တခ်ိဳ႕အိမ္ေတြရဲ႕ အဝင္အဝမွာ မွန္ေတြ ခ်ိတ္ဆြဲထားရတဲ့ အေၾကာင္းအရင္း

တခ်ိဳ႕အိမ္ေတြရဲ႕ အဝင္အဝမွာ မွန္ေတြ ခ်ိတ္ဆြဲထားရတဲ့ အေၾကာင္းအရင္း
တခ်ိဳ႕အိမ္ေတြရဲ႕ အဝင္အဝမွာ မွန္ေတြ ခ်ိတ္ဆြဲထားရတဲ့ အေၾကာင္းအရင္း

တခ်ိဳ႕အိမ္ေတြရဲ႕ အဝင္အဝမွာ မွန္ေတြ ခ်ိတ္ဆြဲထားရတဲ့ အေၾကာင္းအရင္း

အိမ္ တခ်ိဳ႕ရဲ႕ အဝင္ေပါက္ မွာ ျဖစ္ျဖစ္၊ ျပတင္းေပါက္၊ တံခါးေတြ နားမွာ ျဖစ္ျဖစ္ ၾကည့္မွန္တစ္ခ်ပ္ ကို ခ်ိတ္ဆြဲထားတာ ကို ေတြ႕ဖူး ၾကမွာပါ။

ဒါဟာ အိမ္ရဲ႕ ခ်ိဳ႕ယြင္းခ်က္ကို ျပဳျပင္ဖို႔ ဆန္းေဗဒင္ သေဘာအရ ယၾတာေခ်ျခင္း တစ္မ်ိဳးပါ။ဘာလို႔ ခ်ိတ္ဆြဲ ထားသလဲ ဆိုတာကေတာ့ ေနထိုင္တဲ့ အိမ္က အရမ္းက်ဥ္းၿပီး ေခါင္းရင္းအိမ္ ဒါမွ မဟုတ္

ေျခရင္း အိမ္က အရမ္းျမင့္ ေနတယ္ ဆိုရင္ ဆန္းေဗဒင္ ပညာ အရ ထိုအိမ္က အညံ့၊ အခိုက္ေတြ ရွိတတ္ ပါတယ္။

မိမိရဲ႕ သားသမီး၊ လက္ေအာက္ငယ္သားေတြ က်န္းမာေရး၊ စီးပြားေရး ညံ့ဖ်င္း တတ္ပါ တယ္။ မ်က္ႏွာခ်င္းဆိုင္ အိမ္က အရမ္းျမင့္ၿပီး ေခါင္းမိုးအခြၽန္က

ကိုယ္ ေနတဲ့ အိမ္နဲ႔ တည့္တည့္က်ရင္လည္း အိမ္မွာကံညံ့တတ္ပါ တယ္။ျမန္မာတို႔ရဲ႕ ဆန္းေဗဒင္က်မ္းေတြမွာေရာ တ႐ုတ္ျပည္ရဲ႕ ဖုန္းေ႐ႊ ပညာမွာပါ အခိုင္အမာေဖာ္ျပ ထားပါတယ္။

သည္လို ျဖစ္ေနတဲ့ အိမ္ အမ်ားစုဟာ ေနအိမ္ရဲ႕ မ်က္ႏွာခ်င္း ဆိုင္ ဒါမွမဟုတ္ ေျခရင္း၊ ေခါင္းရင္းမွာ စက္႐ုံ၊ အလုပ္႐ုံ ၊ ေနအိမ္ထက္ ပိုျမင့္တဲ့ တိုက္၊ ေနအိမ္ တစ္ခုခု ရွိ ေနပါက

သင့္အိမ္ရဲ႕ ျပတင္းေပါက္ မွာ အလင္းေကာင္းမြန္ စြာ ျပန္ႏိုင္တဲ့ မွန္တစ္ခ်ပ္ကို တပ္ထားလိုက္မယ္ဆိုရင္ အိမ္မွာ အဆိုးအညံ့ ေတြ ျပယ္ၿပီး

လုပ္ကိုင္သမွ် အႀကံအစည္ေတြ ေအာင္ျမင္ေစပါတယ္။ ေဈးဆိုင္၊ စားေသာက္ဆိုင္ တည္ထားတဲ့ အိမ္ေတြဆိုရင္ ဆိုင္ရဲ႕ အေရွ႕အရပ္ကို မူၿပီးေတာ့

မွန္တစ္ခ်ပ္ကို ခ်ိတ္ဆြဲထားသင့္ပါတယ္။ထိုသို႔ ခ်ိတ္ဆြဲထားျခင္း ျဖင့္ ဝင္ေငြႏွစ္စ္ဆတိုးတက္ၿပီး အေရာင္းအဝယ္ ေကာင္း မြန္ေစတာ ေၾကာင့္

ယုံၾကည္သူအမ်ားအျပားက အိမ္ရဲ႕အဝင္ေပါက္ မွာ ခ်ိတ္ဆြဲထားရတာ ျျဖစ္ပါတယ္။ ခ်ိတ္ထား တဲ့ မွန္ကို မကြဲဖို႔ ၊သန႔္စင္ေနေစဖို႔နဲ႔ အလင္းေကာင္းစြာ ျပန္ႏိုင္ဖို႔ကို ေတာ့ သတိျပဳပါ။

အိမ္ရဲ႕ အေရွ႕ဘက္၊ ေျခရင္းအိမ္၊ ေခါင္းရင္းအိမ္၊ မ်က္ႏွာခ်င္းဆိုင္ အိမ္ေတြ ကို လွည့္ထားဖို႔ ကို ဂ႐ုျပဳပါ။ ခရက္ဒစ္

Unicode

တချို့အိမ်တွေရဲ့ အဝင်အဝမှာ မှန်တွေ ချိတ်ဆွဲထားရတဲ့ အကြောင်းအရင်း

အိမ် တချို့ရဲ့ အဝင်ပေါက် မှာ ဖြစ်ဖြစ်၊ ပြတင်းပေါက်၊ တံခါးတွေ နားမှာ ဖြစ်ဖြစ် ကြည့်မှန်တစ်ချပ် ကို ချိတ်ဆွဲထားတာ ကို တွေ့ဖူး ကြမှာပါ။

ဒါဟာ အိမ်ရဲ့ ချို့ယွင်းချက်ကို ပြုပြင်ဖို့ ဆန်းဗေဒင် သဘောအရ ယတြာချေခြင်း တစ်မျိုးပါ။ဘာလို့ ချိတ်ဆွဲ ထားသလဲ ဆိုတာကတော့ နေထိုင်တဲ့ အိမ်က အရမ်းကျဉ်းပြီး ခေါင်းရင်းအိမ် ဒါမှ မဟုတ်

ခြေရင်း အိမ်က အရမ်းမြင့် နေတယ် ဆိုရင် ဆန်းဗေဒင် ပညာ အရ ထိုအိမ်က အညံ့၊ အခိုက်တွေ ရှိတတ် ပါတယ်။

မိမိရဲ့ သားသမီး၊ လက်အောက်ငယ်သားတွေ ကျန်းမာရေး၊ စီးပွားရေး ညံ့ဖျင်း တတ်ပါ တယ်။ မျက်နှာချင်းဆိုင် အိမ်က အရမ်းမြင့်ပြီး ခေါင်းမိုးအချွန်က

ကိုယ် နေတဲ့ အိမ်နဲ့ တည့်တည့်ကျရင်လည်း အိမ်မှာကံညံ့တတ်ပါ တယ်။မြန်မာတို့ရဲ့ ဆန်းဗေဒင်ကျမ်းတွေမှာရော တရုတ်ပြည်ရဲ့ ဖုန်းရွှေ ပညာမှာပါ အခိုင်အမာဖော်ပြ ထားပါတယ်။

သည်လို ဖြစ်နေတဲ့ အိမ် အများစုဟာ နေအိမ်ရဲ့ မျက်နှာချင်း ဆိုင် ဒါမှမဟုတ် ခြေရင်း၊ ခေါင်းရင်းမှာ စက်ရုံ၊ အလုပ်ရုံ ၊ နေအိမ်ထက် ပိုမြင့်တဲ့ တိုက်၊ နေအိမ် တစ်ခုခု ရှိ နေပါက

သင့်အိမ်ရဲ့ ပြတင်းပေါက် မှာ အလင်းကောင်းမွန် စွာ ပြန်နိုင်တဲ့ မှန်တစ်ချပ်ကို တပ်ထားလိုက်မယ်ဆိုရင် အိမ်မှာ အဆိုးအညံ့ တွေ ပြယ်ပြီး

လုပ်ကိုင်သမျှ အကြံအစည်တွေ အောင်မြင်စေပါတယ်။ ဈေးဆိုင်၊ စားသောက်ဆိုင် တည်ထားတဲ့ အိမ်တွေဆိုရင် ဆိုင်ရဲ့ အရှေ့အရပ်ကို မူပြီးတော့

မှန်တစ်ချပ်ကို ချိတ်ဆွဲထားသင့်ပါတယ်။ထိုသို့ ချိတ်ဆွဲထားခြင်း ဖြင့် ဝင်ငွေနှစ်စ်ဆတိုးတက်ပြီး အရောင်းအဝယ် ကောင်း မွန်စေတာ ကြောင့်

ယုံကြည်သူအများအပြားက အိမ်ရဲ့အဝင်ပေါက် မှာ ချိတ်ဆွဲထားရတာ ြဖြစ်ပါတယ်။ ချိတ်ထား တဲ့ မှန်ကို မကွဲဖို့ ၊သန့်စင်နေစေဖို့နဲ့ အလင်းကောင်းစွာ ပြန်နိုင်ဖို့ကို တော့ သတိပြုပါ။

အိမ်ရဲ့ အရှေ့ဘက်၊ ခြေရင်းအိမ်၊ ခေါင်းရင်းအိမ်၊ မျက်နှာချင်းဆိုင် အိမ်တွေ ကို လှည့်ထားဖို့ ကို ဂရုပြုပါ။ ခရက်ဒစ်

Be the first to comment

Leave a Reply

Your email address will not be published.


*