လက္ရွိကားေဈးကြက္ အေျခအေနနဲ႔ ယခုအခ်ိန္မွာ ကားဝယ္မယ့္သူေတြ သတိထားသင့္တဲ့ အဓိကအခ်က္မ်ား

လက္ရွိကားေဈးကြက္ အေျခအေနနဲ႔ ယခုအခ်ိန္မွာ ကားဝယ္မယ့္သူေတြ သတိထားသင့္တဲ့ အဓိကအခ်က္မ်ား
လက္ရွိကားေဈးကြက္ အေျခအေနနဲ႔ ယခုအခ်ိန္မွာ ကားဝယ္မယ့္သူေတြ သတိထားသင့္တဲ့ အဓိကအခ်က္မ်ား

လက္ရွိကားေဈးကြက္ အေျခအေနနဲ႔ ယခုအခ်ိန္မွာ ကားဝယ္မယ့္သူေတြ သတိထားသင့္တဲ့ အဓိကအခ်က္မ်ား

စီးပြားေရး မတည္ၿငိမ္ျခင္းနဲ႔ ေဒၚလာ လိုအပ္ခ်က္ ရွိေနတာေၾကာင့္လို႔ ဆိုကာ ျပည္ပမွေမာ္ေတာ္ယာဥ္ တင္သြင္းခြင့္ေတြကို (၁-၁၀-၂၀၂၁) ရက္ေန႔က စတင္ၿပီး ရပ္ဆိုင္းထားခဲ့တာျဖစ္ၿပီး ၂၀၂၂ ခုႏွစ္ ကား တင္သြင္းခြင့္ မူဝါဒမွာလည္း

လူစီးကား တင္သြင္းခြင့္ မူဝါဒ မေသခ်ာ မေရရာေသးမႈေတြနဲ႔ အတူ ထိုးတက္ေနတဲ့ စက္သုံးဆီ ေဈးႏႈန္းေၾကာင့္ လက္ရွိ တစ္ပတ္ရစ္ကားေဈးကြက္ အတြင္း အင္ဂ်င္ အ႐ြယ္အစား 2000 CC ေအာက္ ကားေတြသာ အေရာင္းအဝယ္ ျဖစ္ေနလ်က္ ရွိပါတယ္။

စကစ က ထုတ္ျပန္ထားတဲ့ ကားတင္သြင္းခြင့္ မူဝါဒမွာ လုပ္ငန္းသုံး ကားတစ္မ်ိဳးထဲသာ တင္သြင္းခြင့္ ေပးထားတဲ့ အတြက္ အိမ္စီးကား တင္သြင္းခြင့္ ကန႔္သတ္ခ်က္ ရွိေနၿပီး ေရာက္ရွိၿပီး တပတ္ရစ္ကားမ်ား ကိုသာ အေရာင္းအဝယ္ ျပဳေနရျခင္း ျဖစ္သည္။

ရန္ကုန္ကားေဈးကြက္ အတြင္းမွာ ကားမ်ား အတက္ေဈးနဲ႔ အေရာင္းအဝယ္ ျဖစ္ေနသလို၊ ညာေမာင္း တစ္ပတ္ရစ္ကားေတြ ထဲက သိန္း ၁၅၀ ႏွင့္

သိန္း ၂၀၀ ပတ္လည္ အင္ဂ်င္ အေသးကားေတြ အေရာင္းအဝယ္ ျဖစ္ေနၾကၿပီး အခ်ိဳ႕ Brand new ကားအသစ္ေတြ ကိုလည္း ဘဏ္စနစ္နဲ႔ အေရာင္းအဝယ္ လုပ္လာ ၾကပါတယ္။

ယခင္က ကားအသစ္ ဝယ္ယူစီးနင္းၿပီး ျပန္လည္ေရာင္းခ်လွ်င္ အရႈံးျပေနသည့္အေျခအေနမွ ယခုအခါ ေဈးကြက္ အရ တစ္ပတ္ရစ္ကား အေရာင္းအဝယ္ အျမတ္ျဖစ္ေပၚလ်က္ရွိ ေနသည္ဟု ကားအက်ိဳးေဆာင္မ်ားထံမွ သိ ရ ပါတယ္။

ဘယ္ေမာင္းကား အသစ္မ်ားကို ျပည္တြင္းမွာ တပ္ဆင္ထုတ္လုပ္ေနသည့္ အမွတ္တံဆိပ္မ်ားလည္း အေရာင္းအဝယ္ တခ်ိဳ႕ ျဖစ္ေနၿပီး ျပန္လည္ ေရာင္းခ်ၾကသည့္ ေဈးကြက္တြင္လည္း ပြဲ နည္းနည္း ျဖစ္ေနတယ္ လို႔ သိ ရ ပါတယ္။

လက္ရွိ ျပည္တြင္း ကားအေရာင္းအဝယ္ ကို အြန္လိုင္း လူမႈကြန္ယက္ေတြေပၚမွာ အမ်ိဳးအစားလိုက္ ႀကိဳက္ေရာင္း ႀကိဳက္ဝယ္ စနစ္ေတြနဲ႔ ေရာင္းခ်ေနမႈေတြ ရွိၿပီး ေမာ္ဒယ္နံပါတ္၊ လိုင္စင္သက္တမ္း စတာေတြ အေပၚ မူတည္ၿပီး

ယခင္က သိန္း ၁၀၀ ေက်ာ္ ပတ္ခ်ာလည္ ေဈးဝန္းက်င္ရွိ ကားေဈးေတြ ဟာ ၃၀ ရာခိုင္ႏႈန္းကေန ၅၀ ရာခိုင္ႏႈန္း ထိ ျမင့္တက္လ်က္ ရွိေနတယ္လို႔ ကား ေရာင္း/ ဝယ္ ျပဳလုပ္ေနသူမ်ားထံက သိရွိ ရပါတယ္။

ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာန (ကညန) မွာလည္း ယာဥ္စစ္ေဆးမႈ မလုပ္ဘဲ လိုင္စင္သက္တမ္း တိုးေပးေနတဲ့ အတြက္ေၾကာင့္ ေဈးကြက္အတြင္း တိုက္ေၾကကားမ်ား၊

ကားေဘာ္ဒီခ်ိန္း၊ အခြံလိုက္ေဖာက္စြပ္ ကားမ်ား ကို လိုက္လံ ဝယ္ယူၿပီး ျပန္လည္ ေရာင္းခ်မႈေတြလည္း ရွိေနလို႔ ယခုအခ်ိန္မွ ကားဝယ္ယူမယ့္သူေတြ သတိထား ဝယ္ယူသင့္ပါတယ္။Credit

Unicode

လက်ရှိကားဈေးကွက် အခြေအနေနဲ့ ယခုအချိန်မှာ ကားဝယ်မယ့်သူတွေ သတိထားသင့်တဲ့ အဓိကအချက်များ

စီးပွားရေး မတည်ငြိမ်ခြင်းနဲ့ ဒေါ်လာ လိုအပ်ချက် ရှိနေတာကြောင့်လို့ ဆိုကာ ပြည်ပမှမော်တော်ယာဉ် တင်သွင်းခွင့်တွေကို (၁-၁၀-၂၀၂၁) ရက်နေ့က စတင်ပြီး ရပ်ဆိုင်းထားခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ် ကား တင်သွင်းခွင့် မူဝါဒမှာလည်း

လူစီးကား တင်သွင်းခွင့် မူဝါဒ မသေချာ မရေရာသေးမှုတွေနဲ့ အတူ ထိုးတက်နေတဲ့ စက်သုံးဆီ ဈေးနှုန်းကြောင့် လက်ရှိ တစ်ပတ်ရစ်ကားဈေးကွက် အတွင်း အင်ဂျင် အရွယ်အစား 2000 CC အောက် ကားတွေသာ အရောင်းအဝယ် ဖြစ်နေလျက် ရှိပါတယ်။

စကစ က ထုတ်ပြန်ထားတဲ့ ကားတင်သွင်းခွင့် မူဝါဒမှာ လုပ်ငန်းသုံး ကားတစ်မျိုးထဲသာ တင်သွင်းခွင့် ပေးထားတဲ့ အတွက် အိမ်စီးကား တင်သွင်းခွင့် ကန့်သတ်ချက် ရှိနေပြီး ရောက်ရှိပြီး တပတ်ရစ်ကားများ ကိုသာ အရောင်းအဝယ် ပြုနေရခြင်း ဖြစ်သည်။

ရန်ကုန်ကားဈေးကွက် အတွင်းမှာ ကားများ အတက်ဈေးနဲ့ အရောင်းအဝယ် ဖြစ်နေသလို၊ ညာမောင်း တစ်ပတ်ရစ်ကားတွေ ထဲက သိန်း ၁၅၀ နှင့်

သိန်း ၂၀၀ ပတ်လည် အင်ဂျင် အသေးကားတွေ အရောင်းအဝယ် ဖြစ်နေကြပြီး အချို့ Brand new ကားအသစ်တွေ ကိုလည်း ဘဏ်စနစ်နဲ့ အရောင်းအဝယ် လုပ်လာ ကြပါတယ်။

ယခင်က ကားအသစ် ဝယ်ယူစီးနင်းပြီး ပြန်လည်ရောင်းချလျှင် အရှုံးပြနေသည့်အခြေအနေမှ ယခုအခါ ဈေးကွက် အရ တစ်ပတ်ရစ်ကား အရောင်းအဝယ် အမြတ်ဖြစ်ပေါ်လျက်ရှိ နေသည်ဟု ကားအကျိုးဆောင်များထံမှ သိ ရ ပါတယ်။

ဘယ်မောင်းကား အသစ်များကို ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်နေသည့် အမှတ်တံဆိပ်များလည်း အရောင်းအဝယ် တချို့ ဖြစ်နေပြီး ပြန်လည် ရောင်းချကြသည့် ဈေးကွက်တွင်လည်း ပွဲ နည်းနည်း ဖြစ်နေတယ် လို့ သိ ရ ပါတယ်။

လက်ရှိ ပြည်တွင်း ကားအရောင်းအဝယ် ကို အွန်လိုင်း လူမှုကွန်ယက်တွေပေါ်မှာ အမျိုးအစားလိုက် ကြိုက်ရောင်း ကြိုက်ဝယ် စနစ်တွေနဲ့ ရောင်းချနေမှုတွေ ရှိပြီး မော်ဒယ်နံပါတ်၊ လိုင်စင်သက်တမ်း စတာတွေ အပေါ် မူတည်ပြီး

ယခင်က သိန်း ၁၀၀ ကျော် ပတ်ချာလည် ဈေးဝန်းကျင်ရှိ ကားဈေးတွေ ဟာ ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်း ထိ မြင့်တက်လျက် ရှိနေတယ်လို့ ကား ရောင်း/ ဝယ် ပြုလုပ်နေသူများထံက သိရှိ ရပါတယ်။

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) မှာလည်း ယာဉ်စစ်ဆေးမှု မလုပ်ဘဲ လိုင်စင်သက်တမ်း တိုးပေးနေတဲ့ အတွက်ကြောင့် ဈေးကွက်အတွင်း တိုက်ကြေကားများ၊

ကားဘော်ဒီချိန်း၊ အခွံလိုက်ဖောက်စွပ် ကားများ ကို လိုက်လံ ဝယ်ယူပြီး ပြန်လည် ရောင်းချမှုတွေလည်း ရှိနေလို့ ယခုအချိန်မှ ကားဝယ်ယူမယ့်သူတွေ သတိထား ဝယ်ယူသင့်ပါတယ်။Credit

Be the first to comment

Leave a Reply

Your email address will not be published.


*