မိဘတိုင္း သိထားသင့္တဲ့ ကေလးငယ္ေလးေတြကို ဖုန္းေပးသုံးရင္ ျဖစ္လာမယ့္ဆိုးက်ိဳးမ်ား

မိဘတိုင္း သိထားသင့္တဲ့ ကေလးငယ္ေလးေတြကို ဖုန္းေပးသုံးရင္ ျဖစ္လာမယ့္ဆိုးက်ိဳးမ်ား
မိဘတိုင္း သိထားသင့္တဲ့ ကေလးငယ္ေလးေတြကို ဖုန္းေပးသုံးရင္ ျဖစ္လာမယ့္ဆိုးက်ိဳးမ်ား

မိဘတိုင္း သိထားသင့္တဲ့ ကေလးငယ္ေလးေတြကို ဖုန္းေပးသုံးရင္ ျဖစ္လာမယ့္ဆိုးက်ိဳးမ်ား

နည္းပညာေတြ တိုးတက္လာတာနဲ႔ အမွ် မိေဘၾတက ကေလးေတြအတြက္ smartphone ေတြရဲ႕ ေကာင္းက်ိဳးနဲ႔ ဆိုးက်ိဳးေတြကို စဥ္းစားလာၾကပါတယ္။ အခ်ိဳ႕ကေလးေတြမွာဆိုရင္ ဂိမ္းေဆာ့ဖို႔ ကိုယ္ပိုင္ smartphone ေတြ ရွိေန ၾကပါၿပီ ။

တစ္ဖက္ကေန ၾကည့္ရင္ smaetphone ေတြက သတင္း အသစ္ေတြ ၊ ဆက္သြယ္မႈ အသစ္ေတြနဲ႔ စိတ္ဝင္စားစရာ ေကာင္းပါတယ္။ ေနာက္တစ္ဖက္ကေန ၾကည့္ရင္ေတာ့ smartphone ေတြ လူေတြကို ျပင္ပကမာၻနဲ႔ အလွမ္း ေဝးသြားေစပါတယ္ ။

Smartphone သုံးတာဟာ သာမန္ဆိုရင္ ဘာမွ မျဖစ္ေပမယ့္ စြဲလမ္း လာရင္ေတာ့ မူးယစ္ေဆးလိုပဲ ျဖတ္ရ ခက္ပါတယ္။

ၿပီးေတာ့ ကေလးေတြက ဂိမ္းေတြကိုလည္း စြဲလာ ၾကပါတယ္။ ကေလးေတြက ဖုန္းေရွ႕မွာပဲ အခ်ိန္ျဖဳန္းေလ ကေလးေတြ အတြက္ ဆိုးက်ိဳး မ်ားေလပါပဲ။

ေလ့လာမႈေတြအရ အသက္ 8 ႏွစ္ကေန 18 ႏွစ္ ၾကားရွိတဲ့ ကေလးေတြက တစ္ေန႔ကို ပ်မ္းမွ် 7 နာရီခြဲၾကာ ဖုန္း သုံးပါတယ္။

2 ႏွစ္ 3 ႏွစ္ အ႐ြယ္က စလို႔ အိမ္အျပင္ ထြက္မကစားဘဲ ဖုန္းပဲ ကိုင္ေနရင္ အသက္ 7 ႏွစ္ ေရာက္တဲ့အခါ လူေတြနဲ႔ေတြ႕ဆုံ

ဆက္ဆံဖို႔ ေၾကာက္႐ြံ႕လာတတ္ပါတယ္။ အျပင္ မထြက္ခ်င္ေတာ့ဘဲ ဖုန္းေရွ႕ ၊ ကြန္ျပဴတာေရွ႕မွာပဲ အခ်ိန္ကုန္ တတ္ပါတယ္။ ကေလးငယ္ငယ္ေလးေတြ ဖုန္းသုံးရင္ ျဖစ္လာမယ့္ ဆိုးက်ိဳးေတြကို စိတ္ပညာရွင္ေတြက ေျပာျပထားပါတယ္ ။

မိဘနဲ႔ ရင္းရင္းႏွီးႏွီး မရွိေတာ့ဘဲ အာ႐ုံစိုက္မႈ၊ သိျမင္မႈေတြ နည္းပါးလာတတ္ပါတယ္။ ၿပီးေတာ့ သင္ယူမႈေတြမွာ ခက္ခဲလာ တတ္ပါတယ္။ စကားေျပာဆိုမႈ စြမ္းရည္ေတြ ေႏွာင့္ေႏွးသြားတတ္ပါတယ္။ လႈပ္ရွားမႈေတြ နည္းၿပီး ႐ုပ္ပိုင္းဆိုင္ရာ၊

ဦးေႏွာက္ပိုင္းဆိုင္ရာ တိုးတက္မႈေတြ ေႏွးေကြး သြားတတ္ပါတယ္။ အိပ္ခ်ိန္မွာ မအိပ္လို႔ အိပ္ခ်ိန္ေတြ မွားလာ တတ္ပါတယ္။ ေက်ာင္းလုပ္ငန္းေတြမွာ မပါဝင္တတ္ေတာ့ပါဘူး။ ေဒါသ ႀကီးလာ တတ္ပါတယ္ ။

စိတ္ဓာတ္က်ျခင္း ၊ စိတ္ မလိုက်ျခင္း စတဲ့ စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြ တျဖည္းျဖည္း ျဖစ္လာ ႏိုင္ပါတယ္ ။ ဖုန္း မသုံးခိုင္းေတာ့ဘဲ ျပန္ယူထားလိုက္ရင္ စိတၠ စဥ့္ကလ်ားေရာဂါ ျဖစ္လာ ႏိုင္ပါတယ္ ။

သင့္ကေလးက ဒီအခ်က္ေတြထဲကေန အနည္းဆုံး တစ္ခ်က္ ျဖစ္ေနၿပီ ဆိုရင္ သူဖုန္းကို အရမ္း စြဲလမ္း ေနပါၿပီ။

ဒီဂ်စ္တယ္ နည္းပညာႀကီး ကိုေတာ့ ရပ္ပစ္လိုက္လို႔ မရ ႏိုင္ပါဘူး ။ ဒါေပမယ့္ ကေလးရဲ႕ က်န္းမာေရးထက္ ဘယ္ အရာကမွ ပို အေရးမႀကီးပါဘူး ။Credit – မူရင္းေရးသားသူ

Unicode

မိဘတိုင်း သိထားသင့်တဲ့ ကလေးငယ်လေးတွေကို ဖုန်းပေးသုံးရင် ဖြစ်လာမယ့်ဆိုးကျိုးများ

နည်းပညာတွေ တိုးတက်လာတာနဲ့ အမျှ မိဘေတြက ကလေးတွေအတွက် smartphone တွေရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို စဉ်းစားလာကြပါတယ်။ အချို့ကလေးတွေမှာဆိုရင် ဂိမ်းဆော့ဖို့ ကိုယ်ပိုင် smartphone တွေ ရှိနေ ကြပါပြီ ။

တစ်ဖက်ကနေ ကြည့်ရင် smaetphone တွေက သတင်း အသစ်တွေ ၊ ဆက်သွယ်မှု အသစ်တွေနဲ့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ နောက်တစ်ဖက်ကနေ ကြည့်ရင်တော့ smartphone တွေ လူတွေကို ပြင်ပကမ္ဘာနဲ့ အလှမ်း ဝေးသွားစေပါတယ် ။

Smartphone သုံးတာဟာ သာမန်ဆိုရင် ဘာမှ မဖြစ်ပေမယ့် စွဲလမ်း လာရင်တော့ မူးယစ်ဆေးလိုပဲ ဖြတ်ရ ခက်ပါတယ်။

ပြီးတော့ ကလေးတွေက ဂိမ်းတွေကိုလည်း စွဲလာ ကြပါတယ်။ ကလေးတွေက ဖုန်းရှေ့မှာပဲ အချိန်ဖြုန်းလေ ကလေးတွေ အတွက် ဆိုးကျိုး များလေပါပဲ။

လေ့လာမှုတွေအရ အသက် 8 နှစ်ကနေ 18 နှစ် ကြားရှိတဲ့ ကလေးတွေက တစ်နေ့ကို ပျမ်းမျှ 7 နာရီခွဲကြာ ဖုန်း သုံးပါတယ်။

2 နှစ် 3 နှစ် အရွယ်က စလို့ အိမ်အပြင် ထွက်မကစားဘဲ ဖုန်းပဲ ကိုင်နေရင် အသက် 7 နှစ် ရောက်တဲ့အခါ လူတွေနဲ့တွေ့ဆုံ

ဆက်ဆံဖို့ ကြောက်ရွံ့လာတတ်ပါတယ်။ အပြင် မထွက်ချင်တော့ဘဲ ဖုန်းရှေ့ ၊ ကွန်ပြူတာရှေ့မှာပဲ အချိန်ကုန် တတ်ပါတယ်။ ကလေးငယ်ငယ်လေးတွေ ဖုန်းသုံးရင် ဖြစ်လာမယ့် ဆိုးကျိုးတွေကို စိတ်ပညာရှင်တွေက ပြောပြထားပါတယ် ။

မိဘနဲ့ ရင်းရင်းနှီးနှီး မရှိတော့ဘဲ အာရုံစိုက်မှု၊ သိမြင်မှုတွေ နည်းပါးလာတတ်ပါတယ်။ ပြီးတော့ သင်ယူမှုတွေမှာ ခက်ခဲလာ တတ်ပါတယ်။ စကားပြောဆိုမှု စွမ်းရည်တွေ နှောင့်နှေးသွားတတ်ပါတယ်။ လှုပ်ရှားမှုတွေ နည်းပြီး ရုပ်ပိုင်းဆိုင်ရာ၊

ဦးနှောက်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ နှေးကွေး သွားတတ်ပါတယ်။ အိပ်ချိန်မှာ မအိပ်လို့ အိပ်ချိန်တွေ မှားလာ တတ်ပါတယ်။ ကျောင်းလုပ်ငန်းတွေမှာ မပါဝင်တတ်တော့ပါဘူး။ ဒေါသ ကြီးလာ တတ်ပါတယ် ။

စိတ်ဓာတ်ကျခြင်း ၊ စိတ် မလိုကျခြင်း စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ တဖြည်းဖြည်း ဖြစ်လာ နိုင်ပါတယ် ။ ဖုန်း မသုံးခိုင်းတော့ဘဲ ပြန်ယူထားလိုက်ရင် စိတ္က စဉ့်ကလျားရောဂါ ဖြစ်လာ နိုင်ပါတယ် ။

သင့်ကလေးက ဒီအချက်တွေထဲကနေ အနည်းဆုံး တစ်ချက် ဖြစ်နေပြီ ဆိုရင် သူဖုန်းကို အရမ်း စွဲလမ်း နေပါပြီ။

ဒီဂျစ်တယ် နည်းပညာကြီး ကိုတော့ ရပ်ပစ်လိုက်လို့ မရ နိုင်ပါဘူး ။ ဒါပေမယ့် ကလေးရဲ့ ကျန်းမာရေးထက် ဘယ် အရာကမှ ပို အရေးမကြီးပါဘူး ။Credit – မူရင်းရေးသားသူ

Be the first to comment

Leave a Reply

Your email address will not be published.


*