ေငြအရင္းအႏွီးမရွိဘဲ စတင္လုပ္ႏိုင္တဲ့ စီးပြားေရး လုပ္ငန္း (၆) မ်ိဳး…

ေငြအရင္းအႏွီးမရွိဘဲ စတင္လုပ္ႏိုင္တဲ့ စီးပြားေရး လုပ္ငန္း (၆) မ်ိဳး…
ေငြအရင္းအႏွီးမရွိဘဲ စတင္လုပ္ႏိုင္တဲ့ စီးပြားေရး လုပ္ငန္း (၆) မ်ိဳး…

ေငြအရင္းအႏွီးမရွိဘဲ စတင္လုပ္ႏိုင္တဲ့ စီးပြားေရး လုပ္ငန္း (၆) မ်ိဳး…

တကယ္ေတာ့ ဒါဟာ သင့္ရဲ႕ မူပိုင္ေရာင္းကုန္ျဖစ္ပါတယ္။ အင္တာနက္ ထြန္းကားေနတဲ့ ဒီေခတ္ႀကီးမွာ ဖုန္းတစ္လုံး ရွိ႐ုံနဲ႔ကုမၸဏီေထာင္ႏိုင္ပါတယ္ဗ်ာ။

တစ္ခ်ိန္က American Dream ဆိုတဲ့ စကားတစ္ခြန္းဟာ စီးပြားေရးအသို က္အၿမဳံေကာင္းတစ္ခုကို ေ႐ႊတြင္းတူးသလို တူးခ်င္တဲ့ လူေတြအတြက္ ေမွ်ာ္လင့္ ခ်က္တစ္ခု ျဖစ္ခဲ့ပါတယ္။

သန္းနဲ႔ခ်ီတဲ့ အေမရိကန္ေတြ ခ်မ္း သာႂကြယ္ဝျခင္းဟာ ေ႐ႊတြင္း၊ ေငြတြင္းေတြ တူးမိလို႔ခ်မ္းသာခဲ့တာ မဟုတ္ပါဘူး။သင္လည္း ခ်မ္းသာတဲ့သူ ျဖစ္ႏိုင္ပါတယ္။

တကယ္လို႔သူ႔ဦးေႏွာက္ထဲက ရတနာသိုက္ကို ေဖာက္ႏိုင္ၿပီ ဆိုရင္ေပါ့။သင့္ ဦးေႏွာက္ထဲမွာ ဘယ္လိုရတနာတြင္းရွိသလဲဆိုတာကို ဒီလုပ္ငန္း (၆) ခုနဲ႔ႏႈိင္းယွဥ္သုံးသပ္ ႏိုင္ပါတယ္ေနာ္။

(၁) အိမ္တြင္းလက္မႈ ဖန္တီးခ်က္ေလးမ်ား

တကယ္ေတာ့ လူတိုင္း အမွတ္တမဲ့ ေနမိတတ္တဲ့ တစ္ကိုယ္ရည္ ကြၽမ္း က်င္တဲ့ အႏုပညာစြမ္းရည္ေလးေတြ ရွိတတ္ပါတယ္။ဥပမာ- ပလတ္စ တစ္အမႈိက္ကေန ဒီဇိုင္းလွပတဲ့ ဖုန္းအိတ္ကေလးေတြ ၊ လြယ္အိတ္ေလးေတြနဲ႔ခြက္ကေလးေတြ ဖန္တီး တာမ်ိဳးပါ။

အျပင္ကေန ၾကည့္ရင္ ဒါဟာ ေဈးကြက္ဝင္ ေရာင္းကုန္မဟုတ္ဘူးလို႔ထင္ပါလိမ့္မယ္။တကယ္ေတာ့ ဒါဟာ သင့္ရဲ႕ မူပိုင္ေရာင္းကုန္ျဖစ္ပါတယ္။ အင္တာနက္ ထြန္းကားေနတဲ့ ဒီေခတ္ႀကီးမွာ ဖုန္းတစ္လုံး ရွိ႐ုံနဲ႔ကုမၸဏီေထာင္ႏိုင္ပါတယ္။

သင့္ရဲ႕ ဖန္တီးမႈကို အြန္လိုင္း Shopping platforms ေတြကေန ေရာင္းႏိုင္သလို ေနာက္ဆုံး Facebook မွာ Page ေထာင္ၿပီးေတာ့ေတာင္ ေရာင္းခ်ႏိုင္ပါတယ္။

(၂) အိမ္အကူ ဝန္ေဆာင္မႈ

ႏိုင္ငံရပ္ျခားမွာ သိပ္ေခတ္စားတဲ့ အလုပ္တစ္မ်ိဳးျဖစ္ပါတယ္။ ဒီမွာေတာ့ သိပ္ၿပီး လူသိနည္းသလို အထင္လည္း ေသးတဲ့ အလုပ္မ်ိဳးပါ။

တကယ္ေတာ့ ဒီအလုပ္မ်ိဳးက တကယ္လည္း လက္ေတြ႕က်သလို ဝင္ေငြေကာင္းရႏိုင္တဲ့ အလုပ္လည္း ျဖစ္ပါတယ္။

ကိုယ့္အနီးနားက အိမ္နီးခ်င္းရဲ႕ကေလး ထိန္းေပးတာ၊ ေခြးေက်ာင္းေပးတာတို႔အျပင္ ေနာက္ဆုံး အိမ္နီးခ်င္း ကေလးေတြ ကို အခ်ိန္ပိုင္း စာျပေပးတာကအစ လုပ္လို႔ရပါတယ္။ဒီအတြက္ ပိုက္ဆံတစ္က်ပ္မွ ကုန္စရာ မလိုပါဘူး။

(၃) ဟိုဟာ ဒီဟာ ျပင္တယ္

တစ္ခ်ိဳ႕လူေတြက ဝါသနာအလိုက္ လွ်ပ္စစ္ပစၥည္းေလးေတြ ျပင္တာ ဝါ သနာပါၾကပါတယ္။ဒီလူေတြအတြက္ေတာ့ အသက္ႀကီးရင္ေတာင္ အိုးမကြာ အိမ္မကြာ အလုပ္နဲ႔လက္မျပတ္ေအာင္ လုပ္ႏိုင္လို႔ အေတာ္ေလး အဆင္ေျပမွာ ျဖစ္ပါတယ္။

ေနာက္ ဆုံး လက္သမားလုပ္ႏိုင္လို႔ရပ္ကြက္ထဲက ပရိေဘာဂနဲ႔အိမ္တြင္းအသုံး အေဆာင္ေလးေတြ ျပန္ျပင္မယ္ဆိုရင္ေတာင္ အလုပ္ျဖစ္ပါတယ္။

(၄) အတိုင္ပင္ခံလုပ္ငန္း

အလုပ္တစ္ခုမွာ ႏွစ္ေပါင္းမ်ားစြာ လုပ္ကိုင္လာၿပီး ကြၽမ္းက်င္တဲ့ ဝန္ထမ္းေကာင္းတစ္ဦးအတြက္ ဒီအလုပ္ကေန နားတဲ့ တစ္ေန႔ေတာင္ ျဖတ္သန္းခဲ့တဲ့ အေတြ႕အႀကဳံမ်ား အသုံးခ်ၿပီး၊အလားတူ အလုပ္မ်ိဳးမွာ ျပင္ပအတိုင္ပင္ခံအျဖစ္ ဝန္ေဆာင္မႈ ေပးႏိုင္မွာ ျဖစ္ပါတယ္။

အလြတ္တန္း အတိုင္ပင္ခံအျဖစ္လည္း လုပ္ႏိုင္သလို ကိုယ္ ပိုင္ လုပ္ငန္းေထာင္ၿပီးေတာ့လည္း ကုမၸဏီေတြရဲ႕ လုပ္ငန္းဆိုင္ ရာ အႀကံ ေပး ဝန္ေဆာင္မႈလုပ္ၿပီး ဝင္ေငြေကာင္းနဲ႔ရပ္တည္ႏိုင္မွာပါ။

(၅) ျပန္ေရာင္းမယ္

အေရာင္းအဝယ္ဆိုတာ ကမာၻဦးစီးပြားေရးပါ။ ဘယ္ေတာ့မွ တိမ္ေကာမွာလည္း မဟုတ္ပါဘူး။တစ္ခုရွိတာက အခုေျပာတဲ့ ျပန္ေရာင္းတယ္ဆိုတာ ကိုယ့္အေနနဲ႔ေငြစိုက္ဝယ္ၿပီး ျပန္ေရာင္းတာမ်ိဳးကို ေျပာတာ မဟုတ္ပါဘူး။

ကိုယ့္ရဲ႕ လုပ္ငန္း ကြၽမ္းက်င္မႈနဲ႔သစၥာရွိမႈကို အရင္းတည္ၿပီး စက္႐ုံေတြ ကုမၸဏီေတြနဲ႔တိုက္႐ိုက္ခ်ိတ္ၿပီး ေအးဂ်င့္တစ္ေယာက္လို အေရာင္း အဝယ္လုပ္ေပးရမွာ ျဖစ္ပါတယ္။ဒီအတြက္ ကုမၸဏီဝန္ထမ္း ျဖစ္ဖို႔မလိုပါဘူး။

(၆) အေသးစားစီးပြားေရး လုပ္ငန္း

ဒီလုပ္ငန္းမ်ိဳးက က်ယ္ျပန႔္ပါတယ္။ အရပ္ေဒသအလိုက္ အေသးစားစီး ပြားေရး လုပ္စရာေပါပါတယ္။

ေနာက္ဆုံး ကိုယ္က ကားေမာင္းတတ္တယ္ဆိုရင္ အခု အက္ပလီေကးရွင္းနဲ႔ကားေခၚလို႔ရတဲ့ Grab တို႔Uber တို႔မွာ သြားၿပီး ယာဥ္ေမာင္း ဝန္ေဆာင္မႈ လုပ္ႏိုင္ပါတယ္။

ဒီကေနမွ ရတဲ့ ေငြေၾကးကို စုေဆာင္းၿပီး ကားနဲ႔ဆက္စပ္တဲ့ ခရီးသြားလုပ္ငန္းေသးေသးေလးေတြ ေထာင္လို႔ရပါတယ္။

တစ္ခုရွိတာက ဒီလုပ္ငန္းမ်ိဳးက startup ျဖစ္တဲ့အတိုင္း အရင္းအႏွီးနဲ႔နည္းပညာလိုပါတယ္။ဒီအတြက္ေတာ့ အခ်ိန္ေပး ေလ့လာၿပီး စနစ္တက် စီးပြားရွာရမွာ ျဖစ္ပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ Credit ေပးပါသည္။

Unicode

ငွေအရင်းအနှီးမရှိဘဲ စတင်လုပ်နိုင်တဲ့ စီးပွားရေး လုပ်ငန်း (၆) မျိုး…

တကယ်တော့ ဒါဟာ သင့်ရဲ့ မူပိုင်ရောင်းကုန်ဖြစ်ပါတယ်။ အင်တာနက် ထွန်းကားနေတဲ့ ဒီခေတ်ကြီးမှာ ဖုန်းတစ်လုံး ရှိရုံနဲ့ကုမ္ပဏီထောင်နိုင်ပါတယ်ဗျာ။

တစ်ချိန်က American Dream ဆိုတဲ့ စကားတစ်ခွန်းဟာ စီးပွားရေးအသို က်အမြုံကောင်းတစ်ခုကို ရွှေတွင်းတူးသလို တူးချင်တဲ့ လူတွေအတွက် မျှော်လင့် ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။

သန်းနဲ့ချီတဲ့ အမေရိကန်တွေ ချမ်း သာကြွယ်ဝခြင်းဟာ ရွှေတွင်း၊ ငွေတွင်းတွေ တူးမိလို့ချမ်းသာခဲ့တာ မဟုတ်ပါဘူး။သင်လည်း ချမ်းသာတဲ့သူ ဖြစ်နိုင်ပါတယ်။

တကယ်လို့သူ့ဦးနှောက်ထဲက ရတနာသိုက်ကို ဖောက်နိုင်ပြီ ဆိုရင်ပေါ့။သင့် ဦးနှောက်ထဲမှာ ဘယ်လိုရတနာတွင်းရှိသလဲဆိုတာကို ဒီလုပ်ငန်း (၆) ခုနဲ့နှိုင်းယှဉ်သုံးသပ် နိုင်ပါတယ်နော်။

(၁) အိမ်တွင်းလက်မှု ဖန်တီးချက်လေးများ

တကယ်တော့ လူတိုင်း အမှတ်တမဲ့ နေမိတတ်တဲ့ တစ်ကိုယ်ရည် ကျွမ်း ကျင်တဲ့ အနုပညာစွမ်းရည်လေးတွေ ရှိတတ်ပါတယ်။ဥပမာ- ပလတ်စ တစ်အမှိုက်ကနေ ဒီဇိုင်းလှပတဲ့ ဖုန်းအိတ်ကလေးတွေ ၊ လွယ်အိတ်လေးတွေနဲ့ခွက်ကလေးတွေ ဖန်တီး တာမျိုးပါ။

အပြင်ကနေ ကြည့်ရင် ဒါဟာ ဈေးကွက်ဝင် ရောင်းကုန်မဟုတ်ဘူးလို့ထင်ပါလိမ့်မယ်။တကယ်တော့ ဒါဟာ သင့်ရဲ့ မူပိုင်ရောင်းကုန်ဖြစ်ပါတယ်။ အင်တာနက် ထွန်းကားနေတဲ့ ဒီခေတ်ကြီးမှာ ဖုန်းတစ်လုံး ရှိရုံနဲ့ကုမ္ပဏီထောင်နိုင်ပါတယ်။

သင့်ရဲ့ ဖန်တီးမှုကို အွန်လိုင်း Shopping platforms တွေကနေ ရောင်းနိုင်သလို နောက်ဆုံး Facebook မှာ Page ထောင်ပြီးတော့တောင် ရောင်းချနိုင်ပါတယ်။

(၂) အိမ်အကူ ဝန်ဆောင်မှု

နိုင်ငံရပ်ခြားမှာ သိပ်ခေတ်စားတဲ့ အလုပ်တစ်မျိုးဖြစ်ပါတယ်။ ဒီမှာတော့ သိပ်ပြီး လူသိနည်းသလို အထင်လည်း သေးတဲ့ အလုပ်မျိုးပါ။

တကယ်တော့ ဒီအလုပ်မျိုးက တကယ်လည်း လက်တွေ့ကျသလို ဝင်ငွေကောင်းရနိုင်တဲ့ အလုပ်လည်း ဖြစ်ပါတယ်။

ကိုယ့်အနီးနားက အိမ်နီးချင်းရဲ့ကလေး ထိန်းပေးတာ၊ ခွေးကျောင်းပေးတာတို့အပြင် နောက်ဆုံး အိမ်နီးချင်း ကလေးတွေ ကို အချိန်ပိုင်း စာပြပေးတာကအစ လုပ်လို့ရပါတယ်။ဒီအတွက် ပိုက်ဆံတစ်ကျပ်မှ ကုန်စရာ မလိုပါဘူး။

(၃) ဟိုဟာ ဒီဟာ ပြင်တယ်

တစ်ချို့လူတွေက ဝါသနာအလိုက် လျှပ်စစ်ပစ္စည်းလေးတွေ ပြင်တာ ဝါ သနာပါကြပါတယ်။ဒီလူတွေအတွက်တော့ အသက်ကြီးရင်တောင် အိုးမကွာ အိမ်မကွာ အလုပ်နဲ့လက်မပြတ်အောင် လုပ်နိုင်လို့ အတော်လေး အဆင်ပြေမှာ ဖြစ်ပါတယ်။

နောက် ဆုံး လက်သမားလုပ်နိုင်လို့ရပ်ကွက်ထဲက ပရိဘောဂနဲ့အိမ်တွင်းအသုံး အဆောင်လေးတွေ ပြန်ပြင်မယ်ဆိုရင်တောင် အလုပ်ဖြစ်ပါတယ်။

(၄) အတိုင်ပင်ခံလုပ်ငန်း

အလုပ်တစ်ခုမှာ နှစ်ပေါင်းများစွာ လုပ်ကိုင်လာပြီး ကျွမ်းကျင်တဲ့ ဝန်ထမ်းကောင်းတစ်ဦးအတွက် ဒီအလုပ်ကနေ နားတဲ့ တစ်နေ့တောင် ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံများ အသုံးချပြီး၊အလားတူ အလုပ်မျိုးမှာ ပြင်ပအတိုင်ပင်ခံအဖြစ် ဝန်ဆောင်မှု ပေးနိုင်မှာ ဖြစ်ပါတယ်။

အလွတ်တန်း အတိုင်ပင်ခံအဖြစ်လည်း လုပ်နိုင်သလို ကိုယ် ပိုင် လုပ်ငန်းထောင်ပြီးတော့လည်း ကုမ္ပဏီတွေရဲ့ လုပ်ငန်းဆိုင် ရာ အကြံ ပေး ဝန်ဆောင်မှုလုပ်ပြီး ဝင်ငွေကောင်းနဲ့ရပ်တည်နိုင်မှာပါ။

(၅) ပြန်ရောင်းမယ်

အရောင်းအဝယ်ဆိုတာ ကမ္ဘာဦးစီးပွားရေးပါ။ ဘယ်တော့မှ တိမ်ကောမှာလည်း မဟုတ်ပါဘူး။တစ်ခုရှိတာက အခုပြောတဲ့ ပြန်ရောင်းတယ်ဆိုတာ ကိုယ့်အနေနဲ့ငွေစိုက်ဝယ်ပြီး ပြန်ရောင်းတာမျိုးကို ပြောတာ မဟုတ်ပါဘူး။

ကိုယ့်ရဲ့ လုပ်ငန်း ကျွမ်းကျင်မှုနဲ့သစ္စာရှိမှုကို အရင်းတည်ပြီး စက်ရုံတွေ ကုမ္ပဏီတွေနဲ့တိုက်ရိုက်ချိတ်ပြီး အေးဂျင့်တစ်ယောက်လို အရောင်း အဝယ်လုပ်ပေးရမှာ ဖြစ်ပါတယ်။ဒီအတွက် ကုမ္ပဏီဝန်ထမ်း ဖြစ်ဖို့မလိုပါဘူး။

(၆) အသေးစားစီးပွားရေး လုပ်ငန်း

ဒီလုပ်ငန်းမျိုးက ကျယ်ပြန့်ပါတယ်။ အရပ်ဒေသအလိုက် အသေးစားစီး ပွားရေး လုပ်စရာပေါပါတယ်။

နောက်ဆုံး ကိုယ်က ကားမောင်းတတ်တယ်ဆိုရင် အခု အက်ပလီကေးရှင်းနဲ့ကားခေါ်လို့ရတဲ့ Grab တို့Uber တို့မှာ သွားပြီး ယာဉ်မောင်း ဝန်ဆောင်မှု လုပ်နိုင်ပါတယ်။

ဒီကနေမှ ရတဲ့ ငွေကြေးကို စုဆောင်းပြီး ကားနဲ့ဆက်စပ်တဲ့ ခရီးသွားလုပ်ငန်းသေးသေးလေးတွေ ထောင်လို့ရပါတယ်။

တစ်ခုရှိတာက ဒီလုပ်ငန်းမျိုးက startup ဖြစ်တဲ့အတိုင်း အရင်းအနှီးနဲ့နည်းပညာလိုပါတယ်။ဒီအတွက်တော့ အချိန်ပေး လေ့လာပြီး စနစ်တကျ စီးပွားရှာရမှာ ဖြစ်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*