်ဆနိုင်တယ်လို့ ဆိုပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*