ျမန္မာႏိုင္ငံမွာသာ ဖူးေျမႇာ္ခြင့္ရႏိုင္တဲ့ ကမာၻ႔ပထမဆုံး အင္ၾကင္းေစတီေတာ္

ျမန္မာႏိုင္ငံမွာသာ ဖူးေျမႇာ္ခြင့္ရႏိုင္တဲ့ ကမာၻ႔ပထမဆုံး အင္ၾကင္းေစတီေတာ္
ျမန္မာႏိုင္ငံမွာသာ ဖူးေျမႇာ္ခြင့္ရႏိုင္တဲ့ ကမာၻ႔ပထမဆုံး အင္ၾကင္းေစတီေတာ္

ျမန္မာႏိုင္ငံမွာသာ ဖူးေျမႇာ္ခြင့္ရႏိုင္တဲ့ ကမာၻ႔ပထမဆုံး အင္ၾကင္းေစတီေတာ္

စစ္ကိုင္းခ႐ိုင္၊ ေျမာင္ၿမိဳ႕နယ္၊ ဆင္ေဂါင္းေတာင္ သာသနာ့ နယ္ေျမအတြင္းမွာ ကမာၻ႔ပထမဆုံးေသာ “အင္ၾကင္း ေစတီေတာ္” ကို တည္ထား ပူေဇာ္လ်က္ ရွိတယ္လို႔ ေဂါပကအဖြဲ႕ကေျပာပါတယ္။ အင္ၾကင္းေက်ာက္ေတြနဲ႔

တည္ထားတဲ့ “မဟာနာဂဒီပ ေအးၿငိမ္းခ်မ္းသာ” ဘြဲ႕အမည္ရွိ “အင္ၾကင္းေစတီေတာ္” ကို ၂၀၁၅ ခုႏွစ္ ေမလအတြင္းက စတင္ တည္ထားခဲ့ၿပီး လက္ရွိမွာေတာ့ ၈၅ ရာခိုင္ႏႈန္း

ၿပီးစီးေနၿပီး ကုန္က်ေငြအေနနဲ႔ က်ပ္သိန္း ႏွစ္ေသာင္းခန႔္ ကုန္က်မယ္လို႔ တည္ေဆာက္ေရးေဂါပကအဖြဲ႕ ဥကၠဌ ဦးျမင့္သိန္း က ေျပာပါတယ္။

”အင္ၾကင္း ေစတီေတာ္ျမတ္ႀကီးဟာ ျမန္မာႏိုင္ငံတင္ မဟုတ္ပါဘူး ကမာၻ႔မွာတင္ တစ္ဆူထဲပဲ ရွိပါတယ္။ အခု တည္ထားလ်က္ရွိတာ ငါးႏွစ္ ရွိပါၿပီ။ ပုဂံက အာနႏၵာေစတီေတာ္ ပုံစံတူ

တည္ထားလွ်က္ ရွိပါတယ္။ က်န္စစ္သားမင္းသားက ကြၽန္ေတာ္တို႔ ေျမာင္ၿမိဳ႕နယ္၊ ပရိမၼ႐ြာမွာ ေမြးဖြားတဲ့ အတြက္ က်န္စစ္သားမင္းႀကီးကို ဂုဏ္ျပဳေသာအားျဖင့္

 

အင္ၾကင္းေစတီေတာ္ျမတ္ႀကီး ကို တည္းထား ကိုးကြယ္ပါတယ္။ ဒီအင္ၾကင္းေစတီေတာ္ကို လာေရာက္ ဖူးေမွ်ာ္တဲ့အခါမွာ ေအးျမသာယာတယ္ က်န္းမာဝၿဖိဳးတယ္…

အေႏွာက္အယွက္ ေရာဂါခပ္သိမ္း ကင္းၿငိမ္းတဲ့ အင္ၾကင္းရဲ႕ တန္းခိုးက အဲ့တာရွိတဲ့ အတြက္ တည္ထားကိုးကြယ္ျခင္း ျဖစ္ပါတယ္။” လို႔ ‌ဦးျမင့္သိန္းက ေျပာပါတယ္။

မဟာနာဂဒီပေအးၿငိမ္းခ်မ္းသာ အင္ၾကင္းေစတီေတာ္ျမတ္ႀကီး ကို အင္ၾကင္းေက်ာက္ေတြနဲ႔ ကပ္လႉပူေဇာ္ရာမွာ အင္ၾကင္းေက်ာက္ တန္ခ်ိန္ (၁၀၀၀) ခန႔္ အသုံးျပဳ

ပူေဇာ္လ်က္ ရွိၿပီး ေစတီေတာ္ရဲ႕ ဉာဏ္ေတာ္ အျမင့္ (၄၅) ေတာင္ ၊ အလ်ားေပ (၉၀) ပတ္လည္ ရွိပါတယ္။ ေစတီရဲ႕ လႈိင္အျမင့္ (၂၅) ေပ ထုထည္ ရွိၿပီး

ေစတီေတာ္အတြင္းမွာ အလ်ားေပ (၂၀)၊ လုံးပတ္ ၆ ေပ ခန႔္ ရွိတဲ့ အင္ၾကင္းသားေတြကို အသုံးျပဳကာ ပြင့္ေတာ္မူၿပီးေသာ ဘုရားေလးဆူ ကို ရည္းစူးကာ

ရပ္ေတာ္မူ ႐ုပ္ပြားေတာ္ေတြ၊ ထိုင္ေတာ္မူ ႐ုပ္ပြားေတာ္ေတြ ကို ထုဆစ္ ပူေဇာ္ထားရွိထားတာ ျဖစ္တယ္လို႔ ဦးျမင့္သိန္းက ရွင္းျပေပးခဲ့တာ ျဖစ္ပါတယ္။

မူရင္းသားသူအား ေလးစားစြာျဖင့္ ခရက္္္္္္္ဒစ္ေပးပါသည္။

Unicode

မြန်မာနိုင်ငံမှာသာ ဖူးမြှော်ခွင့်ရနိုင်တဲ့ ကမ္ဘာ့ပထမဆုံး အင်ကြင်းစေတီတော်

စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ ဆင်ဂေါင်းတောင် သာသနာ့ နယ်မြေအတွင်းမှာ ကမ္ဘာ့ပထမဆုံးသော “အင်ကြင်း စေတီတော်” ကို တည်ထား ပူဇော်လျက် ရှိတယ်လို့ ဂေါပကအဖွဲ့ကပြောပါတယ်။ အင်ကြင်းကျောက်တွေနဲ့

တည်ထားတဲ့ “မဟာနာဂဒီပ အေးငြိမ်းချမ်းသာ” ဘွဲ့အမည်ရှိ “အင်ကြင်းစေတီတော်” ကို ၂၀၁၅ ခုနှစ် မေလအတွင်းက စတင် တည်ထားခဲ့ပြီး လက်ရှိမှာတော့ ၈၅ ရာခိုင်နှုန်း

ပြီးစီးနေပြီး ကုန်ကျငွေအနေနဲ့ ကျပ်သိန်း နှစ်သောင်းခန့် ကုန်ကျမယ်လို့ တည်ဆောက်ရေးဂေါပကအဖွဲ့ ဥက္ကဌ ဦးမြင့်သိန်း က ပြောပါတယ်။

”အင်ကြင်း စေတီတော်မြတ်ကြီးဟာ မြန်မာနိုင်ငံတင် မဟုတ်ပါဘူး ကမ္ဘာ့မှာတင် တစ်ဆူထဲပဲ ရှိပါတယ်။ အခု တည်ထားလျက်ရှိတာ ငါးနှစ် ရှိပါပြီ။ ပုဂံက အာနန္ဒာစေတီတော် ပုံစံတူ

တည်ထားလျှက် ရှိပါတယ်။ ကျန်စစ်သားမင်းသားက ကျွန်တော်တို့ မြောင်မြို့နယ်၊ ပရိမ္မရွာမှာ မွေးဖွားတဲ့ အတွက် ကျန်စစ်သားမင်းကြီးကို ဂုဏ်ပြုသောအားဖြင့်

အင်ကြင်းစေတီတော်မြတ်ကြီး ကို တည်းထား ကိုးကွယ်ပါတယ်။ ဒီအင်ကြင်းစေတီတော်ကို လာရောက် ဖူးမျှော်တဲ့အခါမှာ အေးမြသာယာတယ် ကျန်းမာဝဖြိုးတယ်…

အနှောက်အယှက် ရောဂါခပ်သိမ်း ကင်းငြိမ်းတဲ့ အင်ကြင်းရဲ့ တန်းခိုးက အဲ့တာရှိတဲ့ အတွက် တည်ထားကိုးကွယ်ခြင်း ဖြစ်ပါတယ်။” လို့ ‌ဦးမြင့်သိန်းက ပြောပါတယ်။

မဟာနာဂဒီပအေးငြိမ်းချမ်းသာ အင်ကြင်းစေတီတော်မြတ်ကြီး ကို အင်ကြင်းကျောက်တွေနဲ့ ကပ်လှူပူဇော်ရာမှာ အင်ကြင်းကျောက် တန်ချိန် (၁၀၀၀) ခန့် အသုံးပြု

ပူဇော်လျက် ရှိပြီး စေတီတော်ရဲ့ ဉာဏ်တော် အမြင့် (၄၅) တောင် ၊ အလျားပေ (၉၀) ပတ်လည် ရှိပါတယ်။ စေတီရဲ့ လှိုင်အမြင့် (၂၅) ပေ ထုထည် ရှိပြီး

စေတီတော်အတွင်းမှာ အလျားပေ (၂၀)၊ လုံးပတ် ၆ ပေ ခန့် ရှိတဲ့ အင်ကြင်းသားတွေကို အသုံးပြုကာ ပွင့်တော်မူပြီးသော ဘုရားလေးဆူ ကို ရည်းစူးကာ

ရပ်တော်မူ ရုပ်ပွားတော်တွေ၊ ထိုင်တော်မူ ရုပ်ပွားတော်တွေ ကို ထုဆစ် ပူဇော်ထားရှိထားတာ ဖြစ်တယ်လို့ ဦးမြင့်သိန်းက ရှင်းပြပေးခဲ့တာ ဖြစ်ပါတယ်။

မူရင်းသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*