လူေတြအားလံုးကို အသံတိတ္ဆုံးမၿပီး တရားျပသြားသူ

လူေတြအားလံုးကို အသံတိတ္ဆုံးမၿပီး တရားျပသြားသူ
လူေတြအားလံုးကို အသံတိတ္ဆုံးမၿပီး တရားျပသြားသူ

လူေတြအားလံုးကို အသံတိတ္ဆုံးမၿပီး တရားျပသြားသူ

တစ္ခါက ေဆး႐ုံတ႐ုံမွာ အမ်ိဳးသမီးတစ္ေယာက္ ေဆး႐ုံ လာတက္တယ္။ သူ႔ၾကည့္ရတာ ႏွဳတ္ခမ္းနီဆိုး သနပ္ခါးေတြ အေဖြးသားနဲ႔ ဆိုေတာ့ တျခားလူနာေတြ၊ လူနာေစာင့္ေတြ၊ သူနာျပဳဆရာမ အငယ္ေလးေတြရဲ႕မ်က္လုံးထဲမွာ cross ျဖစ္ၾကပါေလေကာ…။

အလုပ္ကေန ခြင့္ရေအာင္လို႔ ေနမေကာင္းတာ အေၾကာင္းျပ ဂယ္ရွာတာလား ဘာလားညာလားေပါ့။ ဆရာဝန္ႀကီးေတြက သူ႔ကို ပိုၿပီးအေရးေပးသေယာင္ရွိေတာ့ ေငြရွိလို႔လား၊ ေဆြမ်ိဳးလား ဘာလား ညာလားေပါ့…။

ဟုတ္ေတာ့လည္း ဟုတ္ေနတာပဲေလ။ သနပ္ခါး ကို ေျခဆုံးေခါင္းဆုံး လိမ္း၊ ႏႈတ္ခမ္းနီေတြဆိုး၊ အဝတ္အစား အသစ္ေတြ ဝတ္နဲ႔ မင္းသမီးက ဟိုတယ္မွာ လာတည္းတာ က်ေနတာပဲ လုံဝ အလန္း…။

ဒါ့အျပင္ လူနာေစာင့္က မပါေတာ့ အဝတ္အစားက ကိုယ္တိုင္ ေလွ်ာ္ေသးတာ။ စာအုပ္ဖတ္လိုက္ နားၾကပ္ေလး တပ္ထားလိုက္နဲ႔ သူေရာက္ေနတဲ့ ICU အေရးေပၚခန္းနဲ႔ လာလားမွ မသက္ဆိုင္ ေအးေဆးပဲ …။

ေနာက္ ႏွစ္ရက္ေလာက္မွာ သူေသသြားေတာ့မွ အေျဖက ရွင္းသြားေတာ့တယ္။ ေက်ာက္ကပ္ ႏွစ္ခုလုံး ပ်က္စီးေနတဲ့ တျခားေသာေသြးတိုး ဆီးခ်ိဳ ႏွလုံးေတြပါ မေကာင္းေတာ့တဲ့။ လင္ေယာက္်ားရဲ႕ စြန႔္ပစ္ျခင္း ခံလိုက္ရတဲ့ အမ်ိဳးသမီးတစ္ေယာက္…။

သူ႔ရဲ ႕ေနာက္ဆုံး အခ်ိန္ထိ သူတပါးရဲ႕ သနားတဲ့ အၾကည့္မခံခဲ့ဘူး။ ပိန္ခ်ဳံးပိန္လွီၿပီး ကိုယ့္ကို ျမင္တဲ့ သူတပါးကို စိတ္ မညစ္ညဴးေစခဲ့ဘူး။ မိဘေဆြမ်ိဳးေတြေခၚၿပီး အလုပ္ မရႈပ္ေစခဲ့ဘူး။ သူေလွ်ာ္ဖြတ္ထားတဲ့ အဝတ္အစားေတြ ပစၥည္းေတြမွာ ဘယ္ကို လႉေပးပါဆိုၿပီး စာေတာင္ ေရးထား ကပ္ထားခဲ့ေသး…။

ေသဆုံးသြားတဲ့ ခႏၶာကိုယ္ ကိုလည္း ေျမခ်ေပးမယ့္သူေတြ လုပ္ကိုင္ေပးခ်င္စိတ္ ရွိေအာင္
ႀကိဳတင္ ေနထိုင္သြားတယ္။ အိမ္မ ောေသဆုံးရင္ ေဘးပတ္ဝန္းက်င္ အလုပ္ရႈပ္မွာစိုးလို႔ စနစ္တက် ရွိတဲ့ ေနရာကို အေရာက္ လာခဲ့တယ္…။

သူေသၿပီးေနာက္ လႉထားခဲ့တဲ့ သူ႔ခႏၶာကိုယ္ တစ္ခုလုံးကိုလည္း ေဆး႐ုံက အခ်ိန္မီ ရရွိေစခဲ့တယ္။ သူဖတ္ခဲ့တဲ့ စာအုပ္ေတြက မ်က္ႏွာဖုံးေတြကပ္ထားေတာ့ ေနာက္မွ သိရတာက ပါခ်ဳပ္ဆရာေတာ္ႀကီးရဲ႕ တရားဓမၼအဆုံးအမေတြ…။

သူ နားေထာင္ခဲ့တဲ့ တရားေတြက မိုးကုတ္ဆရာေတာ္ႀကီးရဲ႕ ဝိပႆနာ ကမၼ႒ာန္းတရားေတာ္ေတြ…။ ေနာက္ဆုံး သူ႔ကို ၾကည့္ၿပီး ေဝဖန္ေနတဲ့ သူေတြကိုေတာင္မွ အသံတိတ္ ဆုံးမၿပီး တရားျပသြားေသးတယ္…။

ျမင္႐ုံ၊ ၾကား႐ုံ၊ ထိေတြ႕႐ုံနဲ႔ ေဝဖန္ေလကန္ခဲ့တဲ့ သူေတြကေတာ့ အဲ့ဒီအခ်ိန္မွာ တရားပဲနာရမလိုလို တရားစာပဲက်က္ရမလိုလိုနဲ႔ အံၾသထိတ္လန႔္ တရားရသလိုလို ျဖစ္သြားခဲ့တယ္။ ေနာက္ၾကာလာေတာ့လည္း ေမ့ေပ်ာက္သြားၿပီး ဒုံရင္းဒုံရင္းပါပဲ…။

ကိုယ့္အေျခအေနကိုယ္သိ ကိုယ့္ရည္မွန္းခ်က္နဲ႔ကိုယ္ ခိုင္မာတဲ့သူက သူ႔အလုပ္ သူေသခ်ာလုပ္သြားသလို သူတပါးကို လိုက္ၾကည့္ လိုက္ေဝဖန္တဲ့သူက

သူတို႔ခ်စ္ရင္ ေကာင္း ၊ သူတို႔မုန္းရင္ မေကာင္း။ ခ်စ္လည္းမခ်စ္ မုန္းလည္းမမုန္းတဲ့ သူဆိုရင္ေတာ့ ေကာင္းကြက္ထက္ ဆိုးကြက္ အားနည္းခ်က္ကိုပဲ ျမင္ဖို႔ မ်ားသလို

ကိုယ့္ကိုယ္ကိုယ္က် ၿပီးျပည့္စုံေနတယ္လို႔ မသိစိတ္ကေန ထင္တတ္ၾကတာက သဘာဝတရားပဲေလ။

Credit to ခ်စ္ဖုန္းကို

Unicode

လူတွေအားလုံးကို အသံတိတ်ဆုံးမပြီး တရားပြသွားသူ

တစ်ခါက ဆေးရုံတရုံမှာ အမျိုးသမီးတစ်ယောက် ဆေးရုံ လာတက်တယ်။ သူ့ကြည့်ရတာ နှုတ်ခမ်းနီဆိုး သနပ်ခါးတွေ အဖွေးသားနဲ့ ဆိုတော့ တခြားလူနာတွေ၊ လူနာစောင့်တွေ၊ သူနာပြုဆရာမ အငယ်လေးတွေရဲ့မျက်လုံးထဲမှာ cross ဖြစ်ကြပါလေကော…။

အလုပ်ကနေ ခွင့်ရအောင်လို့ နေမကောင်းတာ အကြောင်းပြ ဂယ်ရှာတာလား ဘာလားညာလားပေါ့။ ဆရာဝန်ကြီးတွေက သူ့ကို ပိုပြီးအရေးပေးသယောင်ရှိတော့ ငွေရှိလို့လား၊ ဆွေမျိုးလား ဘာလား ညာလားပေါ့…။

ဟုတ်တော့လည်း ဟုတ်နေတာပဲလေ။ သနပ်ခါး ကို ခြေဆုံးခေါင်းဆုံး လိမ်း၊ နှုတ်ခမ်းနီတွေဆိုး၊ အဝတ်အစား အသစ်တွေ ဝတ်နဲ့ မင်းသမီးက ဟိုတယ်မှာ လာတည်းတာ ကျနေတာပဲ လုံဝ အလန်း…။

ဒါ့အပြင် လူနာစောင့်က မပါတော့ အဝတ်အစားက ကိုယ်တိုင် လျှော်သေးတာ။ စာအုပ်ဖတ်လိုက် နားကြပ်လေး တပ်ထားလိုက်နဲ့ သူရောက်နေတဲ့ ICU အရေးပေါ်ခန်းနဲ့ လာလားမှ မသက်ဆိုင် အေးဆေးပဲ …။

နောက် နှစ်ရက်လောက်မှာ သူသေသွားတော့မှ အဖြေက ရှင်းသွားတော့တယ်။ ကျောက်ကပ် နှစ်ခုလုံး ပျက်စီးနေတဲ့ တခြားသောသွေးတိုး ဆီးချို နှလုံးတွေပါ မကောင်းတော့တဲ့။ လင်ယောက်ျားရဲ့ စွန့်ပစ်ခြင်း ခံလိုက်ရတဲ့ အမျိုးသမီးတစ်ယောက်…။

သူ့ရဲ့နောက်ဆုံး အချိန်ထိ သူတပါးရဲ့ သနားတဲ့ အကြည့်မခံခဲ့ဘူး။ ပိန်ချုံးပိန်လှီပြီး ကိုယ့်ကို မြင်တဲ့ သူတပါးကို စိတ် မညစ်ညူးစေခဲ့ဘူး။ မိဘဆွေမျိုးတွေခေါ်ပြီး အလုပ် မရှုပ်စေခဲ့ဘူး။ သူလျှော်ဖွတ်ထားတဲ့ အဝတ်အစားတွေ ပစ္စည်းတွေမှာ ဘယ်ကို လှူပေးပါဆိုပြီး စာတောင် ရေးထား ကပ်ထားခဲ့သေး…။

သေဆုံးသွားတဲ့ ခန္ဓာကိုယ် ကိုလည်း မြေချပေးမယ့်သူတွေ လုပ်ကိုင်ပေးချင်စိတ် ရှိအောင်
ကြိုတင် နေထိုင်သွားတယ်။ အိမ်မ ောသေဆုံးရင် ဘေးပတ်ဝန်းကျင် အလုပ်ရှုပ်မှာစိုးလို့ စနစ်တကျ ရှိတဲ့ နေရာကို အရောက် လာခဲ့တယ်…။

သူသေပြီးနောက် လှူထားခဲ့တဲ့ သူ့ခန္ဓာကိုယ် တစ်ခုလုံးကိုလည်း ဆေးရုံက အချိန်မီ ရရှိစေခဲ့တယ်။ သူဖတ်ခဲ့တဲ့ စာအုပ်တွေက မျက်နှာဖုံးတွေကပ်ထားတော့ နောက်မှ သိရတာက ပါချုပ်ဆရာတော်ကြီးရဲ့ တရားဓမ္မအဆုံးအမတွေ…။

သူ နားထောင်ခဲ့တဲ့ တရားတွေက မိုးကုတ်ဆရာတော်ကြီးရဲ့ ဝိပဿနာ ကမ္မဋ္ဌာန်းတရားတော်တွေ…။ နောက်ဆုံး သူ့ကို ကြည့်ပြီး ဝေဖန်နေတဲ့ သူတွေကိုတောင်မှ အသံတိတ် ဆုံးမပြီး တရားပြသွားသေးတယ်…။

မြင်ရုံ၊ ကြားရုံ၊ ထိတွေ့ရုံနဲ့ ဝေဖန်လေကန်ခဲ့တဲ့ သူတွေကတော့ အဲ့ဒီအချိန်မှာ တရားပဲနာရမလိုလို တရားစာပဲကျက်ရမလိုလိုနဲ့ အံသြထိတ်လန့် တရားရသလိုလို ဖြစ်သွားခဲ့တယ်။ နောက်ကြာလာတော့လည်း မေ့ပျောက်သွားပြီး ဒုံရင်းဒုံရင်းပါပဲ…။

ကိုယ့်အခြေအနေကိုယ်သိ ကိုယ့်ရည်မှန်းချက်နဲ့ကိုယ် ခိုင်မာတဲ့သူက သူ့အလုပ် သူသေချာလုပ်သွားသလို သူတပါးကို လိုက်ကြည့် လိုက်ဝေဖန်တဲ့သူက

သူတို့ချစ်ရင် ကောင်း ၊ သူတို့မုန်းရင် မကောင်း။ ချစ်လည်းမချစ် မုန်းလည်းမမုန်းတဲ့ သူဆိုရင်တော့ ကောင်းကွက်ထက် ဆိုးကွက် အားနည်းချက်ကိုပဲ မြင်ဖို့ များသလို

ကိုယ့်ကိုယ်ကိုယ်ကျ ပြီးပြည့်စုံနေတယ်လို့ မသိစိတ်ကနေ ထင်တတ်ကြတာက သဘာဝတရားပဲလေ။

Credit to ချစ်ဖုန်းကို

Be the first to comment

Leave a Reply

Your email address will not be published.


*