လည္ေခ်ာင္းေရာင္၊ လည္ေခ်ာင္းနာအတြက္ သဘာ၀ကုထုံးမ်ား

လည္ေခ်ာင္းေရာင္၊ လည္ေခ်ာင္းနာအတြက္ သဘာ၀ကုထုံးမ်ား
လည္ေခ်ာင္းေရာင္၊ လည္ေခ်ာင္းနာအတြက္ သဘာ၀ကုထုံးမ်ား

လည္ေခ်ာင္းေရာင္၊ လည္ေခ်ာင္းနာအတြက္ သဘာ၀ကုထုံးမ်ား

လည္ေခ်ာင္း ေရာင္တယ္၊ နာတယ္ ဆိုတာက လည္မ်ိဳနဲ႔ အသံႀကိဳးေတြ ပါ၀င္တဲ့ လည္ေခ်ာင္းအထက္ပိုင္းမွာ ေရာင္ရမ္းနာက်င္တာပါ။ vocal cords လို႔ေခၚတဲ့ အသံႀကိဳးေတြကို အရမ္းအားစိုက္လိုက္တဲ့အခါမ်ိဳး၊ ထိခိုက္သြားတာမ်ိဳးမွာ ျဖစ္ေလ့ရွိပါတယ္။

လည္ေခ်ာင္းနာမယ္၊ အသံ ကြဲရွရွျဖစ္မယ္၊ ေခ်ာင္းေျခာက္ဆိုးမယ္၊ အသံတိမ္၀င္ အားနည္းမယ္၊ ဒါေတြက လည္မ်ိဳနာတဲ့ လကၡဏာေတြပါပဲ။ ပဋိဇီဝေဆးေတြ၊ အေရာင္က်ေဆးေတြနဲ႔ ကုသ ေပ်ာက္ကင္းႏိုင္ပါတယ္။

ျမန္ဆန္လြယ္ကူတဲ့ သဘာ၀ကုထုံးေတြကိုမွ ႀကိဳက္ႏွစ္သက္သူေတြအတြက္လဲ အိမ္တြင္းကုထုံး နည္းလမ္းေကာင္းေတြကို က်ေနာ္တို႔ က်န္းမာေရးသတင္းမ်ားေပ့ခ္်မွ မွ ်ေဝလိုက္ပါတယ္။

၁။ Onion Syrup (ၾကက္သြန္နီအရည္)

လည္ေခ်ာင္းေရာင္နာအတြက္ ၾကက္သြန္နီအရည္လုပ္ဖို႔က လြယ္ပါတယ္။ ေရ ၄ ခြက္စာထဲကို ၾကက္သြန္နီ အ႐ြယ္လတ္ ၄ လုံးစာ ပါးပါးလွီးၿပီးသား ထည့္ၿပီး အရည္ရေအာင္ ႀကိတ္လိုက္ရင္ ၾကက္သြန္နီအႏွစ္ရည္ ရလာပါမယ္။

ေရတဖန္ခြက္ထဲကို ၾကက္သြန္နီအႏွစ္ရည္ ၅ ဇြန္းထည့္။ အရသာအတြက္ သံပုရာရည္နဲနဲ၊ ပ်ားရည္နဲနဲ ထပ္ျဖည့္ထည့္ေပါ့။ အဲဒီအရည္ကိုေသာက္ရင္ ခ်က္ခ်င္းေပ်ာက္သတဲ့ဗ်ား။

၂။ ဂ်င္း (Ginger)

လည္ေခ်ာင္းျပသနာေတြကို ေျဖရွင္းဖို႔ အေကာင္းဆုံးေဆးတစ္လက္အျဖစ္ ဂ်င္းကို လူသိမ်ားပါတယ္။ ဂ်င္းရည္ဟာ အသံအိုးနံရံေတြ ယားယံျခင္းကို

သက္သာေစတဲ့ ေဆးတစ္လက္ ျဖစ္ပါတယ္။ ဂ်င္းကို သၾကားအုပ္ၿပီး လမ္းသြားရင္ ေဆာင္သြားႏိုင္သလို ဂ်င္းလၻက္ရည္ လုပ္ၿပီးလဲ ေသာက္ေပးႏိုင္ပါတယ္။

၃။ Apple Cider Vineger (ပန္းသီးအရက္ ရွာလကာ)

ဘက္တီးရီးယားေတြကို ႏိုင္နင္းတဲ့ ပန္းသီးအရက္ ရွာလကာရည္ဟာ လည္ေခ်ာင္းနာကို ကုသေပးႏိုင္ပါတယ္။ ေရခြက္ထဲ ေရတ၀က္ေလာက္ ထည့္ၿပီး ပန္းသီးအရက္ ဗီနီဂါ ၂ ဇြန္းနဲ႔ ပ်ားရည္နည္းနည္း ထည့္ၿပီး တခါေသာက္စာ လုပ္ရပါမယ္။

အဲဒါကို တေန႔ ၂ ႀကိမ္ ေသာက္ေပးရင္ ေရာင္ရမ္းျခင္းကို ျဖစ္ေစတဲ့ ဘက္တီးရီးယားေတြကို ေသေစႏိုင္ၿပီး လည္ေခ်ာင္းနာကို သက္သာေစပါတယ္။

၄။ သံပုရာရည္

သံပုရာရည္ကလဲ လည္ေခ်ာင္းထဲမွာ ယားယံတာကို သက္သာ ေပ်ာက္ကင္းေစၿပီး ဘက္တီးရီးယားေတြကို ေသေစပါတယ္။ မနက္ပိုင္းမွာ သံပုရာရည္ လတ္လတ္ဆတ္ဆတ္ ေဖ်ာ္ေသာက္တာ ဒါမွမဟုတ္

သံပုရာရည္နဲ႔ ပလုတ္က်င္းတာပါ။ ဆားေလးနဲနဲကို သံပုရာရည္ လတ္လတ္ဆတ္ဆတ္ထဲကို ထည့္ၿပီးေရာ။ ေရေႏြးေႏြးေလး တခြက္ထဲကို ေရာလိုက္ၿပီးေတာ့ တေန႔လုံး ပလုတ္က်င္းေပးရမွာပါ။

၅။ ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴမွာက ေရာင္ရမ္းတာကို သက္သာေစၿပီး antimicrobial ဆိုတဲ့ မိုက္ခ႐ုဘ္ေတြကို တားဆီးေပးတဲ့ဓာတ္ ပါ၀င္ပါတယ္။ ၾကက္သြန္ျဖဴဥ အမႊာတခုကို ဝါးၿပီး

အရည္ကုန္သြားတဲ့အထိ စုပ္ယူၿမိဳခ်ရပါမယ္။ အဲ့ဒီလို တေန႔အတြင္း ကိုယ္လုပ္ႏိုင္သေလာက္ လုပ္ရပါမယ္။ အနံျပင္းၿပီး စပ္ဖ်င္းဖ်င္း ဒဏ္ကိုေတာ့ သည္းခံႏိုင္မွ လုပ္လို႔ရမွာေနာ္။

၆။ Slippery Elms

Ulmus rubra လို႔ သိၾကတဲ့ Slippery Elms အပင္ထဲမွာ ပါ၀င္တဲ့ အရည္လိုလို ဂ်ယ္ Gel ဟာ ယားယံျခင္းနဲ႔ ေရာင္ရမ္းျခင္းေတြကို ဖယ္ရွားေပးႏိုင္တဲ့ ဂုဏ္သတၱိ ရွိပါတယ္။

Slippery Elms ကို ေရထဲ ထည့္လိုက္ရင္ Gel ပုံစံ ျဖစ္သြားပါမယ္။ အဲ့ဒီ Gel ကို တေန႔အတြင္း ခဏခဏ စားေပးရမွာပါ။ ကေလးႏို႔တိုက္ေနခ်ိန္၊ ကိုယ္၀န္ေဆာင္ခ်ိန္မွာ မစားရပါ။

ေနာက္ၿပီး အလာ့ဂ်စ္ (ဓာတ္မတည့္) ရွိသူေတြဆိုရင္ ဆရာ၀န္ဆီ ယူသြားျပၿပီးမွ သုံးသင့္ မသင့္ ၫႊန္ၾကားခ်က္ လိုက္နာရပါမယ္။

၇။ ေရ

ေရမ်ားမ်ား ေသာက္ေပးပါ။ ေရမ်ားမ်ား ေသာက္ေပးျခင္းျဖင့္ ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြ၊ ေရာဂါပိုးေတြကို ေဆးခ်ေပးႏိုင္ပါတယ္။

ဒါေၾကာင့္ လည္ေခ်ာင္းယားတာေတြသက္သာႏိုင္ပါတယ္။ ေရေအးေသာက္တာကို ေရွာင္ရပါမယ္။ ေရထဲကို သံပုရာသီးစိပ္ေလးေတြ ထည့္ေပးရင္ အာနိသင္ ပိုေကာင္းပါတယ္။

၈။ ပ်ားရည္

ပ်ားရည္ဟာ အေရာင္က်ေဆးအျဖစ္ လူသိမ်ားပါတယ္။ ပ်ားရည္ကို ေဆးရည္ လို ေသာက္ေပးရမွာပါ။ တေန႔လုံးကို ပ်ားရည္ လၻက္ရည္ဇြန္း ၁ ဇြန္း အျပည့္ ေသာက္ေပးရပါမယ္။ ပ်ားရည္နဲ႔ သံပုရာကို ေရာစပ္ၿပီးလဲ ေသာက္ေပးႏိုင္ပါတယ္။

၉။ ယူကလစ္ဆီ

ယူကလစ္ဆီဟာ လည္ေခ်ာင္းနာကို ကုသဖို႔ အေကာင္းဆုံး ေဆးဖက္၀င္ ပစၥည္းတစ္ခု ျဖစ္ပါတယ္။ ယူကလစ္ဆီကို ကိရိယာ အကူအညီ နဲ႔ ျဖစ္ေစ ေရေႏြးေငြ႕ကေန တိုက္႐ိုက္ျဖစ္ေစ ရႈသြင္းရပါမယ္။

ေရထဲမွာ ယူကလစ္ဆီ နဲနဲ အစက္ခ် ထည့္ၿပီး ၁၀ မိနစ္ေလာက္ ရႈေပးရပါမယ္။ တစ္ရက္ကို ၂ ႀကိမ္ လုပ္ေပးရမွာပါ။

၁၀။ ဆားေရေႏြး

ဒါကေတာ့ လူသိမ်ားတဲ့ သဘာ၀ကုထုံး ျဖစ္ပါတယ္။ ဆားေရေႏြးဟာ ဘက္တီးရီးယားထဲကဗိုင္းရပ္စ္ေတြကို ေသေစၿပီး ေရာင္ရမ္းတာကိုလဲ ေလ်က်ေစပါတယ္။ ဆား ဇြန္းတ၀က္ေလာက္ကို ေရေႏြး တခြက္ထဲကို ေရာထည့္လိုက္ၿပီး အဲ့ဒီေရနဲ႔ ပလုတ္က်င္းေပးရမွာပါ။

ဒါကို တေန႔လုံး လုပ္ႏိုင္သေလာက္ အႀကိမ္ေရမ်ားမ်ား လုပ္ေပးရပါမယ္။ ဒါေပမယ့္ သတိထားရမွာက ဆားဟာ ခႏၶာကိုယ္ထဲက အရည္ေတြကို ဖယ္ရွားေပးတာေၾကာင့္ ေနာက္ထပ္ ယားယံတာကို ခံစားရတတ္ပါတယ္။

သုံးစြဲလိုက္တဲ့ ဆားပမာဏကို သတ္မွတ္ထားၿပီး ေနာက္ထပ္ ငံတဲ့အရသာ အစားအစာေတြကို လုံး၀ မစားမိေအာင္ သတိထားပါ။

ဒါေတြဟာ ကိုယ့္အိမ္မွာေနရင္း လုပ္လို႔ရတဲ့ အျမန္ေပ်ာက္ကင္းေစတဲ့ သဘာ၀ ကုသနည္းေတြ ျဖစ္ပါတယ္။ လည္ေခ်ာင္းနာတာ ပိုဆိုးလာၿပီး တပတ္ေလာက္ ၾကာတဲ့အထိ မေပ်ာက္ေသးရင္ေတာ့ ဆရာ၀န္ဆီသာ သြားျပလိုက္ပါေတာ့။

လည္ေခ်ာင္းနာ သက္သာ ေပ်ာက္ကင္းၾကပါေစဗ်ာ…။မူရင္းစာေရးသားေသာဆရာအားCreditေပးပါသည္။

Unicode

လည်ချောင်းရောင်၊ လည်ချောင်းနာအတွက် သဘာဝကုထုံးများ

လည်ချောင်း ရောင်တယ်၊ နာတယ် ဆိုတာက လည်မျိုနဲ့ အသံကြိုးတွေ ပါဝင်တဲ့ လည်ချောင်းအထက်ပိုင်းမှာ ရောင်ရမ်းနာကျင်တာပါ။ vocal cords လို့ခေါ်တဲ့ အသံကြိုးတွေကို အရမ်းအားစိုက်လိုက်တဲ့အခါမျိုး၊ ထိခိုက်သွားတာမျိုးမှာ ဖြစ်လေ့ရှိပါတယ်။

လည်ချောင်းနာမယ်၊ အသံ ကွဲရှရှဖြစ်မယ်၊ ချောင်းခြောက်ဆိုးမယ်၊ အသံတိမ်ဝင် အားနည်းမယ်၊ ဒါတွေက လည်မျိုနာတဲ့ လက္ခဏာတွေပါပဲ။ ပဋိဇီဝဆေးတွေ၊ အရောင်ကျဆေးတွေနဲ့ ကုသ ပျောက်ကင်းနိုင်ပါတယ်။

မြန်ဆန်လွယ်ကူတဲ့ သဘာဝကုထုံးတွေကိုမှ ကြိုက်နှစ်သက်သူတွေအတွက်လဲ အိမ်တွင်းကုထုံး နည်းလမ်းကောင်းတွေကို ကျနော်တို့ ကျန်းမာရေးသတင်းများပေ့ခ်ျမှ မှ ျဝေလိုက်ပါတယ်။

၁။ Onion Syrup (ကြက်သွန်နီအရည်)

လည်ချောင်းရောင်နာအတွက် ကြက်သွန်နီအရည်လုပ်ဖို့က လွယ်ပါတယ်။ ရေ ၄ ခွက်စာထဲကို ကြက်သွန်နီ အရွယ်လတ် ၄ လုံးစာ ပါးပါးလှီးပြီးသား ထည့်ပြီး အရည်ရအောင် ကြိတ်လိုက်ရင် ကြက်သွန်နီအနှစ်ရည် ရလာပါမယ်။

ရေတဖန်ခွက်ထဲကို ကြက်သွန်နီအနှစ်ရည် ၅ ဇွန်းထည့်။ အရသာအတွက် သံပုရာရည်နဲနဲ၊ ပျားရည်နဲနဲ ထပ်ဖြည့်ထည့်ပေါ့။ အဲဒီအရည်ကိုသောက်ရင် ချက်ချင်းပျောက်သတဲ့ဗျား။

၂။ ဂျင်း (Ginger)

လည်ချောင်းပြသနာတွေကို ဖြေရှင်းဖို့ အကောင်းဆုံးဆေးတစ်လက်အဖြစ် ဂျင်းကို လူသိများပါတယ်။ ဂျင်းရည်ဟာ အသံအိုးနံရံတွေ ယားယံခြင်းကို

သက်သာစေတဲ့ ဆေးတစ်လက် ဖြစ်ပါတယ်။ ဂျင်းကို သကြားအုပ်ပြီး လမ်းသွားရင် ဆောင်သွားနိုင်သလို ဂျင်းလ္ဘက်ရည် လုပ်ပြီးလဲ သောက်ပေးနိုင်ပါတယ်။

၃။ Apple Cider Vineger (ပန်းသီးအရက် ရှာလကာ)

ဘက်တီးရီးယားတွေကို နိုင်နင်းတဲ့ ပန်းသီးအရက် ရှာလကာရည်ဟာ လည်ချောင်းနာကို ကုသပေးနိုင်ပါတယ်။ ရေခွက်ထဲ ရေတဝက်လောက် ထည့်ပြီး ပန်းသီးအရက် ဗီနီဂါ ၂ ဇွန်းနဲ့ ပျားရည်နည်းနည်း ထည့်ပြီး တခါသောက်စာ လုပ်ရပါမယ်။

အဲဒါကို တနေ့ ၂ ကြိမ် သောက်ပေးရင် ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး လည်ချောင်းနာကို သက်သာစေပါတယ်။

၄။ သံပုရာရည်

သံပုရာရည်ကလဲ လည်ချောင်းထဲမှာ ယားယံတာကို သက်သာ ပျောက်ကင်းစေပြီး ဘက်တီးရီးယားတွေကို သေစေပါတယ်။ မနက်ပိုင်းမှာ သံပုရာရည် လတ်လတ်ဆတ်ဆတ် ဖျော်သောက်တာ ဒါမှမဟုတ်

သံပုရာရည်နဲ့ ပလုတ်ကျင်းတာပါ။ ဆားလေးနဲနဲကို သံပုရာရည် လတ်လတ်ဆတ်ဆတ်ထဲကို ထည့်ပြီးရော။ ရေနွေးနွေးလေး တခွက်ထဲကို ရောလိုက်ပြီးတော့ တနေ့လုံး ပလုတ်ကျင်းပေးရမှာပါ။

၅။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာက ရောင်ရမ်းတာကို သက်သာစေပြီး antimicrobial ဆိုတဲ့ မိုက်ခရုဘ်တွေကို တားဆီးပေးတဲ့ဓာတ် ပါဝင်ပါတယ်။ ကြက်သွန်ဖြူဥ အမွှာတခုကို ဝါးပြီး

အရည်ကုန်သွားတဲ့အထိ စုပ်ယူမြိုချရပါမယ်။ အဲ့ဒီလို တနေ့အတွင်း ကိုယ်လုပ်နိုင်သလောက် လုပ်ရပါမယ်။ အနံပြင်းပြီး စပ်ဖျင်းဖျင်း ဒဏ်ကိုတော့ သည်းခံနိုင်မှ လုပ်လို့ရမှာနော်။

၆။ Slippery Elms

Ulmus rubra လို့ သိကြတဲ့ Slippery Elms အပင်ထဲမှာ ပါဝင်တဲ့ အရည်လိုလို ဂျယ် Gel ဟာ ယားယံခြင်းနဲ့ ရောင်ရမ်းခြင်းတွေကို ဖယ်ရှားပေးနိုင်တဲ့ ဂုဏ်သတ္တိ ရှိပါတယ်။

Slippery Elms ကို ရေထဲ ထည့်လိုက်ရင် Gel ပုံစံ ဖြစ်သွားပါမယ်။ အဲ့ဒီ Gel ကို တနေ့အတွင်း ခဏခဏ စားပေးရမှာပါ။ ကလေးနို့တိုက်နေချိန်၊ ကိုယ်ဝန်ဆောင်ချိန်မှာ မစားရပါ။

နောက်ပြီး အလာ့ဂျစ် (ဓာတ်မတည့်) ရှိသူတွေဆိုရင် ဆရာဝန်ဆီ ယူသွားပြပြီးမှ သုံးသင့် မသင့် ညွှန်ကြားချက် လိုက်နာရပါမယ်။

၇။ ရေ

ရေများများ သောက်ပေးပါ။ ရေများများ သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ၊ ရောဂါပိုးတွေကို ဆေးချပေးနိုင်ပါတယ်။

ဒါကြောင့် လည်ချောင်းယားတာတွေသက်သာနိုင်ပါတယ်။ ရေအေးသောက်တာကို ရှောင်ရပါမယ်။ ရေထဲကို သံပုရာသီးစိပ်လေးတွေ ထည့်ပေးရင် အာနိသင် ပိုကောင်းပါတယ်။

၈။ ပျားရည်

ပျားရည်ဟာ အရောင်ကျဆေးအဖြစ် လူသိများပါတယ်။ ပျားရည်ကို ဆေးရည် လို သောက်ပေးရမှာပါ။ တနေ့လုံးကို ပျားရည် လ္ဘက်ရည်ဇွန်း ၁ ဇွန်း အပြည့် သောက်ပေးရပါမယ်။ ပျားရည်နဲ့ သံပုရာကို ရောစပ်ပြီးလဲ သောက်ပေးနိုင်ပါတယ်။

၉။ ယူကလစ်ဆီ

ယူကလစ်ဆီဟာ လည်ချောင်းနာကို ကုသဖို့ အကောင်းဆုံး ဆေးဖက်ဝင် ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ယူကလစ်ဆီကို ကိရိယာ အကူအညီ နဲ့ ဖြစ်စေ ရေနွေးငွေ့ကနေ တိုက်ရိုက်ဖြစ်စေ ရှုသွင်းရပါမယ်။

ရေထဲမှာ ယူကလစ်ဆီ နဲနဲ အစက်ချ ထည့်ပြီး ၁၀ မိနစ်လောက် ရှုပေးရပါမယ်။ တစ်ရက်ကို ၂ ကြိမ် လုပ်ပေးရမှာပါ။

၁၀။ ဆားရေနွေး

ဒါကတော့ လူသိများတဲ့ သဘာဝကုထုံး ဖြစ်ပါတယ်။ ဆားရေနွေးဟာ ဘက်တီးရီးယားထဲကဗိုင်းရပ်စ်တွေကို သေစေပြီး ရောင်ရမ်းတာကိုလဲ လျေကျစေပါတယ်။ ဆား ဇွန်းတဝက်လောက်ကို ရေနွေး တခွက်ထဲကို ရောထည့်လိုက်ပြီး အဲ့ဒီရေနဲ့ ပလုတ်ကျင်းပေးရမှာပါ။

ဒါကို တနေ့လုံး လုပ်နိုင်သလောက် အကြိမ်ရေများများ လုပ်ပေးရပါမယ်။ ဒါပေမယ့် သတိထားရမှာက ဆားဟာ ခန္ဓာကိုယ်ထဲက အရည်တွေကို ဖယ်ရှားပေးတာကြောင့် နောက်ထပ် ယားယံတာကို ခံစားရတတ်ပါတယ်။

သုံးစွဲလိုက်တဲ့ ဆားပမာဏကို သတ်မှတ်ထားပြီး နောက်ထပ် ငံတဲ့အရသာ အစားအစာတွေကို လုံး၀ မစားမိအောင် သတိထားပါ။

ဒါတွေဟာ ကိုယ့်အိမ်မှာနေရင်း လုပ်လို့ရတဲ့ အမြန်ပျောက်ကင်းစေတဲ့ သဘာ၀ ကုသနည်းတွေ ဖြစ်ပါတယ်။ လည်ချောင်းနာတာ ပိုဆိုးလာပြီး တပတ်လောက် ကြာတဲ့အထိ မပျောက်သေးရင်တော့ ဆရာဝန်ဆီသာ သွားပြလိုက်ပါတော့။

လည်ချောင်းနာ သက်သာ ပျောက်ကင်းကြပါစေဗျာ…။မူရင်းစာရေးသားသောဆရာအားCreditပေးပါသည်

Be the first to comment

Leave a Reply

Your email address will not be published.


*