ေႏြ၊ မိုး၊ ေဆာင္း… ရာသီဥတုအလိုက္ ေရခ်ိဳးရမည့္အခ်ိန္ႏွင့္ သတိျပဳသင့္ေသာ အခ်က္မ်ာ…

ရာသီဥတုအလိုက္ ေရခ်ိဳးရမည့္အခ်ိန္ႏွင့္ သတိျပဳသင့္ေသာ အခ်က္မ်ာ...
ရာသီဥတုအလိုက္ ေရခ်ိဳးရမည့္အခ်ိန္ႏွင့္ သတိျပဳသင့္ေသာ အခ်က္မ်ာ...

ေႏြ၊ မိုး၊ ေဆာင္း… ရာသီဥတုအလိုက္ ေရခ်ိဳးရမည့္အခ်ိန္ႏွင့္ သတိျပဳသင့္ေသာ အခ်က္မ်ာ…

ေဆာင္းဥတုတြင္ ေအးသည္ဟု ဆိုကာ ေရမခ်ိဳးဘဲ မေနသင့္ေပ။ အေအးပတ္မည္ စိုးသျဖင့္ ေရမခ်ိဳးဘဲရက္သတၱပတ္ ၾကာေနသူ သက္ႀကီး႐ြယ္အို တစ္ဦးသည္ သြားဖုံးမ်ား ႂကြၿပီး အစားအ ေသာက္ပ်က္လာသည္ကိုေတြ႕ရသည္။

မ်က္ေခ်းမ်ားထြက္ၿပီးမ်က္စိၾကည့္ေကာင္း ျဖစ္လာသည္။ ေရမခ်ိဳးရသျဖင့္ ကိုယ္တြင္း အပူ ငုပ္ရာမွ အထက္သို႔ အပူ အခိုးအေငြ႕မ်ား ဆန္တက္ လာျခင္းျဖစ္သည္။ အသက္(၆၅)ႏွစ္ ေက်ာ္သူမ်ားကို လူႀကီးဟု သတ္မွတ္ၿပီး

ေရခ်ိဳးရမည့္ အခ်ိန္ကိုလည္း ဥတုအလိုက္ သတ္မွတ္ ထားသည့္ လကၤာရွိသည္။ ျမန္မာေဆးဆရာ မ်ားသည္ လူႀကီးမ်ား ေရခ်ိဳးမမွားေစရန္လိုက္နာ ခိုင္း သည့္လကၤာမွာ ”ေႏြ ကိုး၊ မိုး တစ္ဆယ္၊ ေဆာင္း တစ္ဆယ့္တစ္” ဟူ၍ ျဖစ္သည္။

အဓိပၸာယ္မွာ လူႀကီးမ်ား၊ သက္ႀကီး ႐ြယ္အိုမ်ား၊ ေနမေကာင္း သူမ်ား ေရခ်ိဳးသင့္သည့္ အခ်ိန္မွာ ေႏြဥတုတြင္ နံ နက္ ၉ နာရီခန႔္၌ သင့္ေတာ္သည္။ မိုးဥတုတြင္ နံနက္ ၁ဝ နာရီႏွင့္ ေဆာင္းဥတုတြင္ အေအးပို လာသျဖင့္ နံနက္ ၁၁ နာရီခန႔္မွ သာ ေရခ်ိဳး ေပးသင့္သည္ ဟု ဆိုလိုသည္။

ဤစာဆိုသည္ က်န္းမာေရး ေကာင္းေနသူ လူငယ္မ်ား အတြက္ မဟုတ္ပါ။က်န္းမာ ေရး ယိုယြင္းလာသည့္ လူႀကီးမ်ား အသက္ ႀကီး သူမ်ား အတြက္သာ ျဖစ္သည္။

ေဆာင္းဥတုသည္ နံနက္ ေစာေစာတြင္ ႏွင္းျမဴမ်ား အုံ႔ဆိုင္းၿပီး ေနအလင္းေရာင္ ေႏြးေထြးစြာ ရရွိဖို႔ ေနာက္က်ေသာ ရာသီျဖစ္သ ျဖင့္ အေအးမပတ္ ေစရန္ ေရခ်ိဳး ဆင္ျခင္သင့္သည္။

ေႏြးေထြးေအာင္ ညအိပ္ခ်ိန္ႏွင့္ နံနက္ေစာ ေစာ အိပ္ရာထခ်ိန္ မ်ားတြင္ သတိျပဳ ဆင္ ျခင္ၿပီး လုံၿခဳံ ေႏြးေထြးေသာ ေစာင္၊ အေႏြးထည္ အဝတ္အစား မ်ားကို ဂ႐ုတ စိုက္ ဝတ္ဆင္ သင့္ေၾကာင္း သတိျပဳ ေစလိုသည္။

”ေရခ်ိဳးလို႔ေသတဲ့ မသာပဲ ရွိတယ္။ေရမခ်ိဳး လို႔ ေသတဲ့ မသာမရွိဘူး” ဟု ေျပာေလ့ရွိသည္။ ဤသည္မွာ လူၿပိန္းေတြး ေတြးၿပီးေျပာ ေသာ စကားျဖစ္သည္။

ပညာရွိမ်ား ေျပာေသာ စကားမဟုတ္ေပ။ ေရမခ်ိဳး သျဖင့္အသက္မေသ ေသာ္လည္း က်န္းမာေရးမေကာင္းႏိုင္ေပ။

အပူငုပ္ၿပီး ကိုယ္သားကိုယ္ေရ ေျခာက္ေသြ႕ျခင္း၊ ပပ္ၾကားအက္ျခင္း၊ အေငြ႕အသက္ မေကာင္းျခင္း၊ မ်က္စိ မၾကည္ျခင္း၊ ပါးစပ္ခံတြင္း နံျခင္း၊ လွ်ာကြဲျခင္း၊ စပ္ျခင္း၊ သြားနာျခင္း၊ သြားဖုံးႂကြျခင္း၊သြားေျခေရာင္ ျခင္း၊

လွ်ာတြင္အႏွစ္တက္ျခင္း၊ ခံ တြင္း ပ်က္ျခင္း၊ လည္ေခ်ာင္းနာျခင္း၊ ေခ်ာင္းေျခာက္ ဆိုးျခင္း၊ အဆုတ္တြင္ အပူ ငုပ္၍ တေငြ႕ေငြ႕ ဖ်ားျခင္း၊ ၾကက္ကိုယ္ကဲ့သို႔ ပူေသာ ေရာဂါျဖစ္ျခင္း၊

စိတ္ေလးျခင္း၊ ညအိပ္မေပ်ာ္ျခင္း စေသာ ေရာဂါေပါင္းစုံဝင္ေရာက္ လာႏိုင္သည္။ ဤသည္မွာ ေရမခ်ိဳးျခင္း၏ေနာက္ဆက္တြဲ ေရာဂါမ်ား ျဖစ္သည္။

ေရွးက ျမန္မာ့ ေဆးပညာရွင္ ႀကီးမ်ား မိန႔္ၾကားသည္မွာ ေရခ်ိဳးရမည္၊ မခ်ိဳးရမည္ ဆိုသည္မွာ မိမိအေပၚ မူတည္သည္။ ေရခ်ိဳးလိုစိတ္ ျဖစ္ေပၚမွ ေရခ်ိဳးရမည္။

ေရ အိုး၊ ေရကန္ အနီးသို႔ သြားၿပီး ခ်မ္းစိမ့္စိမ့္ ျဖစ္လာလွ်င္ မခ်ိဳးရ။ အရဲကိုး၍ ခ်ိဳးမည္ဆိုလွ်င္လည္းဒူေအာက္ ေျခဖ်ားမွ စတင္ၿပီး ေရေလာင္းရမည္။

တ ျဖည္းျဖည္း အထက္သို႔ တက္ၿပီး ေလာင္းလာရမည္။ မ်က္ႏွာသစ္၊ ပလုတ္က်င္း ၿပီးမွ ဦးေခါင္းေပၚသို႔ ေရေလာင္းရမည္။အခ်ိန္ ၾကာျမင့္စြာေရခ်ိဳးျခင္း မျပဳရ။ ေအးေသာရာသီတြင္လ်င္ျမန္စြာေရခ်ိဳးျခင္သည္ သာ အေကာင္းဆုံး ျဖစ္သည္ဟု ဆိုသည္။

ေရခ်ိဳးျခင္းသည္ လူတို႔ေန႔စဥ္ ျပဳအပ္ေသာ ကိစၥတြင္ တစ္ခုအပါအဝင္ ျဖစ္သည္။ သို႔ ေသာ္ ဥတုႏွင့္ အခ်ိန္အခါကို ၾကည့္ရမည္။ ေရခ်ိဳးျခင္းေၾကာင့္ အခိုးအာကာသ ရႏိုင္သကဲ့သို႔ ေရခ်ိဳးမွားလွ်င္ အခိုးငုပ္၍ ဖ်ားနာတတ္သည္။

ကံ၊ စိတ္၊ ဥတု၊ အာဟာရတြင္ ေရခ်ိဳးျခင္းသည္ ဥတုႏွင့္ ဆိုင္သည္။ ဥတုေျပာင္းခ်ိန္ ေရခ်ိဳးျခင္း၊ ဥတုပ်က္ခ်ိန္ ေရခ်ိဳးျခင္း၊အပူအေအး လြန္ကဲခ်ိန္တြင္ ေရခ်ိဳးျခင္းကို သတိျဖင့္သာ ျပဳအပ္ေၾကာင္း တင္ျပလိုက္ရ ေပသည္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

နွေ၊ မိုး၊ ဆောင်း… ရာသီဥတုအလိုက် ရေချိုးရမည့်အချိန်နှင့် သတိပြုသင့်သော အချက်မျာ…

ဆောင်းဥတုတွင် အေးသည်ဟု ဆိုကာ ရေမချိုးဘဲ မနေသင့်ပေ။ အအေးပတ်မည် စိုးသဖြင့် ရေမချိုးဘဲရက်သတ္တပတ် ကြာနေသူ သက်ကြီးရွယ်အို တစ်ဦးသည် သွားဖုံးများ ကြွပြီး အစားအ သောက်ပျက်လာသည်ကိုတွေ့ရသည်။

မျက်ချေးများထွက်ပြီးမျက်စိကြည့်ကောင်း ဖြစ်လာသည်။ ရေမချိုးရသဖြင့် ကိုယ်တွင်း အပူ ငုပ်ရာမှ အထက်သို့ အပူ အခိုးအငွေ့များ ဆန်တက် လာခြင်းဖြစ်သည်။ အသက်(၆၅)နှစ် ကျော်သူများကို လူကြီးဟု သတ်မှတ်ပြီး

ရေချိုးရမည့် အချိန်ကိုလည်း ဥတုအလိုက် သတ်မှတ် ထားသည့် လင်္ကာရှိသည်။ မြန်မာဆေးဆရာ များသည် လူကြီးများ ရေချိုးမမှားစေရန်လိုက်နာ ခိုင်း သည့်လင်္ကာမှာ ”နွေ ကိုး၊ မိုး တစ်ဆယ်၊ ဆောင်း တစ်ဆယ့်တစ်” ဟူ၍ ဖြစ်သည်။

အဓိပ္ပာယ်မှာ လူကြီးများ၊ သက်ကြီး ရွယ်အိုများ၊ နေမကောင်း သူများ ရေချိုးသင့်သည့် အချိန်မှာ နွေဥတုတွင် နံ နက် ၉ နာရီခန့်၌ သင့်တော်သည်။ မိုးဥတုတွင် နံနက် ၁ဝ နာရီနှင့် ဆောင်းဥတုတွင် အအေးပို လာသဖြင့် နံနက် ၁၁ နာရီခန့်မှ သာ ရေချိုး ပေးသင့်သည် ဟု ဆိုလိုသည်။

ဤစာဆိုသည် ကျန်းမာရေး ကောင်းနေသူ လူငယ်များ အတွက် မဟုတ်ပါ။ကျန်းမာ ရေး ယိုယွင်းလာသည့် လူကြီးများ အသက် ကြီး သူများ အတွက်သာ ဖြစ်သည်။

ဆောင်းဥတုသည် နံနက် စောစောတွင် နှင်းမြူများ အုံ့ဆိုင်းပြီး နေအလင်းရောင် နွေးထွေးစွာ ရရှိဖို့ နောက်ကျသော ရာသီဖြစ်သ ဖြင့် အအေးမပတ် စေရန် ရေချိုး ဆင်ခြင်သင့်သည်။

နွေးထွေးအောင် ညအိပ်ချိန်နှင့် နံနက်စော စော အိပ်ရာထချိန် များတွင် သတိပြု ဆင် ခြင်ပြီး လုံခြုံ နွေးထွေးသော စောင်၊ အနွေးထည် အဝတ်အစား များကို ဂရုတ စိုက် ဝတ်ဆင် သင့်ကြောင်း သတိပြု စေလိုသည်။

”ရေချိုးလို့သေတဲ့ မသာပဲ ရှိတယ်။ရေမချိုး လို့ သေတဲ့ မသာမရှိဘူး” ဟု ပြောလေ့ရှိသည်။ ဤသည်မှာ လူပြိန်းတွေး တွေးပြီးပြော သော စကားဖြစ်သည်။

ပညာရှိများ ပြောသော စကားမဟုတ်ပေ။ ရေမချိုး သဖြင့်အသက်မသေ သော်လည်း ကျန်းမာရေးမကောင်းနိုင်ပေ။

အပူငုပ်ပြီး ကိုယ်သားကိုယ်ရေ ခြောက်သွေ့ခြင်း၊ ပပ်ကြားအက်ခြင်း၊ အငွေ့အသက် မကောင်းခြင်း၊ မျက်စိ မကြည်ခြင်း၊ ပါးစပ်ခံတွင်း နံခြင်း၊ လျှာကွဲခြင်း၊ စပ်ခြင်း၊ သွားနာခြင်း၊ သွားဖုံးကြွခြင်း၊သွားခြေရောင် ခြင်း၊

လျှာတွင်အနှစ်တက်ခြင်း၊ ခံ တွင်း ပျက်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းခြောက် ဆိုးခြင်း၊ အဆုတ်တွင် အပူ ငုပ်၍ တငွေ့ငွေ့ ဖျားခြင်း၊ ကြက်ကိုယ်ကဲ့သို့ ပူသော ရောဂါဖြစ်ခြင်း၊

စိတ်လေးခြင်း၊ ညအိပ်မပျော်ခြင်း စသော ရောဂါပေါင်းစုံဝင်ရောက် လာနိုင်သည်။ ဤသည်မှာ ရေမချိုးခြင်း၏နောက်ဆက်တွဲ ရောဂါများ ဖြစ်သည်။

ရှေးက မြန်မာ့ ဆေးပညာရှင် ကြီးများ မိန့်ကြားသည်မှာ ရေချိုးရမည်၊ မချိုးရမည် ဆိုသည်မှာ မိမိအပေါ် မူတည်သည်။ ရေချိုးလိုစိတ် ဖြစ်ပေါ်မှ ရေချိုးရမည်။

ရေ အိုး၊ ရေကန် အနီးသို့ သွားပြီး ချမ်းစိမ့်စိမ့် ဖြစ်လာလျှင် မချိုးရ။ အရဲကိုး၍ ချိုးမည်ဆိုလျှင်လည်းဒူအောက် ခြေဖျားမှ စတင်ပြီး ရေလောင်းရမည်။

တ ဖြည်းဖြည်း အထက်သို့ တက်ပြီး လောင်းလာရမည်။ မျက်နှာသစ်၊ ပလုတ်ကျင်း ပြီးမှ ဦးခေါင်းပေါ်သို့ ရေလောင်းရမည်။အချိန် ကြာမြင့်စွာရေချိုးခြင်း မပြုရ။ အေးသောရာသီတွင်လျင်မြန်စွာရေချိုးခြင်သည် သာ အကောင်းဆုံး ဖြစ်သည်ဟု ဆိုသည်။

ရေချိုးခြင်းသည် လူတို့နေ့စဉ် ပြုအပ်သော ကိစ္စတွင် တစ်ခုအပါအဝင် ဖြစ်သည်။ သို့ သော် ဥတုနှင့် အချိန်အခါကို ကြည့်ရမည်။ ရေချိုးခြင်းကြောင့် အခိုးအာကာသ ရနိုင်သကဲ့သို့ ရေချိုးမှားလျှင် အခိုးငုပ်၍ ဖျားနာတတ်သည်။

ကံ၊ စိတ်၊ ဥတု၊ အာဟာရတွင် ရေချိုးခြင်းသည် ဥတုနှင့် ဆိုင်သည်။ ဥတုပြောင်းချိန် ရေချိုးခြင်း၊ ဥတုပျက်ချိန် ရေချိုးခြင်း၊အပူအအေး လွန်ကဲချိန်တွင် ရေချိုးခြင်းကို သတိဖြင့်သာ ပြုအပ်ကြောင်း တင်ပြလိုက်ရ ပေသည်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*