အပူေလာင္ အမာ႐ြတ္ေတြ ယူပစ္သလို ေပ်ာက္တဲ့နည္း

အပူေလာင္ အမာ႐ြတ္ေတြ ယူပစ္သလို ေပ်ာက္တဲ့နည္း
အပူေလာင္ အမာ႐ြတ္ေတြ ယူပစ္သလို ေပ်ာက္တဲ့နည္း

အပူေလာင္ အမာ႐ြတ္ေတြ ယူပစ္သလို ေပ်ာက္တဲ့နည္း

အမာ႐ြတ္ ဟာ ပုံမွန္ အသားေရာင္နဲ ႔မတူတဲ့ အတြက္ ၾကည့္ရတာ အျမင္မလွပါဘူး။ တခ်ိဳ႕အမာ႐ြတ္ေတြဆို ခ်ိဳင့္ခြက္လို ခ်ိဳင့္ဝင္ေနတာမ်ိဳးလည္း ရွိပါတယ္။

လူအမ်ားစုအေန နဲ႔ အမာ႐ြတ္က လူမျမင္ ကြယ္ရာေနရာမွာ ျဖစ္ရင္သာ ေပ်ာက္ဖို႔ ဆႏၵသိပ္မျပင္းျပေပမယ့္ လူျမင္ကြင္းေနရာေတြမွာ ျဖစ္ၿပီဆိုရင္ ခ်က္ခ်င္းနီးပါး ေပ်ာက္ခ်င္ၾကပါတယ္။

အထူးသျဖင့္ မိန္းကေလးေတြ ဆိုရင္ မ်က္ႏွာမွာ အမာ႐ြတ္ ျဖစ္ၿပီဆိုရင္ အျပင္ထြက္ရမွာ ရွက္တဲ့ အတြက္ အျမန္ေပ်ာက္ခ်င္ ၾကပါတယ္။

အတိုအျပတ္ေတြ ဝတ္ခ်င္တဲ့ မိန္းကေလးေတြ ဆိုရင္လည္း ေျခေထာက္တို႔ ေပါင္တို႔မွာ အမာ႐ြတ္ေတြ ျဖစ္ခဲ့ရင္ အတိုအျပတ္ဝတ္ပါက အျမင္မလွတဲ့ အတြက္ အျမန္ေပ်ာက္ခ်င္ၾကပါတယ္။

ေယာက္်ားေလးေတြ အမ်ားစုအေနနဲ႔ ကေတာ့ အမာ႐ြတ္ရွိျခင္းက သိပ္အေရးမႀကီးဘူးလို႔ ထင္မိပါတယ္။ သို႔ေသာ္ ေမာ္ဒယ္လုပ္မယ့္ အမ်ိဳးသားေတြ၊ အလွအပကို အေလးထားတဲ့အမ်ိဳးသားေတြ အတြက္ ဆိုရင္ေတာ့ အေရးႀကီးႏိုင္ပါတယ္။

အမာ႐ြတ္က ျဖစ္ေတာ့တာ လြယ္ေပမယ့္ ေပ်ာက္ဖို႔က် သိပ္မလြယ္ပါဘူး။ ျဖစ္တဲ့ အေၾကာင္းအရင္း အ႐ြယ္အစားေပၚ မူတည္ၿပီး တခ်ိဳ႕အမာ႐ြတ္ေတြက အခ်ိန္တိုနဲ႕ ေပ်ာက္တာရွိသလို တခ်ိဳ႕ အမာ႐ြတ္ေတြကေတာ့ လကေန ႏွစ္ခ်ီၾကာတာလည္း ရွိပါတယ္။ လုံးဝ မေပ်ာက္ေတာ့တဲ့ အမာ႐ြတ္လည္း ရွိပါတယ္။

မီးေလာင္၊ အပူေလာင္၊ ဆီပူေလာင္သူမ်ားအား ႀကဳံေတြ႕ခဲ့ရပါက ခ႐ုသင္းကဲ့သို႔ အျဖဴကြက္ႏွင့္ အပူေလာင္ အမာ႐ြတ္ က်န္မေနရစ္ဘဲ နဂိုအသားအေရေရာင္ ကဲ့သို႔ ျပန္လည္ျဖစ္ေစရန္ အတြက္ နည္းလမ္းေလး ေျပာျပခ်င္ ပါတယ္။

အနာ သက္သာ ေပ်ာက္ကင္းစမွ စ၍ ကြမ္းသီးအား ေက်ာက္ပ်ဥ္တြင္ ေသြး၍ ရရွိေသာ ကြမ္းသီးအရည္အား ေန႔စဥ္ မၾကာခဏ အနည္းဆုံး တေန႔(၃) ၾကိမ္ထက္မနည္း လိမ္းေပးေစျခင္းျဖင့္ မူလ အသားအေရအေရာက္ကဲ့သို႔ပင္ ျပန္ျဖစ္ေၾကာင္း ေရးသားေဖာ္ျပလိုက္ရပါသည္။

က်န္းမာေရး အတြက္ ေဆးတစ္ခြက္… ေမတၱာျဖင့္ ျပန္လည္မွ်ေဝသည္။ မူရင္းစာေရးသူအား Credit။

Unicode

အပူလောင် အမာရွတ်တွေ ယူပစ်သလို ပျောက်တဲ့နည်း

အမာရွတ် ဟာ ပုံမှန် အသားရောင်နဲ့မတူတဲ့ အတွက် ကြည့်ရတာ အမြင်မလှပါဘူး။ တချို့အမာရွတ်တွေဆို ချိုင့်ခွက်လို ချိုင့်ဝင်နေတာမျိုးလည်း ရှိပါတယ်။

လူအများစုအနေ နဲ့ အမာရွတ်က လူမမြင် ကွယ်ရာနေရာမှာ ဖြစ်ရင်သာ ပျောက်ဖို့ ဆန္ဒသိပ်မပြင်းပြပေမယ့် လူမြင်ကွင်းနေရာတွေမှာ ဖြစ်ပြီဆိုရင် ချက်ချင်းနီးပါး ပျောက်ချင်ကြပါတယ်။

အထူးသဖြင့် မိန်းကလေးတွေ ဆိုရင် မျက်နှာမှာ အမာရွတ် ဖြစ်ပြီဆိုရင် အပြင်ထွက်ရမှာ ရှက်တဲ့ အတွက် အမြန်ပျောက်ချင် ကြပါတယ်။

အတိုအပြတ်တွေ ဝတ်ချင်တဲ့ မိန်းကလေးတွေ ဆိုရင်လည်း ခြေထောက်တို့ ပေါင်တို့မှာ အမာရွတ်တွေ ဖြစ်ခဲ့ရင် အတိုအပြတ်ဝတ်ပါက အမြင်မလှတဲ့ အတွက် အမြန်ပျောက်ချင်ကြပါတယ်။

ယောက်ျားလေးတွေ အများစုအနေနဲ့ ကတော့ အမာရွတ်ရှိခြင်းက သိပ်အရေးမကြီးဘူးလို့ ထင်မိပါတယ်။ သို့သော် မော်ဒယ်လုပ်မယ့် အမျိုးသားတွေ၊ အလှအပကို အလေးထားတဲ့အမျိုးသားတွေ အတွက် ဆိုရင်တော့ အရေးကြီးနိုင်ပါတယ်။

အမာရွတ်က ဖြစ်တော့တာ လွယ်ပေမယ့် ပျောက်ဖို့ကျ သိပ်မလွယ်ပါဘူး။ ဖြစ်တဲ့ အကြောင်းအရင်း အရွယ်အစားပေါ် မူတည်ပြီး တချို့အမာရွတ်တွေက အချိန်တိုနဲ့ ပျောက်တာရှိသလို တချို့ အမာရွတ်တွေကတော့ လကနေ နှစ်ချီကြာတာလည်း ရှိပါတယ်။ လုံးဝ မပျောက်တော့တဲ့ အမာရွတ်လည်း ရှိပါတယ်။

မီးလောင်၊ အပူလောင်၊ ဆီပူလောင်သူများအား ကြုံတွေ့ခဲ့ရပါက ခရုသင်းကဲ့သို့ အဖြူကွက်နှင့် အပူလောင် အမာရွတ် ကျန်မနေရစ်ဘဲ နဂိုအသားအရေရောင် ကဲ့သို့ ပြန်လည်ဖြစ်စေရန် အတွက် နည်းလမ်းလေး ပြောပြချင် ပါတယ်။

အနာ သက်သာ ပျောက်ကင်းစမှ စ၍ ကွမ်းသီးအား ကျောက်ပျဉ်တွင် သွေး၍ ရရှိသော ကွမ်းသီးအရည်အား နေ့စဉ် မကြာခဏ အနည်းဆုံး တနေ့(၃) ကြိမ်ထက်မနည်း လိမ်းပေးစေခြင်းဖြင့် မူလ အသားအရေအရောက်ကဲ့သို့ပင် ပြန်ဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

ကျန်းမာရေး အတွက် ဆေးတစ်ခွက်… မေတ္တာဖြင့် ပြန်လည်မျှဝေသည်။ မူရင်းစာရေးသူအား Credit။

Be the first to comment

Leave a Reply

Your email address will not be published.


*