လူသိနည္းျပီး ေဆးဖက္ဝင္တဲ့အျပင္ စီးပြားျဖစ္ပါ လုပ္ႏိုင္တဲ့ ဝါးရည္ရယူနည္း

လူသိနည္းျပီး ေဆးဖက္ဝင္တဲ့အျပင္ စီးပြားျဖစ္ပါ လုပ္ႏိုင္တဲ့ ဝါးရည္ရယူနည္း
လူသိနည္းျပီး ေဆးဖက္ဝင္တဲ့အျပင္ စီးပြားျဖစ္ပါ လုပ္ႏိုင္တဲ့ ဝါးရည္ရယူနည္း

လူသိနည္းျပီး ေဆးဖက္ဝင္တဲ့အျပင္ စီးပြားျဖစ္ပါ လုပ္ႏိုင္တဲ့ ဝါးရည္ရယူနည္း

“ဝါးေရ” ဆိုတာ တ႐ုတ္နဲ႔ ထိုင္းမွာ လူေျပာမ်ားေနတယ္။ ဝါး အတြင္းသားထဲက ထြက္တဲ့ေရ။ ေရ႐ိုး႐ိုးလိုဘဲ အေရာင္မရွိေပမယ့္ အနံ႔အရသာကေတာ့ ထူးျခားတယ္လို႕ ဆိုတယ္။

သူ႔ကို ေသာက္သုံးရင္ ဆီးေက်ာက္၊ သည္းေခ်ေက်ာက္မ်ားကို ေက်မြေစၿပီး ဆီးခ်ိဳကိုလည္း က်ေစတယ္ ဆိုတယ္။ မ်က္ေစ့တိမ္စြဲျခင္းကိုလည္း ေပ်ာက္ကင္းေစႏိုင္တယ္။

သူ႔ရဲ အဓိက လုပ္ေဆာင္မႈက ကိုယ္ခႏၶာတြင္းရွိ အဆိပ္ အေတာက္မ်ားကို ဖယ္ရွားေပးျခင္း ျဖစ္ၿပီး သူ႔ကို ေသာက္ၿပီးတာနဲ႔ တကိုယ္လုံး ေပါ့ပါး လန္းဆန္း သြက္လက္သြားတယ္ လို႔ ဆိုပါတယ္။

အျခား ဘာေရာဂါႀကီးေတြ ေပ်ာက္ႏိုင္လဲ ဆိုတာေတာ့ စူးစမ္းေလ့လာဆဲ ရွိပါေသးတယ္။ ကိုယ့္အိမ္မွာ ဝါးပင္ တစ္ပင္ေလာက္ရွိရင္ ဒီဝါးေရကို ကိုယ္တိုင္ ထုတ္ယူလို႔ ရတယ္။

ေအာက္က သူမ်ားေရးထားတဲ့ ပို႔စ္ေလး ဆက္ ဖတ္ၾကည့္ပါ။ လူသိ မမ်ားေသးတဲ့ ဝါးပင္မွထြက္တဲ့ ေဆးဖက္ဝင္ ဝါးေရ တဲ့။

ထန္းပင္မွ ထန္းေရထြက္တာ သိေပမယ့္… ဝါးပင္မွ ဝါးေရထုတ္လို႔ရတယ္ဆိုတာ ခုမနက္ BBC ဦးဝင့္ျမင့္ (အမည္ မွတ္ရာမွာ အာနည္းသူမို႔ အမည္မွားပါက ခြင့္လႊတ္ပါလို႔ ေတာင္းပန္ပါတယ္) က႑ကို နားဆင္မွသာ မထမဆုံး သိခြင့္ရပါတယ္။

ဝါးေရကို ေဆးဖက္ဝင္အျဖစ္နဲ႔ တ႐ုတ္ျပည္မွာ ေရာင္းစားလာတာ ၾကာၿပီလို႔ ဆိုပါတယ္။ ထိုင္းမွာေတာ့ အဲလိုဝါးေရ ထုတ္ေရာင္းတာ ၾကာေသးပုံ မရပါ။

ဒါေပမယ့္ ခုခါမွာ တြက္ေျခကိုက္လို႔ အၿပိဳင္အဆိုင္ေတြပါ တိုးလာတယ္လို႔ ဆိုပါတယ္။ ထိုင္းဝါးေရ တန္ဖိုးဟာ တစ္လီတာကို ၁၅ ဘတ္ ရွိပါသတဲ့။ တ႐ုတ္မွာေတာ့ ဒီေဈးထက္အဆမ်ားစြာ ရတယ္လို႔ ဆိုပါတယ္။

ေဆးဖက္ဝင္ပုံ

ဝါးေရဟာ ဆီးေရာဂါနဲ႔ ဆီးမွာ ေက်ာက္တည္ေရာဂါသာမက မ်က္ေစ့တိမ္စြဲနာပါ ေပ်ာက္ေစႏိုင္တယ္လို႔ ဆိုပါတယ္။ (တိမ္ေရာဂါက ဆက္မေသာက္ရင္ ျပန္ေပၚတတ္တယ္လို႕ ဆိုသလား ၾကားမိလိုက္သလိုဘဲ။)။

ဝါးေရကို ဒီလိုယူပါ

ဘယ္ဝါးမ်ိဳး မဆို ဝါးေရယူလို႔ ရႏိုင္တယ္လို႔ ဆိုပါတယ္။ ဝါးကိုင္ဖ်ားမွ ယူမယ္ဆို အနိမ့္အျမင့္ညီေသာ ဝါးကိုင္းေလးမ်ားကို လွီးျဖတ္ခါ ပလပ္စတိတ္အိတ္ သို႔မဟုတ္

ပုလင္းျဖင့္ခံယူႏိုင္သလို… ဝါးပင္ရင္း ႏွစ္လက္မကြာမွာ လြန္သြားျဖင့္ အေပါက္ေဖါက္ကာ သင့္ေလွ်ာ္ရာပိုက္ ပုလင္းမ်ားျဖင့္လဲ ရယူႏိုင္တယ္လို႔ ဆိုပါတယ္။

ဒီလို ဝါးေရကို ခံယူရာမွာ ညအခ်ိန္ အထူးသျဖင့္ မနက္ေစာေစာ (၃) နာရီေလာက္ဟာ အေကာင္းဆုံးလို႔ ဆိုပါတယ္။ ကိုင္းဖ်ားက ယူရင္ တစ္ေန႔ကို တစ္လီတာေလာက္သာ ရႏိုင္ေပမယ့္ ပင္ရင္းမွ ယူပါက တစ္န႔လွ်င္ ၅ လီတာခန႔္ထိ ရႏိုင္တယ္လို႔ ဆိုပါတယ္။

ပင္ရင္းမွ ယူတဲ့ခါ ေလဟာနယ္ကို ပိတ္တဲ့အေနနဲ႔ ဖေယာင္းကိုသုံးရမယ္လို အႀကံျပဳထားပါတယ္။ ေသာက္သုံးရာမွာလဲ အေရာင္အဆင္း မရွိေသာ္လဲ ထူျခားစြာ ေရ အရသာကိုခံစားရတယ္လို႔ ဆိုပါတယ္။

ေသာက္သုံး၊ သယ္ယူရာမွာ ဒါေလးကိုေတာ့ သတိျပဳပါ

ေရခဲေသတၱာ ဒါမွမဟုတ္ ေရခဲဘူးထဲမွာ ထည့္ၿပီး ေသာက္ပါ၊ သုံးပါ၊ သယ္ယူပါလို႔ ဆိုပါတယ္။ ဝါးေရ အျပာေရာင္သမ္းလာရင္ မေသာက္သုံးသင့္ပါလို႔ သတိေပးထားပါတယ္။

မၾကားစဖူး ထူးျခားတာရယ္၊ ေဆးဖက္ဝင္တာရယ္၊ ဝါးပင္ ပိုင္ရွင္မ်ားနဲ႔ ဝါးထမ္းေရာင္းသူေလးမ်ားအတြက္ တစ္ဖက္တစ္လမ္းမွ အပိုဝင္ေငြ ရေစလိုတဲ့ေစတနာနဲ႔ မွ်ေဝလိုက္ပါတယ္။

ေဆးဖက္အမွန္ဝင္၍ ဝါးပင္ပိုင္ရွင္နဲ႔ ဝါးထမ္းေရာင္းကာ ဝမ္းစာရွာၾကသူမ်ား အက်ိဳးစီးပြား တိုးမ်ားႏိုင္ၾကပါေစသား။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

လူသိနည်းပြီး ဆေးဖက်ဝင်တဲ့အပြင် စီးပွားဖြစ်ပါ လုပ်နိုင်တဲ့ ဝါးရည်ရယူနည်း

“ဝါးရေ” ဆိုတာ တရုတ်နဲ့ ထိုင်းမှာ လူပြောများနေတယ်။ ဝါး အတွင်းသားထဲက ထွက်တဲ့ရေ။ ရေရိုးရိုးလိုဘဲ အရောင်မရှိပေမယ့် အနံ့အရသာကတော့ ထူးခြားတယ်လို့ ဆိုတယ်။

သူ့ကို သောက်သုံးရင် ဆီးကျောက်၊ သည်းချေကျောက်များကို ကျေမွစေပြီး ဆီးချိုကိုလည်း ကျစေတယ် ဆိုတယ်။ မျက်စေ့တိမ်စွဲခြင်းကိုလည်း ပျောက်ကင်းစေနိုင်တယ်။

သူ့ရဲ အဓိက လုပ်ဆောင်မှုက ကိုယ်ခန္ဓာတွင်းရှိ အဆိပ် အတောက်များကို ဖယ်ရှားပေးခြင်း ဖြစ်ပြီး သူ့ကို သောက်ပြီးတာနဲ့ တကိုယ်လုံး ပေါ့ပါး လန်းဆန်း သွက်လက်သွားတယ် လို့ ဆိုပါတယ်။

အခြား ဘာရောဂါကြီးတွေ ပျောက်နိုင်လဲ ဆိုတာတော့ စူးစမ်းလေ့လာဆဲ ရှိပါသေးတယ်။ ကိုယ့်အိမ်မှာ ဝါးပင် တစ်ပင်လောက်ရှိရင် ဒီဝါးရေကို ကိုယ်တိုင် ထုတ်ယူလို့ ရတယ်။

အောက်က သူများရေးထားတဲ့ ပို့စ်လေး ဆက် ဖတ်ကြည့်ပါ။ လူသိ မများသေးတဲ့ ဝါးပင်မှထွက်တဲ့ ဆေးဖက်ဝင် ဝါးရေ တဲ့။

ထန်းပင်မှ ထန်းရေထွက်တာ သိပေမယ့်… ဝါးပင်မှ ဝါးရေထုတ်လို့ရတယ်ဆိုတာ ခုမနက် BBC ဦးဝင့်မြင့် (အမည် မှတ်ရာမှာ အာနည်းသူမို့ အမည်မှားပါက ခွင့်လွှတ်ပါလို့ တောင်းပန်ပါတယ်) ကဏ္ဍကို နားဆင်မှသာ မထမဆုံး သိခွင့်ရပါတယ်။

ဝါးရေကို ဆေးဖက်ဝင်အဖြစ်နဲ့ တရုတ်ပြည်မှာ ရောင်းစားလာတာ ကြာပြီလို့ ဆိုပါတယ်။ ထိုင်းမှာတော့ အဲလိုဝါးရေ ထုတ်ရောင်းတာ ကြာသေးပုံ မရပါ။

ဒါပေမယ့် ခုခါမှာ တွက်ခြေကိုက်လို့ အပြိုင်အဆိုင်တွေပါ တိုးလာတယ်လို့ ဆိုပါတယ်။ ထိုင်းဝါးရေ တန်ဖိုးဟာ တစ်လီတာကို ၁၅ ဘတ် ရှိပါသတဲ့။ တရုတ်မှာတော့ ဒီဈေးထက်အဆများစွာ ရတယ်လို့ ဆိုပါတယ်။

ဆေးဖက်ဝင်ပုံ

ဝါးရေဟာ ဆီးရောဂါနဲ့ ဆီးမှာ ကျောက်တည်ရောဂါသာမက မျက်စေ့တိမ်စွဲနာပါ ပျောက်စေနိုင်တယ်လို့ ဆိုပါတယ်။ (တိမ်ရောဂါက ဆက်မသောက်ရင် ပြန်ပေါ်တတ်တယ်လို့ ဆိုသလား ကြားမိလိုက်သလိုဘဲ။)။

ဝါးရေကို ဒီလိုယူပါ

ဘယ်ဝါးမျိုး မဆို ဝါးရေယူလို့ ရနိုင်တယ်လို့ ဆိုပါတယ်။ ဝါးကိုင်ဖျားမှ ယူမယ်ဆို အနိမ့်အမြင့်ညီသော ဝါးကိုင်းလေးများကို လှီးဖြတ်ခါ ပလပ်စတိတ်အိတ် သို့မဟုတ်

ပုလင်းဖြင့်ခံယူနိုင်သလို… ဝါးပင်ရင်း နှစ်လက်မကွာမှာ လွန်သွားဖြင့် အပေါက်ဖေါက်ကာ သင့်လျှော်ရာပိုက် ပုလင်းများဖြင့်လဲ ရယူနိုင်တယ်လို့ ဆိုပါတယ်။

ဒီလို ဝါးရေကို ခံယူရာမှာ ညအချိန် အထူးသဖြင့် မနက်စောစော (၃) နာရီလောက်ဟာ အကောင်းဆုံးလို့ ဆိုပါတယ်။ ကိုင်းဖျားက ယူရင် တစ်နေ့ကို တစ်လီတာလောက်သာ ရနိုင်ပေမယ့် ပင်ရင်းမှ ယူပါက တစ်န့လျှင် ၅ လီတာခန့်ထိ ရနိုင်တယ်လို့ ဆိုပါတယ်။

ပင်ရင်းမှ ယူတဲ့ခါ လေဟာနယ်ကို ပိတ်တဲ့အနေနဲ့ ဖယောင်းကိုသုံးရမယ်လို အကြံပြုထားပါတယ်။ သောက်သုံးရာမှာလဲ အရောင်အဆင်း မရှိသော်လဲ ထူခြားစွာ ရေ အရသာကိုခံစားရတယ်လို့ ဆိုပါတယ်။

သောက်သုံး၊ သယ်ယူရာမှာ ဒါလေးကိုတော့ သတိပြုပါ

ရေခဲသေတ္တာ ဒါမှမဟုတ် ရေခဲဘူးထဲမှာ ထည့်ပြီး သောက်ပါ၊ သုံးပါ၊ သယ်ယူပါလို့ ဆိုပါတယ်။ ဝါးရေ အပြာရောင်သမ်းလာရင် မသောက်သုံးသင့်ပါလို့ သတိပေးထားပါတယ်။

မကြားစဖူး ထူးခြားတာရယ်၊ ဆေးဖက်ဝင်တာရယ်၊ ဝါးပင် ပိုင်ရှင်များနဲ့ ဝါးထမ်းရောင်းသူလေးများအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေ ရစေလိုတဲ့စေတနာနဲ့ မျှဝေလိုက်ပါတယ်။

ဆေးဖက်အမှန်ဝင်၍ ဝါးပင်ပိုင်ရှင်နဲ့ ဝါးထမ်းရောင်းကာ ဝမ်းစာရှာကြသူများ အကျိုးစီးပွား တိုးများနိုင်ကြပါစေသား။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*