လင္မယားႏွစ္ဦးသေဘာတူကြာရွင္းျခင္းႏွင့္ တစ္လင္တစ္မယားဥပေဒ(ဗဟုသုတအျဖစ္ ျပန္လည္ မ်ွေ၀ျခင္းျဖစ္ပါသည္။)

လင္မယားႏွစ္ဦးသေဘာတူကြာရွင္းျခင္းႏွင့္ တစ္လင္တစ္မယားဥပေဒ(ဗဟုသုတအျဖစ္ ျပန္လည္ မ်ွေ၀ျခင္းျဖစ္ပါသည္။)
လင္မယားႏွစ္ဦးသေဘာတူကြာရွင္းျခင္းႏွင့္ တစ္လင္တစ္မယားဥပေဒ(ဗဟုသုတအျဖစ္ ျပန္လည္ မ်ွေ၀ျခင္းျဖစ္ပါသည္။)

လင္မယားႏွစ္ဦးသေဘာတူကြာရွင္းျခင္းႏွင့္ တစ္လင္တစ္မယားဥပေဒ(ဗဟုသုတအျဖစ္ ျပန္လည္ မ်ွေ၀ျခင္းျဖစ္ပါသည္။)

ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒနဲ႔ စီရင္ထုံးေတြမွာ လင္မယားႏွစ္ဦးသေဘာတူကြာရွင္းရင္ အသိသက္ေသ မလို၊ စာခ်ဳပ္စာတမ္းမလိုဘဲ လင္ခန္းမယားခန္း လုံးဝျပတ္စဲတယ္ ။ ဒီလိုကြာရွင္းမႈဟာ တရားဝင္ကြာရွင္းမႈ ကြာရွင္း မႈျဖစ္လို႔ ႏွစ္ဦးသေဘာတူရင္ လုံေလာက္ၿပီလို႔ ဆိုၾကပါတယ္။

ဒါေပမဲ့ တစ္လင္တစ္မယားဥပေဒ ေပၚလာၿပီးေနာက္ပိုင္းမွာ ဒီလိုကြာရွင္ၿပီးမွာ တစ္ေယာက္ေယာက္က ေနာက္အိမ္ေထာင္ျပဳရင္ ေနာက္တစ္ေယာက္ က အမႈဖြင့္ အာမခံေတာင္မရဘဲနဲ႔ တရားစြဲေထာင္ခ်ခံရတာေတြကို မၾကာခဏ ေတြ႕ေနရပါတယ္။

တစ္လင္တစ္မယားဥပေဒေၾကာင့္ ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒပါ လင္မယားကြာရွင္းေရးအေျခခံမူေတြ၊ ဓမၼသတ္ပါ ဓေလ့ထုံး တမ္းေတြကို ပစ္ပယ္လိုက္ရၿပီလား၊ အဲဒါေတြကို တစ္လင္တစ္မယားဥပေဒက လႊမ္းမိုးသြားပါ သလား ဆိုတာကို ဥပေဒဗဟုသုတအေနနဲ႔ သိပါရေစ။

ေမးခြန္းမွာပါတဲ့ ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒအရ လက္ထပ္တယ္ဆိုလို႔ရွိရင္ ဘာအခမ္းအနားမွ မလိုဘူး၊ ဥပေဒရဲ႕ အေျခခံမူက ႏွစ္ဦးသေဘာတူလို႔ရွိရင္ ရတယ္။ လူသိရွင္ၾကား ျဖစ္ရင္ရတယ္။ ပုဆိုးတန္းတင္ အၾကင္လင္မယား ေျမာက္တယ္။ တရားဝင္လင္မယား ေျမာက္တယ္လို႔ ေျပာတယ္။

ကြဲခ်င္တယ္ ဆိုလို႔ရွိရင္လည္း စာခ်ဳပ္စာတမ္း ခ်ဳပ္ဖို႔မလို႔ဘူး။ ဒါမွန္တယ္။ ဒါေပမဲ့ ႏွစ္ဦးသေဘာတူျဖစ္ဖို႔ကေတာ့ အဓိကပဲ။ ဒါေပမဲ့ အသိသက္ေသ ခိုင္ခိုင္မာမာ ရွိဖို႔ေတာ့ လိုတယ္။

အသားက်ၿပီးတဲ့ မူရွိေပမယ့္ တစ္လင္တစ္မယားဥပေဒလည္း ေပၚလာေရာ.. ေနာက္အိမ္ေထာင္ျပဳတဲ့ အခါက်ေတာ့ ကြာရွင္းၿပီးျဖစ္ပါတယ္လို႔ ေျပာေနသည္တိုင္ေအာင္ ပထမအိမ္ေထာင္က တိုင္တန္းတဲ့ အမႈေတြဖြင့္တဲ့အခါ ေထာင္တန္းက်တဲ့အမႈေတြ အမ်ားႀကီးျဖစ္တယ္။

ဒါ့ေၾကာင့္မို႔လို႔လည္း ဒီေမးခြန္းျဖစ္လာရတာပါပဲ။ အဲဒီေတာ့ တစ္လင္တစ္မယားဥပေဒေၾကာင့္ ျမန္မာဓေလ့ထုံးတမ္းဥပေဒနဲ႔ ဓမၼသတ္ဥပေဒကို ပစ္ပယ္လိုက္ ရၿပီးလားလို႔ ေမးခြန္းကို ေျဖမယ္ဆိုရင္ ဥပေဒရဲ႕သေဘာကေတာ့ အထူးဥပေဒ ေပၚလာလို႔ရွိရင္ မူလဥပေဒကို အထူးဥပေဒက လႊမ္းမိုးတာပဲ။

ဥပမာအားျဖင့္ ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒမွာ မယားအမ်ားအျပား ယူတဲ့ စနစ္ကို အရင္က ခြင့္ျပဳတယ္ တရားဝင္တယ္။

ပိတ္ပင္ထားခ်က္မရွိဘူး။ အေခၚအေဝၚ အသုံးအႏႈန္းေတာင္မွ မယားႀကီး ၊ မယားငယ္လို႔ ေခၚတဲ့ဟာေတြကို အဲဒီလိုမေခၚနဲ႔ ပထမမယား၊ ဒုတိယမယားလို႔ေခၚပါလို႔ စီရင္ထုံး ေတြမွာ တိတိလင္းလင္း ျပဆိုထားတယ္။

ဒါေပမဲ့ တစ္လင္တစ္မယားစနစ္ က်င့္သုံးတဲ့ ဥပေဒလည္း ေပၚလာ ေရာ.. ေနာက္မိန္းမထပ္ယူတဲ့သူက ေထာင္တန္းက်ႏိုင္တယ္။ ဒါ.. အထူးဥပေဒက ေယဘုယ်ဥပေဒကို သြားၿပီး ေတာ့ လႊမ္းမိုးတဲ့သေဘာလို႔ဆိုႏိုင္ပါတယ္။

ဒီေတာ့ အထူးဥပေဒဘာေတြလဲလို႔ knowledge အေနနဲ႔သိေအာင္ အနည္းငယ္ေျပာျပလိုပါတယ္။ ဥပမာအား ျဖင့္ အသက္အာမခံေငြေတြ၊ ဘဏ္စုေဆာင္းေငြေတြ ၊ ေငြစုလက္မွတ္ေတြ အဲ့မွာ nominate လုပ္ထားတဲ့သူက ေနၿပီးထုတ္ခြင့္ရွိတယ္။

အဲ့ဒါေၾကာင့္မို႔လို႔ မယားျဖစ္တဲ့သူနဲ႔ အစ္မျဖစ္တဲ့သူနဲ႔ .. မယားျဖစ္တဲ့သူနဲ႔ .. အေမ ျဖစ္တဲ့ သူနဲ႔ .. အဘြားျဖစ္တဲ့သူနဲ႔.. အမႈေတြျဖစ္ၾကလို႔ရွိရင္ သက္ဆိုင္ရာ အထူးဥပေဒမွာ ျပ႒ာန္းတဲ့သူကိုပဲ ထုတ္ေပးေလ့ရွိတာကို ေတြ႕ရတယ္။

ဒါဆိုလို႔ရွိရင္ ေမးခြန္းရွင္က ကြာရွင္းၿပီးျဖစ္ရဲ႕သားနဲ႔ ကြားရွင္ၿပီးျဖစ္ ေၾကာင္း ထိန္ခ်န္ၿပီးစြဲတဲ့ အမႈျဖစ္ေနတယ္ဆိုလို႔ရွိရင္ စြပ္စြဲတဲ့သူကေနၿပီးေတာ့ ပထမအိမ္ေထာင္ တိတိလင္း လင္း ကြားရွင္းၿပီးတဲ့အေၾကာင္း သက္ေသထူေထာင္ႏိုင္လို႔ရွိရင္ တရား႐ုံးက ျပစ္မႈထင္ရွားစီရင္လို႔ မရဘူးလို႔ပဲ ကြၽန္မအႀကံျပဳလိုပါတယ္။

သက္ေသထင္ရွား ခိုင္ခိုင္မာမာျပဖို႔ေတာ့ လိုအပ္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ စာခ်ဳပ္စာတမ္းမရွိလို႔.. ဒါေပမဲ့ အခုေခတ္မွာကေတာ့ တစ္နဲ႔ခနဲဆို အနိမ့္ဆုံးကေတာ့ တရား႐ုံးမွာ သြားၿပီးေတာ့ လက္ထပ္ၾကတာက မ်ားတယ္။

အဲဒီေတာ့ ကြၽန္မအေနနဲ႔ အႀကံျပဳခ်င္တာကေတာ့ ကြာရွင္းမယ္ဆိုရင္လည္း ႏွစ္ဦးသေဘာတူကြာရွင္းမွေတာ့ တရား႐ုံးမွာ ကြာရွင္းစာခ်ဳပ္ ခ်ဳပ္လိုက္တာကေတာ့ အေကာင္းဆုံး ျဖစ္ပါလိမ့္မယ္။

ဘာေၾကာင့္လဲဆိုေတာ့ ဒီတစ္လင္တစ္မယားဥပေဒရွိလို႔ ။ ဘာေၾကာင့္လဲဆိုေတာ့ ငယ္႐ြယ္တဲ့သူေတြ ကေလးျပႆနာေတြရွိမယ္။ ေနာက္အိမ္ေထာင္ျပဳဖို႔ လိုအပ္ေကာင္း လိုအပ္မယ္။

လိုအပ္လို႔ရွိရင္ ကင္းကင္းရွင္းရွင္း ျဖစ္ဖို႔ကိုေတာ့ ကြၽန္မ ေျပာခ်င္တာက ခိုင္မာတဲ့သက္ေသခံခ်က္.. အေကာင္းဆုံး သက္ေသခံခ်က္ဆိုတာ ဘာလဲဆိုရင္ ကြာရွင္း စာခ်ဳပ္ ႏွစ္ဦးသေဘာတူသြားခ်ဳပ္လိုက္တာက အေကာင္းဆုံးျဖစ္တယ္လို႔ ကြၽန္မအႀကံျပဳခ်င္ပါတယ္။

ေဒၚခင္ေမသန္း(တရားလႊတ္ေတာ္ေရွ႕ေန)

Unicode

လင်မယားနှစ်ဦးသဘောတူကွာရှင်းခြင်းနှင့် တစ်လင်တစ်မယားဥပဒေ(ဗဟုသုတအဖြစ် ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။)

မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနဲ့ စီရင်ထုံးတွေမှာ လင်မယားနှစ်ဦးသဘောတူကွာရှင်းရင် အသိသက်သေ မလို၊ စာချုပ်စာတမ်းမလိုဘဲ လင်ခန်းမယားခန်း လုံးဝပြတ်စဲတယ် ။ ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင် လုံလောက်ပြီလို့ ဆိုကြပါတယ်။

ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ်လာပြီးနောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတောင်မရဘဲနဲ့ တရားစွဲထောင်ချခံရတာတွေကို မကြာခဏ တွေ့နေရပါတယ်။

တစ်လင်တစ်မယားဥပဒေကြောင့် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေပါ လင်မယားကွာရှင်းရေးအခြေခံမူတွေ၊ ဓမ္မသတ်ပါ ဓလေ့ထုံး တမ်းတွေကို ပစ်ပယ်လိုက်ရပြီလား၊ အဲဒါတွေကို တစ်လင်တစ်မယားဥပဒေက လွှမ်းမိုးသွားပါ သလား ဆိုတာကို ဥပဒေဗဟုသုတအနေနဲ့ သိပါရစေ။

မေးခွန်းမှာပါတဲ့ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လက်ထပ်တယ်ဆိုလို့ရှိရင် ဘာအခမ်းအနားမှ မလိုဘူး၊ ဥပဒေရဲ့ အခြေခံမူက နှစ်ဦးသဘောတူလို့ရှိရင် ရတယ်။ လူသိရှင်ကြား ဖြစ်ရင်ရတယ်။ ပုဆိုးတန်းတင် အကြင်လင်မယား မြောက်တယ်။ တရားဝင်လင်မယား မြောက်တယ်လို့ ပြောတယ်။

ကွဲချင်တယ် ဆိုလို့ရှိရင်လည်း စာချုပ်စာတမ်း ချုပ်ဖို့မလို့ဘူး။ ဒါမှန်တယ်။ ဒါပေမဲ့ နှစ်ဦးသဘောတူဖြစ်ဖို့ကတော့ အဓိကပဲ။ ဒါပေမဲ့ အသိသက်သေ ခိုင်ခိုင်မာမာ ရှိဖို့တော့ လိုတယ်။

အသားကျပြီးတဲ့ မူရှိပေမယ့် တစ်လင်တစ်မယားဥပဒေလည်း ပေါ်လာရော.. နောက်အိမ်ထောင်ပြုတဲ့ အခါကျတော့ ကွာရှင်းပြီးဖြစ်ပါတယ်လို့ ပြောနေသည်တိုင်အောင် ပထမအိမ်ထောင်က တိုင်တန်းတဲ့ အမှုတွေဖွင့်တဲ့အခါ ထောင်တန်းကျတဲ့အမှုတွေ အများကြီးဖြစ်တယ်။

ဒါ့ကြောင့်မို့လို့လည်း ဒီမေးခွန်းဖြစ်လာရတာပါပဲ။ အဲဒီတော့ တစ်လင်တစ်မယားဥပဒေကြောင့် မြန်မာဓလေ့ထုံးတမ်းဥပဒေနဲ့ ဓမ္မသတ်ဥပဒေကို ပစ်ပယ်လိုက် ရပြီးလားလို့ မေးခွန်းကို ဖြေမယ်ဆိုရင် ဥပဒေရဲ့သဘောကတော့ အထူးဥပဒေ ပေါ်လာလို့ရှိရင် မူလဥပဒေကို အထူးဥပဒေက လွှမ်းမိုးတာပဲ။

ဥပမာအားဖြင့် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ မယားအများအပြား ယူတဲ့ စနစ်ကို အရင်က ခွင့်ပြုတယ် တရားဝင်တယ်။

ပိတ်ပင်ထားချက်မရှိဘူး။ အခေါ်အဝေါ် အသုံးအနှုန်းတောင်မှ မယားကြီး ၊ မယားငယ်လို့ ခေါ်တဲ့ဟာတွေကို အဲဒီလိုမခေါ်နဲ့ ပထမမယား၊ ဒုတိယမယားလို့ခေါ်ပါလို့ စီရင်ထုံး တွေမှာ တိတိလင်းလင်း ပြဆိုထားတယ်။

ဒါပေမဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးတဲ့ ဥပဒေလည်း ပေါ်လာ ရော.. နောက်မိန်းမထပ်ယူတဲ့သူက ထောင်တန်းကျနိုင်တယ်။ ဒါ.. အထူးဥပဒေက ယေဘုယျဥပဒေကို သွားပြီး တော့ လွှမ်းမိုးတဲ့သဘောလို့ဆိုနိုင်ပါတယ်။

ဒီတော့ အထူးဥပဒေဘာတွေလဲလို့ knowledge အနေနဲ့သိအောင် အနည်းငယ်ပြောပြလိုပါတယ်။ ဥပမာအား ဖြင့် အသက်အာမခံငွေတွေ၊ ဘဏ်စုဆောင်းငွေတွေ ၊ ငွေစုလက်မှတ်တွေ အဲ့မှာ nominate လုပ်ထားတဲ့သူက နေပြီးထုတ်ခွင့်ရှိတယ်။

အဲ့ဒါကြောင့်မို့လို့ မယားဖြစ်တဲ့သူနဲ့ အစ်မဖြစ်တဲ့သူနဲ့ .. မယားဖြစ်တဲ့သူနဲ့ .. အမေ ဖြစ်တဲ့ သူနဲ့ .. အဘွားဖြစ်တဲ့သူနဲ့.. အမှုတွေဖြစ်ကြလို့ရှိရင် သက်ဆိုင်ရာ အထူးဥပဒေမှာ ပြဋ္ဌာန်းတဲ့သူကိုပဲ ထုတ်ပေးလေ့ရှိတာကို တွေ့ရတယ်။

ဒါဆိုလို့ရှိရင် မေးခွန်းရှင်က ကွာရှင်းပြီးဖြစ်ရဲ့သားနဲ့ ကွားရှင်ပြီးဖြစ် ကြောင်း ထိန်ချန်ပြီးစွဲတဲ့ အမှုဖြစ်နေတယ်ဆိုလို့ရှိရင် စွပ်စွဲတဲ့သူကနေပြီးတော့ ပထမအိမ်ထောင် တိတိလင်း လင်း ကွားရှင်းပြီးတဲ့အကြောင်း သက်သေထူထောင်နိုင်လို့ရှိရင် တရားရုံးက ပြစ်မှုထင်ရှားစီရင်လို့ မရဘူးလို့ပဲ ကျွန်မအကြံပြုလိုပါတယ်။

သက်သေထင်ရှား ခိုင်ခိုင်မာမာပြဖို့တော့ လိုအပ်တယ်။ ဘာကြောင့်လဲဆိုတော့ စာချုပ်စာတမ်းမရှိလို့.. ဒါပေမဲ့ အခုခေတ်မှာကတော့ တစ်နဲ့ခနဲဆို အနိမ့်ဆုံးကတော့ တရားရုံးမှာ သွားပြီးတော့ လက်ထပ်ကြတာက များတယ်။

အဲဒီတော့ ကျွန်မအနေနဲ့ အကြံပြုချင်တာကတော့ ကွာရှင်းမယ်ဆိုရင်လည်း နှစ်ဦးသဘောတူကွာရှင်းမှတော့ တရားရုံးမှာ ကွာရှင်းစာချုပ် ချုပ်လိုက်တာကတော့ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ ဒီတစ်လင်တစ်မယားဥပဒေရှိလို့ ။ ဘာကြောင့်လဲဆိုတော့ ငယ်ရွယ်တဲ့သူတွေ ကလေးပြဿနာတွေရှိမယ်။ နောက်အိမ်ထောင်ပြုဖို့ လိုအပ်ကောင်း လိုအပ်မယ်။

လိုအပ်လို့ရှိရင် ကင်းကင်းရှင်းရှင်း ဖြစ်ဖို့ကိုတော့ ကျွန်မ ပြောချင်တာက ခိုင်မာတဲ့သက်သေခံချက်.. အကောင်းဆုံး သက်သေခံချက်ဆိုတာ ဘာလဲဆိုရင် ကွာရှင်း စာချုပ် နှစ်ဦးသဘောတူသွားချုပ်လိုက်တာက အကောင်းဆုံးဖြစ်တယ်လို့ ကျွန်မအကြံပြုချင်ပါတယ်။

ဒေါ်ခင်မေသန်း(တရားလွှတ်တော်ရှေ့နေ)

Be the first to comment

Leave a Reply

Your email address will not be published.


*