ေခတ္ပ်က္ျခင္း…မပ်က္ျခင္း… နိမိတ္မ်ားအေၾကာင္း

ေခတ္ပ်က္ျခင္း...မပ်က္ျခင္း... နိမိတ္မ်ားအေၾကာင္း
ေခတ္ပ်က္ျခင္း...မပ်က္ျခင္း... နိမိတ္မ်ားအေၾကာင္း

ေခတ္ပ်က္ျခင္း…မပ်က္ျခင္း… နိမိတ္မ်ားအေၾကာင္း

ၾကက္ေတြ အိပ္တန္း မမွန္ေတာ့ရင္၊ က်ီးေတြ ညပိုင္း ေအာ္ဟစ္ ဆူညံၾကရင္၊ ေခြးေတြေန႔ည အူသံေပးရင္ ေသခ်ာၿပီ ေခတ္ပ်က္မယ္ဆိုတဲ့ နိမိတ္။

ပတ္ဝန္းက်င္ကို သတိထားမိၾကရဲ႕လား။ ၾကက္ေတြ အိပ္တန္း မွန္ေနေသးရင္၊ က်ီးေတြအ႐ုဏ္ မတက္ခင္မွာ အသံ ၾကားေနရရင္၊ ေခြးေတြ ေန႔ညရက္ဆက္ အူသံ မၾကားရရင္ ေခတ္ဆိုတာ မပ်က္ေသးဘူးဆိုတဲ့ နိမိတ္ပါပဲ။

ဒါကို ေရွးပညာရွိေတြက ေခတ္ပ်က္ျခင္း နိမိတ္သုံးမ်ိဳးဆိုၿပီး ကဗ်ာေလး စီထားခဲ့ၾကျပန္တယ္။ “ေရာေခြးဒုၾကက္ဝဂ္သတ္” တဲ့။

ေရာေခြး ဆိုတာက ေရာဂႏၲရေရာဂါကပ္ေဘးႀကီးတစ္ခု က်ေရာက္လာေတာ့မယ္ဆိုလွ်င္တဲ့ နိမိတ္တစ္ခုအေနအားျဖင့္ တစ္ေလာကလုံးမွာရွိၾကတဲ့ ေခြးေတြဟာလမ္းမေပၚကိုထြက္ၾကၿပီး ေန႔ညမပ်က္အူေနၾကသတဲ့။

ဒုၾကက္ ဆိုတာက ဒုဗၻိကၡႏၲရငတ္မြတ္ေခါင္းပါးျခင္း ကပ္ႀကီးတစ္ခုက်ေရာက္ေတာ့မယ္ဆိုလွ်င္တဲ့ နိမိတ္တစ္ခုအေနအားျဖင့္ တစ္ေလာကလုံးမွာရွိၾကတဲ့ၾကက္ေတြဟာ အိပ္တန္းမမွန္ၾကေတာ့သလို က်ီးေတြဟာလည္း ေန႔ညမပ်က္ေအာ္ဟစ္ၿပီးေတာ့ေနၾကသတဲ့။

ဝဂ္သတ္ ဆိုတာက ဝဂ်ဆိုတာဝဂၢဆိုတဲ့ ပါဠိကေနလာတာ။ အဓိပၸါယ္က အေပါင္းစုအဖြဲ႕အစည္းျဖစ္ပါတယ္။ အဲဒီဝဂၢဆိုတဲ့ အဖြဲ႕အစည္းေတြ အသင္းေတြေပ့ါ။

တစ္ဖြဲ႕နဲ႔တစ္ဖြဲ႕၊ တစ္သင္းနဲ႔တစ္သင္း၊ တစ္႐ြာနဲ႔တစ္႐ြာ၊ တစ္ၿမိဳ႕နဲ႔တစ္ၿမိဳ႕၊ ညီၫြတ္ျခင္းေတြမရွိေတာ့ရင္၊ ခိုက္ရန္ေဒါသေတြျဖစ္ပြားလာရင္၊ သတၱႏၲရလက္နက္ကပ္ေဘးႀကီး က်ေရာက္ေတာ့မယ္ဆိုတာပါပဲ။

လမ္းမေပၚတက္ၿပီး ေခြးေတြ ေန႔ည မအူၾကေသးဘူး။ ၾကက္ေတြ အိပ္တန္း မွန္ေနၾကေသးသလို က်ီးေတြရဲ႕ အသံ အ႐ုဏ္မတက္ခင္ ၾကားရဆဲ။ တစ္ၿမိဳ႕နဲ႔တစ္ၿမိဳ႕၊ တစ္တိုင္းနဲ႔တစ္တိုင္း ညီၫြတ္ေနၾကေသးတယ္။

ေခတ္ႀကီး ပ်က္ရင္တဲ့ ဘုန္းႀကီးနဲ႔ေခြးပဲ အရင္ဆုံး ငတ္မွာတဲ့ေလ။ လက္ရွိအေျခအေနထိေတာ့ တျခားေသာေထရဝါဒႏိုင္ငံ ရဟန္းဘုန္းႀကီးေတြ ဆြမ္းကိစၥအတြက္ အခက္အခဲရွိတယ္လို႔ မၾကားရေသးသလို

ျမန္မာႏိုင္ငံအတြင္းမွာ သီတင္းသုံးေနထိုင္ၾကတဲ့ ဘုန္းႀကီး သီလရွင္ေတြလည္း ဆြမ္းကိစၥတစ္ရပ္ အခက္အခဲ ရွိတယ္လို႔လည္း မၾကားမိေသးပါဘူး။

ဒီလို အားလုံး အဆင္ေျပေနတဲ့ပုံဆိုရင္ ေခတ္မပ်က္ေသးပါဘူး။ အားတင္းထားၾကေစလိုပါတယ္။ မၾကာခင္ ကာလမွာ ေဆးေကာင္းေကာင္းနဲ႔ ဒီေရာဂါေတြကို တိုက္ျဖတ္ႏိုင္ပါလိမ့္မယ္။

ယခု လက္ရွိအခ်ိန္အခါ ကာလေလးမွာေတာ့ ေလာဘေၾကာင့္ ငတ္မြတ္ေခါင္းပါးျခင္းကပ္ က်ေရာက္လာတယ္ ဆိုတာ သိရင္၊

ေဒါသေၾကာင့္ လက္နက္ေဘးကပ္ က်ေရာက္လာတယ္ ဆိုတာ သိရင္၊ ေမာဟေၾကာင့္ ေရာဂါကပ္ေဘးႀကီး က်ေရာက္လာတယ္ဆိုတာသိရင္ အတတ္ႏိုင္ဆုံး ေလာဘ၊ ေဒါသ၊ ေမာဟေတြကို

ထိန္းသိမ္းၾကရင္းနဲ႔ ေလာကႀကီး ေအးခ်မ္းလာေစဖို႔ ေမတၱာတရားမ်ားသာေန႔စဥ္ပြား၍ ေနထိုင္ၾကေစလိုေၾကာင္း အသိေပးတိုက္တြန္းလိုက္ပါရေစ။

ေမတၱာျဖင့္ျပန္လည္မွ်ေဝပါသည္။ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္…ဖန္ခါးေျမအရွင္

Unicode

ခေတ်ပျက်ခြင်း…မပျက်ခြင်း… နိမိတ်များအကြောင်း

ကြက်တွေ အိပ်တန်း မမှန်တော့ရင်၊ ကျီးတွေ ညပိုင်း အော်ဟစ် ဆူညံကြရင်၊ ခွေးတွေနေ့ည အူသံပေးရင် သေချာပြီ ခေတ်ပျက်မယ်ဆိုတဲ့ နိမိတ်။

ပတ်ဝန်းကျင်ကို သတိထားမိကြရဲ့လား။ ကြက်တွေ အိပ်တန်း မှန်နေသေးရင်၊ ကျီးတွေအရုဏ် မတက်ခင်မှာ အသံ ကြားနေရရင်၊ ခွေးတွေ နေ့ညရက်ဆက် အူသံ မကြားရရင် ခေတ်ဆိုတာ မပျက်သေးဘူးဆိုတဲ့ နိမိတ်ပါပဲ။

ဒါကို ရှေးပညာရှိတွေက ခေတ်ပျက်ခြင်း နိမိတ်သုံးမျိုးဆိုပြီး ကဗျာလေး စီထားခဲ့ကြပြန်တယ်။ “ရောခွေးဒုကြက်ဝဂ်သတ်” တဲ့။

ရောခွေး ဆိုတာက ရောဂန္တရရောဂါကပ်ဘေးကြီးတစ်ခု ကျရောက်လာတော့မယ်ဆိုလျှင်တဲ့ နိမိတ်တစ်ခုအနေအားဖြင့် တစ်လောကလုံးမှာရှိကြတဲ့ ခွေးတွေဟာလမ်းမပေါ်ကိုထွက်ကြပြီး နေ့ညမပျက်အူနေကြသတဲ့။

ဒုကြက် ဆိုတာက ဒုဗ္ဘိက္ခန္တရငတ်မွတ်ခေါင်းပါးခြင်း ကပ်ကြီးတစ်ခုကျရောက်တော့မယ်ဆိုလျှင်တဲ့ နိမိတ်တစ်ခုအနေအားဖြင့် တစ်လောကလုံးမှာရှိကြတဲ့ကြက်တွေဟာ အိပ်တန်းမမှန်ကြတော့သလို ကျီးတွေဟာလည်း နေ့ညမပျက်အော်ဟစ်ပြီးတော့နေကြသတဲ့။

ဝဂ်သတ် ဆိုတာက ဝဂျဆိုတာဝဂ္ဂဆိုတဲ့ ပါဠိကနေလာတာ။ အဓိပ္ပါယ်က အပေါင်းစုအဖွဲ့အစည်းဖြစ်ပါတယ်။ အဲဒီဝဂ္ဂဆိုတဲ့ အဖွဲ့အစည်းတွေ အသင်းတွေပေ့ါ။

တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ တစ်သင်းနဲ့တစ်သင်း၊ တစ်ရွာနဲ့တစ်ရွာ၊ တစ်မြို့နဲ့တစ်မြို့၊ ညီညွတ်ခြင်းတွေမရှိတော့ရင်၊ ခိုက်ရန်ဒေါသတွေဖြစ်ပွားလာရင်၊ သတ္တန္တရလက်နက်ကပ်ဘေးကြီး ကျရောက်တော့မယ်ဆိုတာပါပဲ။

လမ်းမပေါ်တက်ပြီး ခွေးတွေ နေ့ည မအူကြသေးဘူး။ ကြက်တွေ အိပ်တန်း မှန်နေကြသေးသလို ကျီးတွေရဲ့ အသံ အရုဏ်မတက်ခင် ကြားရဆဲ။ တစ်မြို့နဲ့တစ်မြို့၊ တစ်တိုင်းနဲ့တစ်တိုင်း ညီညွတ်နေကြသေးတယ်။

ခေတ်ကြီး ပျက်ရင်တဲ့ ဘုန်းကြီးနဲ့ခွေးပဲ အရင်ဆုံး ငတ်မှာတဲ့လေ။ လက်ရှိအခြေအနေထိတော့ တခြားသောထေရဝါဒနိုင်ငံ ရဟန်းဘုန်းကြီးတွေ ဆွမ်းကိစ္စအတွက် အခက်အခဲရှိတယ်လို့ မကြားရသေးသလို

မြန်မာနိုင်ငံအတွင်းမှာ သီတင်းသုံးနေထိုင်ကြတဲ့ ဘုန်းကြီး သီလရှင်တွေလည်း ဆွမ်းကိစ္စတစ်ရပ် အခက်အခဲ ရှိတယ်လို့လည်း မကြားမိသေးပါဘူး။

ဒီလို အားလုံး အဆင်ပြေနေတဲ့ပုံဆိုရင် ခေတ်မပျက်သေးပါဘူး။ အားတင်းထားကြစေလိုပါတယ်။ မကြာခင် ကာလမှာ ဆေးကောင်းကောင်းနဲ့ ဒီရောဂါတွေကို တိုက်ဖြတ်နိုင်ပါလိမ့်မယ်။

ယခု လက်ရှိအချိန်အခါ ကာလလေးမှာတော့ လောဘကြောင့် ငတ်မွတ်ခေါင်းပါးခြင်းကပ် ကျရောက်လာတယ် ဆိုတာ သိရင်၊

ဒေါသကြောင့် လက်နက်ဘေးကပ် ကျရောက်လာတယ် ဆိုတာ သိရင်၊ မောဟကြောင့် ရောဂါကပ်ဘေးကြီး ကျရောက်လာတယ်ဆိုတာသိရင် အတတ်နိုင်ဆုံး လောဘ၊ ဒေါသ၊ မောဟတွေကို

ထိန်းသိမ်းကြရင်းနဲ့ လောကကြီး အေးချမ်းလာစေဖို့ မေတ္တာတရားများသာနေ့စဉ်ပွား၍ နေထိုင်ကြစေလိုကြောင်း အသိပေးတိုက်တွန်းလိုက်ပါရစေ။

မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်။လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်…ဖန်ခါးမြေအရှင်

Be the first to comment

Leave a Reply

Your email address will not be published.


*