ဂ်ပန္ၾကီး တေယာက္ေျပာျပတဲ့ က်ြန္ေတာ္တို႕ျမန္မာေတြရဲ႕ အားနည္ခ်က္…

ဂ်ပန္ၾကီး တေယာက္ေျပာျပတဲ့ က်ြန္ေတာ္တို႕ျမန္မာေတြရဲ႕ အားနည္ခ်က္...
ဂ်ပန္ၾကီး တေယာက္ေျပာျပတဲ့ က်ြန္ေတာ္တို႕ျမန္မာေတြရဲ႕ အားနည္ခ်က္...

ဂ်ပန္ၾကီး တေယာက္ေျပာျပတဲ့ က်ြန္ေတာ္တို႕ျမန္မာေတြရဲ႕ အားနည္ခ်က္…

မေန႔ညေနက မိတ္ေဆြေဟာင္း ဂ်ပန္ႀကီး တစ္ေယာက္နဲ႔ ျပန္ေတြ႕ေတာ့ တိတ္ဆိတ္တဲ့ ေနရာမွာ
စကားနည္းနည္း ေျပာျဖစ္ ၾကတယ္။

ဂ်ပန္မိတ္ေဆြက ေျပာတယ္… ခင္ဗ်ားတို႔ ျမန္မာေတြက ဂ်ပန္ေတြနဲ႔ သိပ္မကြာပါဘူး…။ ဟုတ္လို႔လား… ကြၽန္ေတာ္ကေတာ့ ကြာတယ္ လို႔ ထင္ပါတယ္၊ ရွင္းျပပါဦး လို႔ ျပန္ေျပာ လိုက္တယ္။

တကယ္တမ္းက ဂ်ပန္ တစ္ေယာက္နဲ႔ ျမန္မာ တစ္ေယာက္ Level တူ Ground field မွာ ပညာရပ္ ျဖစ္ျဖစ္၊တီထြင္မႈ ျဖစ္ျဖစ္ တစ္ခုခုကို ၿပိဳင္ခိုင္းရင္ တစ္ခါတစ္ရံ ဂ်ပန္လည္း ႏိုင္ႏိုင္တယ္။

ဒါေပမယ့္ ျမန္မာလည္း ႏိုင္ႏိုင္တယ္။ တစ္ေယာက္ တစ္လွည့္စီ ႏိုင္ဖို႔ ျဖစ္ႏိုင္ေျခ ရွိတယ္။ ၅၀% ခန္႔ ရွိတယ္။ ေမွ်ာ္လင့္လို႔ ရတယ္ ေပါ့ေလ…။

အဲဒီေတာ့… ကြၽန္ေတာ္ ျဖစ္ႏိုင္ မျဖစ္ႏိုင္ စဥ္းစားၾကည့္ ေသးတယ္။ ၿပီးေတာ့မွ ဂ်ပန္က ဆက္ေျပာတယ္… ဒါေပမယ့္ ဆရာ… ခင္ဗ်ားနဲ႔ ကြၽန္ေတာ္ တစ္ေယာက္ခ်င္း ျပိဳင္ရင္ ႏိုင္ခ်င္တဲ့ အခါ ႏိုင္မယ္။ ပညာေပါ့ေနာ္၊ အားကစား၊ နည္းပညာ တီထြင္မႈေပါ့။

ဂ်ပန္က ျဖတ္ထိုးဉာဏ္ထက္ လုံ႔လ ဝီရိယ ပို အားေကာင္းတယ္။ ျမန္မာက ျဖတ္ထိုးဉာဏ္ ပိုေကာင္းတယ္။ ဒါေပမယ့္ ဆရာ…. တဲ့… ခင္ဗ်ားတို႔ ျမန္မာ ငါးေယာက္နဲ႔ ဂ်ပန္ ငါးေယာက္ ၿပိဳင္ရင္ေတာ့ ခင္ဗ်ားတို႔ ဘယ္ေတာ့မွ မႏိုင္ဘူး။ ၁၀၀% မႏိုင္ဘူး တဲ့။

ဘာျဖစ္လို႔လဲ ဆိုေတာ့ ခင္ဗ်ား တို႔က တစ္ဦးခ်င္း အရည္အခ်င္း စြမ္းရည္ ရွိေပမဲ့ အုပ္စုလိုက္၊ အဖြဲ႕လိုက္ ႏွစ္ေယာက္ သုံးေယာက္ ေပါင္းလုပ္ ခဲ့ရင္ အၿမဲတမ္း မညီၫြတ္ေတာ့ ခင္ဗ်ားတို႔ က်ဆုံးမွာပါ…။

အဲဒီ cultural ခင္ဗ်ား တို႔မွာ အားနည္း တယ္။ အဲဒီလို ရွင္းျပေတာ့ ကြၽန္ေတာ္ မင္သက္ မိတယ္။ တစ္ဆက္တည္း ကြၽန္ေတာ့္ေဘးက လူေတြ၊ ကြၽန္ေတာ့္ မိတ္ေဆြေတြ၊

ကြၽန္ေတာ့္ အသိုင္းအဝိုင္းေတြ၊ ကြၽန္ေတာ့္ လူ႔အဖြဲ႕အစည္းေတြ၊ အသင္းအဖြဲ႕ေတြ၊ သမိုင္းေၾကာင္းေတြ အားလုံး တန္းစီ စဥ္းစားမိေရာေပါ့ဗ်ာ…။

သူေျပာတာ ဟုတ္ေနတာကိုး…။ အေတာ္ကို ဟုတ္ေနတာ….. ကြၽန္ေတာ္တို႔ ရႈံးေနဦးမွာပဲေလ။ တစ္ဦးခ်င္း၊ တစ္ေယာက္ခ်င္း ဘယ္ေလာက္ ေတာ္ေတာ္.. ဘယ္ေလာက္ ေကာင္းေကာင္း.. ဘယ္ေလာက္ပဲ အရည္အခ်င္း ရွိရွိ… အခ်င္းခ်င္း မညီၫြတ္က်ေတာ့….. အၿမဲတမ္း ရႈံးေနဦး မွာပါ။

Credit to : (Than Soe Economist) # မူရင္းေရးသားသူကို ေလးစားစြာ #credit ေပးပါတယ္။

Unicode

ဂျပန်ကြီး တယောက်ပြောပြတဲ့ ကျွန်တော်တို့မြန်မာတွေရဲ့ အားနည်ချက်…

မနေ့ညနေက မိတ်ဆွေဟောင်း ဂျပန်ကြီး တစ်ယောက်နဲ့ ပြန်တွေ့တော့ တိတ်ဆိတ်တဲ့ နေရာမှာ
စကားနည်းနည်း ပြောဖြစ် ကြတယ်။

ဂျပန်မိတ်ဆွေက ပြောတယ်… ခင်ဗျားတို့ မြန်မာတွေက ဂျပန်တွေနဲ့ သိပ်မကွာပါဘူး…။ ဟုတ်လို့လား… ကျွန်တော်ကတော့ ကွာတယ် လို့ ထင်ပါတယ်၊ ရှင်းပြပါဦး လို့ ပြန်ပြော လိုက်တယ်။

တကယ်တမ်းက ဂျပန် တစ်ယောက်နဲ့ မြန်မာ တစ်ယောက် Level တူ Ground field မှာ ပညာရပ် ဖြစ်ဖြစ်၊တီထွင်မှု ဖြစ်ဖြစ် တစ်ခုခုကို ပြိုင်ခိုင်းရင် တစ်ခါတစ်ရံ ဂျပန်လည်း နိုင်နိုင်တယ်။

ဒါပေမယ့် မြန်မာလည်း နိုင်နိုင်တယ်။ တစ်ယောက် တစ်လှည့်စီ နိုင်ဖို့ ဖြစ်နိုင်ခြေ ရှိတယ်။ ၅၀% ခန့် ရှိတယ်။ မျှော်လင့်လို့ ရတယ် ပေါ့လေ…။

အဲဒီတော့… ကျွန်တော် ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားကြည့် သေးတယ်။ ပြီးတော့မှ ဂျပန်က ဆက်ပြောတယ်… ဒါပေမယ့် ဆရာ… ခင်ဗျားနဲ့ ကျွန်တော် တစ်ယောက်ချင်း ပြိုင်ရင် နိုင်ချင်တဲ့ အခါ နိုင်မယ်။ ပညာပေါ့နော်၊ အားကစား၊ နည်းပညာ တီထွင်မှုပေါ့။

ဂျပန်က ဖြတ်ထိုးဉာဏ်ထက် လုံ့လ ဝီရိယ ပို အားကောင်းတယ်။ မြန်မာက ဖြတ်ထိုးဉာဏ် ပိုကောင်းတယ်။ ဒါပေမယ့် ဆရာ…. တဲ့… ခင်ဗျားတို့ မြန်မာ ငါးယောက်နဲ့ ဂျပန် ငါးယောက် ပြိုင်ရင်တော့ ခင်ဗျားတို့ ဘယ်တော့မှ မနိုင်ဘူး။ ၁၀၀% မနိုင်ဘူး တဲ့။

ဘာဖြစ်လို့လဲ ဆိုတော့ ခင်ဗျား တို့က တစ်ဦးချင်း အရည်အချင်း စွမ်းရည် ရှိပေမဲ့ အုပ်စုလိုက်၊ အဖွဲ့လိုက် နှစ်ယောက် သုံးယောက် ပေါင်းလုပ် ခဲ့ရင် အမြဲတမ်း မညီညွတ်တော့ ခင်ဗျားတို့ ကျဆုံးမှာပါ…။

အဲဒီ cultural ခင်ဗျား တို့မှာ အားနည်း တယ်။ အဲဒီလို ရှင်းပြတော့ ကျွန်တော် မင်သက် မိတယ်။ တစ်ဆက်တည်း ကျွန်တော့်ဘေးက လူတွေ၊ ကျွန်တော့် မိတ်ဆွေတွေ၊

ကျွန်တော့် အသိုင်းအဝိုင်းတွေ၊ ကျွန်တော့် လူ့အဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေ၊ သမိုင်းကြောင်းတွေ အားလုံး တန်းစီ စဉ်းစားမိရောပေါ့ဗျာ…။

သူပြောတာ ဟုတ်နေတာကိုး…။ အတော်ကို ဟုတ်နေတာ….. ကျွန်တော်တို့ ရှုံးနေဦးမှာပဲလေ။ တစ်ဦးချင်း၊ တစ်ယောက်ချင်း ဘယ်လောက် တော်တော်.. ဘယ်လောက် ကောင်းကောင်း.. ဘယ်လောက်ပဲ အရည်အချင်း ရှိရှိ… အချင်းချင်း မညီညွတ်ကျတော့….. အမြဲတမ်း ရှုံးနေဦး မှာပါ။

Credit to : (Than Soe Economist) # မူရင်းရေးသားသူကို လေးစားစွာ #credit ပေးပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*