ဆိုလာ၀ယ္သံုးေတာ့မယ္ဆိုရင္ သိထားသင့္တဲ့ အခ်က္မ်ား (ဂ်င္းမမိေအာင္ သိထားသင့္ပါတယ္)

ဆိုလာ၀ယ္သံုးေတာ့မယ္ဆိုရင္ သိထားသင့္တဲ့ အခ်က္မ်ား (ဂ်င္းမမိေအာင္ သိထားသင့္ပါတယ္)
ဆိုလာ၀ယ္သံုးေတာ့မယ္ဆိုရင္ သိထားသင့္တဲ့ အခ်က္မ်ား (ဂ်င္းမမိေအာင္ သိထားသင့္ပါတယ္)

ဆိုလာ၀ယ္သံုးေတာ့မယ္ဆိုရင္ သိထားသင့္တဲ့ အခ်က္မ်ား (ဂ်င္းမမိေအာင္ သိထားသင့္ပါတယ္)

Solar system တစ္ခုဟာ watt ခ်င္းတူရင္ မီးစက္ တစ္လုံးဝယ္သုံးတာထက္ ပိုၿပီး ကုန္က်စရိတ္မ်ားပါတယ္။ ဒါေပမယ့္ ေရရွည္တြက္မယ္ဆိုရင္ ဆိုလာက အမ်ားႀကီး တြက္ေျခကိုက္တယ္။

Solar system မွာ ဘာေတြ သိသင့္လဲဆိုေတာ့ ပထမဆုံး solar panel ပါ။ လက္ရွိ solar panel မွာ Poly, Mono, Thin film solar ရယ္ ဆိုၿပီး သုံးမ်ိဳး ရွိပါတယ္။

Thin film solar က အေကာင္းဆုံးဆိုေပမယ့္ ေစ်းမ်ားတယ္ အသုံးနည္းတယ္။Satellites ေတြမွာေလာက္ပဲ သုံးတယ္လို႔ သိပါတယ္။ Poly နဲ႔ Mono က အသုံးအမ်ားဆုံးပါ။

Poly က အရည္ႀကိဳထားတဲ့ silicon crystal ကေနထုတ္ၿပီး Mono ကေတာ့ သန္႔စင္ထားတဲ့ silicon ကေနထုတ္တယ္။

အလြယ္ခြဲလို႔ရတာက poly ဆို အျပာေရာင္အကြက္နဲ႔ Mono ဆို အမည္းေရာင္၊ နက္ျပာေရာင္ ဆိုၿပီးေတြ႕ရပါတယ္။ Poly solar ေတြရဲ႕အကြက္အေရာင္ေတြက မညီညာဖူး။ Mono ကေတာ့ တညီတညာထဲပါ။

Poly ေတြက ေရးထားတဲ့ watt ရဲ႕ ၇၀ ရာခိုင္ႏႈန္း ေလာက္ပဲထြက္ၿပီး Mono ကေတာ့ ၉၉ ရာခိုင္ႏႈန္းေလာက္ထိ ထုတ္ေပးပါတယ္။ ေစ်းကလည္း အနည္းငယ္ေလာက္ပိုမ်ားတယ္။

Warranty အေနနဲ႔ poly ကို 15 years ေလာက္ေပးတယ္။ Mono ဆို ၂၅ ႏွစ္ ေလာက္ထိေပးပါတယ္။ ဒါေတာင္မပ်က္စီးေသးပါဘူး။

power efficiency ေလ်ာ့သြားတာမ်ိဳးပဲ ရွိပါေသးတယ္။ Mono မွာ half cell ဆိုၿပီး ထပ္ခြဲထားတာရွိတယ္။ အတြင္းထဲမွာ bypass diode ေတြအေၾကာင္းလည္း သိသင့္တယ္ဗ်…

အဲ့ဒီ့ diode ေတြက ဆိုလာ အလုပ္လုပ္ေအာင္ ဆိုတာထက္ အရိပ္က်တဲ့အခါ ေက်ာ္ၿပီး ထုတ္ေပးႏိုင္ေအာင္နဲ႔ battery က reverse ျပန္ထြက္တာကို ထိန္းႏိုင္ေအာင္ တပ္ထားတာပါ။

diode ေတြအကုန္ျဖဳတ္ၿပီး ေမာင္းရင္လည္း cell တစ္ခု မပ်က္စီးရင္ ပုံမွန္အတိုင္း ထြက္ပါတယ္။တစ္ခုရွိတာက ခုေနာက္ပိုင္း ဆိုလာေတြမွာ cell အတုေတြ ပါလာတာပါ။

အဲ့ဒီ့ အလုပ္မလုပ္တဲ့ cell ေတြကို bypass diode နဲ႔ ေက်ာ္ၿပီးေပးထားပါတယ္။ ဒီေတာ့ ေရးထားတဲ့ watt နဲ႔ တကယ္ထြက္တာက အေတာ္ႀကီး ကြာပါတယ္။

ဂ်င္းေတြေပါ့ဗ်ာ… Solarဝယ္မယ္ဆို တကယ္ warranty ရွိၿပီးသား brandကို ဝယ္သုံး။brand ကို စိတ္မခ်ရင္ solar tester နဲ႔ စမ္းၿပီး watt ျပည့္မျပည့္ တိုင္းၿပီးဝယ္တာ အဆင္အေျပဆုံးပါပဲ။

Solar cable ေတြကေတာ့ အနည္းဆုံး ဆယ္စုႏွစ္ တစ္ခုစာ သုံးရမွာျဖစ္လို႔ အေသအခ်ာ ေ႐ြးဝယ္သင့္ပါတယ္။ သူက ႐ိုး႐ိုး မီးႀကိဳးေတြနဲ႔ တပ္မရပါ။ Solar ႀကိဳးေတြက efficiency အျမင့္ဆုံးရေအာင္ေကာ ရာသီဥတုဒါဏ္ ခံေအာင္ပါ ထုတ္ထားပါတယ္။

Copper 99% ပါတဲ့ ႀကိဳးေတြကိုမွ အေပၚက ေငြရည္ စိမ္ေပးထားပါတယ္။ ႀကိဳးေတြက ေငြေရာင္ပါ ေၾကးျခစ္လိုက္မွ ေၾကးေရာင္ ထြက္ပါတယ္။ ဒါက အလြယ္ေျပာတာပါ။ ပိုေျပာရင္ အမ်ားႀကီးရွိပါေသးတယ္…။

ေနာက္တစ္ခုကေတာ့

solar system မွာ အေရးအႀကီးဆုံး controller ပါ။ သူက ႏွစ္မ်ိဳးရွိ ပါတယ္… PWM (Pulse Width Modulation) နဲ႔ MPPT (Maximum Power Point Tracking) controller ေတြ။

PWM ကေတာ့ battery ကို ဘယ္အခ်ိန္သြင္းမယ္… ဘယ္ေလာက္သြင္းမယ္… ဘယ္အခ်ိန္ရပ္မယ္ ဆိုတာေလာက္ကို အဓိက ထားပါတယ္။

PV ကေနလာတဲ့ power ကို တိုးျမင့္ေပးတာ မရွိပါ။ MPPT ကေတာ့ PV ရဲ႕ power ကို တိုးျမင့္ လုပ္ေဆာင္ေပးပါတယ္။

မိုး႐ြာေနတဲ့ အခ်ိန္ေတြမွာေတာင္ power ကို အျမင့္ဆုံးရေအာင္ လုပ္ထားေပးႏိုင္ပါတယ္။ inverter ေစ်းထက္ေတာင္ႀကီးတဲ့ MPPT ေတြ ရွိပါတယ္။

တကယ္ သုံးမယ္ဆိုရင္ေတာ့ MPPT ကို ေ႐ြးပါ။ ေနာက္မွာေတာ့ inverter ကေတာ့ ပုံစံ (၃) မ်ိဳး ရွိပါတယ္။

ဒါက solar grid system နဲ႔ ဆိုင္ပါတယ္.. On grid, Off gridနဲ႔ hybridပါ..။ On grid ကေတာ့ မီးအၿမဲရတဲ့ ေနရာေတြ (မီးမပ်က္) လွ်ပ္စစ္မီးေရာ solar ေရာတြဲသုံးတဲ့ ပုံစံပါ။ Backup အတြက္ battery မပါပါ။

Solar ကထြက္တဲ့ power ကပိုေနရင္ main grid ျပန္ပို႔ေပးၿပီး (ပိုတဲ့ powerကို အစိုးရဆီ ျပန္ေရာင္းပါတယ္) သုံးတာက solar powerထက္မ်ားရင္ main grid ကေန လိုသေလာက္ယူသုံးေပးပါတယ္။ Off grid ကေတာ့ solarရယ္ battery ရယ္ပဲသုံးပါတယ္။

မီးလာေနရင္ မီးနဲ႔သုံးၿပီး မီးမရရင္ solar ကေနသုံးတယ္… ညဖက္လိုမ်ိဳးဆို backup ထားတဲ့ battery ကေန ျပန္သုံးပါတယ္။ Hybrid ကေတာ့ အထက္ကႏွစ္မ်ိဳးကို ေပါင္းထားတာမ်ိဳးပါ။

ဒါေပမယ့္ ဒီမွာက မီးပ်က္ေတာ့ မီးအားကို main grid ဆီ ျပန္ပို႔ မရပါဘူး။ဘယ္ အမ်ိဳးအစား inverter မ်ိဳးသုံးသုံး pure sine wave ျဖစ္ဖို႔ လိုအပ္ပါတယ္။ modified sine wave ဆို ေရးထားတဲ့ watt ရဲ႕ တဝက္ပဲ သုံးလို႔ရမယ္။

Freezer ေတြ aircon ေတြ motor ေတြသုံးမယ္ဆို Peak Power ျမင့္တဲ့ low frequency pure sine wave ေတြ ဝယ္ရပါမယ္။

Battery မွာေတာ့ lead acid ႏွစ္မ်ိဳး, Normal plate, tubular tall, Gel type, Calcium battery, Ni-cad (နီကယ္-ကက္), Lifepo4 ဆိုၿပီး ထြက္ပါတယ္။

Normal plate battery ေတြက solar system မွာ သုံးမရပါဘူး။က်ေတာ္တို႔ ဆီမွာ သုံးေနတဲ့ ကားအိုး 3K TOYO အစရွိတာေတြပါ။ ဆိုလာနဲ႔သုံးရင္ တစ္ႏွစ္ဆိုတာ အလြန္ဆုံးပါ။

Solar နဲ႔ သုံးမယ္ဆို အနည္းဆုံး tubular tall ကေန စသုံးရပါမယ္။ ၿပီးရင္ Gel Type deep cycle ေတြ Lifepo4 ေတြကေတာ့ solar နဲ႔ အသင့္ေတာ္ဆုံးပါ။

Charge rate ျမင့္သလို peak power လည္း ျမင့္တယ္။ ႐ိုး႐ိုး lead acid 200A တစ္လုံးနဲ႔ ယွဥ္ၾကည့္ရင္ Lifepo4 100A တစ္လုံးက အသုံးပိုခံတယ္။ ေစ်းနဲ႔တြက္ရင္ မ်ားေပမယ့္ 5 years ေလာက္ စိတ္ခ်လက္ခ်သုံးရမယ္။

ပ်က္စီးခဲ့ရင္ေတာင္ လိုတဲ့ cell တခုခ်င္း လဲလို႔ ရမယ္… ဒီလို အားသာခ်က္ေတြ ရွိပါတယ္။ ေတာ္ေသးၿပီ။

Written by Wai Yan မူရင္းေရးသားသူအား ေလးစားမႈျဖင့္… ျပန္လည္ မွ်ေဝပါသည္။

Unicode

ဆိုလာဝယ်သုံးတော့မယ်ဆိုရင် သိထားသင့်တဲ့ အချက်များ (ဂျင်းမမိအောင် သိထားသင့်ပါတယ်)

Solar system တစ်ခုဟာ watt ချင်းတူရင် မီးစက် တစ်လုံးဝယ်သုံးတာထက် ပိုပြီး ကုန်ကျစရိတ်များပါတယ်။ ဒါပေမယ့် ရေရှည်တွက်မယ်ဆိုရင် ဆိုလာက အများကြီး တွက်ခြေကိုက်တယ်။

Solar system မှာ ဘာတွေ သိသင့်လဲဆိုတော့ ပထမဆုံး solar panel ပါ။ လက်ရှိ solar panel မှာ Poly, Mono, Thin film solar ရယ် ဆိုပြီး သုံးမျိုး ရှိပါတယ်။

Thin film solar က အကောင်းဆုံးဆိုပေမယ့် ဈေးများတယ် အသုံးနည်းတယ်။Satellites တွေမှာလောက်ပဲ သုံးတယ်လို့ သိပါတယ်။ Poly နဲ့ Mono က အသုံးအများဆုံးပါ။

Poly က အရည်ကြိုထားတဲ့ silicon crystal ကနေထုတ်ပြီး Mono ကတော့ သန့်စင်ထားတဲ့ silicon ကနေထုတ်တယ်။

အလွယ်ခွဲလို့ရတာက poly ဆို အပြာရောင်အကွက်နဲ့ Mono ဆို အမည်းရောင်၊ နက်ပြာရောင် ဆိုပြီးတွေ့ရပါတယ်။ Poly solar တွေရဲ့အကွက်အရောင်တွေက မညီညာဖူး။ Mono ကတော့ တညီတညာထဲပါ။

Poly တွေက ရေးထားတဲ့ watt ရဲ့ ၇၀ ရာခိုင်နှုန်း လောက်ပဲထွက်ပြီး Mono ကတော့ ၉၉ ရာခိုင်နှုန်းလောက်ထိ ထုတ်ပေးပါတယ်။ ဈေးကလည်း အနည်းငယ်လောက်ပိုများတယ်။

Warranty အနေနဲ့ poly ကို 15 years လောက်ပေးတယ်။ Mono ဆို ၂၅ နှစ် လောက်ထိပေးပါတယ်။ ဒါတောင်မပျက်စီးသေးပါဘူး။

power efficiency လျော့သွားတာမျိုးပဲ ရှိပါသေးတယ်။ Mono မှာ half cell ဆိုပြီး ထပ်ခွဲထားတာရှိတယ်။ အတွင်းထဲမှာ bypass diode တွေအကြောင်းလည်း သိသင့်တယ်ဗျ…

အဲ့ဒီ့ diode တွေက ဆိုလာ အလုပ်လုပ်အောင် ဆိုတာထက် အရိပ်ကျတဲ့အခါ ကျော်ပြီး ထုတ်ပေးနိုင်အောင်နဲ့ battery က reverse ပြန်ထွက်တာကို ထိန်းနိုင်အောင် တပ်ထားတာပါ။

diode တွေအကုန်ဖြုတ်ပြီး မောင်းရင်လည်း cell တစ်ခု မပျက်စီးရင် ပုံမှန်အတိုင်း ထွက်ပါတယ်။တစ်ခုရှိတာက ခုနောက်ပိုင်း ဆိုလာတွေမှာ cell အတုတွေ ပါလာတာပါ။

အဲ့ဒီ့ အလုပ်မလုပ်တဲ့ cell တွေကို bypass diode နဲ့ ကျော်ပြီးပေးထားပါတယ်။ ဒီတော့ ရေးထားတဲ့ watt နဲ့ တကယ်ထွက်တာက အတော်ကြီး ကွာပါတယ်။

ဂျင်းတွေပေါ့ဗျာ… Solarဝယ်မယ်ဆို တကယ် warranty ရှိပြီးသား brandကို ဝယ်သုံး။brand ကို စိတ်မချရင် solar tester နဲ့ စမ်းပြီး watt ပြည့်မပြည့် တိုင်းပြီးဝယ်တာ အဆင်အပြေဆုံးပါပဲ။

Solar cable တွေကတော့ အနည်းဆုံး ဆယ်စုနှစ် တစ်ခုစာ သုံးရမှာဖြစ်လို့ အသေအချာ ရွေးဝယ်သင့်ပါတယ်။ သူက ရိုးရိုး မီးကြိုးတွေနဲ့ တပ်မရပါ။ Solar ကြိုးတွေက efficiency အမြင့်ဆုံးရအောင်ကော ရာသီဥတုဒါဏ် ခံအောင်ပါ ထုတ်ထားပါတယ်။

Copper 99% ပါတဲ့ ကြိုးတွေကိုမှ အပေါ်က ငွေရည် စိမ်ပေးထားပါတယ်။ ကြိုးတွေက ငွေရောင်ပါ ကြေးခြစ်လိုက်မှ ကြေးရောင် ထွက်ပါတယ်။ ဒါက အလွယ်ပြောတာပါ။ ပိုပြောရင် အများကြီးရှိပါသေးတယ်…။

နောက်တစ်ခုကတော့

solar system မှာ အရေးအကြီးဆုံး controller ပါ။ သူက နှစ်မျိုးရှိ ပါတယ်… PWM (Pulse Width Modulation) နဲ့ MPPT (Maximum Power Point Tracking) controller တွေ။

PWM ကတော့ battery ကို ဘယ်အချိန်သွင်းမယ်… ဘယ်လောက်သွင်းမယ်… ဘယ်အချိန်ရပ်မယ် ဆိုတာလောက်ကို အဓိက ထားပါတယ်။

PV ကနေလာတဲ့ power ကို တိုးမြင့်ပေးတာ မရှိပါ။ MPPT ကတော့ PV ရဲ့ power ကို တိုးမြင့် လုပ်ဆောင်ပေးပါတယ်။

မိုးရွာနေတဲ့ အချိန်တွေမှာတောင် power ကို အမြင့်ဆုံးရအောင် လုပ်ထားပေးနိုင်ပါတယ်။ inverter ဈေးထက်တောင်ကြီးတဲ့ MPPT တွေ ရှိပါတယ်။

တကယ် သုံးမယ်ဆိုရင်တော့ MPPT ကို ရွေးပါ။ နောက်မှာတော့ inverter ကတော့ ပုံစံ (၃) မျိုး ရှိပါတယ်။

ဒါက solar grid system နဲ့ ဆိုင်ပါတယ်.. On grid, Off gridနဲ့ hybridပါ..။ On grid ကတော့ မီးအမြဲရတဲ့ နေရာတွေ (မီးမပျက်) လျှပ်စစ်မီးရော solar ရောတွဲသုံးတဲ့ ပုံစံပါ။ Backup အတွက် battery မပါပါ။

Solar ကထွက်တဲ့ power ကပိုနေရင် main grid ပြန်ပို့ပေးပြီး (ပိုတဲ့ powerကို အစိုးရဆီ ပြန်ရောင်းပါတယ်) သုံးတာက solar powerထက်များရင် main grid ကနေ လိုသလောက်ယူသုံးပေးပါတယ်။ Off grid ကတော့ solarရယ် battery ရယ်ပဲသုံးပါတယ်။

မီးလာနေရင် မီးနဲ့သုံးပြီး မီးမရရင် solar ကနေသုံးတယ်… ညဖက်လိုမျိုးဆို backup ထားတဲ့ battery ကနေ ပြန်သုံးပါတယ်။ Hybrid ကတော့ အထက်ကနှစ်မျိုးကို ပေါင်းထားတာမျိုးပါ။

ဒါပေမယ့် ဒီမှာက မီးပျက်တော့ မီးအားကို main grid ဆီ ပြန်ပို့ မရပါဘူး။ဘယ် အမျိုးအစား inverter မျိုးသုံးသုံး pure sine wave ဖြစ်ဖို့ လိုအပ်ပါတယ်။ modified sine wave ဆို ရေးထားတဲ့ watt ရဲ့ တဝက်ပဲ သုံးလို့ရမယ်။

Freezer တွေ aircon တွေ motor တွေသုံးမယ်ဆို Peak Power မြင့်တဲ့ low frequency pure sine wave တွေ ဝယ်ရပါမယ်။

Battery မှာတော့ lead acid နှစ်မျိုး, Normal plate, tubular tall, Gel type, Calcium battery, Ni-cad (နီကယ်-ကက်), Lifepo4 ဆိုပြီး ထွက်ပါတယ်။

Normal plate battery တွေက solar system မှာ သုံးမရပါဘူး။ကျတော်တို့ ဆီမှာ သုံးနေတဲ့ ကားအိုး 3K TOYO အစရှိတာတွေပါ။ ဆိုလာနဲ့သုံးရင် တစ်နှစ်ဆိုတာ အလွန်ဆုံးပါ။

Solar နဲ့ သုံးမယ်ဆို အနည်းဆုံး tubular tall ကနေ စသုံးရပါမယ်။ ပြီးရင် Gel Type deep cycle တွေ Lifepo4 တွေကတော့ solar နဲ့ အသင့်တော်ဆုံးပါ။

Charge rate မြင့်သလို peak power လည်း မြင့်တယ်။ ရိုးရိုး lead acid 200A တစ်လုံးနဲ့ ယှဉ်ကြည့်ရင် Lifepo4 100A တစ်လုံးက အသုံးပိုခံတယ်။ ဈေးနဲ့တွက်ရင် များပေမယ့် 5 years လောက် စိတ်ချလက်ချသုံးရမယ်။

ပျက်စီးခဲ့ရင်တောင် လိုတဲ့ cell တခုချင်း လဲလို့ ရမယ်… ဒီလို အားသာချက်တွေ ရှိပါတယ်။ တော်သေးပြီ။

Written by Wai Yan မူရင်းရေးသားသူအား လေးစားမှုဖြင့်… ပြန်လည် မျှဝေပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*