ေငြေၾကး ခ်မ္းသာႂကြယ္ဝတဲ့ လူေတြရဲ႕ ၿခိဳးၿခံေခြၽတာတဲ့ အက်င့္ (၉) ခု

ေငြေၾကး ခ်မ္းသာႂကြယ္ဝတဲ့ လူေတြရဲ႕ ၿခိဳးၿခံေခြၽတာတဲ့ အက်င့္ (၉) ခု
ေငြေၾကး ခ်မ္းသာႂကြယ္ဝတဲ့ လူေတြရဲ႕ ၿခိဳးၿခံေခြၽတာတဲ့ အက်င့္ (၉) ခု

ေငြေၾကး ခ်မ္းသာႂကြယ္ဝတဲ့ လူေတြရဲ႕ ၿခိဳးၿခံေခြၽတာတဲ့ အက်င့္ (၉) ခု

ထီေပါက္ရင္မင္းဘာလုပ္မလဲ လို႔ကြၽန္ေတာ့္ကိုေမးလာရင္၊ ေဈးႀကီးတဲ့ ဇိမ္ခံကားေတြ၊ အိမ္အႀကီးႀကီးေတြ ဝယ္မယ္လို႔ ေျဖမွာမဟုတ္ပါဘူး။ ထီလည္း ထိုးေလ့မရွိပါဘူး။ ကမာၻေပၚမွာ

အရမ္းခ်မ္းသာတဲ့ လူေတြကို ၾကည့္မယ္ဆိုရင္ ကိုယ္တိုင္ အရမ္းခ်မ္းသာတဲ့လူေတြ ျဖစ္ေနေပမယ့္လည္း သူတို႔ဟာ မလိုအပ္တဲ့ေနရာေတြမွာေငြကို အလဟသ သုံးေလ့ မရွိဘူးဆိုတာ သိပါလိမ့္မယ္။

အခုတစ္ခါမွာေတာ့ ေဒၚလာသန္းေပါင္းမ်ားစြာ ခ်မ္းသာသူတို႔ရဲ႕ ၿခိဳးၿခံေခြၽတာပုံေတြကို အတုယူၿပီး မလိုအပ္ပဲေငြမကုန္ႏိုင္တဲ့ နည္း ၉ခုကို ေဖာ္ျပထားပါတယ္။

၁။ အိမ္ အႀကီးႀကီးေတြမွာ မေနပါဘူး

မက္ဆီကန္ႏိုင္ငံက Telmex ကုမၸဏီရဲ႕ chairman နဲ႔ CEO ျဖစ္တဲ့ Carlos Slim Helu ဆိုသူဟာ အိပ္ခန္း ၆ခန္းပါတဲ့ အိမ္မွာ ေန ေနတာ နစ္၃၀ ေက်ာ္ ၾကာပါၿပီ။

( သူတို႔လို သူေဌးႀကီးေတြအတြက္ ဆိုရင္ Carlos Slim Helu ရဲ႕ အိမ္ဟာ ေတာ္ေတာ္ေသးတယ္လို႔ ေျပာလို႔ ရပါတယ္)။

နာမည္ေက်ာ္ သူေဌးႀကီး ဝါရင္းဘတ္ဖတ္ကလည္း ေဒၚလာ ၃ေသာင္းတန္ အိမ္မွာေနခဲ့တာ ၁၉၅၈ ခုႏွစ္ကတည္းက ပါပဲ။

၂။ ေဈးသက္သာတဲ့ ေနရာမွာ ဝယ္ပါတယ္

နံပတ္ ၁ အတိုင္း အိမ္အႀကီးႀကီးေတြမွာ မေနေပမယ့္၊ ပိုက္ဆံ သိပ္မကုန္ပဲ ကိုယ္ႀကိဳက္တဲ့ brandေကာင္းေတြ ဝယ္ဝတ္လို႔ ရပါတယ္။

အမ်ားႀကီးေတာ့ ေလ်ာက္မဝယ္နဲ႔ေပါ့ ။ နာမည္ေက်ာ္ brand အပစၥည္းေတြကို ေဈးသက္သက္သာသာနဲ႔ ေရာင္းတဲ့ factory outlet store ေတြ ရွိပါတယ္။ ဒီလိုဆိုင္ေတြမွာ ေဈးသက္သက္သာသာနဲ႔ ဝယ္ၿပီး smart က်က် ဝတ္ဆင္လို႔ ရပါတယ္။

၃။ ေငြကို သုံးသင့္တဲ့ေနရာနဲ႔ မသုံးသင့္တဲ့ ေနရာ ဆိုၿပီး ရွိပါတယ္

ဘယ္လိုအခ်ိန္နဲ႔ ဘယ္လိုေနရာမွာ ေငြကို သုံးသင့္တယ္ဆိုတာကို ပါးနပ္ဖို႔ လိုပါတယ္။ တစ္ခ်ိန္လုံး ေဈးဝယ္ ထြက္ေန တာမ်ိဳး၊ အေပ်ာ္ခရီးေတြ ထြက္ေနတာမ်ိဳးေတြ မလုပ္သင့္ပါဘူး။

အဲဒီအစား ကိုယ့္အတြက္ အေရးႀကီးတဲ့ လိုအပ္တဲ့ ေနရာေတြမွာ အသုံးျပဳပါ။ ဒီလိုေျပာလို႔ ကိုယ္ႀကိဳက္တာ မလုပ္ရဘူး၊ လိုခ်င္တာ မဝယ္ရဘူးလို႔ မဆိုလိုပါဘူး။ ေန႔တိုင္း ဝယ္ေနတာမ်ိဳး မလုပ္ဖို႔ပဲ လိုပါတယ္။

၄။ေကာ္ဖီ ေသာက္တာက ေငြကုန္ပါတယ္(သူတို႔ႏိုင္ငံမွာ ဆိုရင္ေပါ့)

ဒီဟာက ျမန္မာႏိုင္ငံက လူေတြအတြက္ေတာ့ မသိသာေပမယ့္ သူတို႔ႏိုင္ငံမွာဆိုရင္ Starbucks ကေန latte ေကာ္ဖီတစ္ခြက္ မနက္တိုင္း ေသာက္မယ္ဆိုရင္ တစ္လကို ၇၅ ေဒၚလာေလာက္ ကုန္က်မွာျဖစ္ပါတယ္။

Bloomberg သတင္းဌာနပိုင္ရွင္ နဲ႔ နယူေယာက္ၿမိဳ႕ရဲ႕ ၿမိဳ႕ေတာ္ဝန္အျဖစ္ တာဝန္ယူခဲ့တဲ့ Michael Bloomberg ဆိုရင္ ေကာ္ဖီေသာက္ရင္ ေဈးအသက္သာဆုံး၊ ခြက္ေသးသာေသာက္ပါတယ္ ၿပီးေတာ့ ေန႔တိုင္းလဲ မေသာက္ပါဘူး၊

သူတစ္ကယ္ေသာက္ခ်င္တဲ့ အခ်ိန္က်မွေသာက္ပါတယ္တဲ့။ ဒီထက္ ပိုေကာင္းတာကေတာ့ တစ္လစာကုန္က်မယ့္ ၇၅ေဒၚလာနဲ႔ေကာ္ဖီေဖ်ာ္စက္ ေကာင္းေကာင္း ဝယ္ၿပီးေတာ့ ေကာ္ဖီမႈန႔္ ဝယ္ၿပီးေဖ်ာ္ေသာက္တာက ပို သက္သာႏိုင္ပါတယ္။

၅။ ေလယာဥ္စီးရင္economy class ပဲစီးပါတယ္

ကိုယ့္လုပ္ငန္းက ခရီး ခဏခဏသြားေနရတဲ့ အလုပ္ဆိုရင္ ေလယာဥ္လက္မွတ္ခ ၾကာလာရင္ နည္းမွာ မဟုတ္ပါဘူး။

ကိုယ္စီးေနက် ေလေၾကာင္းလိုင္းတစ္ခုမွာပဲ စီးၿပီးေတာ့ point ေတြရေအာင္၊ ၿပီးေတာ့ ၁၀ ခါ ၁ ခါလိုမ်ိဳး အလကား ေပးစီးတာမ်ိဳး ရေအာင္လုပ္သင့္ပါတယ္။

အလုပ္ရွိတိုင္း တစ္ခ်ိန္လုံး first class၊ business class ေတြပဲ စီးၿပီးသြားေနရင္ေတာ့ မြဲသြားပါလိမ့္မယ္။

ကမာၻေက်ာ္ ပရိေဘာဂပစၥည္းကုမၸဏီ IKEA က သူေဌးႀကီး Ingvar Kamprad ေတာင္ အၿမဲတမ္း economy class ပဲစီးတာပဲ၊ သင္ေရာဘာလို႔ မစီးႏိုင္ရမွာလဲ။

၆။ ကားတစ္စီးဝယ္ၿပီးရင္ ၁၀ ႏွစ္ေလာက္ စီးပါတယ္

ကမာၻအႀကီးဆုံး လက္လီအေရာင္းဆိုင္ကုမၸဏီႀကီး ကို တည္ေထာင္ခဲ့တဲ့ Sam Walton ရဲ႕ အငယ္ဆုံးသားျဖစ္ၿပီး လက္ရွိ Walmart ရဲ႕ ဒါ႐ိုက္တာဘုတ္အဖြဲ႕ဝင္ Jim C.Walton ၊ အိႏၵိယ ႏိုင္ငံက IT လုပ္ငန္းရွင္ႀကီး Azim Premji၊

Microsoft ရဲ႕ CEO ေဟာင္း Steve Balmer နဲ႔ IKEA ရဲ႕သူေဌး Ingvar Kamprad တို႔မွာ တူညီခ်က္ တစ္ခု ရွိၾကပါတယ္။

သူတို႔ စီးတဲ့ကားေတြက ေဒၚလာ ၂ ေသာင္းေအာက္ေတြပဲ ျဖစ္ၿပီး ဝယ္ၿပီးရင္လည္း ႏွစ္ေပါင္းမ်ားစြာ စီးၾက ပါတယ္။

သင့္ရဲ႕ကားဟာ သင္တစ္ႏွစ္တာလုံးမွာ အကုန္အက် အမ်ားဆုံး၊ ထိန္းသိမ္းစရိတ္ အမ်ားဆုံး ျဖစ္ႏိုင္ပါတယ္။မလိုအပ္ပဲနဲ႔ကားကို ၁ ႏွစ္ တစ္ခါ ၂ ႏွစ္တစ္ခါေလာက္ ဘာျဖစ္လို႔လဲစီးေနမွာလဲ။

၇။ အေႂကြးမတင္ေအာင္ ေနပါ

ကိုယ္က စီးပြားေရးလုပ္ငန္းအသစ္တစ္ခုကို စတင္ေနခါစဆိုရင္ ဒီအခ်က္က လိုက္နာဖို႔ခက္ခဲ ေလာက္ပါတယ္။

ဒါေပမဲ့ လုပ္ငန္းအတြက္ဆိုၿပီး အေႂကြးေတြ ယူတာမ်ားလာရင္ ဒီအေႂကြးေတြကိုပဲ ဆပ္ဖို႔ လုပ္ကိုင္ေနရသလို ျဖစ္လာၿပီး ကိုယ့္အတြက္ တကယ္အေရးႀကီးတဲ့ ကိစၥေတြကို အာ႐ုံစိုက္ႏိုင္ေတာ့မွ ာမဟုတ္ပါဘူး။

၈။ နည္းနည္းနဲ႔ေပ်ာ္ေအာင္ေနတတ္ေအာင္သင္ယူပါ

အေမရိကန္ႏိုင္ငံမွာဆိုရင္ လူမႈအသိုင္းအဝိုင္းက ဥစၥာပစၥည္းေတြကို အရမ္ းဦးစားေပးၾကပါတယ္။ ဆless is more ဆိုတဲ့ တန္ဖိုးကို သိၿပီး တစ္ခ်ိန္လုံးေငြေတြ မသုံးဘူးဆိုရင္ ကိုယ့္အိပ္ထဲမွာေငြေတြ ပိုစုမိ လာပါလိမ့္မယ္။

Google ကို ပူးတြဲတည္ေထာင္ခဲ့တဲ့ Sergey Brin က ကြၽန္ေတာ္ကို ငယ္ငယ္တုန္းက အိမ္က ရွိသေလာက္နဲ႔ ေပ်ာ္ေအာင္ေနတတ္ဖို႔ သင္ေပးခဲ့ပါတယ္လို႔ေျပာခဲ့ပါတယ္။ သူ႔ရဲ႕ရွိသေလာက္ကေန အခုဆိုရင္ ၂၂ ဒသမ ၈ ဘီလီယံ ရွိေန ပါၿပီ။

၉။ ခ်မ္းသားသေလာက္ အသုံးအျဖဳန္း မႀကီးပါနဲ႔

ဒီအခ်က္ကို ရွင္းရွင္းေလးပဲေျပာရမယ္ဆိုရင္ သင္ဟာ တစ္ႏွစ္ေဒၚလာ ၁ သိန္း အသားတင္ရတယ္ဆိုတာဟာတစ္ႏွစ္ ကို ေဒၚလာ၁ သိန္းသုံးသင့္တယ္လို႔ ဆိုလိုတာ မဟုတ္ပါဘူး။

ညတိုင္း ေစ်းၾကီးတဲ့ ဆိုင္ေတြမွာ မစားပါနဲ႕။ အက်ၤီေတြကို ဒီဇိုင္းအသစ္ထြက္တိုင္း မ၀ယ္ပါနဲ။ တစ္ႏွစ္တခါ ကား၊ ဖုန္း အသစ္ေတြကို မလိုအပ္ရင္ မ၀ယ္ပါနဲ႕။ ၿပီးေတာ့ အိမ္ရဲ႕interior design ကို တစ္ခ်ိန္လုံးျပင္ဆင္တာေတြ မလုပ္ပါနဲ႔။

ေငြရဖို႔ေငြသုံးရမယ္ လို႔ေျပာၾကေပမယ့္ ရလာတဲ့ေငြကိုလည္း ျပန္မကုန္သြားေအာင္ ထိန္းသိမ္းသင့္ပါတယ္။

Inc.com မွ Frugal Habits of the World’s Richest People ကို ဆီေလ်ာ္ေအာင္ဘာသာျပန္ထားတာျဖစ္ပါတယ္။Credit – သီဟ (Strategy First Journal )

Unicode

ငွေကြေး ချမ်းသာကြွယ်ဝတဲ့ လူတွေရဲ့ ခြိုးခြံချွေတာတဲ့ အကျင့် (၉) ခု

ထီပေါက်ရင်မင်းဘာလုပ်မလဲ လို့ကျွန်တော့်ကိုမေးလာရင်၊ ဈေးကြီးတဲ့ ဇိမ်ခံကားတွေ၊ အိမ်အကြီးကြီးတွေ ဝယ်မယ်လို့ ဖြေမှာမဟုတ်ပါဘူး။ ထီလည်း ထိုးလေ့မရှိပါဘူး။ ကမ္ဘာပေါ်မှာ

အရမ်းချမ်းသာတဲ့ လူတွေကို ကြည့်မယ်ဆိုရင် ကိုယ်တိုင် အရမ်းချမ်းသာတဲ့လူတွေ ဖြစ်နေပေမယ့်လည်း သူတို့ဟာ မလိုအပ်တဲ့နေရာတွေမှာငွေကို အလဟသ သုံးလေ့ မရှိဘူးဆိုတာ သိပါလိမ့်မယ်။

အခုတစ်ခါမှာတော့ ဒေါ်လာသန်းပေါင်းများစွာ ချမ်းသာသူတို့ရဲ့ ခြိုးခြံချွေတာပုံတွေကို အတုယူပြီး မလိုအပ်ပဲငွေမကုန်နိုင်တဲ့ နည်း ၉ခုကို ဖော်ပြထားပါတယ်။

၁။ အိမ် အကြီးကြီးတွေမှာ မနေပါဘူး

မက်ဆီကန်နိုင်ငံက Telmex ကုမ္ပဏီရဲ့ chairman နဲ့ CEO ဖြစ်တဲ့ Carlos Slim Helu ဆိုသူဟာ အိပ်ခန်း ၆ခန်းပါတဲ့ အိမ်မှာ နေ နေတာ နစ်၃၀ ကျော် ကြာပါပြီ။

( သူတို့လို သူဌေးကြီးတွေအတွက် ဆိုရင် Carlos Slim Helu ရဲ့ အိမ်ဟာ တော်တော်သေးတယ်လို့ ပြောလို့ ရပါတယ်)။

နာမည်ကျော် သူဌေးကြီး ဝါရင်းဘတ်ဖတ်ကလည်း ဒေါ်လာ ၃သောင်းတန် အိမ်မှာနေခဲ့တာ ၁၉၅၈ ခုနှစ်ကတည်းက ပါပဲ။

၂။ ဈေးသက်သာတဲ့ နေရာမှာ ဝယ်ပါတယ်

နံပတ် ၁ အတိုင်း အိမ်အကြီးကြီးတွေမှာ မနေပေမယ့်၊ ပိုက်ဆံ သိပ်မကုန်ပဲ ကိုယ်ကြိုက်တဲ့ brandကောင်းတွေ ဝယ်ဝတ်လို့ ရပါတယ်။

အများကြီးတော့ လျောက်မဝယ်နဲ့ပေါ့ ။ နာမည်ကျော် brand အပစ္စည်းတွေကို ဈေးသက်သက်သာသာနဲ့ ရောင်းတဲ့ factory outlet store တွေ ရှိပါတယ်။ ဒီလိုဆိုင်တွေမှာ ဈေးသက်သက်သာသာနဲ့ ဝယ်ပြီး smart ကျကျ ဝတ်ဆင်လို့ ရပါတယ်။

၃။ ငွေကို သုံးသင့်တဲ့နေရာနဲ့ မသုံးသင့်တဲ့ နေရာ ဆိုပြီး ရှိပါတယ်

ဘယ်လိုအချိန်နဲ့ ဘယ်လိုနေရာမှာ ငွေကို သုံးသင့်တယ်ဆိုတာကို ပါးနပ်ဖို့ လိုပါတယ်။ တစ်ချိန်လုံး ဈေးဝယ် ထွက်နေ တာမျိုး၊ အပျော်ခရီးတွေ ထွက်နေတာမျိုးတွေ မလုပ်သင့်ပါဘူး။

အဲဒီအစား ကိုယ့်အတွက် အရေးကြီးတဲ့ လိုအပ်တဲ့ နေရာတွေမှာ အသုံးပြုပါ။ ဒီလိုပြောလို့ ကိုယ်ကြိုက်တာ မလုပ်ရဘူး၊ လိုချင်တာ မဝယ်ရဘူးလို့ မဆိုလိုပါဘူး။ နေ့တိုင်း ဝယ်နေတာမျိုး မလုပ်ဖို့ပဲ လိုပါတယ်။

၄။ကော်ဖီ သောက်တာက ငွေကုန်ပါတယ်(သူတို့နိုင်ငံမှာ ဆိုရင်ပေါ့)

ဒီဟာက မြန်မာနိုင်ငံက လူတွေအတွက်တော့ မသိသာပေမယ့် သူတို့နိုင်ငံမှာဆိုရင် Starbucks ကနေ latte ကော်ဖီတစ်ခွက် မနက်တိုင်း သောက်မယ်ဆိုရင် တစ်လကို ၇၅ ဒေါ်လာလောက် ကုန်ကျမှာဖြစ်ပါတယ်။

Bloomberg သတင်းဌာနပိုင်ရှင် နဲ့ နယူယောက်မြို့ရဲ့ မြို့တော်ဝန်အဖြစ် တာဝန်ယူခဲ့တဲ့ Michael Bloomberg ဆိုရင် ကော်ဖီသောက်ရင် ဈေးအသက်သာဆုံး၊ ခွက်သေးသာသောက်ပါတယ် ပြီးတော့ နေ့တိုင်းလဲ မသောက်ပါဘူး၊

သူတစ်ကယ်သောက်ချင်တဲ့ အချိန်ကျမှသောက်ပါတယ်တဲ့။ ဒီထက် ပိုကောင်းတာကတော့ တစ်လစာကုန်ကျမယ့် ၇၅ဒေါ်လာနဲ့ကော်ဖီဖျော်စက် ကောင်းကောင်း ဝယ်ပြီးတော့ ကော်ဖီမှုန့် ဝယ်ပြီးဖျော်သောက်တာက ပို သက်သာနိုင်ပါတယ်။

၅။ လေယာဉ်စီးရင်economy class ပဲစီးပါတယ်

ကိုယ့်လုပ်ငန်းက ခရီး ခဏခဏသွားနေရတဲ့ အလုပ်ဆိုရင် လေယာဉ်လက်မှတ်ခ ကြာလာရင် နည်းမှာ မဟုတ်ပါဘူး။

ကိုယ်စီးနေကျ လေကြောင်းလိုင်းတစ်ခုမှာပဲ စီးပြီးတော့ point တွေရအောင်၊ ပြီးတော့ ၁၀ ခါ ၁ ခါလိုမျိုး အလကား ပေးစီးတာမျိုး ရအောင်လုပ်သင့်ပါတယ်။

အလုပ်ရှိတိုင်း တစ်ချိန်လုံး first class၊ business class တွေပဲ စီးပြီးသွားနေရင်တော့ မွဲသွားပါလိမ့်မယ်။

ကမ္ဘာကျော် ပရိဘောဂပစ္စည်းကုမ္ပဏီ IKEA က သူဌေးကြီး Ingvar Kamprad တောင် အမြဲတမ်း economy class ပဲစီးတာပဲ၊ သင်ရောဘာလို့ မစီးနိုင်ရမှာလဲ။

၆။ ကားတစ်စီးဝယ်ပြီးရင် ၁၀ နှစ်လောက် စီးပါတယ်

ကမ္ဘာအကြီးဆုံး လက်လီအရောင်းဆိုင်ကုမ္ပဏီကြီး ကို တည်ထောင်ခဲ့တဲ့ Sam Walton ရဲ့ အငယ်ဆုံးသားဖြစ်ပြီး လက်ရှိ Walmart ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင် Jim C.Walton ၊ အိန္ဒိယ နိုင်ငံက IT လုပ်ငန်းရှင်ကြီး Azim Premji၊

Microsoft ရဲ့ CEO ဟောင်း Steve Balmer နဲ့ IKEA ရဲ့သူဌေး Ingvar Kamprad တို့မှာ တူညီချက် တစ်ခု ရှိကြပါတယ်။

သူတို့ စီးတဲ့ကားတွေက ဒေါ်လာ ၂ သောင်းအောက်တွေပဲ ဖြစ်ပြီး ဝယ်ပြီးရင်လည်း နှစ်ပေါင်းများစွာ စီးကြ ပါတယ်။

သင့်ရဲ့ကားဟာ သင်တစ်နှစ်တာလုံးမှာ အကုန်အကျ အများဆုံး၊ ထိန်းသိမ်းစရိတ် အများဆုံး ဖြစ်နိုင်ပါတယ်။မလိုအပ်ပဲနဲ့ကားကို ၁ နှစ် တစ်ခါ ၂ နှစ်တစ်ခါလောက် ဘာဖြစ်လို့လဲစီးနေမှာလဲ။

၇။ အကြွေးမတင်အောင် နေပါ

ကိုယ်က စီးပွားရေးလုပ်ငန်းအသစ်တစ်ခုကို စတင်နေခါစဆိုရင် ဒီအချက်က လိုက်နာဖို့ခက်ခဲ လောက်ပါတယ်။

ဒါပေမဲ့ လုပ်ငန်းအတွက်ဆိုပြီး အကြွေးတွေ ယူတာများလာရင် ဒီအကြွေးတွေကိုပဲ ဆပ်ဖို့ လုပ်ကိုင်နေရသလို ဖြစ်လာပြီး ကိုယ့်အတွက် တကယ်အရေးကြီးတဲ့ ကိစ္စတွေကို အာရုံစိုက်နိုင်တော့မှ ာမဟုတ်ပါဘူး။

၈။ နည်းနည်းနဲ့ပျော်အောင်နေတတ်အောင်သင်ယူပါ

အမေရိကန်နိုင်ငံမှာဆိုရင် လူမှုအသိုင်းအဝိုင်းက ဥစ္စာပစ္စည်းတွေကို အရမ် းဦးစားပေးကြပါတယ်။

less is more ဆိုတဲ့ တန်ဖိုးကို သိပြီး တစ်ချိန်လုံးငွေတွေ မသုံးဘူးဆိုရင် ကိုယ့်အိပ်ထဲမှာငွေတွေ ပိုစုမိ လာပါလိမ့်မယ်။

Google ကို ပူးတွဲတည်ထောင်ခဲ့တဲ့ Sergey Brin က ကျွန်တော်ကို ငယ်ငယ်တုန်းက အိမ်က ရှိသလောက်နဲ့ ပျော်အောင်နေတတ်ဖို့ သင်ပေးခဲ့ပါတယ်လို့ပြောခဲ့ပါတယ်။ သူ့ရဲ့ရှိသလောက်ကနေ အခုဆိုရင် ၂၂ ဒသမ ၈ ဘီလီယံ ရှိနေ ပါပြီ။

၉။ ချမ်းသားသလောက် အသုံးအဖြုန်း မကြီးပါနဲ့

ဒီအချက်ကို ရှင်းရှင်းလေးပဲပြောရမယ်ဆိုရင် သင်ဟာ တစ်နှစ်ဒေါ်လာ ၁ သိန်း အသားတင်ရတယ်ဆိုတာဟာတစ်နှစ် ကို ဒေါ်လာ၁ သိန်းသုံးသင့်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။

ညတိုင်း ဈေးကြီးတဲ့ ဆိုင်တွေမှာ မစားပါနဲ့။ အင်္ကျီတွေကို ဒီဇိုင်းအသစ်ထွက်တိုင်း မဝယ်ပါနဲ။ တစ်နှစ်တခါ ကား၊ ဖုန်း အသစ်တွေကို မလိုအပ်ရင် မဝယ်ပါနဲ့။ ပြီးတော့ အိမ်ရဲ့interior design ကို တစ်ချိန်လုံးပြင်ဆင်တာတွေ မလုပ်ပါနဲ့။

ငွေရဖို့ငွေသုံးရမယ် လို့ပြောကြပေမယ့် ရလာတဲ့ငွေကိုလည်း ပြန်မကုန်သွားအောင် ထိန်းသိမ်းသင့်ပါတယ်။

Inc.com မှ Frugal Habits of the World’s Richest People ကို ဆီလျော်အောင်ဘာသာပြန်ထားတာဖြစ်ပါတယ်။Credit – သီဟ (Strategy First Journal )

Be the first to comment

Leave a Reply

Your email address will not be published.


*