ကိုယ့္ကိုယ္ကို မအားေအာင္ေနပါ
လူဆိုတာ ကိုယ့္အက်ိဳး အတြက္ေရာ အမ်ားအက်ိဳး အတြက္ေရာ မထိခိုက္ေစဖို႔ဆိုရင္ အားမေနဖို႔ လိုပါတယ္ ။
ဘာျဖစ္လို႔လဲ ဆိုေတာ့ အားၿပီ ဆိုတာနဲ႔
၁ ။ ေတာင္ေတြး ေျမာက္ေတြး ေတြးမယ္၊ လိုခ်င္မယ္။
၂ ။ တျခား သူေတြနဲ႔ ကိုယ့္ကိုယ္ကိုယ္ ႏႈိင္းယွဥ္ မယ္။
၃ ။ ကိုယ္က သာတယ္ထင္ရင္ ငါကြဆိုၿပီး ဘဝျမင့္မယ္။
၄ ။ ေသခ်ာ မစူးစမ္းပဲ တျခားသူေတြကို ႏွိမ့္ခ်ၿပီး Judge လုပ္မယ္၊ ဆရာႀကီး လုပ္မယ္။
၅ ။ ကိုယ္က နိမ့္ေနတယ္ ထင္ရင္ စိတ္ဓါတ္ က်မယ္။
၆ ။ စိတ္ရဲ႕ သေဘာအတိုင္း မဟုတ္တာ တစ္ခုခု လုပ္ဖို႔ ႀကံမယ္ ။
၇ ။ လုပ္စရာ မရွိရင္ ကိုယ့္မွာ ရွိတာေတြ ကို ႂကြားမယ္ ၊ ဒါမွမဟုတ္ လူေတြ ဂ႐ုစိုက္ ခံရေအာင္ လုပ္မယ္။
အစရွိတဲ့ တစ္စုံတစ္ခု ကို လုပ္ၾကေတာ့တာ ပါပဲ။
ျမင္ခ်င္ရာျမင္ ေရးခ်င္ရာ ေရးခြင့္ရေနတဲ့ ဆိုရွယ္ မီဒီယာေခတ္မွာ ပိုဆိုး သလို ျဖစ္လာပါတယ္။
အဲဒါေၾကာင့္ မအားေအာင္ ေနဖို႔ ဆိုရင္
၁ ။ ကိုယ့္ ဘဝနဲ႔ အလုပ္နဲ႔ ပတ္သက္တဲ့ Plan ေတြ ရလဒ္ေတြ ကို ျပန္သုံးသပ္ၿပီး ပိုေကာင္းေအာင္ အစီအစဥ္ ခ်ပါ ။
၂ ။ လုပ္စရာ ရွိတာေတြ အားလုံးခ်ေရးၿပီး ဦးစားေပး အရ တစ္ခုၿပီး တစ္ခု ၿဖိဳပါ။
၃ ။ လုပ္ငန္းက အဖြဲ႕ဝင္ေတြ ၊ သူငယ္ခ်င္းေတြ ၊ မိသားစုဝင္ေတြ နဲ႔ အခ်ိန္ကို ေကာင္းစြာ အသုံးခ်ပါ ၊ မဟုတ္ရင္ ခရီး ထြက္ပါ ။
၄ ။ ကိုယ့္ရည္မွန္းခ်က္ ကို အေထာက္အပံ့ ျဖစ္ေစမယ့္ ေလ့လာသင္ယူမႈေတြ ကို လုပ္ပါ ။
၅ ။ က်န္းမာေရး အတြက္ ကိုယ္လက္ လႈပ္ရွား အားကစား တစ္ခုခု လုပ္ပါ။
၆ ။ အိပ္ရင္အိပ္ မအိပ္ခ်င္ရင္ ကိုယ္ေပ်ာ္႐ႊင္မယ့္ ရသ စာေပ သို႔မဟုတ္ ႐ုပ္ရွင္ ၾကည့္ပါ ။
၇ ။ တရားထိုင္ရင္ထိုင္ မထိုင္ႏိုင္ရင္ေတာင္ ပါးစပ္ပိတ္ထားၿပီး ဝင္ေလ ထြက္ေလ မွတ္ေနပါ။
ကြၽန္ေတာ္ အခု ေရးေနတဲ့ အခ်ိန္မွာ ျမင္တာေတြကို မွ်ေဝ႐ုံျဖစ္လို႔ ကိုယ့္အေတြ႕အႀကဳံ ပညာနဲ႔ ျဖည့္စြက္ၿပီး နားလည္ေပးပါ။credit to original writer
Unicode
ကိုယ့်ကိုယ်ကို မအားအောင်နေပါ
လူဆိုတာ ကိုယ့်အကျိုး အတွက်ရော အများအကျိုး အတွက်ရော မထိခိုက်စေဖို့ဆိုရင် အားမနေဖို့ လိုပါတယ် ။
ဘာဖြစ်လို့လဲ ဆိုတော့ အားပြီ ဆိုတာနဲ့
၁ ။ တောင်တွေး မြောက်တွေး တွေးမယ်၊ လိုချင်မယ်။
၂ ။ တခြား သူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ် မယ်။
၃ ။ ကိုယ်က သာတယ်ထင်ရင် ငါကွဆိုပြီး ဘဝမြင့်မယ်။
၄ ။ သေချာ မစူးစမ်းပဲ တခြားသူတွေကို နှိမ့်ချပြီး Judge လုပ်မယ်၊ ဆရာကြီး လုပ်မယ်။
၅ ။ ကိုယ်က နိမ့်နေတယ် ထင်ရင် စိတ်ဓါတ် ကျမယ်။
၆ ။ စိတ်ရဲ့ သဘောအတိုင်း မဟုတ်တာ တစ်ခုခု လုပ်ဖို့ ကြံမယ် ။
၇ ။ လုပ်စရာ မရှိရင် ကိုယ့်မှာ ရှိတာတွေ ကို ကြွားမယ် ၊ ဒါမှမဟုတ် လူတွေ ဂရုစိုက် ခံရအောင် လုပ်မယ်။
အစရှိတဲ့ တစ်စုံတစ်ခု ကို လုပ်ကြတော့တာ ပါပဲ။
မြင်ချင်ရာမြင် ရေးချင်ရာ ရေးခွင့်ရနေတဲ့ ဆိုရှယ် မီဒီယာခေတ်မှာ ပိုဆိုး သလို ဖြစ်လာပါတယ်။
အဲဒါကြောင့် မအားအောင် နေဖို့ ဆိုရင်
၁ ။ ကိုယ့် ဘဝနဲ့ အလုပ်နဲ့ ပတ်သက်တဲ့ Plan တွေ ရလဒ်တွေ ကို ပြန်သုံးသပ်ပြီး ပိုကောင်းအောင် အစီအစဉ် ချပါ ။
၂ ။ လုပ်စရာ ရှိတာတွေ အားလုံးချရေးပြီး ဦးစားပေး အရ တစ်ခုပြီး တစ်ခု ဖြိုပါ။
၃ ။ လုပ်ငန်းက အဖွဲ့ဝင်တွေ ၊ သူငယ်ချင်းတွေ ၊ မိသားစုဝင်တွေ နဲ့ အချိန်ကို ကောင်းစွာ အသုံးချပါ ၊ မဟုတ်ရင် ခရီး ထွက်ပါ ။
၄ ။ ကိုယ့်ရည်မှန်းချက် ကို အထောက်အပံ့ ဖြစ်စေမယ့် လေ့လာသင်ယူမှုတွေ ကို လုပ်ပါ ။
၅ ။ ကျန်းမာရေး အတွက် ကိုယ်လက် လှုပ်ရှား အားကစား တစ်ခုခု လုပ်ပါ။
၆ ။ အိပ်ရင်အိပ် မအိပ်ချင်ရင် ကိုယ်ပျော်ရွှင်မယ့် ရသ စာပေ သို့မဟုတ် ရုပ်ရှင် ကြည့်ပါ ။
၇ ။ တရားထိုင်ရင်ထိုင် မထိုင်နိုင်ရင်တောင် ပါးစပ်ပိတ်ထားပြီး ဝင်လေ ထွက်လေ မှတ်နေပါ။
ကျွန်တော် အခု ရေးနေတဲ့ အချိန်မှာ မြင်တာတွေကို မျှဝေရုံဖြစ်လို့ ကိုယ့်အတွေ့အကြုံ ပညာနဲ့ ဖြည့်စွက်ပြီး နားလည်ပေးပါ။credit to original writer
Leave a Reply