ျမန္မာျပည္မွ ကပ္သမွ်င္ငါးကို တ႐ုတ္ေတြက သိန္းရာခ်ီေပးဝယ္ရတဲ့ အေၾကာင္းအရင္း

ျမန္မာျပည္မွ ကပ္သမွ်င္ငါးကို တ႐ုတ္ေတြက သိန္းရာခ်ီေပးဝယ္ရတဲ့ အေၾကာင္းအရင္း
ျမန္မာျပည္မွ ကပ္သမွ်င္ငါးကို တ႐ုတ္ေတြက သိန္းရာခ်ီေပးဝယ္ရတဲ့ အေၾကာင္းအရင္း

ျမန္မာျပည္မွ ကပ္သမွ်င္ငါးကို တ႐ုတ္ေတြက သိန္းရာခ်ီေပးဝယ္ရတဲ့ အေၾကာင္းအရင္း

အခ်ိန္ ၄၀ ဝန္းက်င္ရွိၿပီး ကာလတန္ဖိုး သိန္း ၃၀၀/၅၀၀ ဝန္းက်င္ခန႔္ တန္ဖိုးရွိတဲ့ Lucky ငါး။ ေဒသအေခၚ ကပ္သမွ်င္ငါးတစ္ေကာင္ မြန္ျပည္နယ္မွာ ဖမ္းဆီးရမိခဲ့တယ္ဆိုတဲ့သတင္းတစ္ပုဒ္ ဖတ္လိုက္ရပါတယ္။

ဒါ့ေၾကာင့္ဒီငါးေတြ ဘာေၾကာင့္.ဒီေလာက္တန္ေၾကးႀကီးသလဲဆိုတာအမ်ားသိေအာင္ ေျပာျပခ်င္စိတ္ ျဖစ္လာပါတယ္။ တကယ္ေတာ့ ကပ္သမွ်င္ငါးအသားက တန္ဘိုးမရွိပါဘူး။ စီေပါင္းက တန္ဘိုးႀကီးတာပါ။

အထီးက စီေပါင္းအသားထူၿပီး အမထက္ေဈးပိုရပါတယ္။ ဥပမာ ငါးတစ္ေကာင္ ပိသာႏွစ္ဆယ္ရွိရင္ စီေပါင္းခန႔္မွန္းေျခ ႏွစ္ဆယ္သားေလာက္ ရွိႏိုင္ တယ္လို႔ ကြၽမ္းက်င္သူမ်ားက ခန႔္မွန္းပါတယ္

ငါးဝယ္လက္မ်ားကေတာ့ စီေပါင္းအေနအထားအတြက္ ဝမ္းဗိုက္ကို လက္နဲ႔စမ္းၿပီး ခန႔္မွန္း စီေပါင္း အထူအပါးကို ခန႔္မွန္း ေဈးေပးၾကပါတယ္။ ဘုရင့္ေနာင္ပြဲ႐ုံမွာ စီေပါင္း ေလလံပြဲ လုပ္ပါတယ္။ တ႐ုပ္ဝယ္လက္မ်ား ေဈးအၿပိဳင္ဆြဲ ဝယ္ပါတယ္။

တကယ္ေတာ့. ကပ္သမွ်င္ငါး ေလလံပြဲက စိတ္ဝင္စားဖို႔ေကာင္းပါတယ္။ ေလလံေအာင္တဲ့သူက ငါးကို ခဲတံခြၽန္ဓားနဲ႔ဗိုက္ကိုကြၽမ္းက်င္စြာ ခြဲယူၿပီး ေလသလပ္ခံ ေျခာက္ေအာင္လုပ္ပါတယ္။ ေနပူမလွမ္းပါဘူး။ ၿပီးရင္စီေပါင္းကို ကတီပါအိတ္ထဲ တယုတယ ထည့္ယူပါတယ္။

ဒီ့ေနာက္ေတာ့ ကြၽန္ေတာ္စိတ္ဝင္စားတာနဲ႔ ကပ္သမွ်င္ ငါးစီေပါင္းကို ဘယ္ေနရာမွာသုံးလို႔ ေဈးႀကီးတာလည္း စုံစမ္းၾကည့္တဲ့အခါ အေျဖအမ်ိဳးမ်ိဳးရပါတယ္။အာရပ္လူမ်ိဳးေတြ ကေလးေမြးၿပီး မီးေနသည္ဘဝမွာ မီးရႈိ႕ အေငြ႕ရွဴတယ္လို႔ ေျပာပါတယ္။

ျမန္မာျပည္က မီးေနသည္ေတြ နႏြင္းရွဴသလိုမ်ိဳးေပါ့။ ေနာက္ source တစ္ခုက တ႐ုပ္မ်ိဳးႏြယ္စုတစ္မ်ိဳးမွာ ကပ္သမွ်င္စီေပါင္းကို ေယာက်ၤား မိန္းမ တင္ေတာင္းတဲ့ ေနရာမွာသုံးပါတယ္။

ဥပမာ မိန္းကေလးရွင္ဖက္က တင္ေတာင္းႏိုင္ရင္ တစ္သက္လုံး မိန္းမအႀကိဳက္လိုက္ရပါတယ္။ ေယာက်ၤားေလးရွင္ ဖက္က တင္ေတာင္းႏိုင္ရင္ တစ္သက္လုံး ေယာက်ၤားအႀကိဳက္လိုက္ရပါတယ္။ သိသေလာက္ ေရးျပျခင္းျဖစ္သည္။

ဒီ့ထက္ပိုၿပီး သိတဲ့သူမ်ားလည္း အမ်ားသိရေအာင္ကြန္မန႔္မွာ ေရးေပးသြားဖို႔ ဖိတ္ေခၚပါတယ္။

ဒီအေၾကာင္းအရာေတြကိုလည္း ကို Thant Zaw Win ဆိုတဲ့ လူတစ္ေယာက္က ေရးျပထားလို႔ သိရတာပါ။ ဒါ့ေၾကာင့္ တံငါသည္ေတြအေနနဲ႔လည္း..ကံေကာင္းႏိုင္ၾကပါေစလို႔ ဆုေတာင္းရင္း

ေရးသားသူ – ဘုန္းထက္ၾကယ္…ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

ပိုစ္ေအာက္မန႔္ထားတာေတြပါ ဗဟုသုတအရမ္းရပါတယ္

ကပ္သမွ်င္ငါးကို ရခိုင္ကမ္း႐ိုးတန္းနဲ႔ဧရာဝတီျမစ္ဝကြၽန္းေပၚ ကမ္း႐ိုးတန္းေဒသေတြမွာမ်ားေသာအားျဖင့္ ေတြ႕ရေလ့ ရွိပါတယ္။ အရင္တုန္းကျမန္မာႏိုင္ငံမွာ တႏွစ္အေကာင္သုံးေလးဆယ္ေလာက္ ရႏိုင္ေပမယ့္ အခုေနာက္ပိုင္းမွာေတာ့ သုံးေလးေကာင္သာရရွိေတာ့ပါတယ္…ကပ္သမွ်င္ငါး အဆီေပါင္း တစ္က်ပ္သားကို ၃၅သိန္းေလာက္ လက္ရွိေဈးေပါက္ပါတယ္ …။

ႏိူင္ငံတကာေဈးကြက္မွာ ျမန္မာေငြ သိန္းေထာင္ခ်ီတန္တယ္ဗ် ဒီငါးကအေတာ္ရခဲတဲ့ငါးပါ။ သူနဲ႔ခပ္ဆင္ဆင္ ကပ္သေပါင္း လဲရွိတယ္ က်ေနာ္ ငါးေလာကမွာ လုပ္တုန္း စုံစမ္းမိသမွ်ေတာ့ တ႐ုတ္ေတြက ငါးစီေပါင္းမွန္သမွ်ကို ေယာက်ာ္းအားတိုးေဆး အေနနဲ႔စားတယ္လို႔ ေျပာၾကပါတယ္။

စီေပါင္းထဲမွာ အဲဒီငါးစီေပါင္းပီးရင္ ေဈးအေကာင္းဆုံးက ငါးေ႐ႊ(ၿမိဳ႕အေခၚ ငါးေဟာက္ မုန႔္ဟင္းခါးရည္ခ်က္ အရမ္းေကာင္း စီေပါင္းပဲ သူလဲ သိန္းနဲ႔ခ်ီတန္တယ္။ တ႐ုတ္ေတြက နတ္ကိုးကြယ္ ယုံၾကည္မူ တအားရွိၾကတယ္။ တ႐ုတ္ေတြက အဲဒိငါးကို ႐ိုးရာနတ္ကိုးကြယ္ ပူေဇာ္ပသတဲ့ ေနရာမွာ အသုံးျပဳၾကတယ္။

အလိမၼာ စာမွာရွိဆိုသလိုေပါ့ဗ်ာ။ စာဖတ္တဲ့သူက စာမဖတ္တဲ့သူနဲ႔စာရင္ ပိုသိၾကတာပဲ။ ဥပမာ ကရင္ျပည္နယ္ သံလြင္ျမစ္ေဘး ကကရင္႐ြာေတြမွာ ဒီလိုငါးမ်ိဳးေတြ႕လို႔ကေတာ့ အပိုင္းပိုင္းခုတ္ထစ္ ငါးပိသိပ္လို႔ ဘာေျပာေကာင္းမလဲ။

ျမန္မာျပည္ရဲ႕ ေဈးအႀကီးဆုံးငါးပိကို စားေနၾကမွာ အမွန္ပဲ။ ေတာမွာေနတဲ့ ကရင္လူမ်ိဳးမ်ားဟာ သိပ္႐ိုးသားၾကတာ တခ်ိဳ႕ နယ္ဘက္ေတြမွာ အဲဒိငါးကို ကနကုတ္လိုလည္း ေခၚၾကတယ္။

ဒီငါးက လပ္ကီးငါးလို႔လဲ ေျပာတယ္ စီေပါင္းကိုေနပူထဲမလွန္းတာက အေလးခ်ိန္စီးေအာင္ပါ။စီေပါင္းမွာ ေသြးစြန္းရာ ပြန္းပဲ့ရာ စီေပါင္း အတံရွည္ထိပ္ပိုင္းေလး ပဲ့ေနတာဆိုလဲ ေဈးေကာင္းမရပါဘူး။

အာ့ေၾကာင့္ ခုေနာက္ပိုင္း အေကာင္လိုက္ ေရာင္းရတာပါ။ေ႐ႊငါးရၿပီးထဲ့ ေရလုပ္သားေတြက ငါးဖမ္းတာရပ္လိုက္ရပါတယ္။

အာ့ငါးရၿပီးတာေတာင္ ဆက္ၿပီးငါးဖမ္းေနေသးရင္ ရွိသမွ်အကုန္ေျပာင္တာပဲ။တံငါသည္ေတြၾကားမွာေတာ့ ဒီငါးရပီရင္ တံငါအလုပ္ မလုပ္စားနက္နဲ႔ေတာ့တံငါအလုပ္ ဆက္လုပ္ရင္ အက်ိဳးမျဖစ္ေတာ့ဘူးတျခားအလုပ္ ေျပာင္းလုပ္ရတယ္လို႔ ယုံၾကည္ၾကတယ္။

“ဟုတ္ကဲ့”ကပ္သမွ်င္အစီေပါင္းကို တ႐ုတ္ႏိုင္ငံမွာ ကာမေဆးေဖာ္စပ္တဲ့ေနရာမွာလည္းသုံးပါတယ္..ဒါ့အျပင္ တ႐ုတ္ နာမည္ႀကီး တိုင္းရင္းေဆးဝါးထုတ္လုပ္ရာမွာ လည္းအသုံးျပဳၾကပါတယ္ကပ္သမွ်င္အဆီေပါင္းနဲ႔ ထုတ္လုပ္ထား တဲ့ တိုင္းရင္းေဆးဟာ အရမ္းေဈးႀကီးပါတယ္…။

ကပ္သမွ်င္ စီေပါင္းကို ဒန္အိုးဖုံးေပၚတင္ ျခင္ေထာင္ထဲထည့္ၿပီး အျပင္ကပန္ကာဖြင့္ၿပီး ေလနဲ႔ အေျခာက္ခံၾကတယ္။ အေရာင္လွမွ ေဈးေကာင္းရတာ။

အာ့ေၾကာင့္ ခုကေရခဲ႐ိုက္လို႔ရေတာ့ အေကာင္လိုက္ေရာင္းၾကတာ။ အထီးစီေပါင္းက ရွည္ေမ်ာ ေမ်ာေလး အမစီေပါင္းကဝိုင္းတယ္ေျပာၾကတယ္။သူမ်ားေျပာတာၾကားဖူးလို႔ျပန္ေျပာျပတာပါ။

ကပ္သမွ်င္ငါးကို ဒါးႀကီးျဖင့္ဗိုက္ခြဲၿပီး စီေပါင္းကိုေသခ်ာခြါယူရတယ္။ ၿပီးရင္ကပ္ေက်းျဖင့္ စီေပါင္းကို ညီညာစြာခြဲရတယ္။ အထဲမွ ေသြးစနဲအခြၽဲေတြ ဖယ္ရတယ္။ ၿပီးေရစင္ေအာင္ ေဆးၿပီး လိုခ်င္တဲပုံရေအာင္ ပုံေဖၚၿပီး ေနလွန္းရပါတယ္။

၄ပုံ ၃ပုံ ခန္းေျခာက္ေသြးၿပီးမွ ေလပန္ကာျဖင့္အေျခာက္ခံရတယ္။ တ႐ုတ္ ကြန္ျမဴနစ္ပါတီေရွး လူႀကီးအႀကီးအကဲ အခ်ိဳ႕ ကို တန္ဖိုး ႀကီးလက္ေဆာင္ပ႑ာအျဖစ္ ေပးေလ့ေပးထ ရွိတယ္ လို႔ ၾကားဖူးနားဝ ရွိပါသည္။

အလွအပလဲႀကိဳက္ေသးတယ္။ ဝယ္တဲ့တ႐ုပ္က ေရွ႕ကဘုေလးႏွစ္ဘုေဖါင္းေနရမယ္။ ေနာက္ၿပီး အမွီးေလးက ႂကြက္မွီးေလးလို တန္းေနရမယ္။ အဲလိုျဖစ္ဖို႔ နည္းစနစ္ အမ်ားႀကီးရွိေသးတယ္။ အထီးစီေပါင္းေပါင္းက အလယ္ကထူ ေဘးပက္ခ်ာလယ္က ပါး ပါတယ္။

အမစီေပါင္းက တခ်ပ္လုံး ပါးပါသည္။အထီးအမ ရွိပါတယ္။ အထီးရဲ႕စီေပါင္းက ပိုတန္းဖိုးရွိပါတယ္။ ကက္သမွ်င္ စီေပါင္းဟာ က်ည္ကာမွန္ျပဳလုပ္ရာမွာအသုံးျပဳတာပါ။

ကပ္သမွ်င္မွာ ေ႐ြေရာင္ နဲ႔ ေငြေရာင္ႏွစ္မ်ိဳးမွာ ေ႐ြေရာင္ကပ္သမွ်င္ အထီးစီေဖာင္းက ေဒၚလာသုံးေသာင္းႏွင့္အထက္ ႀကီးရင္ႀကီးသလို ေဈးေကာင္းပါတယ္။

စီေပါင္းအေျခာက္ကိုေနေရာင္မွာေထာင္ၾကည့္ရင္ ေ႐ႊေရာင္ အမုံ လဲ့လဲ့ေလး ျမင္ရတယ္ ေငြေရာင္ ကပ္သမွ်င္ကလည္း ေနမွာေထာင္ၾကည့္ရင္ ေငြေရာင္လဲ့လဲ့ ျမင္ရပါတယ္..။

ေငြေရာင္စီေဖာင္းက တကီလိုကို ျမန္မာက်ပ္ေငြငါးသိန္းေဈးဝန္းက်င္ေပါက္တယ္..မိခင္ႀကီး State3 သားအိမ္ကင္ဆာ ခြဲအၿပီး ေငြေရာင္စည္ေဖာင္း..ဆန္ျပတ္တိုက္တာ တပါတ္နဲ႔တင္ ေဆး႐ုံကဆင္းရပါတယ္ ခြဲစိတ္မႈေအာင္ျမင္လို႔ ငါးႏွစ္ ေက်ာ္ပါၿပီ။

ဆိုလိုတာက. လူမမာအတြက္ ထူးထူးျခားျခား အားအင္ျပည့္ၿဖိဳးေစတာေတာ့ ေတြရပါတယ္။ ေ႐ႊေရာင္ ဆိုရင္ေတာ့ ပိုစြမ္းမလားဘဲ..ငါးစည္ေဖာင္း ေတာ္ေတာ္မ်ားမ်ား ႏွလုံးကို အက်ိဳးျပဳတယ္လို႔လည္း မွတ္ရဖူးပါတယ္။

ကပ္သမွ်င္ငါးရဲ႕ေဈးႀကီးရျခင္း အေၾကာင္းေတြထဲက တစ္ခုေျပာပါဆိုရင္ စည္ေပါင္းပါပဲ။ ဒီစည္ေပါင္းက အဖိုးတန္ေရေမႊး လုပ္ရာမွာ မပါမျဖစ္ပါရတယ္လို႔ ၾကားဖူးပါသည္။ ေတာ္႐ုံေဈးေပါေသာ ေရေမႊး၌ထည့္မသုံးႏိုင္ပါ။

ကမာၻတဝွမ္းမွအထက္တန္းစား လူဂုဏ္တန္မ်ားသာ သုံးစြဲႏိုင္ေသာေရေမႊးတြင္သာအသုံးျပဳသည္ဟု မွတ္သားရဖူးပါသည္။

ျပင္သစ္မွ လက္ဗ႐ြန္လိုေရေမႊးမ်ိဳးပါ။ ကပ္သမွ်င္ အခ်ိန္၄၀ေကာင္ဆိုရင္ အစို ၁ပိသာ၁၀သားေလာက္ရွိတယ္။ ခြဲၿပီး လွမ္းမယ္ဆိုရင္ ဆံျပာေသာ ဇေကာႏွင့္ ၁ခ်ပ္ေလာက္ရွိပါသည္။

အသားမွာၾကမ္းသည္ ထင္ရေပမဲ့ အေရခြင္ေရာ အသားပါအလြန္အရသာရွိေသာ ငါးျဖစ္သည္။ ဟင္းခ်က္ရာတြင္ဟင္းနံ႔မွာေမႊးေနသည္။ အသားကႏူးညံ့၍အေရခြံမွာစားလွ်င္ထုတ္ထုတ္ႏွင့္စားလို႔ေကာင္းသည္။

ငယ္ငယ္ ၁၈ႏွစ္သားအထိ အႀကိမ္၂၀မက စားဘူးသည္။ ထိုအခ်ိန္က ပြဲ႐ုံေဈး ၁ပိသာ၄က်ပ္မွ်ရွိ ေဈးထဲ ေရာင္းေဈးမွာ ၁ပိသာမွ ၆က်ပ္၇က်ပ္သာရွိ ေဈးေပၚကို ၁လ ၁၀ေကာင္ ၁၂ေကာင္ ထိတက္။

ဒါအနည္းေလးေျပာတာ ကပ္သမွ်င္ ရလို ေဈးကိုတင္မ္ဆို ငါးကိုအျမည္းႏွင့္ေခါင္းကိုႀကိဳး ခ်ည္ၿပီး ဝါးပိုလုံးႏွင့္ လူႏွစ္ေယာက္ထမ္း၍ေဈးကို သယ္ပါသည္။

ငါးအၿမီး ေျမႀကီးႏွင့္ မလြတ္၍သယ္တာပါ။ ရခိုင္မွာဆာဖာငါးလို႔ေခၚတယ္ဗ်။ အဲငါးႀကီးႀကီးရရင္ ထီေပါက္သလိုပဲရခိုင္မွာ ေပ်ာ္ၾကတယ္။Credit – Zawtheinhtut, Ye Htut Oo

Unicode

မြန်မာပြည်မှ ကပ်သမျှင်ငါးကို တရုတ်တွေက သိန်းရာချီပေးဝယ်ရတဲ့ အကြောင်းအရင်း

အချိန် ၄၀ ဝန်းကျင်ရှိပြီး ကာလတန်ဖိုး သိန်း ၃၀၀/၅၀၀ ဝန်းကျင်ခန့် တန်ဖိုးရှိတဲ့ Lucky ငါး။ ဒေသအခေါ် ကပ်သမျှင်ငါးတစ်ကောင် မွန်ပြည်နယ်မှာ ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းတစ်ပုဒ် ဖတ်လိုက်ရပါတယ်။

ဒါ့ကြောင့်ဒီငါးတွေ ဘာကြောင့်.ဒီလောက်တန်ကြေးကြီးသလဲဆိုတာအများသိအောင် ပြောပြချင်စိတ် ဖြစ်လာပါတယ်။ တကယ်တော့ ကပ်သမျှင်ငါးအသားက တန်ဘိုးမရှိပါဘူး။ စီပေါင်းက တန်ဘိုးကြီးတာပါ။

အထီးက စီပေါင်းအသားထူပြီး အမထက်ဈေးပိုရပါတယ်။ ဥပမာ ငါးတစ်ကောင် ပိသာနှစ်ဆယ်ရှိရင် စီပေါင်းခန့်မှန်းခြေ နှစ်ဆယ်သားလောက် ရှိနိုင် တယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းပါတယ်

ငါးဝယ်လက်များကတော့ စီပေါင်းအနေအထားအတွက် ဝမ်းဗိုက်ကို လက်နဲ့စမ်းပြီး ခန့်မှန်း စီပေါင်း အထူအပါးကို ခန့်မှန်း ဈေးပေးကြပါတယ်။ ဘုရင့်နောင်ပွဲရုံမှာ စီပေါင်း လေလံပွဲ လုပ်ပါတယ်။ တရုပ်ဝယ်လက်များ ဈေးအပြိုင်ဆွဲ ဝယ်ပါတယ်။

တကယ်တော့. ကပ်သမျှင်ငါး လေလံပွဲက စိတ်ဝင်စားဖို့ကောင်းပါတယ်။ လေလံအောင်တဲ့သူက ငါးကို ခဲတံချွန်ဓားနဲ့ဗိုက်ကိုကျွမ်းကျင်စွာ ခွဲယူပြီး လေသလပ်ခံ ခြောက်အောင်လုပ်ပါတယ်။ နေပူမလှမ်းပါဘူး။ ပြီးရင်စီပေါင်းကို ကတီပါအိတ်ထဲ တယုတယ ထည့်ယူပါတယ်။

ဒီ့နောက်တော့ ကျွန်တော်စိတ်ဝင်စားတာနဲ့ ကပ်သမျှင် ငါးစီပေါင်းကို ဘယ်နေရာမှာသုံးလို့ ဈေးကြီးတာလည်း စုံစမ်းကြည့်တဲ့အခါ အဖြေအမျိုးမျိုးရပါတယ်။အာရပ်လူမျိုးတွေ ကလေးမွေးပြီး မီးနေသည်ဘဝမှာ မီးရှို့ အငွေ့ရှူတယ်လို့ ပြောပါတယ်။

မြန်မာပြည်က မီးနေသည်တွေ နနွင်းရှူသလိုမျိုးပေါ့။ နောက် source တစ်ခုက တရုပ်မျိုးနွယ်စုတစ်မျိုးမှာ ကပ်သမျှင်စီပေါင်းကို ယောင်္ကျား မိန်းမ တင်တောင်းတဲ့ နေရာမှာသုံးပါတယ်။

ဥပမာ မိန်းကလေးရှင်ဖက်က တင်တောင်းနိုင်ရင် တစ်သက်လုံး မိန်းမအကြိုက်လိုက်ရပါတယ်။ ယောင်္ကျားလေးရှင် ဖက်က တင်တောင်းနိုင်ရင် တစ်သက်လုံး ယောင်္ကျားအကြိုက်လိုက်ရပါတယ်။ သိသလောက် ရေးပြခြင်းဖြစ်သည်။

ဒီ့ထက်ပိုပြီး သိတဲ့သူများလည်း အများသိရအောင်ကွန်မန့်မှာ ရေးပေးသွားဖို့ ဖိတ်ခေါ်ပါတယ်။

ဒီအကြောင်းအရာတွေကိုလည်း ကို Thant Zaw Win ဆိုတဲ့ လူတစ်ယောက်က ရေးပြထားလို့ သိရတာပါ။ ဒါ့ကြောင့် တံငါသည်တွေအနေနဲ့လည်း..ကံကောင်းနိုင်ကြပါစေလို့ ဆုတောင်းရင်း

ရေးသားသူ – ဘုန်းထက်ကြယ်…လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

ပိုစ်အောက်မန့်ထားတာတွေပါ ဗဟုသုတအရမ်းရပါတယ်

ကပ်သမျှင်ငါးကို ရခိုင်ကမ်းရိုးတန်းနဲ့ဧရာဝတီမြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းဒေသတွေမှာများသောအားဖြင့် တွေ့ရလေ့ ရှိပါတယ်။ အရင်တုန်းကမြန်မာနိုင်ငံမှာ တနှစ်အကောင်သုံးလေးဆယ်လောက် ရနိုင်ပေမယ့် အခုနောက်ပိုင်းမှာတော့ သုံးလေးကောင်သာရရှိတော့ပါတယ်…ကပ်သမျှင်ငါး အဆီပေါင်း တစ်ကျပ်သားကို ၃၅သိန်းလောက် လက်ရှိဈေးပေါက်ပါတယ် …။

နိူင်ငံတကာဈေးကွက်မှာ မြန်မာငွေ သိန်းထောင်ချီတန်တယ်ဗျ ဒီငါးကအတော်ရခဲတဲ့ငါးပါ။ သူနဲ့ခပ်ဆင်ဆင် ကပ်သပေါင်း လဲရှိတယ် ကျနော် ငါးလောကမှာ လုပ်တုန်း စုံစမ်းမိသမျှတော့ တရုတ်တွေက ငါးစီပေါင်းမှန်သမျှကို ယောကျာ်းအားတိုးဆေး အနေနဲ့စားတယ်လို့ ပြောကြပါတယ်။

စီပေါင်းထဲမှာ အဲဒီငါးစီပေါင်းပီးရင် ဈေးအကောင်းဆုံးက ငါးရွှေ(မြို့အခေါ် ငါးဟောက် မုန့်ဟင်းခါးရည်ချက် အရမ်းကောင်း စီပေါင်းပဲ သူလဲ သိန်းနဲ့ချီတန်တယ်။ တရုတ်တွေက နတ်ကိုးကွယ် ယုံကြည်မူ တအားရှိကြတယ်။ တရုတ်တွေက အဲဒိငါးကို ရိုးရာနတ်ကိုးကွယ် ပူဇော်ပသတဲ့ နေရာမှာ အသုံးပြုကြတယ်။

အလိမ္မာ စာမှာရှိဆိုသလိုပေါ့ဗျာ။ စာဖတ်တဲ့သူက စာမဖတ်တဲ့သူနဲ့စာရင် ပိုသိကြတာပဲ။ ဥပမာ ကရင်ပြည်နယ် သံလွင်မြစ်ဘေး ကကရင်ရွာတွေမှာ ဒီလိုငါးမျိုးတွေ့လို့ကတော့ အပိုင်းပိုင်းခုတ်ထစ် ငါးပိသိပ်လို့ ဘာပြောကောင်းမလဲ။

မြန်မာပြည်ရဲ့ ဈေးအကြီးဆုံးငါးပိကို စားနေကြမှာ အမှန်ပဲ။ တောမှာနေတဲ့ ကရင်လူမျိုးများဟာ သိပ်ရိုးသားကြတာ တချို့ နယ်ဘက်တွေမှာ အဲဒိငါးကို ကနကုတ်လိုလည်း ခေါ်ကြတယ်။

ဒီငါးက လပ်ကီးငါးလို့လဲ ပြောတယ် စီပေါင်းကိုနေပူထဲမလှန်းတာက အလေးချိန်စီးအောင်ပါ။စီပေါင်းမှာ သွေးစွန်းရာ ပွန်းပဲ့ရာ စီပေါင်း အတံရှည်ထိပ်ပိုင်းလေး ပဲ့နေတာဆိုလဲ ဈေးကောင်းမရပါဘူး။

အာ့ကြောင့် ခုနောက်ပိုင်း အကောင်လိုက် ရောင်းရတာပါ။ရွှေငါးရပြီးထဲ့ ရေလုပ်သားတွေက ငါးဖမ်းတာရပ်လိုက်ရပါတယ်။

အာ့ငါးရပြီးတာတောင် ဆက်ပြီးငါးဖမ်းနေသေးရင် ရှိသမျှအကုန်ပြောင်တာပဲ။တံငါသည်တွေကြားမှာတော့ ဒီငါးရပီရင် တံငါအလုပ် မလုပ်စားနက်နဲ့တော့တံငါအလုပ် ဆက်လုပ်ရင် အကျိုးမဖြစ်တော့ဘူးတခြားအလုပ် ပြောင်းလုပ်ရတယ်လို့ ယုံကြည်ကြတယ်။

“ဟုတ်ကဲ့”ကပ်သမျှင်အစီပေါင်းကို တရုတ်နိုင်ငံမှာ ကာမဆေးဖော်စပ်တဲ့နေရာမှာလည်းသုံးပါတယ်..ဒါ့အပြင် တရုတ် နာမည်ကြီး တိုင်းရင်းဆေးဝါးထုတ်လုပ်ရာမှာ လည်းအသုံးပြုကြပါတယ်ကပ်သမျှင်အဆီပေါင်းနဲ့ ထုတ်လုပ်ထား တဲ့ တိုင်းရင်းဆေးဟာ အရမ်းဈေးကြီးပါတယ်…။

ကပ်သမျှင် စီပေါင်းကို ဒန်အိုးဖုံးပေါ်တင် ခြင်ထောင်ထဲထည့်ပြီး အပြင်ကပန်ကာဖွင့်ပြီး လေနဲ့ အခြောက်ခံကြတယ်။ အရောင်လှမှ ဈေးကောင်းရတာ။

အာ့ကြောင့် ခုကရေခဲရိုက်လို့ရတော့ အကောင်လိုက်ရောင်းကြတာ။ အထီးစီပေါင်းက ရှည်မျော မျောလေး အမစီပေါင်းကဝိုင်းတယ်ပြောကြတယ်။သူများပြောတာကြားဖူးလို့ပြန်ပြောပြတာပါ။

ကပ်သမျှင်ငါးကို ဒါးကြီးဖြင့်ဗိုက်ခွဲပြီး စီပေါင်းကိုသေချာခွါယူရတယ်။ ပြီးရင်ကပ်ကျေးဖြင့် စီပေါင်းကို ညီညာစွာခွဲရတယ်။ အထဲမှ သွေးစနဲအချွဲတွေ ဖယ်ရတယ်။ ပြီးရေစင်အောင် ဆေးပြီး လိုချင်တဲပုံရအောင် ပုံဖေါ်ပြီး နေလှန်းရပါတယ်။

၄ပုံ ၃ပုံ ခန်းခြောက်သွေးပြီးမှ လေပန်ကာဖြင့်အခြောက်ခံရတယ်။ တရုတ် ကွန်မြူနစ်ပါတီရှေး လူကြီးအကြီးအကဲ အချို့ ကို တန်ဖိုး ကြီးလက်ဆောင်ပဏ္ဍာအဖြစ် ပေးလေ့ပေးထ ရှိတယ် လို့ ကြားဖူးနားဝ ရှိပါသည်။

အလှအပလဲကြိုက်သေးတယ်။ ဝယ်တဲ့တရုပ်က ရှေ့ကဘုလေးနှစ်ဘုဖေါင်းနေရမယ်။ နောက်ပြီး အမှီးလေးက ကြွက်မှီးလေးလို တန်းနေရမယ်။ အဲလိုဖြစ်ဖို့ နည်းစနစ် အများကြီးရှိသေးတယ်။ အထီးစီပေါင်းပေါင်းက အလယ်ကထူ ဘေးပက်ချာလယ်က ပါး ပါတယ်။

အမစီပေါင်းက တချပ်လုံး ပါးပါသည်။အထီးအမ ရှိပါတယ်။ အထီးရဲ့စီပေါင်းက ပိုတန်းဖိုးရှိပါတယ်။ ကက်သမျှင် စီပေါင်းဟာ ကျည်ကာမှန်ပြုလုပ်ရာမှာအသုံးပြုတာပါ။

ကပ်သမျှင်မှာ ရွေရောင် နဲ့ ငွေရောင်နှစ်မျိုးမှာ ရွေရောင်ကပ်သမျှင် အထီးစီဖောင်းက ဒေါ်လာသုံးသောင်းနှင့်အထက် ကြီးရင်ကြီးသလို ဈေးကောင်းပါတယ်။

စီပေါင်းအခြောက်ကိုနေရောင်မှာထောင်ကြည့်ရင် ရွှေရောင် အမုံ လဲ့လဲ့လေး မြင်ရတယ် ငွေရောင် ကပ်သမျှင်ကလည်း နေမှာထောင်ကြည့်ရင် ငွေရောင်လဲ့လဲ့ မြင်ရပါတယ်..။

ငွေရောင်စီဖောင်းက တကီလိုကို မြန်မာကျပ်ငွေငါးသိန်းဈေးဝန်းကျင်ပေါက်တယ်..မိခင်ကြီး State3 သားအိမ်ကင်ဆာ ခွဲအပြီး ငွေရောင်စည်ဖောင်း..ဆန်ပြတ်တိုက်တာ တပါတ်နဲ့တင် ဆေးရုံကဆင်းရပါတယ် ခွဲစိတ်မှုအောင်မြင်လို့ ငါးနှစ် ကျော်ပါပြီ။

ဆိုလိုတာက. လူမမာအတွက် ထူးထူးခြားခြား အားအင်ပြည့်ဖြိုးစေတာတော့ တွေရပါတယ်။ ရွှေရောင် ဆိုရင်တော့ ပိုစွမ်းမလားဘဲ..ငါးစည်ဖောင်း တော်တော်များများ နှလုံးကို အကျိုးပြုတယ်လို့လည်း မှတ်ရဖူးပါတယ်။

ကပ်သမျှင်ငါးရဲ့ဈေးကြီးရခြင်း အကြောင်းတွေထဲက တစ်ခုပြောပါဆိုရင် စည်ပေါင်းပါပဲ။ ဒီစည်ပေါင်းက အဖိုးတန်ရေမွှေး လုပ်ရာမှာ မပါမဖြစ်ပါရတယ်လို့ ကြားဖူးပါသည်။ တော်ရုံဈေးပေါသော ရေမွှေး၌ထည့်မသုံးနိုင်ပါ။

ကမ္ဘာတဝှမ်းမှအထက်တန်းစား လူဂုဏ်တန်များသာ သုံးစွဲနိုင်သောရေမွှေးတွင်သာအသုံးပြုသည်ဟု မှတ်သားရဖူးပါသည်။

ပြင်သစ်မှ လက်ဗရွန်လိုရေမွှေးမျိုးပါ။ ကပ်သမျှင် အချိန်၄၀ကောင်ဆိုရင် အစို ၁ပိသာ၁၀သားလောက်ရှိတယ်။ ခွဲပြီး လှမ်းမယ်ဆိုရင် ဆံပြာသော ဇကောနှင့် ၁ချပ်လောက်ရှိပါသည်။

အသားမှာကြမ်းသည် ထင်ရပေမဲ့ အရေခွင်ရော အသားပါအလွန်အရသာရှိသော ငါးဖြစ်သည်။ ဟင်းချက်ရာတွင်ဟင်းနံ့မှာမွှေးနေသည်။ အသားကနူးညံ့၍အရေခွံမှာစားလျှင်ထုတ်ထုတ်နှင့်စားလို့ကောင်းသည်။

ငယ်ငယ် ၁၈နှစ်သားအထိ အကြိမ်၂၀မက စားဘူးသည်။ ထိုအချိန်က ပွဲရုံဈေး ၁ပိသာ၄ကျပ်မျှရှိ ဈေးထဲ ရောင်းဈေးမှာ ၁ပိသာမှ ၆ကျပ်၇ကျပ်သာရှိ ဈေးပေါ်ကို ၁လ ၁၀ကောင် ၁၂ကောင် ထိတက်။

ဒါအနည်းလေးပြောတာ ကပ်သမျှင် ရလို ဈေးကိုတင်မ်ဆို ငါးကိုအမြည်းနှင့်ခေါင်းကိုကြိုး ချည်ပြီး ဝါးပိုလုံးနှင့် လူနှစ်ယောက်ထမ်း၍ဈေးကို သယ်ပါသည်။

ငါးအမြီး မြေကြီးနှင့် မလွတ်၍သယ်တာပါ။ ရခိုင်မှာဆာဖာငါးလို့ခေါ်တယ်ဗျ။ အဲငါးကြီးကြီးရရင် ထီပေါက်သလိုပဲရခိုင်မှာ ပျော်ကြတယ်။Credit – Zawtheinhtut, Ye Htut Oo

Be the first to comment

Leave a Reply

Your email address will not be published.


*