ဒါဏ္ရာေတြက ဘဝကို ႐ုပ္ဆိုးေစတယ္လို႔ မထင္မွတ္လိုက္ပါနဲ႕…

ဒါဏ္ရာေတြက ဘဝကို ႐ုပ္ဆိုးေစတယ္လို႔ မထင္မွတ္လိုက္ပါနဲ႕...
ဒါဏ္ရာေတြက ဘဝကို ႐ုပ္ဆိုးေစတယ္လို႔ မထင္မွတ္လိုက္ပါနဲ႕...

ဒါဏ္ရာေတြက ဘဝကို ႐ုပ္ဆိုးေစတယ္လို႔ မထင္မွတ္လိုက္ပါနဲ႕…

ဂ်ပန္ႏိုင္ငံမွာ ပန္းကန္လုံးေလးတစ္လုံးက်ကြဲသြားတဲ့အခါ လႊင့္မပစ္ဘူး။ အကြဲအစအနေလးေတြအားလုံးကို ျပန္စုယူၿပီး ေ႐ႊနဲ႔ဂေဟ ျပန္ဆက္ ေပးလိုက္တယ္။

အဲ့ဒီအခါ ကြဲသြားတဲ့ပန္းကန္လုံးေလးဟာ ပိုၿပီး လွပတဲ့ ပန္းကန္လုံးေလးအျဖစ္နဲ႔ ျပန္လည္ေမြးဖြားလာပါတယ္။

ဘယ္အရာမ်ိဳးပဲ ျဖစ္ျဖစ္ ပ်က္စီးမႈနဲ႔ ဒုကၡေတြ ခံစား ခဲ့ၿပီးရင္ ပိုၿပီး လွလာ တတ္တယ္လို႔ ဂ်ပန္လူမ်ိဳးေတြက ယုံၾကည္ ၾကတယ္။

ဘာျဖစ္လို႔လဲဆိုေတာ့ ဒါဏ္ရာတိုင္းရဲ႕ ေနာက္ကြယ္မွာ သမိုင္းေတြ ရွိတယ္တဲ့။ အဲ့ဒီ ဒါဏ္ရာေတြကို ကုစားၿပီး ပိုမို လွပတဲ့ ဘဝအသစ္ တစ္ခု အျဖစ္ ေမြးဖြားလာျခင္းကို Kintsugi (သို႔) ေ႐ႊခရီး (Golden Journey) လို႔ ေခၚပါတယ္။

ကြၽန္ေတာ္တို႔ ဘဝေတြ ဆိုတာလည္း ဒါဏ္ရာ ဒါဏ္ခ်က္ေတြနဲ႔ခ်ည္းပါပဲ။ ပန္းကန္လုံးေလးတစ္လုံးလိုလည္း ကြဲေၾကခဲ့ဖူးပါတယ္။ ကိုယ့္ဘဝကိုယ္ ျပန္ေကာက္ယူၿပီး တည္ေဆာက္ ခဲ့ၾကရတာပဲ မဟုတ္လား။

အဲ့ဒီ ဒါဏ္ရာေတြက ဘဝကို ႐ုပ္ဆိုးေစတယ္လို႔ မထင္မွတ္လိုက္ပါနဲ႔။ အနည္းဆုံးေတာ့ ကြၽန္ေတာ္တို႔ ေက်ာ္ျဖတ္ ႏိုင္ခဲ့တယ္။

ကြဲေၾကသြားတဲ့ ပန္းကန္လုံးေလးကို ဆက္မသုံးခ်င္ေတာ့လို႔ လႊင့္ပစ္လိုက္တာမ်ိဳး ဒါဏ္ရာေတြကို လက္မခံခ်င္လို႔ အရႈံးေပးလိုက္လို႔ မရဘူး။

အက္ကြဲေၾကာင္းေတြရဲ႕ၾကားထဲ ေ႐ႊနဲ ႔ျပန္ဆက္ေပးသလို၊ ကြၽန္ေတာ္တို႔လည္း ဒါဏ္ရာေတြထဲကေန သင္ယူ ရမယ္။

ၿပီးရင္ေတာ့ ေ႐ႊေရာင္ အမာ႐ြတ္ေတြ၊ အေတြ႕အႀကဳံေတြ ရွိတဲ့ လူတစ္ေယာက္အျဖစ္ ျပန္ၿပီးေမြးဖြားလာပါ လိမ့္မယ္။

တစ္ေယာက္နဲ႔ တစ္ေယာက္ ရလာမယ့္ ဒါဏ္ရာေတြက မတူႏိုင္ပါဘူး။ ကိုယ္ရဲ႕ ဒါဏ္ရာေတြကို ကိုယ္တိုင္ေ႐ြခ်ၿပီး ကိုယ္ပိုင္အမာ႐ြတ္ေလးေတြ အျဖစ္နဲ႔ ဂုဏ္ယူၿပီး သိမ္းထားတတ္ရမယ္။

ဒါ ငါျဖတ္သန္းခဲ့ရတဲ့ ငါ့ရဲ႕ အမွတ္တရေတြပဲ။ ဒီဒါဏ္ရာေတြက ဒီကေန႔ ငါဆိုတဲ့ ျဖစ္တည္ျခင္းပဲလို ႔မွတ္ယူရမယ္။ ဒါဏ္ရာေတြတိုင္းမွာ သမိုင္ းရွိတယ္။

ဒါဏ္ရာေတြေၾကာင့္ က်ရႈံးသြားရတာ ရွိသလို၊ ဒါဏ္ရာေတြေၾကာင့္ ပိုၿပီး လွလာတဲ့ အရာေတြလည္း ရွိပါတယ္။ ဘဝမွာ ဘယ္လို အခက္အခဲေတြနဲ႔ပဲ ႀကဳံရပါေစ၊ ဘယ္လိုဒါဏ္ရ မ်ိဳးေတြပဲ ရလာခဲ့ပါေစ . .

ကြၽန္ေတာ္တို ႔ေလွ်ာက္ေနရတဲ့ ေ႐ႊခရီးရဲ႕ အစိတ္အပိုင္းေတြ အျဖစ္ တန္ဖိုး ထားတတ္ၾကပါေစ။#Credit

Unicode

ဒါဏ်ရာတွေက ဘဝကို ရုပ်ဆိုးစေတယ်လို့ မထင်မှတ်လိုက်ပါနဲ့…

ဂျပန်နိုင်ငံမှာ ပန်းကန်လုံးလေးတစ်လုံးကျကွဲသွားတဲ့အခါ လွှင့်မပစ်ဘူး။ အကွဲအစအနလေးတွေအားလုံးကို ပြန်စုယူပြီး ရွှေနဲ့ဂဟေ ပြန်ဆက် ပေးလိုက်တယ်။

အဲ့ဒီအခါ ကွဲသွားတဲ့ပန်းကန်လုံးလေးဟာ ပိုပြီး လှပတဲ့ ပန်းကန်လုံးလေးအဖြစ်နဲ့ ပြန်လည်မွေးဖွားလာပါတယ်။

ဘယ်အရာမျိုးပဲ ဖြစ်ဖြစ် ပျက်စီးမှုနဲ့ ဒုက္ခတွေ ခံစား ခဲ့ပြီးရင် ပိုပြီး လှလာ တတ်တယ်လို့ ဂျပန်လူမျိုးတွေက ယုံကြည် ကြတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒါဏ်ရာတိုင်းရဲ့ နောက်ကွယ်မှာ သမိုင်းတွေ ရှိတယ်တဲ့။ အဲ့ဒီ ဒါဏ်ရာတွေကို ကုစားပြီး ပိုမို လှပတဲ့ ဘဝအသစ် တစ်ခု အဖြစ် မွေးဖွားလာခြင်းကို Kintsugi (သို့) ရွှေခရီး (Golden Journey) လို့ ခေါ်ပါတယ်။

ကျွန်တော်တို့ ဘဝတွေ ဆိုတာလည်း ဒါဏ်ရာ ဒါဏ်ချက်တွေနဲ့ချည်းပါပဲ။ ပန်းကန်လုံးလေးတစ်လုံးလိုလည်း ကွဲကြေခဲ့ဖူးပါတယ်။ ကိုယ့်ဘဝကိုယ် ပြန်ကောက်ယူပြီး တည်ဆောက် ခဲ့ကြရတာပဲ မဟုတ်လား။

အဲ့ဒီ ဒါဏ်ရာတွေက ဘဝကို ရုပ်ဆိုးစေတယ်လို့ မထင်မှတ်လိုက်ပါနဲ့။ အနည်းဆုံးတော့ ကျွန်တော်တို့ ကျော်ဖြတ် နိုင်ခဲ့တယ်။

ကွဲကြေသွားတဲ့ ပန်းကန်လုံးလေးကို ဆက်မသုံးချင်တော့လို့ လွှင့်ပစ်လိုက်တာမျိုး ဒါဏ်ရာတွေကို လက်မခံချင်လို့ အရှုံးပေးလိုက်လို့ မရဘူး။

အက်ကွဲကြောင်းတွေရဲ့ကြားထဲ ရွှေနဲ့ပြန်ဆက်ပေးသလို၊ ကျွန်တော်တို့လည်း ဒါဏ်ရာတွေထဲကနေ သင်ယူ ရမယ်။

ပြီးရင်တော့ ရွှေရောင် အမာရွတ်တွေ၊ အတွေ့အကြုံတွေ ရှိတဲ့ လူတစ်ယောက်အဖြစ် ပြန်ပြီးမွေးဖွားလာပါ လိမ့်မယ်။

တစ်ယောက်နဲ့ တစ်ယောက် ရလာမယ့် ဒါဏ်ရာတွေက မတူနိုင်ပါဘူး။ ကိုယ်ရဲ့ ဒါဏ်ရာတွေကို ကိုယ်တိုင်ရွေချပြီး ကိုယ်ပိုင်အမာရွတ်လေးတွေ အဖြစ်နဲ့ ဂုဏ်ယူပြီး သိမ်းထားတတ်ရမယ်။

ဒါ ငါဖြတ်သန်းခဲ့ရတဲ့ ငါ့ရဲ့ အမှတ်တရတွေပဲ။ ဒီဒါဏ်ရာတွေက ဒီကနေ့ ငါဆိုတဲ့ ဖြစ်တည်ခြင်းပဲလို့မှတ်ယူရမယ်။ ဒါဏ်ရာတွေတိုင်းမှာ သမိုင် းရှိတယ်။

ဒါဏ်ရာတွေကြောင့် ကျရှုံးသွားရတာ ရှိသလို၊ ဒါဏ်ရာတွေကြောင့် ပိုပြီး လှလာတဲ့ အရာတွေလည်း ရှိပါတယ်။ ဘဝမှာ ဘယ်လို အခက်အခဲတွေနဲ့ပဲ ကြုံရပါစေ၊ ဘယ်လိုဒါဏ်ရ မျိုးတွေပဲ ရလာခဲ့ပါစေ . .

ကျွန်တော်တို့လျှောက်နေရတဲ့ ရွှေခရီးရဲ့ အစိတ်အပိုင်းတွေ အဖြစ် တန်ဖိုး ထားတတ်ကြပါစေ။#Credit

Be the first to comment

Leave a Reply

Your email address will not be published.


*