ဂျပန်နိုင်ငံ ပညာရေးနဲ့ ဂျပန်မှာ ကလေးတွေ ကျောင်းသွားတာ အတုယူစရာပါ

ဂျပန်နိုင်ငံ ပညာရေးနဲ့ ဂျပန်မှာ ကလေးတွေ ကျောင်းသွားတာ အတုယူစရာပါ
ဂျပန်နိုင်ငံ ပညာရေးနဲ့ ဂျပန်မှာ ကလေးတွေ ကျောင်းသွားတာ အတုယူစရာပါ

ဂျပန်နိုင်ငံ ပညာရေးနဲ့ ဂျပန်မှာ ကလေးတွေ ကျောင်းသွားတာ အတုယူစရာပါ

ဂျပန်မှာကလေးတွေ ကျောင်းသွားတာ နမူနာ လေးပါ ကျောင်းကို ကိုယ့်ရပ်ကွက် က ကျောင်း မှာပဲ အပ်လို့ရပါတယ် ရပ်ကွက်ကျော် အပ်လို့မရပါ ကျွန်မတို့နေတဲ့ ITABASHI ဆို ရင်အပ်လို့ရတာ မူလတန်း ၃ကျောင်းရှိတယ်။

အဲဒီ ကျောင်း ၃ကျောင်းထဲကမှ တစ်ကျောင်းကိုအပ်လို့ရပါတယ် ကျောင်းကို အပ်ဖို့စီမံခန့်ခွဲတာ က ဘယ်အိမ်မှာနေတဲ့ ဘယ်ကလေးက ဘယ် နှစ်မှာကျောင်းတတ်ရမယ် လို့ တက် ရမဲ့ကျောင်း လိပ်စာ နဲ့ တစ်ကွ ရပ်ကွက်ရုံးကစာလာပါ တယ်။

ကိုယ်က အဲဒီထဲကမှ ကိုယ် အဆင်ပြေမဲ့ ကျောင်းကိုရွေးပီးကျောင်းကိုသတင်းပို့ရ ပါတယ်….အများစုရွေးတာက အိမ်နဲ့နီးမဲ့ကျောင်းပါ ရပ်ကွက်မှာနေတဲ့လူ ဦးရေနဲ့ ကျောင်းအရေအတွက် က သူတို့က လုံလောက်အောင် တွက်ချက်ထား တာပါ …

ကျောင်း ဆင်း ကျောင်းတက်ချိန်ကျောင်းအနီးနားကို ကားလဲ လာ လို့မရပါ။ကားနဲ့ကျောင်းနားကို ကျောင်းဆင်းကျောင်းတတ်ချိန် ကြိုပို့လုပ်လို့မရပါ။ဘယ်သူမှလဲ စည်းကမ်းဖေါက်ဖျက်ပြီး ကားနဲ့မလာပါ။

လာရင် လဲ ချက်ချင်း မိဘ အချင်း ချင်း က ဖြစ်ဖြစ် ဆရာဆရာမတွေက ဖြစ်ဖြစ် တားမြစ်ပါတယ်။ဒါကြောင့် ကလေးများကို အိမ်အဝေးမှာ မထားကြတာပါ ..မိုးရွာရွာနေပူပူ လမ်းပဲလျှောက်ပြီး ကျောင်းသွားရပါတယ် …

တစ်ချို့ မိဘများကတော့ ကျောင်းစတက်ခါစ ပထမတန်း တစ်လ နှစ်လလောက်ကိုတော့ စက်ဘီးလေးနဲ့ လိုက်ပို့တာ ရှိပေမယ့် ကျောင်းအ၀ထိ မဟုတ်ပါ ပုံမှန်ကတော့ ကိုယ့်နီးစပ်ရာ မှာ

အုပ်စုဖွဲ့စုရပ်လုပ်ပြီး အတန်းကြီး သူက အဆင့်ဆင့်အုပ်ချုပ် အတန်းလတ် က နောက်ဆုံးက နေလမ်းလျှောက်ပြီး အလှည့်ကျမိဘ တစ်လှည့်စီ နောက်က ခွါလိုက်ပြီး ကျောင်းသွားတာပါ။

ပုံမှာ တွေ့နိုင်ပါတယ်။မိဘများကလေး ပစ္စည်းများကို ကူမကိုင်ပေးရပါ စည်းကမ်းပါ ကိုယ့်ဒူး ကိုယ်ချွန်ကိုယ့်တာဝန် ကိုယ်ယူစေတာပါ ….မြို့သစ် အိမ်ယာသစ် တည်ဆောက်တိုင်း ပါတာက ကျောင်း ဆေးခန်း လုံလောက်တဲ့ အကျယ်အ၀န်း နဲ့ ၄ ထပ် ၅ ထပ်ရှိတဲ့ ကားပါကင်နဲ့ ပန်းခြံ ကစားကွင်း ပါ မဖြစ်မနေပါပါတယ် …

မြန်မာပြည်မှာလို မြို့စွန်တွေမှာ အိမ်ရာစီမံကိန်း အကြီးကြီးတွေ လုပ်ပေးပီး အဲဒီမှာနေတဲ့ မိသားစုမှာပါလာမဲ့ တိုးလာမဲ့ကလေးငယ်များအတွက် ကို စာသင်ကျောင်း မပါ ဆေးခန်းမပါ တော့ တာဝန်ရှိသူများ ကလေးပညာရေးကို မစဉ်းစားပေးတာ သိပ်သိသာပါတယ်။

လူကြားကောင်းအောင် ပညာရေး ကို ဘယ်လို ဘာညာ တာဝန်ရှိသူ အော်နေတာပါ (ဒါက စကားစပ်ပါ)သူတို့နိုင်ငံတွင်း မှာ မွေးလာတဲ့ ကလေးတိုင်း ဘာလူမျိုး ဘာဘာသာ ဖြစ်ဖြစ် ဘယ်နိုင်ငံသားဖြစ်ဖြစ် အရွယ်ရောက်လာလို့နိုင်ငံတွင်းမှာရှိနေရင် ကျောင်း အပ်ရမဲ့နေ့ကို ချက်ချင်း သိပါတယ်။

အစိုးရကျောင်း မအပ်ချင်လို့ပုဂလိကကျောင်းအပ်ရင် လဲ private ကျောင်းက နိင်ငံတော်ကို အကြောင်းကြား ပေးရပါတယ် …။ မအပ်ဖြစ် ကျောင်းမထားဖြစ်ရင် မြို့နယ်က ချက်ချင်းရောက်လာပီး ဘာအခက်အခဲရှီလဲ ကူ ညီဖို့ချက်ချင်းရောက် လာတာပါ ဒီလောက် ပညာရေးကို အားပေးပါတယ်။

အစိုးရကျောင်းကြိုက်တျဲ့ကျောင်းကိုထား သင်္ခန်းစာ က ဟိုဂျပန် ကျွန်း ရေပါတ်လည် ဝိုင်းနေ တဲ့ကျွန်းက စာသင်ကျောင်းက ဒီနေ့ သင်တဲ့စာနဲ့သင်ခန်းစာကTokyo မြို့ပေါ် ကအတန်းတူ ကျောင်းအားလုံး သင်ခန်းစာနဲ့အတူတူပါ ပဲ ဘာမှမကွဲပါ … ကျောင်းအားလုံးပုံစံတူ အကျယ် အ၀န်းနီးပါး အားလုံးတူပါတယ် …

ဘယ်ကလေးက ဘယ်ဘာသာ ညံ့တယ် ဆိုတာ ဆရာမများကသိပါတယ် ။ချက်ချင်း အားကစားချိန် မှာ အစားထိုးသင်ပေးထားပြီးသားပါ ။အတန်းတင် စာမေးပွဲဆိုတာ မရှိပါ။ အတန်းကြီးလာရင် တော့ အရည်အချင်း စစ် စာမေးပွဲရှိပေမဲ့ ကျလို့နောက်တစ်နှစ် ဒီအတန်းတတ်ရတယ် ဆိုတာ လုံးဝမရှိသလောက်ပါပဲ။

မိဘများ ခရီးသွားရလို့ ကျောင်းချိန်မမှန်ဖြစ်လို့စာမမှီလို့ မဖြစ် မနေ ဒီအတန်း ပြန်နေရတာတော့ရှိပေမယ့်အလွန်နဲပါတယ် …ကျောင်းမှာသင်တာက အစုအဖွဲ့ နဲ့ ခေါင်းစဉ်လေးတွေ ချပေးပီး အုပ်စုလိုက်ဆွေးနွေး ပွဲလေးတွေ

ကိုယ်တစ်နေ့တာ လုပ်ငန်းလေးတွေ ပြင်ပလေ့လာရေး မှတ်ချက် လေးတွေ ကို Report လို လေး ပြန်ရေးခိုင်းတာ မျိုးတွေ ကိုယ်စိုက်ထား တဲ့ပန်းပင် ရဲ့ အခြေ အနေလေးတွေကို ပြန်ရေးခိုင်းတာမျိုး လေးတွေ ပါ အခြေခံပညာရေးဆိုတာ ဒါပါပဲ။

အမူအကျင့်အတွေးအခေါ် ကို ကိုယ်ပိုင် လုပ်တတ်အောင် သင်ရမှာပါ

ဘွဲ့ ရပညာတတ် လက်မှတ်မျိုးစုံရ ပီး လုပ်ငန်းခွင်မှာ Report လေးတောင် အဆင်ပြေအောင်မရေးတတ်တာ တွေ့နေရတာ တွေ့ပါတယ် ..ကိုယ့် ဒိုင်ယာရီ မှာကိုယ်လုပ်ရမဲ့နေ့စွဲ နဲ့အချိန်လေးနဲ့ တောင် မစီစဉ်တတ်မလုပ်တတ်ကြပါ …

ဒါအခြေခံမှာသင်ရမှာတွေကို မသင်ခဲ့တာကြောင့်ပါ ကိုယ့်အချိန်ဇယားလေးကိုယ် ကိုယ့် ဒိုင်ယာရီလေးနဲ့ရေး ခိုင်းမှတ်ခိုင်းတာလေးကို ၁ တန်းမှာကတဲကစသင်ပေး ထားပါတယ်
အချိန် အတိအကျ သွားတတ်လာတတ်အောင် သင်ပေးထားပါတယ်….

အဆင့်မြင့်ပညာရေး ၀င်ခွင့်အတွက် မှာလုပ်ရမဲ့ ညဏ်ရည်အနိမ့်အမြင့် စစ်ဆေးချက် တွေကို အခြေခံ ပညာရေးမှာ လာ လုပ်တာ က လုံးဝမှားပါတယ်။၎ တန်းအစိုးရစစ်ကို မေးခွန်း ခက်အောင် အတင်းလှည့်ပါတ် မေးပီး ပညာရေးအဆင့်မြင့်တယ် လို့ ပြောတဲ့ တာဝန်ရှိသူကို လဲ အံသြမိပါတယ် …

တကယ် အဆင့်မြင့်ပညာတွေ သင်ရမယ့်တက္ကသိုလ်များကျတော့ ဘယ်လိုသင်နေကြတယ် ဆိုတာ တစ်နိုင်ငံလုံးသိပါတယ်။အဝေးသင် တစ်လ ၄နှစ်စာ စာတွေ့လက်တွေ့ကို ၄လ ပဲ တက်ရပာတယ်။ကျန်တာမပြောတော့ပါဘူး အကြောင်းအရာလွဲမှာစိုးလို့ပါ …

သူတို့ဖြေနိုင် အောင် တွေးနိုင်အောင်ကိုယ်က သင်မထားပဲ နဲ့ မူလတန်း အဆင့် ကလေး ညဏ်လောက်ကို မေးခွန်းခက်အောင်လုပ်တာကို ပညာရေးမြှင့်တယ်လို့ မြင်တယ် ဆိုတာ ကတော့ တော်ကို အသိညဏ် မွဲတဲ့ ပညာရေး စီစဉ်မှု့ သာဖြစ်တယ် လို့ကျွှန်မ ရဲရဲပြောပါတယ် …

ကျောင်းသင်ခန်းစာများမှာ ဂီတ ပါမယ်၊ ရေကူး မဖြစ်မနေပါမယ်၊ တစ်ခြား အားကစားပါမယ် ပန်းချီပါမယ် ၂ တန်းကစပီး ကွန်ပြူတာ အခြေခံပါမယ် …(တကယ် လက်တွေ့သင်တာနော် …ကွန်ပြူတာ ကိုပြထားပီး အခန်းဝကချောင်းကြည့်ခိုင်းပီး ကွန်ပြူတာအချိန် ဆိုပီးသတ်မှတ်တာမဟုတ် ပါ …)

ပြီးရင် တစ်နှစ် ၂ကြိမ် လမ်းစည်းကမ်း ကို သရုပ်ပြသင်ခန်းစာများနဲ့ ရပ်ကွက် ရဲစခန်းများက လာသင်ပါတယ် ….ဒါနိုင်ငံတော် ကထည့်ထားတဲ့ သင်ခန်းစာ ပါ….(ဂျပန်မှာ ကလေးငယ်တိုင်း စက်ဘီးစီးတတ်ကြပါတယ်။

စက်ဘီးသွားလမ်းက ကားလမ်းဘေးမှာ ရှိပါတယ် )လမ်းစည်းကမ်းတွေ နဲ့ စက်ဘီးများကို စည်းကမ်းနဲ့ရပ်နည်းများ ပါသင်ပါတယ်။ မျဉ်းကြား ကနေသာကူးဖို့ က အစ လမ်းကူးနည်းများ သင်ပါတယ်။

နောက်ကလေးငယ်များ လုံခြုံရေး မသိတဲ့သူ ခေါ်ရင် မလိုက်ဖို့မသိပဲလာနှတ်ဆက်လာရင် စားစရာပေးလာရင် မစားဖို့ ဆိုတာ ကျောင်းသင်ခန်းစာများနဲ့ တစ်ဦးနဲ တစ်ဦး အပြန်အလှန် ဆွေးနွေးပြီးပုံတို လေးတွေ ကာတွန်း ရုပ်ရှင်ေးလတွေပြသင်ပါတယ်။

ကျောင်း အခန်းတိုင်းမှာ projectors နဲ့ ကွန်ပြူတာ ဆရာမအတွက်ရှိပါတယ်..ဒါမျိုးသင်ခန်းစာများကို သင်ရိုးညွှန်းတမ်းမှာ ထည့် ဆွဲထားပါတယ်။ ဒါတွေက ကျောင်းသင်ခန်းစာမှာပါတာပါ။

မြန်မာပြည်မှာက ဒါတွေကို ကျောင်းကသင်ရမယ် လို့သိပုံမပေါ်ပါ ……

မနက်ဆိုရင် ၈နာရီကျောင်းတတ်တယ် ၈နာရီခွဲဆို တစ်ခန်းနဲတစ်ခန်း ၅မိနစ်စီခြားထွက်ပြီး အစည်းအဝေး ခန်းမကျယ်ကိုသွားပါတယ်။ အဲဒီမှာ ကာတွန်းရုပ်ရှင် ပြပါတယ်။ စည်းကမ်း အကြောင်းနဲ့ တစ်ခြား သိပ္ပံလို ဗဟုသုတအကြောင်းများကိုပြပါတယ်။

အခြေခံ မူလတန်းအဆင့်မှာ သိပ္ပံ ဘာသာက စာကျက်ဖြေရတာမဟုတ်ပါ။ကြားဖူး မြင်ဖူး မှတ်ဖူးဖို့သာလိုတာပါ။ အမှိုက်ပစ်တာစည်းကမ်း မဲ့ တာ တွေ၊လမ်းကူး လို့ယဉ်တိုက်မှု့ဖြစ်တာ ကား မောင်းတာ စည်းကမ်းမရှိတာ တွေ ပါပြ လိုက်ပါတယ်။

မိဘ ကို ကားမောင်းတာ စည်းကမ်းမရှိမောင်းလို့ကလေး က တားတာတွေ ပါပြလိုက်ပါတယ် …..အဲတော့ ဒီလို သင်ကြားမှု့ ပညာရေးကိုပါ မမှီလိုက်တဲ့ မိဘ လူကြီးကိုပါ သင်ပြီး သားဖြစ် ပါတယ်။

အိမ်က သူ့အဖေ စည်းကမ်းမဲ လမ်းလျှောက်ပြိး ဆေးလိပ် တို ကို လမ်းဘေးပြစ် ချတော့ သမီး၂ယောက်က အပြင်းအထန် ကန့်ကွက်တာပါ ဒါတွေက ကျောင်းက သင်တာ ပါ…ကျောင်းသင်ခန်းစာပါ

ဒါမျိုးလေးတွေကိုကျောင်းမှာသင်ရပါတယ်…

အိမ်သာတက်ပြီးလက်ဆေးဖို့ကို ပထမတန်း မှာသင်ခန်းစာတစ်ခုလို သင်တယ်။ကျောင်းသား အိမ်သာသွား ပြီးရင်စောင့်ကြည့်ပြီး အကျင့်ဖြစ်အောင် လေ့ကျင့်ပြီးသင်တယ်။ဆိုတာ အံသြကြ မယ် ထင်ပါတယ် … တကိုယ်ရေသန့်ရှင်းမှုကို ဆေးရုံက ဆရာဆရာမများလာ ပြီးတော့ စာသင်သလို ရုပ်ရှင်လေးတွေ ကာတွန်း ရုပ်ရှင်လေးတွေပြသင်တဲ့သင်ခန်းစာလဲပါပါတယ်။

နောက် ဘာလုပ်လုပ် ကြားမဖြတ်ဖို့တန်းစီဖို့ ဘာကြောင့်တန်းစီသင့်သလဲဆိုတာ ကအစကျောင်းက ဒုတိယတန်းမှာ သင်ပေးလိုက်တာပါ။ဒါကြောင့်သူတို့ဆီမှာ ကားကြပ်လို့တိုးဝှေ့ တာ ရထားကြပ်လို့တိုးဝှေ့တာမရှိပဲ အကုန်တန်းစီစနစ်ပါပဲ။။

ကိုယ်လဲ အရင်ရောက်ချင်သလို သူများလဲ အရင်ရောက်ချင်မှာပဲ။ဒါမျိုး လုကြ တိုးဝှေ့ကြဆိုတာ ကျောင်းမနေဘူး တဲ့ကလေးငယ်များသာလုပ်ပါတယ်။ မြန်မာပြည်မှာ အိမ်သာ ကလေးငယ်များနဲ့ တန်းစီနေရင် နောက်မှလာပြီး လုဝှေ့တတ်တဲ့ လူကြီးများ ကို များစွာမြင်ဘူးပါတယ်။

အံသြစရာပါ ဒါ ပညာရေးက အသိဥာဏ်ကိုပါ သိအောင် မသင်ခဲ့ပေးလိုက်လို့ပါ။နောက်ကျောင်းမှာ တစ်နှစ်၎ကြိမ် ဈေးဝယ်နည်းသင်ပါတယ်။အိမ်က ကလေးငယ် အရွယ်အလိုက် တစ်တန်း ကလေးဆို ယန်း ၃၀၀ ယူခဲ့ခိုင်းပြီး မိဘတစ်ဦးချင်းစီကို ဆရာက တစ်ယောက်ချင်းစီဖုံးဆက်အကြောင်း ကြားပြီး ငွေ ပေးဖို့မှာတာပါ။

၎တန်းဆို ၁ထောင်ယန်းပါ ယူခိုင်းပြီး ကျောင်းက အစီအစဉ်နဲ့ ကျောင်းနဲ့နီးရာဆိုင်များကို အုပ်စုခွဲပြီး နေ့အလိုက်အလှည်ကျ နဲ့ စတိုးဆိုင်ကို သွားဝယ်တာပါ။ကျောင်းက စတိုးဆိုင်ကို ဆက်သွယ်အကြောင်းကြားထာပါတယ်။

စတိုးဆိုင်များကလဲ ကူညီပါတယ်။အချိန်အတိအကျနဲ့ အဲဒီအချိန်အတွင်း သူတို့ဝန်ထမ်းများကို လဲ ကလေးငယ်များကို လူရာသွင်းဖို့လူကြီးလိုဆက်ဆံပြီး ဈေးဝယ်တာငွေ ချေတာ ငွေပြန်အမ်းတာ ကျေးဇူးတင်ပါတယ် လို့ပြောတာ ကအစ ကလေးကို ပြောတဲ့ပုံမဟုတ်ပဲ

လူကြီးကိုပြောတဲ့ သာမန်ဈေးဝယ် လာသူကိုပြောတဲ့ပုံစံဖြစ်အောင် ဆက်ဆံတာပါ။ အင်မတန်ကောင်းတဲ့ သင်ကြားမှု့ သင်ခန်းစာပါ။ ဒါလဲ သင်ရိုးညွှန်းတန်းထဲထည့်ထားတာပါ။ကလေးငယ်များကိုယ့်ကိုယ်ကိုယုံကြည်မှု့ရစေပါတယ်။

ရဲရင့်ပြီး မှန်ကန်စွာ ဆုံးဖြတ် တတ်စေပါတယ်။ ဒါတွေက ကျောင်း ကသင်ရမဲ့သင်ခန်းစာပါ ဆိုတာ မြန်မာပြည်က သင်ရိုးညွှန်းတမ်းဆွဲသူများ ကြားဖူးကြစေချင် သိစေချင်ပါတယ်။

ကလေးငယ်များအတွက်က အသေးစိတ်တွေ လိုပါတယ် …..

အဲဒါလေးတွေကို ညှပ်ညှပ်ပီးမှ ဂျပန်စာနဲ့ သချာင်္ကို သင်ပေးလိုက်တာပါ သမိုင်းတို့ ပထဝီတို့ဆိုတာ မူလတန်းအဆင့်လောက်ထိက ပုံပြင်လေးတွေနဲ့ ဗဟုသုတပြော ပြရတဲ့ သင်ခန်းစာပါ ….ပုံပြင်လေးတွေနဲ့သမိုင်းကို လုပ် ထားတော့ ပိုမှတ်မိလွယ်သိလွယ်ပါတယ်။

ဒီမှာက သမိုင်းကိုအလွတ်သင်လွှတ်လိုက်တော့ ကျက်ထားးတုန်းမှတ်မိပြီး ကြာတော့ မေ့တာပါပဲ အိပ်ရာဝင်ပုံပြင်များကတော့ဘယ်တော့မှ မမေ့နိုင်ပါ ဆိုတာ မျိုး ပါ…။ ၄ တန်းလောက်ထိ ဒါပါပဲ အတန်းတင် စာမေးပွဲမရှိပါ ….။

တစ်ပါတ်တစ်ခါမှာ သူတို့သင်တဲ့ သင်ခန်းစာနဲ့သူတို့ညဏ်နဲ့ ပြန်လုပ် ခိုင်းတဲ့ ပုံစံခေါင်းစဉ် တစ်ခု ပေးပြီး သူတို့ကို လက်တွေ ပုံစံ သူတို့မှတ်စု စာအုပ် ပုံစံလေးတွေ လုပ်ခိုင်းပါတယ်… …

ဟိုကလေးသင်္ချာညံ့တယ် လို့ဒီကလေး ဂျပန် စာညံ့တယ် ဆိုတာ မရှိပါ ဘယ်အတန်းဆို ခန်းဂျီဘယ်နှစ်လုံးဖတ်နိုင်နေပြီးဘယ်စာအဆင့်ကို တတ်ကိုတတ်ရမယ် ဆိုတာအတိအကျ သတ်မှတ်ထားပါတယ် အဲဒီအတိုင်းတစ်ယောက်မကျန် တတ်အောင်သင် ပေး ဖို့က ဆရာဆရာမတာဝန်ပါ တကယ်လဲတတ်ကြပါတယ်

အလီ ကို တော့ မဖြစ်မနေ ၃ တန်းမှာ ၁၂ အလီ ထိရအောင် သင်ပါတယ်

အိမ်မှာကျက်ခိုင်းတာမဟုတ်ပါ။ကျောင်းမှာ ရအောင်သင်တာပါ။ကျောင်းအုပ်ဆရာကြီးဆီကို ၃ တန်းကလေး ၁၀၀ ကျော်လောက်က တစ်ယောက်ချင်းစီတန်းစီပီး ဆိုပြရတာပါ …

ကျောင်းတိုင်းပါ အလီကို ကျောင်းအုပ်ကြီးဆီမှာ သွားဆိုပြရပါတယ် …တို့ဆီက ဟိုးအရင်က ဘုန်းတော်ကြီးကျောင်း အချို့မှာ အလီ အရေးပါပုံကို သေချာ လုပ်ထားပါတယ် …။

ကလေးတွေကလဲ ဆရာကြိးရုံးခန်းထိသွားဆိုရမယ် ဆိုတော့ တတ်ကြွပီး သူတို့ဘာသာ သူတို့စိတ်နဲ့ ကို အတင်းကို ကျတ်မှတ်ကြတော့တာပါပဲ…ဆရာကြီး ကလဲကျောင်းသားအားလုံး အုပ်စုလေး တွေ ဖွဲ့လာဆိုတာကို စိတ်ရှည်ရှည်နဲ့ သေချာကို ပြုံးပြီးနားထောင်တာပါ။

မြန်မာ ပြည်မှာ မြို့ပေါ်က ကျာင်းအုပ်ကြီးများ ကျောင်း သားများအခန်းကို ရောက်ဖူးပါစ …
နောက်တစ်ခုက ကျောင်းမှာ အုပ်စုဖွဲ့ပီးခေါင်း စဉ်လေးတွေကို ဆွေးနွေးခိုင်း တာပါ။ တစ်လတစ်ကြိမ် စနေ မှာ မိဘတွေက ကျောင်းမှာကလေးတွေကို စာသင်တာကို နောက်က နေရပ်ကြည့်ဖို့မိဘတွေကိုခေါ်ပါတယ်။

ဝင်စွက်ဖက်တာမရှိပါ။ဟိုလိုဖြေလိုက်လို့ဒီလို ဖြေလို က်ပြောလို့မရပါ ကျောင်း ကသင်ကြားမှု့ ပုံစံကို မိဘများစိတ်ချရကြောင်းကို အသိပေးတဲ့သဘော နဲ့ ရပ်ကြည့်ခိုင်းတာပါ
မေးခွန်းလေးတွေ ဆရာနဲ့ အပြန်အလှန်ဆွေးနွေး တာကို နားထောင်ရင်ကိုယ့်ကလေး ဘယ်လောက်အသိညဏ် ရနေပြီဆိုတာသိနိုင်ပါတယ်

အုပ်စု ဖွဲ ၅ ယောက် တစ်ဖွဲဆို ခုံနီးချင်း အုပ်စုလေး ၅ ခုံ စီဖွဲ့သွားပါတယ် တစ်ယောက်ပို တစ်ယောက်လိုဆိုလဲ သူတို့ချင်း ပဲ ညှိသွားပါတယ် အမြဲ တန်း ဒီလူ ချည်းပဲ အုပ်စုဖွဲ့လို့မရပါ ခုံ အရှေ့အနောက်ကို တစ်ရက်ချင်း စီတိုးတိုး ပီးထိုင်ရတာပါ ….

နီးစပ်ရာသူတို့ဘာသာ အုပ်စုလေးဖွဲပါတယ် ခေါင်းစဉ်လေးကလဲ ဆရာက စဉ်းစားပေးတာ မနေ့ က ကျောင်းအ၀မှာ အမှိုက် တွေ့ တယ် အဲဒီအမှီုက်ကြောင့် စိတ်ထဲဘယ်လိုခံစားရလဲ ဘာတွေ လုပ်သင့်လဲ အဲဒီ အမှိုက်ပြစ်တဲ့သူက အမှိုက်မပြစ်ရမဲ့ နေရာမှာ

ဘာကြောင့် ပြစ်တယ် ထင်လဲ ဘယ်လို အရေးယူသင့်သလဲ နောက်မပြစ်အောင် ဘယ်လို လုပ်ရမလဲ ဒါပေမဲ့ အပြစ်ကြီးပဲ တွေးတာမဟုတ်ပဲ ဘာကြောင့် များပြစ်ခဲ့သလဲ အခက်အခဲ ဘာများရှိသလဲ ဆိုပီးသူများပေါ်ပါ ခံစား တတ်အောင် အပြစ်ချည်းပဲမမြင်တတ်အောင် ဆွေးနွေးခိုင်းစဉ်းစားခိုင်း ဒါမျိုး လေး တွေ ပါပါတယ်…

အခက်အခဲကြောင့် တွေ့ရာမှာ ပြစ်ခဲံရတာဆိုရင် ကိုယ်က ဘာလုပ်ပေးသင့်သလဲ လုပ်ပေးနိုင်မလဲ မျိုးတွေစဉ်းစားခိုင်းတာပါ အရေးယူ အပြစ် ချည်းပဲ ပြောလို့ဆွေးနွေးလို့မရအောင် ဆရာက ပြန်ထိမ်းညှိပေးပါတယ်။

သူ ပြစ်ရတဲ့ အကြောင်း အခက်အခဲ လဲရှိနိုင်ကြောင်းလေးကို အဖွဲ့တစ်ခုချင်းစီ ကို အရင်ဆွေးနွေးခိုင်းပီးရင် ခေါင်းစဉ် ဂိုက်လိုင်းတစ်ခုကို တစ်ခုချင်း စီ သူ့အမြင် ကိုယ့်အမြင် ဆွေးနွေးခိုင်းတာပါ …..

တစ်ဦးတည်း တတ်ပီး တစ်ဦး တည်းတော်နေရင် လဲ လက်မခံပါ ကိုယ့်အုပ်စုက ကိုယ်လို မစဉ်းစားတတ်တဲ့ သူ ကို ပါ ကိုယ်ဘာကြောင့် ဒီလို စဉ်းစားတာ ဒီလို စဉ်းစားကြည့်ဆိုတာကို အချင်းချင်း ညှိခိုင်းတာပါ။

အဲဒီသင်ခန်းစာ လေးက သူတို့ဆီမှာအုပ်စု တွေ အဖွဲ တွေ့များပေမဲ့ ပြို ကွဲတာ သိပ် မရျီပါ …မြန်မာက ၃ ယောက်ရှိရင် ၄ဖွဲ့ကွဲတယ် ဆိုတာ အပြောခံရတာ က စာသင်ကျောင်း က သူများ ဖက်ကို ပါစဉ်းစား တတ်တဲ့ အတွေး သင်ခန်းစာမျိုး ဦးနှောက်လေ့ကျင့်ခန်း မျိုး အဲ ဒါမျိုး မသင်ပေး လိုက်လို့ပါ …

ငယ်စဉ်ကတဲက သူ့အမြင် ကိုယ့်အမြင်ကို ခံစားတတ်အောင် အရာရာကို အပြစ်ချည်းပဲ မမြင် ကြအောင် မသင်ပေးခဲ့လို့ပါ ထစ်ခနဲရှီမိဘ မကောင်း လို့ဆိုတာချည်းပဲ ပြောကြပါတယ် မိဘဆီက ပါလာတာ က စရိုက် နဲ့ ဗီဇပဲ ပါနိုင်မှာပါ

အရွယ်ရလာလို့လုပ်ငန်းခွင်မှာ ပါတ်ဝန်းကျင်မှာ အများနဲ့ဆက်ဆံရရင် နေနည်းထိုင် နည်း က အများ နဲ့ တူတူ နေတတ်ဖို့အများအတွက်ပါ စဉ်းစားတတ်ဖို့က ကျာင်းကသင်ဖို့လိုပါတယ် ဒါကကျောင်းက မဖြစ်မနေသင်ပေးရမဲ့ သင်ခန်းစာပါ…….

မူလတန်းအထိကို ၆တန်းထိသတ်မှတ်ပါတယ်

၆တန်းထိ ကို သူတို့က စာကို အဓိကထက် ပါတ်ဝန်းကျင်နဲ့နေထိုင် နည်း စည်းကမ်း စနစ် များကို သင်ပါတယ် …အကုန် လုံး ဘ၀ အခြေခံ နေထိုင်းနည်း အားလုံး သင်ပေးလိုက်ပါတယ်။

ကလေးကို ဘယ် မှာဝါသနာပါထူးချွန်သလဲ ဆေးပညာ စိတ်ဝင်စားသလား အားကစားလား အနုပညာလား သမိုင်း လား သုတေသနာလား တစ်ခါတည်းအမှတ်ခွဲ ပြီးဆရာဆရာမများက မှတ်ချက်ပေး ထားပြီးသားပါ။

ဒါမှ အလယ်တန်း ကို ကျောင်းရွေးရင် သူ့ဝါသနာပါ တဲ့ကျောင်း နဲ့ဘာသာ ကို အဓိက ထား ယူဖို့ လမ်းညွှန် ပါတယ်….အများစုက ကျောင်းဆိုတာ စာပဲသင်ရမယ် ထင်နေတာပါ။ စာတွေ အလွတ်ကျတ် အလွတ်ဖြေ

အမှတ်ကောင်း နံပါတ် ၁ သူများထက်သာ တွေကို သင်ပေးလိုက်တဲ့ကလေးက သူများကို ကိုယ်ချင်းစာတတ်ဖို့သူများ အတွေးကို ပါ ခံစားပေးဖို့ ဆိုတာ ဝေးပါတယ်။ အခုလိုမျိုး နမူနာ အနေနဲ့ အမှိုက်မြင်တာနဲ့အမှိုက်ပြစ်တဲကော့င် စည်းကမ်းမရှိဘူး ဆိုပီး တွေးမဲ့အစား

အခြေအမြစ်ကျကျ စဉ်းစားတတ်အောင် အမှိုက်သွားပြစ်နေရင်း နဲ့ ရုတ်တရက် မူးလဲပီး အရေးပေါ် အခြေအနေ တစ်ခုခုကြောင့်လား မျိုးလေးပါ စဉ်းစားခိုင်းတာ။ ဒါကို ဘေးက လူက ဒီအမှိုက်ကို မြင်တဲ့အချိန် မှာ ဘာမှမလုပ်ကြဘူးလား ဆိုတာ အမှိုက်ကို

လမ်းမှာပြစ်တဲ့သူ တင်အပြစ်မဟုတ်ပဲ ပြစ်တာ မြင်ရက်နဲ့ မပြောတဲ့သူက လဲတာဝန်ရှိကြောင်း ပြစ်တာမမြင်လိုက်လို့ အမှီုကို လမ်းဘေးမှာ အရင်တွေ့တဲ့သူကလဲ အမှိုက်ကို မသိမ်းရင် သူလဲ အပြစ်ရှိကြောင်း

ဒါကိုယ့်နေရာဖြစ်တဲ့အတွက် ကိုယ် နေရာမှာအတူနေသူတစ်ဦးဦးက စည်းကမ်းမလိုက်နာ ရင်လိုက်နာအောင် လုပ်စေဖို့ လိုအပ်ရင်ကူညီဖို့ က ကိုယ့်မှာလဲတာဝန်ရှိတယ် သူမလုပ်နိင်လို့ရှီရင် မလုပ်တတ်ရင်ဘာကြောင့်ဆိုတာရယ်စဉ်းစားဖို့

လိုအပ်ရင် ကူညီပီးကိုယ်ပါ လုပ်ပေးဖို့က တာဝန်ရှီတယ် ဆိုတာကို သင်ခန်းစာ ပေးတဲ့ သင်ကြားနည်း ကိုယ်ပိုင် စဉ်းစားတွေးခေါ်ပီးမှ အမှန်ကို လက်ခံ စေတဲ့နည်းလေးပါ။ ကိုယ်ပိုင်စဉ်းစားတတ်အောင် သင်တာပါ။

မိဘမအားလို့ကလေးကိုပြစ်ခိုင်း လိုက်တာလား ကလေးက နေရာမှားပြစ် သလား မျိုး လေးကို ဆွေးနွေးပိး သင်တာပါ စာတစ်ပုတ်ကို အလွတ် ကျတ်ခိုင်း တာထက်များစွာ တန်ဖိုး ရှိတဲ့ သင်ခန်းစာများပါ …

ဒါကျွန်မမြင်ခဲ့တာတစ်ခုကိုပဲ ဥပမာပေးတာပါ ဒီမျိုးများစွာပါပါတယ် တစ်လတစ်ကြိမ်မို့ ကျွန်မသမီးကြီး ၄တန်းထိ အငယ် လေး တစ်တန်း ထိ ကြုံတွေ့ခဲံ၇ပါတယ် …အဲဒီ သင်ခန်းစာဆွေးနွေးနေတုံးမှာ

ကလေးတစ်ဦးက ဆရာကိုမေး လိုက်တဲ့မေးခွန်းလေး အရမ်းသဘောကျတယ် သူများမမြင် မစဉ်းစားတာ စဉ်းစားလိုက်ပုံလေး..

ဆရာဒီအမှိုက်ကို မြင်သလား တဲ့ ဆရာကမြင်တယ် မြင်လို့ဒီမေးခွန်းကို မေးတာ လို့ပြော တယ် ဆရာတပည်က သူငယ်ချင်းလို ဆွေးနွေးတာပါ။ ကလေးကထပ်မေးတယ် ပြစ် တဲ့သူကို တွေ့လိုက်သလားတဲ့ ဆရာက မတွေ့ဘူးတဲ့ ဖြေတယ်။

ကလေးက ထပ်ပြောတယ် ဆရာ အဲဒီအမှိုက်ကို ဘာလုပ်ခဲ့သလဲတဲ့ ဆရာ အမှိုက်ကိုကော်ပီးအမှိုက်ပုံးထ်ဲကို ပြစ်ခဲ့ပါတယ် တဲ့။ ဆရာက လက်ခုပ်တီးပီး ကလေးပါတဲ့ အဲဒီအုပ်စုကို ချီးကျူးတယ်။ ကလေးတစ်ယောက်ထဲကို နာမည်တပ် မချီးမွှန်းပါတယ် အုပ်စုကို ချီးမွှမ်းပါတယ် …။

အဲဒီလို အုပ်စု အဖွဲ့လေးနဲ့ လုပ်တတ် စဉ်းစားတတ်အောင်သင်သလို တစ်ဦး ချင်း အတွက်လဲ သင်ပါတယ်….

ပန်းပင်လေးစိုက်ထားရင် တစ်ဦးချင်စီ ကိုယ်အပင် ဖြစ်လာတာကို အသေးစိတ် ပုံလေးပါဆွဲပီး သူတို့အမြင် အဖြစ်အပျက် လေးတွေ ကို ပုံလေးဆွဲပြီး စာစီကုံးခိုင်း စာရေးခိုင်းပါတယ်….

အိမ်မှာ ပိတ်ရက်မှာမိဘနဲ့ အတူတူ တကွ လုပ်ခဲ့တာလေး ကို လဲ ဟောပြောပွဲမှာ ဟောပြောရသလို အတန်းရှေ့ ထွက်တစ်ဦးစီ အကုန်လုံး အချိန်သတ် မှတ်ပေးပီးပြောခိုင်းတာလေး

စကားပြောဖို့ရှေ့ထွက်လာရင် လူတွေကို အရိုအသေးပေးရမှာ ကျေးဇူးတင်ပါတယ် ပြောရမှာမျိုးထိ စသည်ဖြင့် အသေးစိတ် ပါသင်လိုက်တာပါ….. အဲဒါကြောင့်သူတို့တွေက ခေါင်းဆောင်လဲလုပ်တတ်တယ် နောက်လိုက် ကောင်းလဲ လုပ်နိုင်ကြတာပါ….

ကလေးက ငယ်ကတဲ က လူရာဝင်နေပါပီ.ကိုယ့်ဘ၀ကိုယ်ကောင်းစွာတည်ဆောက်နိုင်အောင် အရင်သင်ပေးပြီးမှ သူ့အသက်မွေးဝမ်းကြောင့်အတွက် အဓိက ပညာရပ်များကို သင်ပေး တာပါ……..

အုပ်စုလိုက်ကို လဲ အလှည့်ကျခေါင်းဆောင်လေးလုပ်ခိုင်းပါတယ် စိုက်ခင်းလေးတစ်ဖွဲ့ဖွဲ့ပေး တာမျိုး လုပ်ပီး ခေါင်းဆောင် အလှည့်ကျ လုပ်ခိုင်းတာ ခေါင်းဆောင်ခိုင်းတာကို နောက် လိုက် အလှည့်ကျ သူက လိုက်နာ ခိုင်းတာမျိုးလေးတွေပါ…..

ကျောင်းဆိုတာ စာသင်တာ တစ်ခုတည်းမဟုတ်ပါကြောင်း နဲ့ ထစ်ခနဲရှိ ဆရာ ၀န် ဖြစ်ဖို့တစ်ခု တည်း ကျောင်း ပို့တာမဟုတ် ကြောင်း ကို မိဘကော ဆရာကော တာဝန်ရှိသူများကောသိဖို့လိုပါတယ်…..

နောက် ကျောင်းအကျယ် အ၀န်းပါ

ကျွန်းနိုင်ငံမြေရှားတဲ့ နိုင်ငံမှာတောင် အကျယ်က ကစားကွင်း မိုးလုံလေလုံ အစည်းအဝေးခန်းမစသည်ဖြင့်အကုန်ပါပါတယ် လုံလောက် ပါတယ်။ ကျောင်းတိုင်းပုံစံတူပါ။

မြန်မာပြည်မှာ ကျောင်းတွေက မူလက ကျယ်ပါတယ် နောက်တော့ ကျောင်းမြေတွေ ပျောက်ကုန်ပါတယ်။ ဘေး အိမ်နဲ့ ကပ်နေတဲ့ကျောင်းတွေလဲ များစွာရှိပါတယ်။ မီးရေးထင်းရေး သိပ်အန္တရယ်များပါတယ်။ ထွက်ပေါက် လုံလုံလောက်လောက်မရှိ

ကျောင်းရှေ့မှာ ကား လမ်းမကြီး နဲ့ကျောင်းတွေ ကျောင်းပါတ်လည် ကျောင်းနယ်နမိတ်ထဲ လမ်းမဖက်မျက်နှာမူပြီး ဆိုင်ခန်း ငှားစား တာတွေ တစ်ချို့ကစားသောက်ဆိုင် အရက်ဆိုင်များပါရှိ နေပါတယ်။

ကျောင်းနယ်နမိတ်ကို ဆိုင်ခန်းငှားစာခွင့်ဘယ်သူ ခွင့်ပြုတာလဲ သိပ်သိချင်တာပဲ အဲဒီကရတဲ့ငွေကြေး ကို ဘယ်နေရာမှာသုံးပြီးဘယ်လို စီမံသလဲ သိခွင့်ရချင်တယ်။

အခု ပုဂ္ဂလိကကျောင်းတွေ ဆို အခန်းကျဉ်းလေးတွေ မှာ ကိုယ်ပိုင်ကျောင်း လုပ် သင်နေတယ် အလင်းရောင်လုံလုံလောက်လောက်မရှိ။

ဒါတွေစိစစ်ရမှာပါ အောင်ချက် ကောင်းရင် အမှတ် အများကြီးရ တဲ့ကျောင်းသား မွေးထုတ်နိုင်တယ် ဆိုတာကိုဂုဏ်ယူနေတဲ့ပညာရေးစနစ် က တကိုယ်ကောင်း စိတ် တွေ မွေးထုတ်နေ တာပါပဲ။

နောက်ကျောင်းလွှတ် ချိန် ပါ။

မြန်မာပြည် မှာ ကျောင်း ဆင်းခေါင်းလောင်း နဲ့ အကုန် အတန်းအားလုံးတစ်ပြိုင်တည်းဆင်းပါတယ်။ ဒီမှာကတော့ အတန်းခွဲလွှတ်ပါတယ်။ တစ်တန်းနဲ့တစ်တန်း ၁၀ မိနစ်စီခြား လိုက်တာပါ။

ကျောင်းခန်းက နေ ကျောင်း ၀ထိ ကြားထဲမှာ ဆရာဆရာမများ တစ်ယောက်စီ ခပ်လှမ်းလှမ်းမှာ ခြားထားပြီးစောင့်ပေးပါတယ်။ ၁ တန်းကလေးတွေဆိုရင် တော့ အတန်းကြီးနဲ့ တစ်နာရီစော ကျောင်းဆင်း ပေးပီး

တစ်တန်းနဲ့ တစ်တန်းကို ၁၀ မိန်စ်လောက်စီ ခြားလိုက် တာပါ အဲဒီတော့အ၀မှာလူ ပြည့်ကျပ် မနေတော့ဘူး မိဘတွေ လဲ ပြွတ်မနေတော့ဘူး ပေါ့။

ပညာရေးပြောင်းမယ် ဆိုလို့ ပြောတာဟာသိပ်ကြာလာပီး ခုထိတော့ သိပ်မထူးခြားမို့ ရေးလိုက်ပါတယ်။ ကျွှန်မမှာသမီးတွေရှိတယ် သူတို့အနာဂါတ်က သူတို့ကို ကျောင်းမှာဘယ်လိုပညာတွေသင်ပေးလိုက်မှာလဲပေါ် မူတည်တယ် လို့ပဲ ကျွန်မခံယူထား ပါတယ်။

အဖေအမေက ဘာတွေအမွေ ဘယ်လောက်ပေးနိုင်တယ်ဆိုတာ က ခပ်ညံ ညံ့အတွေး သမားတွေ အတွက်လို့ထင်ပါတယ်။ ဒါကြောင့် သူတို့အနာဂါတ်လှမဲ့ ပညာရေး ကို မိဘအားလုံးလိုချင်မှာပဲ လို့တွေး မိလို့ ကျွန်မနားလည်သလို ခံစား ရေးပေးလိုက်ပါတယ်။

စာတွေ အလွတ် ကျတ်ပီးဂျောင်းဂျောင်းပြေး ပြန်ဆိုပြနိင်တာ ကို စာတော် တယ် ဆို တာ ဟုတ်ချင်ဟုတ်ပေမဲ့ သူတို့အသိဥာဏ်များ အဆင့်မှီတယ်လို့ကျွန်မမထင်ပါ … ဘွဲ့သာရသွားတယ် လုပ်ငန်းခွင်မှာ အံဝင်အောင်မနေတတ် ကြ သူများ များစွာရှီနေပါတယ်။

နေရာသစ်ပါတ်ဝန်းကျင်သစ်ဆို နေလို့က မတတ်ကြလောက်အောင်ထိ သိမ်ငယ်စိတ် ၀င် နေတဲ့ဘွဲံ၇များစွာတွေ့ဘူးပါတယ်။ အလွတ်ကျတ်စာတွေ စာတော်တာက လူတော် တာ ညဏ် ရည် ထက်မြတ် တာ စိတ်နှလုံး ရည် ပြည့်ဝတာ မဟုတ်ပါ။

လောကမှာ ကိုယ်တစ်ဦးတည်း ထိပ်ရောက်အောင် ဖြတ်သန်း ပီး ကိုယ်လို ထိပ်မရောက် လာသူ အကြောင်းကြောင်းကြောင့် အခက်အခဲဖြစ်ခဲ့သူကို ကိုယ်ချင်းစာတရား မထား နိုင်ပဲ နိင်လို မင်းထက်ပြု ပီး ငါ့လို မှမင်း မလုပ်ခဲ့တာ မလုပ်နိုင်တာ ဆိုပြီး

သူတစ်ဖက်သားကို ကိုယ်ချင်းမစာတတ်တဲ့ ငါ့လောက် မတော် လို့ ဆိုပီး နိမ့်နိမ့်ကျကျ ဆက်ဆံ မဲ့ သူတွေဘွဲ့ရ အလွတ်ကျတ်စာတွေ တတ် ပီး ပညာမတတ် တစ်ကိုယ်ကောင်း ငါသိငါတတ်ငါတော်လို့ထင် နေစေတဲ့ သူ တွေ မွေးထုတ် ပေးတဲ့ ကျောင်း များ ကို လေ ပြောင်းလဲစေ ချင်လိုက် တာ…..

သူတို့ပြောင်းဖိုဆိုတာ သင်ကြား သူတွေလဲ ပြောင်းဖို့ သိသင့်တာတွေ သိ အောင် လုပ်ပေး
ဖို့လိုပါတယ် ….(မှတ်ချက်ဒီစာမှာ ဆရာဆရာမများအတွက် Projectorနဲ့ကွန်ပြူတာ ဆိုတာ အခန်းတိုင်းရှိတယ် ဆိုတာ နဲ့ ၆သိန်း တန် လောက်ကို ၁၁ သိန်း စာရင်းပြ တင်ဖို့ ပဲစဉ်းစား မနေပါနဲ့ဦးနော်။

ဘတ်ဂျတ်များ ကျလာရင်လဲ တကယ်ဝယ်ပြီး သုံးစွဲနည်းများကို ဆရာ ဆရာမ များကို သင်ပေးပါလို့လဲ တိုက်တွန်းပါတယ် …ဘတ်ဂျတ် ကျဖို့အဓိကပဲ ဟန်ပြ မလုပ် ပါနဲ့ နော် ဒါက အမြင်ကပ်လို့ထည့်ရေးပါတယ်…)

နောက်ဆုံးက ပုံက ကျောင်းအ၀င်ဝပုံပါ ကျောင်းထဲဝင်ရင် ကျောင်းထဲစီးတဲ့ဖိနပ်လဲစီးရပါတယ် ကိုယ့်ဖိနပ် ကိုယ့်နေရာကိုယ်ထားရပါတယ် …

တိုင်းပြည်နောင်နှစ် ၂၀ ဆယ်မှာကောင်းချင်ရင် အခု အချိန်မှာ ပညာရေးကို တကယ် နားလည်သူများကို တာဝန်ပေးပြီး ရဲရဲ ပြုပြင်ပြောင်းလဲလိုက်ပါ….

ကျောင်းဆိုတာစာတစ်ခုတည်းသင် ပေး အလွတ်ကျတ်ခိုင်း မှတ်နိုင်သူ လူတော် ပထမ လို့သတ်မှတ်တဲ့စနစ် စာအလွတ်ကျတ်နိုင်ကျူရျင်ကောင်းကောင်း ဂိုဒ်ကောင်းကောင်းနဲ့အနီးကပ် ၆လ တစ်နှစ်လောက် ဖိအားပေး မှတ်ခိုင်းကျတ်ခိုင်းလိုက် လို့ရသွားတဲ့အမှတ်ကောင်းသူများ က

ဝါသနာပါပါမပါပါ ဆရာဝန် ဖြစ်အောင် ဆေးကျောင်းတတ် ပြီးရင် ဆေးမကု ပဲ နေတာ က အရေအတွက်နဲ့ တစ်နှစ် ဘယ်လောက်သာ ဆေးပညာလေ့လာခွင့်ပေးမယ် လို့သတ်မှတ်ထားတဲ့ နိင်ငံတော်မှာလဲ အလွန်နစ်နာသလိုပြည်သူများလဲ အလွန်နစ်နာရပါတယ်

ကျွန်မအခုရေးတာက သင်ရိုးညွှန်းတမ်းကို သာ အဓိကရည်ရွယ်ပါတယ် …. သင်ရိုးညွှန်းတမ်းပြုပြင်ပြောင်းလဲနိုင်သူ တာဝန်ရျိသူများကို သာရည်ရွယ်ပါတယ် …

Credit:ယုရီကို

Be the first to comment

Leave a Reply

Your email address will not be published.


*