လုပ္ငန္းတခု ေအာင္ျမင္ဖို႕အတြက္ဆိုရင္ က်င့္သုံးသင့္တဲ့ အခ်က္ (၁၁) ခ်က္

လုပ္ငန္းတခု ေအာင္ျမင္ဖို႕အတြက္ဆိုရင္ က်င့္သုံးသင့္တဲ့ အခ်က္ (၁၁) ခ်က္
လုပ္ငန္းတခု ေအာင္ျမင္ဖို႕အတြက္ဆိုရင္ က်င့္သုံးသင့္တဲ့ အခ်က္ (၁၁) ခ်က္

လုပ္ငန္းတခု ေအာင္ျမင္ဖို႕အတြက္ဆိုရင္ က်င့္သုံးသင့္တဲ့ အခ်က္ (၁၁) ခ်က္

လူတိုင္းမွာ သက္ဆိုင္ရာ လုပ္ငန္းခြင္အသီးသီး ရွိၾကတာပါပဲ။ တစ္ခ်ိဳ႕ေတြက်ေတာ့ အလုပ္ခြင္က အရမ္းကို ေပ်ာ္စရာေကာင္းတဲ့ အလုပ္ခြင္ေပါ့၊ တစ္ခ်ိဳ႕ေတြအတြက္က်ေတာ့ အလုပ္ခြင္ဆိုတာ ငရဲလိုပါပဲတဲ့။

တစ္ခ်ိဳ႕က်ေတာ့လည္း စားဝတ္ေနေရးေၾကာင့္သာ အလုပ္ခြင္ ဝင္ေနရတာေျပာျပန္ေရာ။ ဒါေပမယ့္ ဘယ္လိုပဲျဖစ္ျဖစ္ ကိုယ့္ရဲ႕အလုပ္ခြင္က ကိုယ့္ရဲ႕ စားဝတ္ေနေရးအတြက္ေကာ၊ကိုယ့္ရဲ႕စီးပြားေရးအတြက္၊

ကိုယ့္ရဲ႕တက္လမ္းအတြက္ စသည္ျဖင့္ တိုက္႐ိုက္ပတ္သက္ေနရတာပဲမဟုတ္လား။ အဲဒီ့ေတာ့ ကိုယ့္ကို တစ္နည္းနည္းနဲ႔ အေထာက္အကူျပဳေနတာပဲမို႔ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားသင့္တယ္လို႔ ထင္ပါတယ္။

အလုပ္မွာ ကိုယ္ႀကိဳးစားျခင္းသည္ ကိုယ့္ကိုကိုယ္ တန္ဖိုး ျမႇင့္တင္ျခင္းပါပဲ။ အဲဒါေၾကာင့္ အလုပ္ခြင္မွာ ေအာင္ျမင္ေစမယ့္ ေကာင္းေသာအက်င့္ေလးေတြကို ေဖာ္ျပလိုက္ပါတယ္။

(၁) တာဝန္ေက်ပြန္ပါ

“ဒီတာဝန္ကေတာ့ ကိုယ္နဲ႔မွ မအပ္စက္တာ၊ ကိုယ့္ထက္ ရာထူးႀကီးတဲ့သူကို ခိုင္းပါလား။ ကိုယ့္လာခိုင္းတယ္……မလုပ္ခ်င္ဘူး” ဆိုတာမ်ိဳးေတြက မလုပ္သင့္ပါဘူး။

ဒီလိုေျပာလို႔ မႏိုင္ဝန္ ထမ္းခိုင္းတာ မဟုတ္ပါဘူးေနာ္။ ကိုယ့္ကို ေပးအပ္လာတဲ့တာဝန္ကို အေကာင္းဆုံးလုပ္ျခင္းက ကိုယ့္ရဲ႕တန္ဖိုး ျဖစ္လာမွာမို႔ ဘယ္လိုတာဝန္ျဖစ္ျဖစ္ ေက်ပြန္ေအာင္လုပ္ပါ။

မျဖစ္ႏိုင္တာကိုေတာ့ အတင္း လက္မခံနဲ႔ေပါ့။ မျဖစ္ႏိုင္တာမ်ိဳးက်ျပန္တာ့ ဘာေၾကာင့္မျဖစ္ႏိုင္တာဆိုတဲ့ အေၾကာင္းေလး ေသခ်ာရွင္းျပႏိုင္ပါတယ္။

အတတ္ႏိုင္ဆုံးေတာ့ ကိုယ့္ရဲ႕စြမ္းရည္လည္း တိုးေစတာမို႔ တာဝန္ေက်ပြန္ေအာင္ ႀကိဳးစားသင့္ပါတယ္။ မွတ္ထားရမွာက တာဝန္ေက်ပြန္ေအာင္ ႀကိဳးစားေလေလ သင့္ရဲ႕စြမ္းရည္ေတြတိုးေလေလ ဆိုတာ ပါပဲ။

(၂) အေကာင္းျမင္စိတ္ေမြးပါ

အလုပ္ခြင္မွာ အေကာင္းျမင္စိတ္ကအေရးႀကီးပါတယ္။ အေကာင္းျမင္ေနမွ အလုပ္လုပ္ခ်င္စိတ္ ပိုၿပီး ျဖစ္ေပၚလာမွာပါ။

ဘယ္အလုပ္ကေတာ့ ဘယ္သူ႔တာဝန္၊ ဘယ္သူကေတာ့ ငါ့ကို တိုက္ခိုင္ေနတာ၊ သူကေတာ့ သူ႔တပည့္မွ လူထင္တာ… စတဲ့ အႏုတ္သေဘာေဆာင္တဲ့ အေတြးေတြကို ေခါင္းထဲက ထုတ္ပစ္ပါ။

မေကာင္းျမင္တဲ့ စိတ္က သင့္ကို ေရွ႕ဆက္သြားဖို႔ မတြန္းပို႔ ႏိုင္ပါဘူး။ သင့္ကို အလုပ္ခြင္မွာေတာင္ စိတ္ပ်က္ လာေစပါလိမ့္မယ္။

အဲဒါေၾကာင့္ ဘယ္သူမဆို လာတိုက္ခိုက္လဲ ေခါင္းထဲက ထုတ္ပစ္လိုက္ပါ။ ဘယ္သူ ဘာေျပာေျပာ ေခါင္းထဲထည့္သင့္တာထည့္လို႔၊ ကိုယ္ၿပီးဆုံးေအာင္လုပ္ရမယ့္ အလုပ္အေၾကာင္းသာ အခ်ိန္ျပည့္ေတြးေနပါ။

မေကာင္းျမင္သူေတြ၊ မေကာင္းေျပာသူေတြအေၾကာင့္ သင့္ဦးေႏွာက္ထဲ မေရာက္ေလ သင့္အလုပ္အေၾကာင္း သင္ေတြးေလ၊ သင္ အလုပ္ၿပီးေလပါပဲ။ အေကာင္းဘက္က လွည့္ေတြးေပးလိုက္ပါ။

ငါ အလုပ္ၿပီးမွ ျဖစ္မယ္… သူတို႔ အားလို႔ေျပာတာ ေျပာပါေစ။ ငါကေတာ့ မအားဘူး၊ မေတြးဘူး… စသည္ျဖင့္ ေတြးလို႔ အလုပ္သာ တစိုက္မတ္မတ္ အာ႐ုံစိုက္လိုက္ပါ။

(၃) အမွား ျပင္ပါ

လူတိုင္း အမွားနဲ႔ မကင္းပါဘူး။ မမွားတဲ့သူ မရွိပါဘူး။ မွားတယ္ဆိုတာ သင္အလုပ္လုပ္ေနတာကို ျပသတဲ့ သက္ေသပါပဲ။ အဲဒီ့ေတာ့ မွားတဲ့အခါ ဝန္ခံဖို႔ မေၾကာက္ပါနဲ႔။ တဆက္တည္း မွားသြားပါတယ္… အမွန္က ဘယ္လိုလဲ တစ္ခါတည္း သိေအာင္ လုပ္ပါ။

အဲဒါမွ မွားတာကေန အမွန္ သိရၿပီး အမွန္ျပန္ျပင္ႏိုင္မွာေပါ့။ အဲဒီ့ေတာ့ အမွား မ်ားလာေလ၊ အမွန္မ်ားမ်ား သင္သိသြားေလပါပဲေနာ္။ အဲဒီ့ေတာ့ မွားလာရင္ ဝန္ခံပါ။

အမွန္ကို သိေအာင္ လုပ္ပါ။ အမွားျပင္ဖို႔ႀကိဳးစားပါ။ ဒါေပမယ့္ မွားၿပီးၿပီ၊ အမွန္လည္း သိၿပီးသားကိစၥတစ္ခု ကိုေတာ့ ခဏခဏ မွားေနၿပီဆိုရင္ေတာ့ မဟုတ္ေတာ့ပါဘူးေနာ္။ တစ္ခါမွားၿပီး တစ္ခါအမွန္သိေအာင္ ႀကိဳးစားဖို႔ ဆိုလိုခ်င္တာပါ။

အခါခါ မွားၿပီးသား အမွားကိုပဲ ထပ္ခါထပ္ခါ မွားယြင္းေနတာကေတာ့ သင္အလုပ္ကို စိတ္မပါတာ၊ ဂ႐ုမစိုက္တာပဲမို႔ အလုပ္ခြင္မွာ တိုးတက္ခ်င္ရင္ ထိုအက်င့္ကို ျပင္မွရမွာပါ။

(၄) အေျပာနဲ႔အလုပ္ ညီပါ

ဘယ္အလုပ္ေတြေတာ့ ကြၽန္ေတာ္ၿပီးေအာင္လုပ္လိုက္မွာ…..” သင္ေျပာၿပီး ဘာအလုပ္မွ မၿပီးဘဲ ေအးေဆးထိုင္ေနတာမ်ိဳးေတာ့ မျဖစ္ပါေစနဲ႔။

ဘယ္ေန႔မွာ ဘယ္အလုပ္ေတြ ေန႔မအားညမနား ႀကိဳးစားေနတာ ေျပာၿပီး လက္ေတြ႕ဘာမွမလုပ္ဘဲ အျခားသူကို အလုပ္ေတြ လႊဲခ်တတ္တဲ့သူကို ဘယ္သူကမွ အထင္ မႀကီးပါဘူး။

အဲလို လုပ္တတ္သူကလည္း ဘယ္ေတာ့မွ အရည္အခ်င္းနဲ႔ တိုးတက္လာေတာ့မွာ မဟုတ္ပါဘူး။ အဲဒီ့ေတာ့ သင့္အလုပ္ခြင္မွာလည္း သင္ေအာင္ျမင္ေတာ့မွာ မဟုတ္ပါဘူး။

အတတ္ႏိုင္ဆုံး သင့္အေျပာနဲ႔ သင္ကိုယ္တိုင္ လုပ္တဲ့လုပ္ရပ္ေတြ ကိုက္ညီမႈ ရွိပါေစ။ အဲဒါမွ သင္ရဲ႕စြမ္းရည္လည္းတိုးလို႔ သင္လည္း အလုပ္ခြင္မွာ ေအာင္ျမင္ႏိုင္မွာေပါ့။

(၅) လူတိုင္းနဲ႔ အဆင္ေျပပါေစ

အလုပ္ခြင္မွာ ေအာင္ျမင္ျခင္းအတြက္ လူမႈဆက္ဆံေရးကလည္း လိုအပ္ပါတယ္။ အၿမဲ စူပုပ္ေနတတ္တဲ့ သင့္ကို ဘယ္သူကမွ အလုပ္ကိစၥနဲ႔ ျဖစ္ျဖစ္၊ က်န္တဲ့ကိစၥနဲ႔ ျဖစ္ျဖစ္ ပတ္သက္ခ်င္မွာ မဟုတ္ပါဘူး။

ကိုယ့္အေပၚ ေကာင္းသူျဖစ္ျဖစ္၊ မေကာင္းသူျဖစ္ျဖစ္ အဆင္ေျပေအာင္ ေနတတ္ျခင္းကလည္း ေအာင္ျမင္ျခင္း တစ္မ်ိဳးပါပဲ။

(၆) သင္ယူပါ

ေန႔စဥ္နဲ႔အမွ် နည္းပညာေတြ အျခားေသာ ပညာေတြ အသစ္အသစ္ေတြ ေပၚေနတာပါ။ ကိုယ္မသိတာ၊ ကိုယ္မတတ္တာဆို သင္ယူရမွာ မရွက္ပါနဲ႔။ သင္ယူလိုက္ေတာ့ ကိုယ္မသိတာ တစ္ခုေလ်ာ့သြားတာေပါ့။

(၇) ဒီေန႔လုပ္ႏိုင္တဲ့ အလုပ္ကို ဒီေန႔ၿပီးပါေစ

ဒီေန႔လုပ္ႏိုင္တဲ့ ပမာဏကို သတ္မွတ္ပါ။ ၿပီးရင္ ဒီေန႔ၿပီးေအာင္ လုပ္ရမယ့္အလုပ္ကိုသာ အာ႐ုံစိုက္ပါ။ အဲဒါက အလုပ္ကိုလည္း ပိုၿပီးေျမာက္ေစႏိုင္သလို၊ အာ႐ုံပ်ံ႕လႊင့္ျခင္း မရွိလို႔ အခ်ိန္အလကား မကုန္ေစပါဘူး။

ဒီေန႔မၿပီးလည္း ဘာျဖစ္လည္း မနက္ျဖန္ လုပ္တာေပါ့လို႔ ေတြးလိုက္တာနဲ႔ သင္အာ႐ုံစူးစိုက္မႈေတြ ေပါ့ေလ်ာ့သြားေစႏိုင္ပါတယ္။ အဲဒါေၾကာင့္ ဒီေန႔ၿပီးေအာင္လုပ္ရမယ့္အလုပ္ကို ေနာက္ေန႔မေ႐ြ႕ပါနဲ႔။

(၈) ကိုယ့္ကိုကိုယ္ ယုံၾကည္မႈ ရွိပါ

ကိုယ့္ကိုကိုယ္ ဒီအလုပ္ေတြ ငါေအာင္ျမင္ေအာင္၊ ၿပီးဆုံးေအာင္ လုပ္ႏိုင္တယ္ဆိုတဲ့စိတ္က အလုပ္ကို တစ္ဝက္ၿပီးေစတာပဲ ဆိုတာ သင္သိရဲ႕လား။

မယုံရင္ ကိုယ့္ကိုကိုယ္ တကယ္ေျပာၾကည့္ပါ။ သတ္မွတ္ထားတဲ့ ရလဒ္နဲ႔သိပ္မကြာျခားဘဲ ၿပီးဆုံးသြားတာကို အံ့အားသင့္စရာေကာင္းစြာ သင္ေတြ႕ႏိုင္ပါလိမ့္မယ္။

(၉) ဘယ္အရာကိုမွ ၿပီးစလြယ္ မေတြးပါနဲ႔

ရႈံးနိမ့္ျခင္းရဲ႕အစက ၿပီးစလြယ္ေတြးျခင္းပါပဲ။ “ဒါေလးမ်ား….ငါဘယ္အခ်ိန္လုပ္လုပ္ ရတယ္။” “တကယ္ေတာ့ အဲဒါက လြယ္လြယ္ေလး….” “ဘာမွအေရးမႀကီးဘူး….ေနာက္မွလုပ္လို႔ရတယ္” ထိုကဲ့သို႔ ၿပီးစလြယ္ေတြးလိုက္တာနဲ႔ သင္အလုပ္မေအာင္ျမင္ဖို႔ မ်ားပါတယ္။

(၁၀) ကိုယ့္အားနည္းခ်က္ ကိုယ္သိပါ

ကိုယ္ကဘယ္ေနရာမွာ အားနည္းလဲ… အားသာခ်က္ကေကာ ဘာလဲ။ ကိုယ့္ကိုကိုယ္သိဖို႔ အေရးႀကီးပါတယ္။ အဲဒါမွ ကိုယ့္အားသာခ်က္ကို အသုံးခ်ၿပီး အားနည္းခ်က္ကို အားသာခ်က္ျဖစ္ေအာင္ ႀကိဳးစားတတ္မွာေပါ့။ အဲဒါက သင့္ကိုသင္ အလုပ္ခြင္မွာေအာင္ျမင္ေစဖို႔နည္းလမ္းပါပဲ။

(၁၁) အၿမဲ တက္ႂကြေနပါေစ

ကိုယ့္ကိုကိုယ္ အၿမဲလန္းဆန္းတက္ႂကြေစမယ့္ အခ်က္ေတြကို ဂ႐ုျပဳပါ။ ဘယ္အခ်ိန္မွာ ကိုယ္က ေလးလံထိုင္းမႈိွုင္းေနတတ္သလဲ။ ဘာေတြလုပ္လိုက္ရင္ လန္းဆန္းလာမလဲ။

ဘာလိုလဲဆိုေတာ့ ေလးလံထိုင္းမႈိွု္င္းေနတာ မ်ားရင္ အလုပ္မၿပီးႏိုင္၊ အလုပ္မွာ မေအာင္ျမင္ႏိုင္ဘူး မဟုတ္လား။

ေလးလံထိုင္းမႈိင္းလာတာနဲ႔ ဘာလုပ္သင့္သလဲ ႀကိဳသိေတာ့ ကိုယ့္ကိုကိုယ္ အၿမဲတက္ႂကြမႈရွိေအာင္ ေနတတ္တာေပါ့။ အလုပ္ ျမန္ျမန္ၿပီးတာေပါ့။

အထက္ပါ အခ်က္ေလးနဲ႔ ဆန္းစစ္ၾကည့္ၿပီး သင့္မွာ မရွိတဲ့အခ်က္ေလးေတြကို ျပဳျပင္ၿပီး ႀကိဳးစားၾကည့္ပါလို႔။ အလုပ္ခြင္မွာ ေအာင္ျမင္ႏိုင္ဖို႔ ေကာင္းေသာအခ်က္ေလးေတြ လက္တို႔လိုက္ပါတယ္။ Credit:Bawa

Unicode

လုပ်ငန်းတခု အောင်မြင်ဖို့အတွက်ဆိုရင် ကျင့်သုံးသင့်တဲ့ အချက် (၁၁) ချက်

လူတိုင်းမှာ သက်ဆိုင်ရာ လုပ်ငန်းခွင်အသီးသီး ရှိကြတာပါပဲ။ တစ်ချို့တွေကျတော့ အလုပ်ခွင်က အရမ်းကို ပျော်စရာကောင်းတဲ့ အလုပ်ခွင်ပေါ့၊ တစ်ချို့တွေအတွက်ကျတော့ အလုပ်ခွင်ဆိုတာ ငရဲလိုပါပဲတဲ့။

တစ်ချို့ကျတော့လည်း စားဝတ်နေရေးကြောင့်သာ အလုပ်ခွင် ဝင်နေရတာပြောပြန်ရော။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့အလုပ်ခွင်က ကိုယ့်ရဲ့ စားဝတ်နေရေးအတွက်ကော၊ကိုယ့်ရဲ့စီးပွားရေးအတွက်၊

ကိုယ့်ရဲ့တက်လမ်းအတွက် စသည်ဖြင့် တိုက်ရိုက်ပတ်သက်နေရတာပဲမဟုတ်လား။ အဲဒီ့တော့ ကိုယ့်ကို တစ်နည်းနည်းနဲ့ အထောက်အကူပြုနေတာပဲမို့ အကောင်းဆုံးဖြစ်အောင် ကြိုးစားသင့်တယ်လို့ ထင်ပါတယ်။

အလုပ်မှာ ကိုယ်ကြိုးစားခြင်းသည် ကိုယ့်ကိုကိုယ် တန်ဖိုး မြှင့်တင်ခြင်းပါပဲ။ အဲဒါကြောင့် အလုပ်ခွင်မှာ အောင်မြင်စေမယ့် ကောင်းသောအကျင့်လေးတွေကို ဖော်ပြလိုက်ပါတယ်။

(၁) တာဝန်ကျေပွန်ပါ

“ဒီတာဝန်ကတော့ ကိုယ်နဲ့မှ မအပ်စက်တာ၊ ကိုယ့်ထက် ရာထူးကြီးတဲ့သူကို ခိုင်းပါလား။ ကိုယ့်လာခိုင်းတယ်……မလုပ်ချင်ဘူး” ဆိုတာမျိုးတွေက မလုပ်သင့်ပါဘူး။

ဒီလိုပြောလို့ မနိုင်ဝန် ထမ်းခိုင်းတာ မဟုတ်ပါဘူးနော်။ ကိုယ့်ကို ပေးအပ်လာတဲ့တာဝန်ကို အကောင်းဆုံးလုပ်ခြင်းက ကိုယ့်ရဲ့တန်ဖိုး ဖြစ်လာမှာမို့ ဘယ်လိုတာဝန်ဖြစ်ဖြစ် ကျေပွန်အောင်လုပ်ပါ။

မဖြစ်နိုင်တာကိုတော့ အတင်း လက်မခံနဲ့ပေါ့။ မဖြစ်နိုင်တာမျိုးကျပြန်တာ့ ဘာကြောင့်မဖြစ်နိုင်တာဆိုတဲ့ အကြောင်းလေး သေချာရှင်းပြနိုင်ပါတယ်။

အတတ်နိုင်ဆုံးတော့ ကိုယ့်ရဲ့စွမ်းရည်လည်း တိုးစေတာမို့ တာဝန်ကျေပွန်အောင် ကြိုးစားသင့်ပါတယ်။ မှတ်ထားရမှာက တာဝန်ကျေပွန်အောင် ကြိုးစားလေလေ သင့်ရဲ့စွမ်းရည်တွေတိုးလေလေ ဆိုတာ ပါပဲ။

(၂) အကောင်းမြင်စိတ်မွေးပါ

အလုပ်ခွင်မှာ အကောင်းမြင်စိတ်ကအရေးကြီးပါတယ်။ အကောင်းမြင်နေမှ အလုပ်လုပ်ချင်စိတ် ပိုပြီး ဖြစ်ပေါ်လာမှာပါ။

ဘယ်အလုပ်ကတော့ ဘယ်သူ့တာဝန်၊ ဘယ်သူကတော့ ငါ့ကို တိုက်ခိုင်နေတာ၊ သူကတော့ သူ့တပည့်မှ လူထင်တာ… စတဲ့ အနုတ်သဘောဆောင်တဲ့ အတွေးတွေကို ခေါင်းထဲက ထုတ်ပစ်ပါ။

မကောင်းမြင်တဲ့ စိတ်က သင့်ကို ရှေ့ဆက်သွားဖို့ မတွန်းပို့ နိုင်ပါဘူး။ သင့်ကို အလုပ်ခွင်မှာတောင် စိတ်ပျက် လာစေပါလိမ့်မယ်။

အဲဒါကြောင့် ဘယ်သူမဆို လာတိုက်ခိုက်လဲ ခေါင်းထဲက ထုတ်ပစ်လိုက်ပါ။ ဘယ်သူ ဘာပြောပြော ခေါင်းထဲထည့်သင့်တာထည့်လို့၊ ကိုယ်ပြီးဆုံးအောင်လုပ်ရမယ့် အလုပ်အကြောင်းသာ အချိန်ပြည့်တွေးနေပါ။

မကောင်းမြင်သူတွေ၊ မကောင်းပြောသူတွေအကြောင့် သင့်ဦးနှောက်ထဲ မရောက်လေ သင့်အလုပ်အကြောင်း သင်တွေးလေ၊ သင် အလုပ်ပြီးလေပါပဲ။ အကောင်းဘက်က လှည့်တွေးပေးလိုက်ပါ။

ငါ အလုပ်ပြီးမှ ဖြစ်မယ်… သူတို့ အားလို့ပြောတာ ပြောပါစေ။ ငါကတော့ မအားဘူး၊ မတွေးဘူး… စသည်ဖြင့် တွေးလို့ အလုပ်သာ တစိုက်မတ်မတ် အာရုံစိုက်လိုက်ပါ။

(၃) အမှား ပြင်ပါ

လူတိုင်း အမှားနဲ့ မကင်းပါဘူး။ မမှားတဲ့သူ မရှိပါဘူး။ မှားတယ်ဆိုတာ သင်အလုပ်လုပ်နေတာကို ပြသတဲ့ သက်သေပါပဲ။ အဲဒီ့တော့ မှားတဲ့အခါ ဝန်ခံဖို့ မကြောက်ပါနဲ့။ တဆက်တည်း မှားသွားပါတယ်… အမှန်က ဘယ်လိုလဲ တစ်ခါတည်း သိအောင် လုပ်ပါ။

အဲဒါမှ မှားတာကနေ အမှန် သိရပြီး အမှန်ပြန်ပြင်နိုင်မှာပေါ့။ အဲဒီ့တော့ အမှား များလာလေ၊ အမှန်များများ သင်သိသွားလေပါပဲနော်။ အဲဒီ့တော့ မှားလာရင် ဝန်ခံပါ။

အမှန်ကို သိအောင် လုပ်ပါ။ အမှားပြင်ဖို့ကြိုးစားပါ။ ဒါပေမယ့် မှားပြီးပြီ၊ အမှန်လည်း သိပြီးသားကိစ္စတစ်ခု ကိုတော့ ခဏခဏ မှားနေပြီဆိုရင်တော့ မဟုတ်တော့ပါဘူးနော်။ တစ်ခါမှားပြီး တစ်ခါအမှန်သိအောင် ကြိုးစားဖို့ ဆိုလိုချင်တာပါ။

အခါခါ မှားပြီးသား အမှားကိုပဲ ထပ်ခါထပ်ခါ မှားယွင်းနေတာကတော့ သင်အလုပ်ကို စိတ်မပါတာ၊ ဂရုမစိုက်တာပဲမို့ အလုပ်ခွင်မှာ တိုးတက်ချင်ရင် ထိုအကျင့်ကို ပြင်မှရမှာပါ။

(၄) အပြောနဲ့အလုပ် ညီပါ

ဘယ်အလုပ်တွေတော့ ကျွန်တော်ပြီးအောင်လုပ်လိုက်မှာ…..” သင်ပြောပြီး ဘာအလုပ်မှ မပြီးဘဲ အေးဆေးထိုင်နေတာမျိုးတော့ မဖြစ်ပါစေနဲ့။

ဘယ်နေ့မှာ ဘယ်အလုပ်တွေ နေ့မအားညမနား ကြိုးစားနေတာ ပြောပြီး လက်တွေ့ဘာမှမလုပ်ဘဲ အခြားသူကို အလုပ်တွေ လွှဲချတတ်တဲ့သူကို ဘယ်သူကမှ အထင် မကြီးပါဘူး။

အဲလို လုပ်တတ်သူကလည်း ဘယ်တော့မှ အရည်အချင်းနဲ့ တိုးတက်လာတော့မှာ မဟုတ်ပါဘူး။ အဲဒီ့တော့ သင့်အလုပ်ခွင်မှာလည်း သင်အောင်မြင်တော့မှာ မဟုတ်ပါဘူး။

အတတ်နိုင်ဆုံး သင့်အပြောနဲ့ သင်ကိုယ်တိုင် လုပ်တဲ့လုပ်ရပ်တွေ ကိုက်ညီမှု ရှိပါစေ။ အဲဒါမှ သင်ရဲ့စွမ်းရည်လည်းတိုးလို့ သင်လည်း အလုပ်ခွင်မှာ အောင်မြင်နိုင်မှာပေါ့။

(၅) လူတိုင်းနဲ့ အဆင်ပြေပါစေ

အလုပ်ခွင်မှာ အောင်မြင်ခြင်းအတွက် လူမှုဆက်ဆံရေးကလည်း လိုအပ်ပါတယ်။ အမြဲ စူပုပ်နေတတ်တဲ့ သင့်ကို ဘယ်သူကမှ အလုပ်ကိစ္စနဲ့ ဖြစ်ဖြစ်၊ ကျန်တဲ့ကိစ္စနဲ့ ဖြစ်ဖြစ် ပတ်သက်ချင်မှာ မဟုတ်ပါဘူး။

ကိုယ့်အပေါ် ကောင်းသူဖြစ်ဖြစ်၊ မကောင်းသူဖြစ်ဖြစ် အဆင်ပြေအောင် နေတတ်ခြင်းကလည်း အောင်မြင်ခြင်း တစ်မျိုးပါပဲ။

(၆) သင်ယူပါ

နေ့စဉ်နဲ့အမျှ နည်းပညာတွေ အခြားသော ပညာတွေ အသစ်အသစ်တွေ ပေါ်နေတာပါ။ ကိုယ်မသိတာ၊ ကိုယ်မတတ်တာဆို သင်ယူရမှာ မရှက်ပါနဲ့။ သင်ယူလိုက်တော့ ကိုယ်မသိတာ တစ်ခုလျော့သွားတာပေါ့။

(၇) ဒီနေ့လုပ်နိုင်တဲ့ အလုပ်ကို ဒီနေ့ပြီးပါစေ

ဒီနေ့လုပ်နိုင်တဲ့ ပမာဏကို သတ်မှတ်ပါ။ ပြီးရင် ဒီနေ့ပြီးအောင် လုပ်ရမယ့်အလုပ်ကိုသာ အာရုံစိုက်ပါ။ အဲဒါက အလုပ်ကိုလည်း ပိုပြီးမြောက်စေနိုင်သလို၊ အာရုံပျံ့လွှင့်ခြင်း မရှိလို့ အချိန်အလကား မကုန်စေပါဘူး။

ဒီနေ့မပြီးလည်း ဘာဖြစ်လည်း မနက်ဖြန် လုပ်တာပေါ့လို့ တွေးလိုက်တာနဲ့ သင်အာရုံစူးစိုက်မှုတွေ ပေါ့လျော့သွားစေနိုင်ပါတယ်။ အဲဒါကြောင့် ဒီနေ့ပြီးအောင်လုပ်ရမယ့်အလုပ်ကို နောက်နေ့မရွေ့ပါနဲ့။

(၈) ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိပါ

ကိုယ့်ကိုကိုယ် ဒီအလုပ်တွေ ငါအောင်မြင်အောင်၊ ပြီးဆုံးအောင် လုပ်နိုင်တယ်ဆိုတဲ့စိတ်က အလုပ်ကို တစ်ဝက်ပြီးစေတာပဲ ဆိုတာ သင်သိရဲ့လား။

မယုံရင် ကိုယ့်ကိုကိုယ် တကယ်ပြောကြည့်ပါ။ သတ်မှတ်ထားတဲ့ ရလဒ်နဲ့သိပ်မကွာခြားဘဲ ပြီးဆုံးသွားတာကို အံ့အားသင့်စရာကောင်းစွာ သင်တွေ့နိုင်ပါလိမ့်မယ်။

(၉) ဘယ်အရာကိုမှ ပြီးစလွယ် မတွေးပါနဲ့

ရှုံးနိမ့်ခြင်းရဲ့အစက ပြီးစလွယ်တွေးခြင်းပါပဲ။ “ဒါလေးများ….ငါဘယ်အချိန်လုပ်လုပ် ရတယ်။” “တကယ်တော့ အဲဒါက လွယ်လွယ်လေး….” “ဘာမှအရေးမကြီးဘူး….နောက်မှလုပ်လို့ရတယ်” ထိုကဲ့သို့ ပြီးစလွယ်တွေးလိုက်တာနဲ့ သင်အလုပ်မအောင်မြင်ဖို့ များပါတယ်။

(၁၀) ကိုယ့်အားနည်းချက် ကိုယ်သိပါ

ကိုယ်ကဘယ်နေရာမှာ အားနည်းလဲ… အားသာချက်ကကော ဘာလဲ။ ကိုယ့်ကိုကိုယ်သိဖို့ အရေးကြီးပါတယ်။ အဲဒါမှ ကိုယ့်အားသာချက်ကို အသုံးချပြီး အားနည်းချက်ကို အားသာချက်ဖြစ်အောင် ကြိုးစားတတ်မှာပေါ့။ အဲဒါက သင့်ကိုသင် အလုပ်ခွင်မှာအောင်မြင်စေဖို့နည်းလမ်းပါပဲ။

(၁၁) အမြဲ တက်ကြွနေပါစေ

ကိုယ့်ကိုကိုယ် အမြဲလန်းဆန်းတက်ကြွစေမယ့် အချက်တွေကို ဂရုပြုပါ။ ဘယ်အချိန်မှာ ကိုယ်က လေးလံထိုင်းမှိုှုင်းနေတတ်သလဲ။ ဘာတွေလုပ်လိုက်ရင် လန်းဆန်းလာမလဲ။

ဘာလိုလဲဆိုတော့ လေးလံထိုင်းမှိုှု်င်းနေတာ များရင် အလုပ်မပြီးနိုင်၊ အလုပ်မှာ မအောင်မြင်နိုင်ဘူး မဟုတ်လား။

လေးလံထိုင်းမှိုင်းလာတာနဲ့ ဘာလုပ်သင့်သလဲ ကြိုသိတော့ ကိုယ့်ကိုကိုယ် အမြဲတက်ကြွမှုရှိအောင် နေတတ်တာပေါ့။ အလုပ် မြန်မြန်ပြီးတာပေါ့။

အထက်ပါ အချက်လေးနဲ့ ဆန်းစစ်ကြည့်ပြီး သင့်မှာ မရှိတဲ့အချက်လေးတွေကို ပြုပြင်ပြီး ကြိုးစားကြည့်ပါလို့။ အလုပ်ခွင်မှာ အောင်မြင်နိုင်ဖို့ ကောင်းသောအချက်လေးတွေ လက်တို့လိုက်ပါတယ်။ Credit:Bawa

Be the first to comment

Leave a Reply

Your email address will not be published.


*