Unicode
လတ်တလော အသုံးမပြုဖြစ်သေးရင် ကြက်သွန်နီ ကို ခွဲခြမ်းမထားသင့်ပါ…
ထက်ခြမ် းခွဲထားသော ကြက်သွန်နီ ကို ချက်ချင်း အသုံးမပြုနိုင်ပဲ ရက် ကျော်လွန်သွားလျှင်ပြန်၍ အသုံးမပြုသင့်ပါ။ မစားသင့်ပါဘူး။
အန္တရာယ် ကို ဖြစ်စေ ပါသည်။ ခွဲခြမ်း ထားပြီး အပြင်မှာ အနည်းဆုံး ၆ နာရီနှင့် အထက် ကြာသွားသည့် ၎င်း ကြက်သွန်နီခြမ်း ဟာ အပုတ်နံ့များ၊ အနံ့ဆိုး များကို စုပ်ထား နိုင်ပြီး ဘတ်တီးရီးယား ပိုးမွှားများနှင့်
အခြား အန္တရာယ်ကို ဖြစ်စေတတ်သည့် ပိုးမွှားများလည်း ပါ ရှိ လာသည့် အတွက် ဝမ်းပျက်၊ ဝမ်းလျှော၊ ပိုက်အောင့်၊ ပိုက်နာ ဖြစ်နိုင်သည့် အပြင် အဆိပ်အတောက် ကိုလည်း ဖြစ်စေနိုင် ပါတယ်လို့
နိုင်ငံတကာ ကျန်းမာရေး စာမျက်နှာ များမှာ ဖော်ပြ ထားကြပါတယ်။ အခွံခွာထားသည့် ကြက်သွန်နီနှင့် ထက်ခြမ်း ခွဲထားသည့် ကြက်သွန်နီခြမ်း ကို ပြန်လည် အသုံးပြုလိုပါက အဖုံးလုံအောင် ပိတ်ထားသော ဗူး၊ ခွက်တို့ဖြင့် လုံခြုံစွာ ထည့်ထားပေးသင့် ပါတယ်။
သို့မဟုတ် ရေခဲသေတ္တာ ထဲတွင် ထည့်သွင်း သိမ်းဆည်း ထားသင့် ပါတယ် လို့ အကြံပြုလိုပါတယ်။ မသိမ်းဆည်းလိုက်ရပဲ အပြင်မှာ အချိန် ကြာအောင် ပစ်ထားမိသည့် ကြက်သွန်နီခြမ်းကို မဖြစ်မနေ အသုံးပြုရတော့မည် ဆိုလျှင်လည်း
ပုံထဲမှာ မြင်ရသည့် အတိုင်း အလယ် တည့်တည့်မှ အဆံ၊ အဖူးကလေးကို ဖယ်ထုတ် ပစ်သင့်ပါတယ်။ အကြောင်းကတော့ အပုတ်နံ့များနှင့် အနံ့ဆိုးများကို ၎င်းနေရာမှ အဓိက စုပ်ယူထားပြီး
ပိုမွှားများလည်း ၎င်းနေရာမှာ ပါဝင်မှု အများဆုံး လို့ သိကြ ရ ပါတယ်။ အသက် ကို ဉာဏ်စောင့် ဆိုသလို သတိမမူ ဂူမမြင် မဖြစ်ကြစေဖို့ စေတနာဖြင့် မျှဝေ ပေးလိုက် ရပါသည်။
Be the first to comment
Leave a Reply
Your email address will not be published.
*