Unicode
သတိထားကြပါ… တချို့ မိသားစုလိုက်သေကြတယ်ဆိုတာ ဒီလိုဈေးသည်တွေကြောင့်ပါ
သတိထားကြ ပါ… မိသားစုလိုက် အစုလိုက်အပြုံလိုက် အစားစာရင်း သေတယ်တို့ ဘာတို့ ဆိုတာ ကျွန်မ တို့ fb မှာလည်း မြင်ဘူးတယ်… ဖတ်ဘူးပါတယ်။ ဒီလိုမျိုး ဈေးသည် တွေရှိလို့ လည်း သေကျတာ နေမယ်…။
ဒီမနက် ကျွန်မ ဈေးသွားပါတယ်…။ ပန္နဲကွင်းလေးတွေ ဖွေးဖြူ သန့်ပြန့် နေတော့ တခုခုလေး နဲ့ ရောချက်မယ်စိတ်ကူး နဲ့ ဆလုံကြီး နဲ့ ရေစိမ်ထားသော ပန္နဲ ကွင်း တွေကို ကျွန်မ ဆယ်ယူပြီး ချိန်ခိုင်းလိုက်ပါတယ်…။
ပိုက်ဆံရှင်းပြီး ကျွန်မ ဈေးပတ်နေတဲ့ အချိန်ပဲ ကျွန်မ လက်တစ်ဖက် တော်တော် နီပြီး ယားလာတာ…။ စောနက ပန္နဲ ကွင်း စိမ်ထားသော ရေတွေ ကိုင်ခဲ့တဲ့ လက်တစ်ဖက်ပါ။
ကျွန်မစိတ်ထဲ ဒီလက်တွေကလည်း ဘာဖြစ်နေလဲ မသိဘူးလို့ မနေ့က ကျ တုန်တယ် ဒီနေ့ကျ ယားတယ်ဆိုပြီး ဘဝင်မကျ ဖြစ်နေမိပါတယ်…။
ကျွန်မ ဈေးပတ်ပြီး စောနက ကျွန်မဝယ်ခဲ့သော ပန္နဲကွင်း ရောင်းသော ကုန်စိမ်းသည် ရှေ့ ကို ကျွန်မ ပြန်ရောက်သွားပါတယ်…။ ကျွန်မလည်း ဘာရယ်မဟုတ်ဘူး သူကိုလှမ်းကြည့်လိုက်တာ သူက ပန္နဲသီး ခွဲနေပါတယ်…။
ကျွန်မ ကြည့်နေတဲ့အချိန်ပဲ သူက ပန္နဲသီး နဲနဲသာ ကျန်တော့သည် ရေဆလုံထဲကို ( စတိုင် အစွန်းချွတ်ဆေး ) တစ်ထုပ် ကို ဖောက်ထည့် ပြီး သူလက်နဲ့ မွှေလိုက်ပါတော့တယ်…။
OMG ကျွန်မ မင်သက် အံသြစွာနဲ့ပဲ သူဘာဆက်လုပ်မလဲ ထပ်ကြည့်နေပါတယ်…။ သူက ပန္နဲသီး ကို ခွဲတယ် အခွံခွာ တယ် စိတ်တယ်။ ပြီးတော့ အဲ ဆလုံထဲကို ပစ်ထည့် ပါလေ ရော့…။
သွားပြီ ကျွန်မ လက်ယားနေတာက အစွန်းချွတ်ဆေး ရေတွေ ထိမိတာဆိုတာ ကျွန်မသိသွားပါပြီ…။ ဒီမိန်းမကြီး ဒီလို သူဈေးရောင်းရဖို့ အရေး စားသုံးသူ ပြည်သူတွေကို ဘာဖြစ်ဖြစ် ဆိုပြီး…
ကိုယ်ကျိုးစီးပွား ရှာနေတာမျိုး ကိုတော့ ကျွန်မ လက်မခံပါဘူး…။ ဈးရုံး ကို သွားတိုင်ရမယ်။ ဟုတ်တယ်… ကျွန်မ ဈေးရုံး ကို သွားခဲ့ပါတယ်…။
ဈေးရုံး ရောက်တော့ ဈေးခေါင်း နဲ့ တွေ့ပါတယ်…။ ” ဘာဖြစ်တာလဲ ညီမ အလေးမပြည့်လို့လား ” မဟုတ်ပါဘူးလို့ ဒီကုန်စိမ်းသည် လုပ်ပုံတွေကို ကျွန်မ ပြောပြလိုက်ပါတယ်။ နေရာ ပြောပြလိုက်တော့ သူတို့ သိပါတယ်။ အဲ ပန္နဲကွင်း ဆလုံရော ဈေးသည်ကိုပါ ခေါ်လာကျတယ်…။
ဈေးသည်က ကျွန်မကို “ဘာဖြစ်လို့လဲ…” “အန်တီ ပန္နဲကွင်းထဲကို ဘာလို့ အစွန်းချွတ်ဆေးတွေ ထည့်တာလဲ… အခန့်မသင့်ရင် တစ်အိမ်လုံး သေသွားနိုင်တယ်ဆိုတာ အန်တီ မသိဘူးလား ”
“တစ်ဈေးလုံး ဒီလိုလုပ်နေကျတာပဲ “” ကဲ ဈေးခေါင်း ကြားပြီနော်… သူ ပြည်သူတွေကို ရောင်းတဲ့ ကုန်စိမ်းတွေမှာ လူကို စားမိရင် သေစေနိုင်တဲ့ ဆိုက်အဖက်တွေ သုံးပြီး စီးပွား ရှာနေတယ်ဆိုတာ… သူ့ကို ပြင်းပြင်းထန်ထန် အရေးယူပေးပါ။ ကျွန်မ ပြန်လိုက်ပါအုံးမယ်” ဆိုပြီး ဈေးရုံး ထဲက ထွက်လာပါတော့တယ်…။
အားလုံး သိတဲ့အတိုင်းပဲ ဈေးခေါင်းနဲ့ ဈေးသည် ဆိုတာ စွယ်တော်ရွှက် လိုပဲ …။ ကျွန်မ ဘယ်လိုပြောပြော ဈေးသည်ကိုတော့ ထောင်ထဲတော့ပိ့ုမှာ မဟုတ်ပါဘူး။ ဒါမျိုးတွေ နောက်လုပ်မရောင်းနဲ့ / ဒီလိုတွေလုပ်လို့ ဒီဈေးမှာ ဈေးမရောင်းရဆိုတဲ့ ပြစ်ဒဏ်က အကြီးဆုံးပဲ ဖြစ်မှာပါ။
ဈေးသည်ကလည်း ဈေးရောင်းမှ ထမင်းစားရမှာ။ သူလည်း ဒီဈေးမရောင်းရလဲ နောက်ဈေး ရောင်းနေအုံးမှာပါပဲ…။ ပြောချင်တာကတော့ အခုခေတ်က ကိုယ်စားသောက်မယ် အသီးအနှံတွေ လိုအပ်တဲ့ သဘာဝထက် သန့်ပြန့်လေ ပိုသတိထားကြ စေချင်တယ်ဆိုတာပါပဲ…။
ပြန်လည်မျှဝေပါသည်…မူရင်းရေးသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။
Be the first to comment
Leave a Reply
Your email address will not be published.
*