လယ္ေျမေကာင္းေအာင္ အခ်က္ (၅) ခ်က္ကို ေဆာင္

လယ္ေျမေကာင္းေအာင္ အခ်က္ (၅) ခ်က္ကို ေဆာင္
လယ္ေျမေကာင္းေအာင္ အခ်က္ (၅) ခ်က္ကို ေဆာင္

လယ္ေျမေကာင္းေအာင္ အခ်က္ (၅) ခ်က္ကို ေဆာင္

စပါးအထြက္ေကာင္းရန္ ‌ေျမျပဳျပင္မႈသည္ အဓိကျဖစ္သည္။ စပါးစံကြက္ယူရာတြင္ စပါးပင္ပြားအရည္အတြက္ ေအာင္ျမင္ေသာ စပါးအေစ့ ရာခိုင္ႏႈန္းႏွင့္ စပါးေစ့တစ္ေထာင္၏ အေလးခ်ိန္တို႔ကို ရယူၿပီး ခန႔္မွန္း၍ အထြက္တင္းယူၾကရသည္။ စပါးအထြက္၏ သုံးပုံႏွစ္ပုံသည္ ေျမေပၚတြင္ အေျချပဳထားသည္။

ေျမ ေကာင္းေအာင္ျပဳျပင္မႈတြင္ က်ယ္ျပန႔္ေသာ လုပ္ငန္းစဥ္မ်ားစြာရွိေသာ္လည္း အဓိက (၅)ခ်က္ကို ေဖာ္ျပရလွ်င္…

(၁) သစ္ေဆြးေျမႂကြယ္ဝရမည္

သစ္ေဆြး၊ ႏြားေခ်းေဆြး မ်ားမ်ားပါေလ ေျမ၏ ႐ုပ္သဘာဝေကာင္းေလျဖစ္သည္။ ေျမေပ်ာ့ေစသည္။ ေျမေပ်ာ့၍ ေလဝင္ေလထြက္ေကာင္းသည္။ ေျမထဲရွိေသးငယ္ေသာ ပိုးမႊားမ်ား၊ ဘက္တီးရီးယားမိုက္ခ႐ုပ္မ်ား၏ လႈပ္ရွားမႈကို အားေပးသည္။

ေျမေစးတြင္ သစ္ေဆြးေျမထည့္လွ်င္ ေျမပြလာသည္။ သဲေျမတြင္ သစ္ေဆြးေျမထည့္ေပးလွ်င္ ေျမေစးလာသည္။ ေရထိန္းထားမႈရွိလာသည္။

ရဝပ္ေသာ‌ေျမတြင္ သစ္ေဆြးေျမထည့္လွ်င္ ေရစိမ့္ဆင္းမႈေကာင္းလာသည္။ သစ္‌ေဆြးေျမ ႏြားေခ်းေဆြးတို႔သည္ စပါးပင္ေတာင့္တင္းရန္ စီလီကာ ေထာက္ပံ့သည္။

( ၂ ) ေျမသဘာဝသိရမည္

႐ုပ္ပိုင္းဆိုင္ရာ ေျမသဘာဝကို ဖန္တီးေပးႏိုင္သည္မွာ ႏုံးေျမႏွင့္ ႐ြံ႕ေစးေျမျဖစ္သည္။ သဲဆန္ေသာေျမကို ႐ႊံ႕ေစးေျမထည့္၍ ႐ႊံ႕ေစးေျမကို သဲထည့္ၾကသည္။

သံဓာတ္ကုန္ခမ္းသြားေသာ သဲေျမမ်ိဳးျဖစ္ပါက ႐ႊံ႕ေစးထည့္ေပးျခင္းျဖင့္ ေျမေကာင္းလာသည္ကို ေ႐ႊဘိုေဒသတြင္ ကိုယ္တိုင္ေတြ႕ျမင္ဖူးသည္။

႐ႊံ႕ေစးႏွင့္ သစ္ေဆြးေျမေရာစပ္ေပးထားေသာ လယ္ေျမသည္ ေျမ၏ ႐ုပ္ပိုင္းဆိုင္ရာ သိသိသာသာပိုေကာင္းလာသည္။ စပါးပင္ႀကီးထြားမႈေကာင္းေအာင္ ဩဇာဓာတ္ေပးႏိုင္ေသာေျမျဖစ္လာသည္။

(၃) ေျမလႊာထူေလ ေျမေကာင္းေလ

အေပၚယံေျမသားထူလွ်င္ ေျမ၏ ႐ုပ္ပိုင္းဆိုင္ရာ ေကာင္းပါသည္။ ေျမေကာင္းေျမသန႔္မ်ားတြင္ ထယ္နက္နက္ထိုးျခင္းက ေျမ၏ သဘာဝပိုေကာင္းသည္။

ေျမေကာင္းမဟုတ္ပဲ သာမန္ေျမမ်ိဳးဆိုပါက တစ္ႏွစ္ထဲ ထယ္ေရးနက္နက္ထိုးျခင္းထက္ ႏွစ္စဥ္တျဖည္းျဖည္းတိုး၍ တိုး၍ ထယ္ေရးနက္ေပးလွ်င္ ပိုေကာင္းသည္။ တစ္ႀကိမ္တည္း ထယ္ေရးနက္သြားပါက စပါးအထြက္နည္းလာတတ္သည္။

(၄) ေရစိမ့္ဝင္မႈေကာင္းရမည္

လယ္ေျမေကာင္းမွာ လယ္ကြင္းထဲရွိေရသည္ ေရသြင္းၿပီး ၅ ရက္ခန႔္အတြင္း ေလးလက္မခန႔္စိမ့္ဝင္သည္။ ေရစိမ့္ဝင္မႈပုံမွန္ရွိေသာ လယ္မွာ ရွားပါးသည္။

ေရစိမ့္မႈမရွိေသာလယ္(ေရစပ္လယ္) ႏွင့္ ေရစိမ့္မႈမ်ားေသာလယ္ (ေရမတင္ေသာလယ္)တို႔သာရွိၾကသည္။ လယ္ထဲရွိေရ ျမန္ျမန္စိမ့္ဝင္သြားလွ်င္ ထည့္လိုက္ေသာ ဓာတ္ေျမဩဇာမ်ားလည္း စိမ့္ဝင္ၿပီး ဆုံးရႈံးသည္။

ေျမ၏ အပူခ်ိန္ႏွင့္ ေရ၏အပူခ်ိန္ေလွ်ာ့သြား၍ စပါးပင္မွာ ႀကီးထြားမႈထိခိုက္သည္။ ေရစိမ့္မႈနည္းၿပီး ေရဝပ္လွ်င္လည္း ေျမႀကီးထဲရွိ ေအာက္စီဂ်က္ဓာတ္နည္းသြား၍ အျမစ္ကို ထိခိုက္ျပန္သည္။

အျမစ္ကို အဆိပ္ျဖစ္ေစေသာ ဟိုက္ဒ႐ိုဆာလဖိုက္ႏွင့္ ဩဂဲနစ္အက္ဆစ္တို႔ထြက္လာသည္။ ထိုအခါ အျမစ္သည္ အသက္ရႉမဝ၍ အျမစ္ပုပ္ေရာဂါျဖစ္ႏိုင္သည္။

(၅) လယ္ေျမတြင္ ေအာက္စီဂ်င္ဓာတ္ရွိရမည္

ေအာက္စီဂ်င္ဓာတ္နည္းေသာ လယ္ေျမတြင္ ေျမဩဇာကိုလည္း မစားႏိုင္။ မက်န္းမာေသာ လူကဲ့သို႔ ေရာဂါရသည္။ စပါးပင္တြင္ျဖစ္‌ေသာ ျမစ္ပုပ္ေရာဂါ၊ ဂုတ္က်ိဳးေရာဂါသည္ စပါးပင္ အသက္ရႈမဝသည့္ အေနအထားမွလည္းျဖစ္သည္။

ထြန္စက္ႀကီးမ်ားျဖင့္ ေျမကို အႀကိမ္ႀကိမ္ျပဳျပင္ျခင္းသည္ ၾကမ္းတုံး႐ိုက္မ်ားသြားသကဲ့သို႔ ေျမပြကို ေျမၾကပ္ေစ၍ ေျမထဲရွိေအာက္စီဂ်င္နည္းေစသည္။

ရာသီဥတု ပူျပင္းလွ်င္လည္း ေအာက္စီဂ်င္နည္းေစသည္။ အျမစ္မ်ား အသက္ရႈမဝလွ်င္ စပါးႏွံရွိ စပါးေစ့နည္းမည္။ အဆန္ျပည့္ေအာင္ျမင္မႈနည္းမည္။

ထို႔ေၾကာင့္ ေရသြင္းေရထုတ္မွန္မွန္လုပ္ပါ။ စပါးစိုက္ပ်ိဳးရာတြင္ ပထမဆုံး လယ္ေျမကို ေကာင္းေအာင္ျပဳျပင္ျခင္းသည္ ပြဲဦးထြက္စပါးအထြက္ေကာင္းေအာင္ျပဳလုပ္ျခင္း၏ ေရွ႕ေျပးလုပ္ငန္းျဖစ္ပါေတာ့သည္။

ျပန္လည္ မ်ွေ၀ျခင္း ျဖစ္ပါသည္။ ေတာင္သူဦးႀကီးမ်ားအားလုံး အဆင္ေျပေအာင္ျမင္ၾကပါေစ။

မူရင္းေရးသားသူ#ဦးျမင့္ေဆြ(ကိုရဲ- စိုက္ပ်ိဳးေရး) ၏ စိုက္ပ်ိဳးႏိုင္ရန္ ေျမနဲ႔ေရသည္အေျခခံ…

Unicode

လယ်မြေကောင်းအောင် အချက် (၅) ချက်ကို ဆောင်

စပါးအထွက်ကောင်းရန် ‌မြေပြုပြင်မှုသည် အဓိကဖြစ်သည်။ စပါးစံကွက်ယူရာတွင် စပါးပင်ပွားအရည်အတွက် အောင်မြင်သော စပါးအစေ့ ရာခိုင်နှုန်းနှင့် စပါးစေ့တစ်ထောင်၏ အလေးချိန်တို့ကို ရယူပြီး ခန့်မှန်း၍ အထွက်တင်းယူကြရသည်။ စပါးအထွက်၏ သုံးပုံနှစ်ပုံသည် မြေပေါ်တွင် အခြေပြုထားသည်။

မြေ ကောင်းအောင်ပြုပြင်မှုတွင် ကျယ်ပြန့်သော လုပ်ငန်းစဉ်များစွာရှိသော်လည်း အဓိက (၅)ချက်ကို ဖော်ပြရလျှင်…

(၁) သစ်ဆွေးမြေကြွယ်ဝရမည်

သစ်ဆွေး၊ နွားချေးဆွေး များများပါလေ မြေ၏ ရုပ်သဘာဝကောင်းလေဖြစ်သည်။ မြေပျော့စေသည်။ မြေပျော့၍ လေဝင်လေထွက်ကောင်းသည်။ မြေထဲရှိသေးငယ်သော ပိုးမွှားများ၊ ဘက်တီးရီးယားမိုက်ခရုပ်များ၏ လှုပ်ရှားမှုကို အားပေးသည်။

မြေစေးတွင် သစ်ဆွေးမြေထည့်လျှင် မြေပွလာသည်။ သဲမြေတွင် သစ်ဆွေးမြေထည့်ပေးလျှင် မြေစေးလာသည်။ ရေထိန်းထားမှုရှိလာသည်။

ရဝပ်သော‌မြေတွင် သစ်ဆွေးမြေထည့်လျှင် ရေစိမ့်ဆင်းမှုကောင်းလာသည်။ သစ်‌ဆွေးမြေ နွားချေးဆွေးတို့သည် စပါးပင်တောင့်တင်းရန် စီလီကာ ထောက်ပံ့သည်။

( ၂ ) မြေသဘာဝသိရမည်

ရုပ်ပိုင်းဆိုင်ရာ မြေသဘာဝကို ဖန်တီးပေးနိုင်သည်မှာ နုံးမြေနှင့် ရွံ့စေးမြေဖြစ်သည်။ သဲဆန်သောမြေကို ရွှံ့စေးမြေထည့်၍ ရွှံ့စေးမြေကို သဲထည့်ကြသည်။

သံဓာတ်ကုန်ခမ်းသွားသော သဲမြေမျိုးဖြစ်ပါက ရွှံ့စေးထည့်ပေးခြင်းဖြင့် မြေကောင်းလာသည်ကို ရွှေဘိုဒေသတွင် ကိုယ်တိုင်တွေ့မြင်ဖူးသည်။

ရွှံ့စေးနှင့် သစ်ဆွေးမြေရောစပ်ပေးထားသော လယ်မြေသည် မြေ၏ ရုပ်ပိုင်းဆိုင်ရာ သိသိသာသာပိုကောင်းလာသည်။ စပါးပင်ကြီးထွားမှုကောင်းအောင် ဩဇာဓာတ်ပေးနိုင်သောမြေဖြစ်လာသည်။

(၃) မြေလွှာထူလေ မြေကောင်းလေ

အပေါ်ယံမြေသားထူလျှင် မြေ၏ ရုပ်ပိုင်းဆိုင်ရာ ကောင်းပါသည်။ မြေကောင်းမြေသန့်များတွင် ထယ်နက်နက်ထိုးခြင်းက မြေ၏ သဘာဝပိုကောင်းသည်။

မြေကောင်းမဟုတ်ပဲ သာမန်မြေမျိုးဆိုပါက တစ်နှစ်ထဲ ထယ်ရေးနက်နက်ထိုးခြင်းထက် နှစ်စဉ်တဖြည်းဖြည်းတိုး၍ တိုး၍ ထယ်ရေးနက်ပေးလျှင် ပိုကောင်းသည်။ တစ်ကြိမ်တည်း ထယ်ရေးနက်သွားပါက စပါးအထွက်နည်းလာတတ်သည်။

(၄) ရေစိမ့်ဝင်မှုကောင်းရမည်

လယ်မြေကောင်းမှာ လယ်ကွင်းထဲရှိရေသည် ရေသွင်းပြီး ၅ ရက်ခန့်အတွင်း လေးလက်မခန့်စိမ့်ဝင်သည်။ ရေစိမ့်ဝင်မှုပုံမှန်ရှိသော လယ်မှာ ရှားပါးသည်။

ရေစိမ့်မှုမရှိသောလယ်(ရေစပ်လယ်) နှင့် ရေစိမ့်မှုများသောလယ် (ရေမတင်သောလယ်)တို့သာရှိကြသည်။ လယ်ထဲရှိရေ မြန်မြန်စိမ့်ဝင်သွားလျှင် ထည့်လိုက်သော ဓာတ်မြေဩဇာများလည်း စိမ့်ဝင်ပြီး ဆုံးရှုံးသည်။

မြေ၏ အပူချိန်နှင့် ရေ၏အပူချိန်လျှော့သွား၍ စပါးပင်မှာ ကြီးထွားမှုထိခိုက်သည်။ ရေစိမ့်မှုနည်းပြီး ရေဝပ်လျှင်လည်း မြေကြီးထဲရှိ အောက်စီဂျက်ဓာတ်နည်းသွား၍ အမြစ်ကို ထိခိုက်ပြန်သည်။

အမြစ်ကို အဆိပ်ဖြစ်စေသော ဟိုက်ဒရိုဆာလဖိုက်နှင့် ဩဂဲနစ်အက်ဆစ်တို့ထွက်လာသည်။ ထိုအခါ အမြစ်သည် အသက်ရှူမဝ၍ အမြစ်ပုပ်ရောဂါဖြစ်နိုင်သည်။

(၅) လယ်မြေတွင် အောက်စီဂျင်ဓာတ်ရှိရမည်

အောက်စီဂျင်ဓာတ်နည်းသော လယ်မြေတွင် မြေဩဇာကိုလည်း မစားနိုင်။ မကျန်းမာသော လူကဲ့သို့ ရောဂါရသည်။ စပါးပင်တွင်ဖြစ်‌သော မြစ်ပုပ်ရောဂါ၊ ဂုတ်ကျိုးရောဂါသည် စပါးပင် အသက်ရှုမဝသည့် အနေအထားမှလည်းဖြစ်သည်။

ထွန်စက်ကြီးများဖြင့် မြေကို အကြိမ်ကြိမ်ပြုပြင်ခြင်းသည် ကြမ်းတုံးရိုက်များသွားသကဲ့သို့ မြေပွကို မြေကြပ်စေ၍ မြေထဲရှိအောက်စီဂျင်နည်းစေသည်။

ရာသီဥတု ပူပြင်းလျှင်လည်း အောက်စီဂျင်နည်းစေသည်။ အမြစ်များ အသက်ရှုမဝလျှင် စပါးနှံရှိ စပါးစေ့နည်းမည်။ အဆန်ပြည့်အောင်မြင်မှုနည်းမည်။

ထို့ကြောင့် ရေသွင်းရေထုတ်မှန်မှန်လုပ်ပါ။ စပါးစိုက်ပျိုးရာတွင် ပထမဆုံး လယ်မြေကို ကောင်းအောင်ပြုပြင်ခြင်းသည် ပွဲဦးထွက်စပါးအထွက်ကောင်းအောင်ပြုလုပ်ခြင်း၏ ရှေ့ပြေးလုပ်ငန်းဖြစ်ပါတော့သည်။

ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။ တောင်သူဦးကြီးများအားလုံး အဆင်ပြေအောင်မြင်ကြပါစေ။

မူရင်းရေးသားသူ#ဦးမြင့်ဆွေ(ကိုရဲ- စိုက်ပျိုးရေး) ၏ စိုက်ပျိုးနိုင်ရန် မြေနဲ့ရေသည်အခြေခံ…

Be the first to comment

Leave a Reply

Your email address will not be published.


*