Unicode
မိမိဖုန်းကို VPN ခံသုံးရင် ဒီအချက်တွေကို သတိထားပါ
မြန်မာမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကြောင့် ဖေ့စ်ဘုတ် လူမှုကွန်ရက် ကို ပိတ်ဆို့မှု ခံထားရပြီး VPN လို့ ခေါ်တဲ့ Virtual Private Network (သီးသန့် ကွန်ရက်တု) စနစ်တွေကို သုံးနေရတယ် ဆိုရင် ဒီအချက်တွေ ကို သင်မဖြစ်မနေ သတိထားဖို့ လိုပါ လိမ့်မယ်။
ကောင်းပြီ ဒီတော့ ကျနော်တို့ ဘာတွေဖြစ်မလဲ လေ့လာ ကြည့်ရအောင်-
(၁) VPN သုံးတာကြောင့် အင်တာနက် သုံးစွဲမှု နှေးကွေး နိုင်ပါတယ်။
ဒါ့အပြင် bandwidth တွေကို ကန့်သတ် ခံရပြီး မိမိ ကိုယ်ပိုင်ထဲက ပိုနေတာတွေ ကို ပြန်ရောင်းစားတာ ခံရ နိုင်ပါတယ်။
(၂) VPN ဆာဗာတွေက မိမိတို့ အသုံးပြုနေတာတွေကို ခြေရာခံနိုင်ပါတယ်။ ဘာတွေသုံးစွဲနေတယ်၊ ဘာတွေပို့နေတယ်၊ ဘယ်သူနဲ့ ဆက်သွယ်နေတယ် ဆိုတာမျိုးတွေပါ။
(၃) Vpn သုံးထားရင် ဖေ့စ်ဘုတ်က လွှဲလို့ ကျန်တဲ့ app တွေ ကို ခံမသုံးပါနဲ့။ (ဒါက အရေးအကြီးဆုံး အချက်ပါ)
(၄) မြန်မာမှာဆို ဖုန်းနဲ့ချိတ်ဆက်ထားတဲ့ ငွေပို့ ငွေလွှဲ app တွေကို VPN ဖွင့်ပြီး မသုံးပါနဲ့။ တည်နေရာတွေ၊ လိုကေရှင်းတွေ သိနိုင်သလို ချိတ်ဆက်ထားတဲ့ app တွေရဲ့ လုံခြုံရေး စနစ်တွေက အကောင့်ပိတ်နိုင်တဲ့ အထိ ဖြစ်စေ နိုင်ပါတယ်။
၅) VPN သုံးရင် နိုင်ငံ တစ်ဆင့်ခံ ဝင်ရ တာကြောင့် တည်နေရာတွေ ကို ပြောင်းပြီးတင်တာ မလုပ်ပါနဲ့။ ဖေ့စ်ဘုတ်က လုံခြုံရေး အချက်နဲ့ ညှိစွန်းတဲ့ အတွက် ဘန်းပါ လိမ့်မယ်။
ဒါ့ကြောင့် စဝင်ကတည်းက နိုင်ငံ တစ်နေရာဆို တစ်နေရာပဲ သုံးပါ။ ဖေ့စ်ဘုတ်မှာ ဟယ်လို စင်ကာပူ တို့ အမေရိကန်တို့ ဆိုပြီး check-in မတင်ပါနဲ့။
ဒီတော့ ဒီအချက်လေးတွေကို အထူး သတိထားကြဖို့ တင်ပြပေးလိုက်ပါတယ်။ ဘေးရန်ကင်းကြပါစေ။Crd
Be the first to comment
Leave a Reply
Your email address will not be published.
*