“ေငြပိုရွာတဲ့ ေနရာမွာ မႀကိဳးစားရင္ ေငြသုံးတဲ့ ေနရာမွာ ပိုၿပီး ေခြၽတာႏိုင္အာင္ ႀကိဳးစားရလိမ့္မယ္”
သင္ တစ္လဝင္ေငြ ၁၀ သိန္းရွိတဲ့ခ်ိန္မွာ စားေသာက္ဆိုင္တစ္ဆိုင္ ဝင္ထိုင္မိလို႔ ၁ ေသာင္း ၂ ေသာင္း ကုန္တဲ့ ခ်ိန္မွာ ဆိုင္က ေစ်းႀကီးတယ္ ဆိုၿပီးေတာ့ သင္ Social Media ေပၚမွာတင္ၿပီး ေျပာမွာ မဟုတ္ပါဘူး။
သင္တစ္လ ဝင္ေငြ သိန္း ၁၀၀ ရွိတဲ့ခ်ိန္မွာ LV brand ဝယ္သုံးတာကို အထူးအဆန္းျမင္မွာ မဟုတ္ပါဘူး။
သင္တစ္ လ ဝင္ေငြ သိန္း ၁၀၀၀ ရွိတဲ့ ခ်ိန္မွာ BMW ကားအေကာင္းစား ဝယ္စီးတာကို ပုံမွန္ျဖစ္ရပ္ တစ္ခုပဲလို႔ သင္ ျမင္ပါလိမ့္မယ္။
ဘယ္အရာမဆို Level ရွိပါ တယ္။ လူ႔ဘဝလဲ တူတူပါပဲ ။ သဘာဝကိုက ခြဲျခားထားၿပီးသားပါ။ Game ကစား ရင္လဲ Level ရွိပါတယ္။ Rank လဲ ရွိပါတယ္။ အေပၚေရာက္ေလ လူေတြက အထင္ႀကီးေလ ပါပဲ။
Game မွာေတာင္မွ Level ျမင့္ခ်င္ရင္ ကိုယ္တိုင္ ႀကိဳးစားမွ ရပါတယ္။ ပုံမွန္သူတစ္ေယာက္ေျပာတဲ့ စကားက ဘယ္ေလာက္ ေသြးထြက္ေအာင္ မွန္ေနပါေစ လူေတြ အေလးမေပးပါဘူး။
ေအာင္ျမင္တဲ့ သန္းႂကြယ္ သူေဌးတစ္ေယာက္ ေျပာလိုက္တဲ့ စကားတစ္ခြန္း ကိုေတာ့ လူတိုင္း ယုံၾကည္ လိုက္နာ ၾကပါတယ္။
ဒီေန႔ ပစၥည္း တစ္ခုကို ဝယ္လိုက္ရင္ သူ႔ရဲ႕အဆင့္အတန္း ရွိပါတယ္။ ေစ်းႏႈန္းေတြ မတူၾကပါဘူး။ ကိုယ္တတ္ႏိုင္တဲ့ ေစ်းႏႈန္းနဲ႔ ဝယ္ၾက ပါတယ္။ ပိုရွိတဲ့သူက ပိုေကာင္းတာ ဝယ္မွာေပါ့။
တတ္ႏိုင္တဲ့ သူက သူတတ္ႏိုင္တဲ့ ေစ်းႏႈန္းေလးနဲ႔ ဝယ္မွာေပါ့ ။ သူ႔လက္ထဲမွာ သိန္း ၅၀၀ အပိုေငြ ရွိလို႔ iphone xs ဝယ္လိုက္တာ သူ႔အတြက္ေတာ့ ျဖဳန္းတာ မဟုတ္ပါဘူး။ သူ႔ေငြကို သူ သုံးတာပါ။ သူရွာႏိုင္လို႔ သူ သုံးတာေလ ။
“ေငြပိုရွာတဲ့ ေနရာမွာ မႀကိဳးစားရင္ ေငြသုံးတဲ့ ေနရာမွာ ပိုၿပီး ေခြၽတာႏိုင္ေအာင္ ႀကိဳးစားရလိမ့္မယ္”။ ေနာက္တစ္ခါေျပာပါရေစ….
“ေငြပိုရွာတဲ့ေနရာမွာ မႀကိဳးစားရင္ ေငြသုံးတဲ့ေနရာမွာ ပိုၿပီးေခြၽတာႏိုင္ေအာင္ ႀကိဳးစားရလိမ့္မယ္”
မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။
Unicode
“ငွေပိုရှာတဲ့ နေရာမှာ မကြိုးစားရင် ငွေသုံးတဲ့ နေရာမှာ ပိုပြီး ချွေတာနိုင်အာင် ကြိုးစားရလိမ့်မယ်”
သင် တစ်လဝင်ငွေ ၁၀ သိန်းရှိတဲ့ချိန်မှာ စားသောက်ဆိုင်တစ်ဆိုင် ဝင်ထိုင်မိလို့ ၁ သောင်း ၂ သောင်း ကုန်တဲ့ ချိန်မှာ ဆိုင်က ဈေးကြီးတယ် ဆိုပြီးတော့ သင် Social Media ပေါ်မှာတင်ပြီး ပြောမှာ မဟုတ်ပါဘူး။
သင်တစ်လ ဝင်ငွေ သိန်း ၁၀၀ ရှိတဲ့ချိန်မှာ LV brand ဝယ်သုံးတာကို အထူးအဆန်းမြင်မှာ မဟုတ်ပါဘူး။
သင်တစ် လ ဝင်ငွေ သိန်း ၁၀၀၀ ရှိတဲ့ ချိန်မှာ BMW ကားအကောင်းစား ဝယ်စီးတာကို ပုံမှန်ဖြစ်ရပ် တစ်ခုပဲလို့ သင် မြင်ပါလိမ့်မယ်။
ဘယ်အရာမဆို Level ရှိပါ တယ်။ လူ့ဘဝလဲ တူတူပါပဲ ။ သဘာဝကိုက ခွဲခြားထားပြီးသားပါ။ Game ကစား ရင်လဲ Level ရှိပါတယ်။ Rank လဲ ရှိပါတယ်။ အပေါ်ရောက်လေ လူတွေက အထင်ကြီးလေ ပါပဲ။
Game မှာတောင်မှ Level မြင့်ချင်ရင် ကိုယ်တိုင် ကြိုးစားမှ ရပါတယ်။ ပုံမှန်သူတစ်ယောက်ပြောတဲ့ စကားက ဘယ်လောက် သွေးထွက်အောင် မှန်နေပါစေ လူတွေ အလေးမပေးပါဘူး။
အောင်မြင်တဲ့ သန်းကြွယ် သူဌေးတစ်ယောက် ပြောလိုက်တဲ့ စကားတစ်ခွန်း ကိုတော့ လူတိုင်း ယုံကြည် လိုက်နာ ကြပါတယ်။
ဒီနေ့ ပစ္စည်း တစ်ခုကို ဝယ်လိုက်ရင် သူ့ရဲ့အဆင့်အတန်း ရှိပါတယ်။ ဈေးနှုန်းတွေ မတူကြပါဘူး။ ကိုယ်တတ်နိုင်တဲ့ ဈေးနှုန်းနဲ့ ဝယ်ကြ ပါတယ်။ ပိုရှိတဲ့သူက ပိုကောင်းတာ ဝယ်မှာပေါ့။
တတ်နိုင်တဲ့ သူက သူတတ်နိုင်တဲ့ ဈေးနှုန်းလေးနဲ့ ဝယ်မှာပေါ့ ။ သူ့လက်ထဲမှာ သိန်း ၅၀၀ အပိုငွေ ရှိလို့ iphone xs ဝယ်လိုက်တာ သူ့အတွက်တော့ ဖြုန်းတာ မဟုတ်ပါဘူး။ သူ့ငွေကို သူ သုံးတာပါ။ သူရှာနိုင်လို့ သူ သုံးတာလေ ။
“ငွေပိုရှာတဲ့ နေရာမှာ မကြိုးစားရင် ငွေသုံးတဲ့ နေရာမှာ ပိုပြီး ချွေတာနိုင်အောင် ကြိုးစားရလိမ့်မယ်”။ နောက်တစ်ခါပြောပါရစေ….
“ငွေပိုရှာတဲ့နေရာမှာ မကြိုးစားရင် ငွေသုံးတဲ့နေရာမှာ ပိုပြီးချွေတာနိုင်အောင် ကြိုးစားရလိမ့်မယ်”
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။
Leave a Reply